fbpx
July 7, 2021

EEVS မှဒီတစ်ခါ ပြောပြမှာကတော့ အမေရိကန်နိုင်ငံမှာ ပညာသင်ယူသင့်တဲ့အကြောင်းအရင်းတွေပဲဖြစ်ပါတယ်။ 

USA မှာပညာသင်ယူနေတဲ့ နိုင်ငံတကာကျောင်းသားပေါင်း တစ်သန်းကျော်ရှိပြီး နှစ်စဉ်နှစ်တိုင်း USA ရှိနိုင်ငံတကာကျောင်းသားအရေအတွက် တိုးပွားလာသည်နှင့်အမျှ ကျောင်းသားများကြား အကျော်ကြားဆုံး study destination တစ်ခုဖြစ်လာပါတယ်။ 

ဘာကြောင့် နိုင်ငံတကာကျောင်းသားအတော်များများက USA ရှိ colleges နဲ့ universities တွေကို ရွေးချယ်ကြတာလဲ?

အကောင်းဆုံးသော ပညာရေးစနစ်ရှိခြင်း

U.S. News & World Report အရ ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ်များ၏ထက်ဝက်နီးပါးသည် USA တွင်ရှိပါတယ်။ USA သည် နယ်ပယ်အားလုံးနီးပါးတွင်ထူးချွန်သောပရိုဂရမ်များဖြင့်ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ်စနစ်တစ်ခုကိုပိုင်ဆိုင်ထားပါတယ်။ဘွဲ့ကြိုလေ့လာမှုများမှ PhD အဆင့် Program များအထိ အမေရိကန်ရှိတက္ကသိုလ်များသည် ထိပ်တန်းအဆင့်ပညာရေးဆိုင်ရာအခွင့်အလမ်းများကိုပေးပါတယ်။ 

အမျိုးမျိုးသောပညာရေးအခွင့်အလမ်းများ ရှိခြင်း 

USA တွင် ထောင်ချီသော တက္ကသိုလ်နှင့် ကောလိပ်များစွာရှိပြီး ကျောင်း campus များသည် အခြားနိုင်ငံများရှိ campus များထက် ဆယ်ဆကျယ်ဝန်းပါတယ်။ USA တွင် လူတိုင်းအတွက် အဆင့်မြင့် ပညာရေးရှိပါတယ်။ အချို့ အမေရိကန်ကောလိပ်များနှင့်တက္ကသိုလ်များတွင် ပညာရေးဆိုင်ရာအခြေခံမူများကို အလေးပေးပြီး အချို့ကလက်တွေ့ကျသောအလုပ်အကိုင်နှင့်ဆိုင်သော ကျွမ်းကျင်မှုများကိုအလေးထားကြပါတယ်။ အချို့ကအနုပညာ၊ လူမှုရေးသိပ္ပံနှင့်နည်းပညာနယ်ပယ်များတွင်အထူးပြုကြပါတယ်။ ဒါကြောင့် မိမိလေ့လာချင်တဲ့ ဘယ်ဘာသာရပ်နယ်ပယ်တိုင်းအတွက်မဆို ရွေးချယ်စရာ Programs တွေ အမျိုးမျိုးရှိပါတယ်။ 

နောက်ဆုံးပေါ် နည်းပညာများရှိခြင်း 

USA ရှိ တက္ကသိုလ်များသည် နည်းပညာ၊ သုတေသနနှင့်နည်းစနစ်များအတွက် ခေတ်ရှေ့ပြေးလျက် ရှိပြီး ကျောင်းသားများအတွက် အကောင်းဆုံးဖြစ်နိုင်သည့် သင်ကြားရေးပစ္စည်းကိရိယာများနှင့်အရင်းအမြစ်များကို စီစဉ်ပေးလျက်ရှိပါတယ်။ မိမိ သင်ယူနေသော ဘာသာရပ် နယ်ပယ်သည် သိပ္ပံနှင့်အင်ဂျင်နီယာဘာသာရပ်များနှင့် တိုက်ရိုက်ပတ်သက်မှုမရှိသော်လည်း နောက်ဆုံးပေါ်နည်းပညာကို အသုံးပြုပြီး သုတေသနပြုခြင်းနှင့်သတင်းအချက်အလက်များကိုရယူခြင်းတို့ကို ကျွမ်းကျင်စွာ တတ်မြောက်နိုင်ပါတယ်။ 

သုတေသန၊ သင်ကြားရေးနှင့် Training များအတွက် အခွင့်အလမ်းများပေါများခြင်း 

ဘွဲ့လွန် Program အများစုတွင် သင်ကြားရေးနယ်ပယ်၏ရှုထောင့်အမျိုးမျိုးကိုလေ့လာနိုင်ပြီး ကျောင်းသားများအား teaching assistant နှင့် သုတေသနလက်ထောက်များဖြစ်လာစေရန်သုတေသနပြုခြင်းနှင့် စာသင်ကြားရေးအခွင့်အလမ်းများ ပေးပါတယ်။ နိုင်ငံတကာကျောင်းသားများသည်အမေရိကန်တက္ကသိုလ်များရှိ   ဆရာများနှင့်သုတေသီများဖြစ်လာကြပြီး အသစ်အသစ်သော စွမ်းရည်နှင့် တွေးခေါ်မှုများကို ယူဆောင်လာကြပါတယ်။ ဤလက်တွေ့ကျသောအတွေ့အကြုံများသည် အနာဂတ်အသက်မွေးဝမ်းကျောင်းတွင်လည်း ပြန်လည်အသုံးချနိုင်မှာဖြစ်ပါတယ်။ 

နိုင်ငံတကာကျောင်းသားများအတွက် Support Services တွေများစွာရှိခြင်း 

USA မှာပညာသင်ယူရခြင်းသည် အလွန်ကောင်းမွန်သောအခွင့်အရေးဖြစ်သော်လည်း တစ်ခါတစ်ရံ စိန်ခေါ်မှုများစွာကို တွေ့ကြုံရနိုင်ပါတယ်။ ကောလိပ်နှင့် တက္ကသိုလ်များရှိ international student office သည် မတူကွဲပြားသော ယဉ်ကျေးမှုနှင့် ပညာရေးစနစ်များကို လိုက်လျောညီထွေမှုရှိစေရန်ကူညီပေးပါတယ်။ USA တွင်ရှိနေသော ကာလတစ်လျှောက်လုံးတွင် visa status၊ ငွေကြေး အခြေအနေ၊ housing၊ အလုပ်အကိုင်အခွင့်အရေး၊ ကျန်းမာရေးနှင့် ပတ်သက်သော ကိစ္စများ အစရှိသည့် ကိစ္စများအတွက် မေးမြန်းမှုများကိုinternational student office မှ ဖြေကြားပေးမှာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု၌ဘွဲ့ယူရန်ရွေးချယ်ပါက ဘွဲ့ရခါနီးလာသည်နှင့်အမျှကိုယ်ရေးရာဇဝင်နှင့်အလုပ်အကိုင်အကူအညီများကိုမကြာခဏပေးလေ့ရှိပါတယ်။

#LetsPlanYourCareerTogether#StudyInUSA

#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

July 7, 2021

ဒီတစ်ခါ EEVS မှပြောပြပေးချင်တာကတော့ နိုင်ငံတကာမှာ သွားရောက် ပညာသင်နေစဉ်ကာလအတွင်းမှာ လိုက်နာသင့်တဲ့ Dos and Don’ts တွေပဲဖြစ်ပါတယ်။ 

နိုင်ငံတကာမှာ ပညာသွားရောက်သင်ယူတာက ဒီနေ့ခေတ်ကျောင်းသားလူငယ်တွေကြားမှာ ရေပန်းစားလျက်ရှိပါတယ်။ နိုင်ငံတကာအသိအမှတ်ပြု Degree တွေရရှိခြင်း၊ ဘဝ အတွေ့အကြုံအသစ်တွေ ရရှိခြင်းအပြင် global exposure တွေရရှိနိုင်မှာဖြစ်ပါတယ်။ 

ကဲ…သင်ဟာ နိုင်ငံခြားတိုင်းပြည်တွေမှာ ပညာသင်ချင်တဲ့သူတွေထဲကတစ်ယောက်ဆိုရင်တော့ အခုပြောပြမယ့် Dos and Don’ts တွေကို အပြီးထိ ဖတ်ကြည့်လိုက်တော့နော်။ 

DO’s

ပတ်ဝန်းကျင်ကို အမြဲစူးစမ်းလေ့လာပြီး အသစ်အသစ်သော အတွေ့အကြုံတွေကို ရှာဖွေလိုက်ပါ။ နိုင်ငံခြားတိုင်းပြည်တွေမှာ ပညာသင်ရခြင်းရဲ့ ကောင်းတဲ့အချက်တွေမှာ လည်ပတ်စရာနေရာတွေပေါများတာလဲ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ နေရာအသစ်တွေကိုလည်ပတ်ပြီး အစားအစာတွေ စမ်းကြည့်ခြင်း၊ ယဉ်ကျေးမှုအသစ်နှင့်လူနေမှုပုံစံ အသစ်တွေကို လေ့လာခြင်းကို မဖြစ်မနေလုပ်သင့်ပါတယ်။ 

 

နိုင်ငံခြားရောက်တဲ့အခါမှာ ငွေကြေးအသုံးစရိတ်တွေကို စီမံခန့်ခွဲနိုင်ဖို့ကလည်း အရေးကြီးလာပါတယ်။ အသစ်အသစ်သော အတွေ့အကြုံတွေကို ရှာဖွေတဲ့နေရာမှာ ကုန်ကျစရိတ်တွေချိန်ဆတတ်ဖို့လည်း လိုအပ်ပါတယ်။ အသုံးစရိတ်တွေကို စဉ်းစားတဲ့အခါ လစဉ်ငှားရမ်းခ၊  bills၊grocery၊ လမ်းစရိတ် ၊ ဒေတာခ စသည်တို့ကို ထည့်တွက်ဖို့လိုအပ်ပါတယ်။ မမျှော်လင့်ပဲ ဖြစ်လာနိုင်တဲ့ အရေးပေါ်အခြေအနေတွေအတွက်လည်း နည်းနည်းစီစုထားသင့်ပါတယ်။ 

ဘာသာစကားအသစ်တွေကို လေ့လာသင်ယူလိုက်ပါ။ မိမိရောက်ရှိနေတဲ့ နိုင်ငံက ဘာသာစကားတွေလေ့လာပြီးတဲ့အခါ ဒေသခံတွေနဲ့ ကျွမ်းကျင်စွာ ဆက်သွယ်ပြောဆိုနိုင်လာမှာပါ။ အလုပ်အကိုင်တွေ အတွက်လည်း အခွင့်အရေးတွေ ပိုရလာမှာဖြစ်ပါတယ်။ 

သင်ယူလေ့လာတဲ့ အချိန်ဇယားတွေကို သေချာစီစဉ်ပါ။ နိုင်ငံခြားမှာ ကျောင်းတက်ရောက်ရတဲ့ရည်ရွယ်ချက်က အဆင့်မြင့်ပညာရေးကို သင်ယူနိုင်ဖို့ဖြစ်ပါတယ်။ စာလေ့လာရာမှာ အခက်အခဲတစ်စုံတစ်ရာ ပေါ်လာပါကလည်း မိမိစီနီယာတွေနဲ့ တွေ့ဆုံမေးမြန်း အကူအညီတောင်းနိုင်ပါတယ်။ 

DON’Ts 

မကြာခန homesick မဖြစ်ပါစေနဲ့။နိုင်ငံခြားကို ပညာသင်ဖို့ ရောက်တဲ့အခါ ကျောင်းသားတော်တော်များများကတော့ homesick ဖြစ်ကြတာပါပဲ။ ဒါပေမယ့် မိမိလိုချင်တဲ့ ပန်းတိုင်ရောက်နိုင်ဖို့အတွက် စွန့်စားမှုတွေလုပ်ဖို့လည်း လိုအပ်ပါတယ်။ ဒါကြောင့် မိမိ ဖြစ်ချင်တဲ့ ရည်မှန်းချက်တွေအရောက်သွားနိုင်ဖို့သာ အာရုံစိုက်ပြီး homesick ဖြစ်တဲ့ခံစားချက်တွေကို တဖြည်းဖြည်းလျော့ချနိုင်ဖို့ လိုပါတယ်။ 

ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီး အလွန်အမင်း စိတ်ဖိစီးတာမျိုး မလုပ်ပါနဲ့။ နိုင်ငံတကာကို ပညာသင်သွားတဲ့ ကျောင်းသားတွေအနေနဲ့ tight budget ဖြစ်တာကြောင့် ငွေကို စနစ်တကျနဲ့သုံးတတ်ဖို့လိုအပ်ပေမယ့် ဒါနဲ့ပတ်သက်ပြီး စိတ်ဖိစီးမှု အများကြီးမထားပါနဲ့။

အရေးကြီး စာရွက်စာတမ်းတွေကို မပျောက်ပါစေနဲ့။ visa papers, passport, financial documentsအစရှိတဲ့ အရေးကြီး စာရွက်စာတမ်းတွေကို လုံခြုံတဲ့တစ်နေရာရာမှာ သိမ်းဆည်းထားဖို့ လိုအပ်ပါတယ်။ 

မိမိ ရည်ရွယ်ထားတဲ့ Focus မပျောက်ပါစေနဲ့။ ပတ်ဝန်းကျင် အသစ်ကိုရောက်တဲ့အခါစိတ်လှုပ်ရှားစရာကောင်းတဲ့ အရာတွေအများကြီးရှိနေတာကြောင့် တစ်ခါတစ်လေfocus လွတ်သွားနိုင်ပါတယ်။ စာလေ့လာသင်ယူဖို့က ပထမဦးစားပေးဖြစ်ပြီး  work-life balanced ရှိနေဖို့လည်း လိုအပ်ပါတယ်။ 

 

#LetsPlanYourCareerTogether#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

July 5, 2021

ဒီတစ်ခါမှာတော့ USA မှာ ပညာသင်ကြားဖို့ စိတ်ဝင်စားတဲ့သူတွေအတွက် Community Colleges နဲ့ပတ်သက်တဲ့ အကြောင်းကို ပြောပြပေးမှာဖြစ်ပါတယ်။ 

Community College ဆိုတာက ၂နှစ်တက်ရောက်ရတာဖြစ်ပြီး ၂နှစ်ပြီးရင် associate degree ရရှိမှာဖြစ်ပါတယ်။ Community College ၂နှစ်တက်ရောက်ပြီးရင် University တွေရဲ့ 3rd year နှင့် 4th year ကို တိုက်ရိုက်တက်ရောက်နိုင်မှာဖြစ်ပြီး University မှ Bachelor Degree ရရှိမှာဖြစ်ပါတယ်။

ဘာကြောင့် US မှာရှိတဲ့  Community College တွေတက်ရောက်သင့်သလဲ?

USA မှာရှိတဲ့ တက္ကသိုလ်အများစုက ကုန်ကျစရိတ်အရမ်းများလေ့ရှိပါတယ်။Community College တက်ရောက်ရတာ University တွေထက် ကုန်ကျစရိတ်အများကြီးသက်သာပါတယ်။ ကုန်ကျစရိတ်အနေနဲ့ USD 9000 မှ 12000 အထိကုန်ကျနိုင်ပါတယ်။ 

 မိမိတက်ရောက်ချင်သော University က အမှတ်အရမ်းမြင့်နေပြီး ဝင်ခွင့်ခက်ခဲနေတာမျိုးဖြစ်နေလျှင် Community Collegeကိုအရင်တက်ရောက်ပြီးမှ နှစ်သက်ရာ တက္ကသိုလ်ကို ပြန်လည် ပြောင်းရွှေ့နိုင်ပါတယ်။  

USA မှာ Community College တွေတစ်ထောင်ကျော်ရှိပြီး ပြည်တွင်းနှင့် နိုင်ငံတကာ ကျောင်းသားများအတွက် degrees နှင့် certificates Program ပေါင်းများစွာကို သင်ကြားပေးနေပါတယ်။ 

USA မှာရှိတဲ့ Community College တွေမှာ တမူထူးခြားတဲ့ learning environment တွေဖန်တီးပေးထားပြီး  class size သေးပြီး ကျောင်းသားတစ်ဦးချင်းစီ အပေါ် သေချာအာရုံစိုက် သင်ကြားပေးပါတယ်။

Community College အများစုမှာ နိုင်ငံတကာကျောင်းသားများအတွက် နည်းပညာနှင့် သက်မွေးဝမ်းကြောင်းဆိုင်ရာ ဘာသာရပ်များကိုပါ  ပို့ချပေးလျက်ရှိပါတယ်။ စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်ပြီး job training programs များကိုလည်း ပြုလုပ်ပေးလျက်ရှိပါတယ်။ ဒါ့အပြင် ၂နှစ် Associate Degree ပြီးရင် American Community College federal law အရ USA တွင် Optional Practical Training အဖြစ် တစ်နှစ် အလုပ်လုပ်နိုင်မှာဖြစ်ပါတယ်။ အလုပ်သည်မိမိတက်ရောက်ထားသည့် မေဂျာနှင့် တိုက်ရိုက်ဆက်နွယ်မှုရှိရမည်။ Associate Degree တက်ရောက်နေသည့် နောက်ဆုံး semester တွင် OPT အတွက် လျှောက်ထားရမှာဖြစ်ပါတယ်။ 

USA မှာရှိတဲ့ Community College တွေ လျှောက်ထားနိုင်ဖို့ ဘာတွေလိုအပ်သလဲ?

အထက်တန်း အောင်လတ်မှတ်နဲ့ အမှတ်စာရင်းများ Or  IGCSE O Level အမှတ်

English အရည်အချင်းစစ် စာမေးပွဲ result များ (TOEFL or IELTS or Duolingo test)

Extracurricular Activities

Recommendation Letters 

Application Essay and Optional Personal Interview 

Bank Statement 

Passport တို့လိုအပ်ပါတယ်။ 

Community College တွေရွေးချယ်လျှောက်ထားတော့မယ်ဆိုရင် ဘယ်လိုအချက်တွေ ထည့်သွင်းစဉ်းစားရမလဲ? 

College ရှိ ကျောင်းသားအရေအတွက်

College မှာ နိုင်ငံတကာကျောင်းသားတွေရှိရဲ့လား 

မိမိတက်ရောက်ချင်သော တက္ကသိုလ် (သို့) ကောင်းတဲ့ တက္ကသိုလ်ကျောင်းတွေနဲ့ ချိတ်ဆက်ထားရဲ့လား 

College ရဲ့ location အနေအထား စတာတွေကို ထည့်သွင်းစဉ်းစားသင့်ပါတယ်။ 

#LetsPlanYourCareerTogether#StudyInUSA

#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

July 5, 2021

ဒီတစ်ခါမှာတော့ အမေရိကန်နိုင်ငံမှာ သွားရောက်ပညာသင်လိုသူ ကျောင်းသားများအတွက် သိထားသင့်တဲ့ အကြောင်းအရာလေးတွေကို ပြောပြမှာဖြစ်ပါတယ်။ 

USA ဟာဆိုရင် ထိပ်တန်းအဆင့်မြင့်ပညာရေးအခွင့်အလမ်းများနှင့် ပတ်သက်ပြီး ဂုဏ်ယူစရာသမိုင်းရှိတဲ့ စိတ်ဝင်စားဖွယ်ကောင်းပြီးအလွန်ကွဲပြားခြားနားတဲ့ နိုင်ငံဖြစ်ပါတယ်။ 

US မှာ University တွေကို College လို့ပဲခေါ်ကြပါတယ်။ နိုင်ငံအများစုတွင်“ ကောလိပ်” ဟူသောစကားလုံးသည် vocational courses, work-based certifications တွေရရှိဖို့ တက်ရောက်ရတဲ့နေရာဖြစ်ပါတယ်။ US မှာတော့ ကောလိပ် ဆိုတဲ့ စကားလုံးက တက္ကသိုလ်နှင့် အတူတူပဲဖြစ်ပါတယ်။ 

 US colleges တွေရဲ့ ပထမတစ်ပတ်တာကာလတွင် ကျောင်းသားအချင်းချင်း ရင်းနှီးလာအောင် အချိန်ပေးထားလေ့ရှိပြီး ကျောင်းသားအဖွဲ့အစည်းတွေမှာ ပါဝင်ဖို့ စာရင်းသွင်းနိုင်တာတွေအပြင် ကောလိပ်ကကျင်းပတဲ့ ပါတီတွေပွဲတွေ တက်ရောက်ဖို့ အခွင့်အရေးတွေရရှိပါတယ်။ 

Textbook တွေက အလွန်အမင်းကို ဈေးကြီးပါတယ်။ ဒါပေမယ့် တစ်ခုကံကောင်းတာက social media groups တွေပေါ်မှာ second-hand textbooks တွေကို ပြန်ဝေမျှပေးတာတွေ ဖြန့်ဝေပေးတာတွေ ရှိတော့ အနည်းငယ်တော့ အဆင်ပြေမှာဖြစ်ပါတယ်။ 

US မှာရှိတဲ့ Ivy League colleges တွေဟာ သူတို့၏အရည်အသွေးနှင့်ဂုဏ်သိက္ခာ ကြောင့်အလွန်ထင်ရှားကျော်ကြားပါတယ်။ ဒါပေမယ့် Ivy League colleges တွေသာမက US မှာရှိတဲ့ universities 4,000 နီးပါးလုံးက အရည်အသွေးမြင့်တဲ့အတွက် မိမိသင်ယူချင်တဲ့ ဘာသာရပ်နယ်ပယ်နှင့် အတွေ့အကြုံပေါ်မူတည်ပြီး ရွေးချယ်တက်ရောက်နိုင်ပါတယ်။ 

US colleges  အများစုက မိမိရွေးချယ်လိုတဲ့ course တွေနဲ့ပတ်သက်ပြီး ထင်ထားတာထက်ပိုပြီး flexibility ရှိပါတယ်။ မိမိရွေးချယ်လိုက်တဲ့ major က မိမိနဲ့ ကိုက်ညီမှုမရှိဘူးလို့ ထင်ရင် major ကို အကြိမ်များစွာ ပြောင်းလဲနိုင်ပါတယ်။

အမေရိကန်ကောလိပ်တွေက ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံးဖြစ်တယ်လို့ နာမည်ကြီးလှပါတယ်။ သို့သော်လည်း အမေရိကန်ရှိကောလိပ်တွေရဲ့ ကုန်ကျစရိတ်မှာ medical insurance, accommodation, subsistence စတာတွေကို cover ဖြစ်ပါတယ်။ 

#LetsPlanYourCareerTogether#StudyInUSA

#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

 

July 5, 2021

EEVS မှ ဒီတစ်ခါပြောပြပေးချင်တာကတော့ USA မှာ သွားရောက်ပညာသင်ယူတဲ့ ကျောင်းသားတွေအနေနဲ့ ဘယ်လိုမျိုး challenges တွေကို ရင်ဆိုင်ဖြတ်ကျော်ရလဲ ဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်။ 

နိုင်ငံရပ်ခြားကို ပညာသင်သွားတဲ့အချိန်တွေမှာ အခက်အခဲတွေကြုံတွေ့ရတာကတော့ ပုံမှန်ပါပဲ။ ဒါပေမယ့် ဒီအခက်အခဲတွေ စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် တွေ့ကြုံရလေ့ရှိတဲ့ Challenges တွေကို သိထားမယ်ဆိုရင် အလွယ်တကူ ရင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်။

Cultural shift

USA ရောက်သွားတဲ့အခါ မြန်မာကျောင်းသားအများစုကြုံရလေ့ရှိတာက culture တွေလုံးဝပြောင်းလဲသွားတာပဲဖြစ်ပါတယ်။ လူနေမှုဘဝပုံစံတွေကစလို့ အစားအစာ၊ အလေ့အထ၊ အဝတ်အစားရွေးချယ်ပုံတွေနဲ့ attitude တွေမတူတော့တာကို တွေ့ရမှာဖြစ်ပါတယ်။ US မှာဆိုရင် လက်ဆွဲနှုတ်ဆက်တဲ့ ပုံစံတောင်ကွဲပြားပါတယ်။ US ကလူတွေက လက်ဆွဲနှုတ်ဆက်တဲ့ အခါလက်ကို အခိုင်အမာဆွဲထားလေ့ရှိတယ်။ မိမိက လက်ဆွဲနှုတ်ဆက်တဲ့အခါလက်ကို လျော့တိလျော့ရဲ ထားနေရင် confidence မရှိဘူးလို့ယူဆကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ပြောဆိုရာမှာ  Body Language တွေနဲ့ ပတ်သက်ပြီးတော့လည်း သတိထားတတ်ဖို့ လိုအပ်ပါတယ်။ 

Language barrier

USA  ကျောင်းသားတွေနဲ့ ဆက်သွယ်ပြောဆိုတဲ့နေရာမှာ အခက်အခဲအနည်းငယ်ရှိနိုင်ပါတယ်။ မြန်မာကျောင်းသားတွေအနေနဲ့ Language Barrier တွေကို ကျော်လွှားနိုင်ဖို့အတွက် ကျောင်းသွားမတက်မီကာလအတွင်းမှာ English Proficiency ကောင်းကောင်းရှိဖို့အတွက် ပြင်ဆင်သင့်ပါတယ်။

Accommodation problems

နိုင်ငံတကာကျောင်းသားတွေအနေနဲ့ သင့်လျော်တဲ့ နေရာထိုင်ခင်းရှာတွေ့နိုင်ဖို့ကလည်း အနည်းငယ်ခက်ခဲနိုင်ပါတယ်။ University အနီးအနားမှာ နေရာရှာနိုင်ဖို့ကလည်း အရေးပါတဲ့ ပြသနာတစ်ခုဖြစ်လာပါတယ်။ နေရာထိုင်ခင်းရှာတဲ့အခါ မိမိမှာရှိတဲ့ ငွေကြေးနဲ့ ချိန်ဆတတ်ဖို့ လိုအပ်ပါတယ်။ 

Financial Problems

 US မှာနေထိုင်ခြင်းက အရာရာအတွက် ဈေးကြီးပြီး တစ်ခုခုဝယ်တော့မယ်ဆိုရင် နှစ်ကြိမ်ထက်ပိုပြီး စဉ်းစားသင့်ပါတယ်နော်။ ဒါကြောင့် မလိုအပ်တာတွေမဝယ်ဖို့ သတိထားပြီး ငွေစုတတ်တဲ့ အကျင့်လေး လုပ်သင့်ပါတယ်နော်။ Part-Time jobs တွေလုပ်ပြီး ငွေရှာနိုင်ဖို့လည်း စဉ်းစားသင့်တယ်နော်။ နိုင်ငံတကာကျောင်းသားတွေ အနေနဲ့ ပညာသင်ယူနေစဉ်မှာပဲ အလုပ်လုပ်ခြင်းဟာ US မှာနေထိုင်ဖို့အကောင်းဆုံးနည်းလမ်းဖြစ်တယ်။

Learning Style and Academic expectations

USA ကျောင်းတွေက သင်ကြားမှုပုံစံတွေကတော့  lectures based classes တွေထက်စာရင်  practical work တွေအပေါ်ပိုဦးစားပေးပြီး workshops, seminars တွေနဲ့  နိုင်ငံတကာ စံညွှန်းများနှင့်အညီသင်ကြားပေးတာဖြစ်ပါတယ်။ အစပိုင်းမှာတော့ အနည်းငယ် အခက်အခဲရှိနိုင်ပေမယ့် နောက်ပိုင်း အသားကျသွားမှာပါ။ မိမိနိုင်ငံတွင် ပညာသင်နေစဉ်ကာလအတွင်း အမှတ်တွေ အဆင့်တွေ အများကြီး ကောင်းနေပါလိမ့်မယ်။ အခြားနိုင်ငံတစ်ခုမှာ သင်ယူရတဲ့အခါ  Learning environment နဲ့ အကဲဖြတ်အမှတ်ပေးမှုနည်းလမ်းအသစ်တွေကြောင့် မိမိ performance တွေ အနည်းငယ် ပြောင်းလဲနိုင်ပါတယ်။ ဒီအချက်လေးကိုလည်း သတိပြုသင့်ပါတယ်။ 

Social Challenges

နိုင်ငံရပ်ခြားကို သွားရောက်ပညာသင်တဲ့ ကျောင်းသားတွေအနေနဲ့ အစပိုင်းမှာ အထီးကျန်တာတို့ အပေါင်းအသင်းမရှိတာမျိုးတို့ ခံစားရလေ့ရှိပါတယ်။ ဒါကြောင့် မိမိနဲ့ study program တူသူတွေနဲ့ မိတ်ဆွေဖွဲ့တာမျိုး၊ ကျောင်းကစီစဉ်တဲ့ volunteer အဖွဲ့တွေမှာ ပါဝင်တာမျိုး၊  local students တွေနဲ့ ရင်းနှီးအောင်နေတာမျိုးတွေ ပြုလုပ်သင့်ပါတယ်။ 

#LetsPlanYourCareerTogether#StudyInUSA

#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

July 5, 2021
  1. သင်ဟာ UK မှာရှိတဲ့ ထိပ်တန်းတက္ကသိုလ်တွေမှာ ကျောင်းသွားတက်ချင်သူတစ်ဦးလား

    ဒါဆိုရင်တော့ အခုမိတ်ဆက်ပေးမယ့် UK နိုင်ငံရှိ INTO UEA မှဖွင့်လှစ်ပေးထားတဲ့ Newton A level Programme ကသင့်အတွက်ပဲဖြစ်ပါတယ်။

    INTO UEA ဆိုတာက INTO University နှင့် University of East Anglia တို့ပူးပေါင်းပြီး ထိပ်တန်းတက္ကသိုလ်များကို တက်ရောက်လိုသော နိုင်ငံတကာကျောင်းသားများအတွက် preparation courses များနှင့် English language programmes များကို သင်ကြားပေးတာဖြစ်ပါတယ်။

    ဒါဆိုရင် Newton A level Programme ကရောဘာလဲ? ဘယ်လိုလူမျိုးတွေ တက်ရောက်သင့်လဲ?

    Newton A level Programme ဆိုတာကတော့ သိပ္ပံနှင့်ဆေးပညာ၊ အင်ဂျင်နီယာနှင့်သင်္ချာ၊ စိတ်ပညာနှင့်ဘောဂဗေဒဘာသာရပ်များကို A level အဆင့်သတ်မှတ်သင်ကြားပေးတာဖြစ်ပါတယ်။ UK နိုင်ငံမှာရှိတဲ့ High Ranking University တွေကို တိုက်ရိုက် တက်ရောက်နိုင်ဖို့အတွက် A-level Programme တွေကို မဖြစ်မနေ တက်ရောက်ဖို့လိုအပ်ပါတယ်။UK မှာရှိတဲ့ ထိပ်တန်း တက္ကသိုလ်တွေမှာ Medicine, Science, Engineering နဲ့ Law ဘာသာရပ်တွေကို တက်ရောက်လိုသူတွေအတွက် ဒီ Program ဟာအသင့်တော်ဆုံး preparation program ပဲဖြစ်ပါတယ်။

    Cambridge Assessment International Education (CAIE) A levels များကို နိုင်ငံတကာမှာရှိတဲ့ တက္ကသိုလ်များက အသိအမှတ်ပြုထားပြီး UK ရှိ ထိပ်တန်းတက္ကသိုလ်များဖြစ်သော Cambridge, Imperial, London School of Economics and Political Science (LSE), University College London (UCL) နှင့် medical schools များတွင် တက်ရောက်နိုင်မှာဖြစ်ပါတယ်။

    တက်ရောက်နိုင်တဲ့ Program တွေအမျိုးမျိုးရှိပြီး မိမိနဲ့အဆင်ပြေတဲ့ Program တွေကို ရွေးချယ်
    တက်ရောက်နိုင်ပါတယ်။ Program များမှာ-

    A-level Economics, Business and Actuarial Science
    A-level Engineering and Mathematics
    A-level Science and Medicine

    Course length: 5 – 6 Terms ကြာမြင့်ပြီး Intake Season များမှာ- 2021: September, 2022: January, September, 2023: January တို့ဖြစ်ပါတယ်။

    Fees – £43,545

    တက်ရောက်လိုသော ကျောင်းသားများအတွက် လိုအပ်သော အရည်အချင်းသတ်မှတ်ချက်များမှာ-

    IELTS 5.0 (with a minimum of 5.0 in all subskills) or equivalent

    အထက်တန်းပညာရေးပြီးမြောက်ထားရမည်

    အနည်းဆုံး GCSE grade 6 / B or above

    ကျောင်းတက်နေစဉ်ကာလများအတွင်းမှာလည်း အလုပ်အကိုင်အခွင့်အလမ်းတွေ၊ပညာရေး လေ့လာရေးခရီးစဉ်တွေ၊ ပညာရပ်ဆိုင်ရာပြိုင်ပွဲတွေနဲ့ စီမံကိန်း ရေးဆွဲနိုင်တဲ့ အခွင့်အလမ်းတွေ အစရှိတဲ့ အတွေ့အကြုံတွေကို ရရှိနိုင်မှာဖြစ်ပါတယ်။

    Newton Programme သည် UK တွင် university campus ဖြင့်သင်ကြားပေးသည့် တစ်ခုတည်းသော A Level programme ဖြစ်ပြီး 2018 ခုနှစ်အတွက် A2 Level Grade A* ရရှိထားသူ 91% ရှိပါတယ်။INTO UEA Newton Programme ပြီးမြောက်သူတွေက ဆေးကျောင်းလျှောက်ထားမှုတွေမှာလည်း အောင်မြင်မှုနှုန်းက 92% အထိရှိပါတယ်။

    ဒါဆိုရင်တော့ UK မှာရှိတဲ့ ထိပ်တန်းတက္ကသိုလ်တွေကို တက်ရောက်ဖို့ စိတ်အားထက်သန်ပြီး
    Newton A level Programme မှာ ဘယ် Program တွေကို တက်ရောက်ရမလဲ ရွေးချယ်ရ
    ခက်နေတယ်ဆိုရင်တော့ EEVS မှာ အမြန်ဆုံးလာရောက်ဆွေးနွေးလိုက်တော့နော်။

    #LetsPlanYourCareerTogether#StudyInUK#BestEducationConsultancyInYangon
    #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar


July 4, 2021

📌Engineering Graduate များအတွက် အင်ဂျင်နီယာနယ်ပယ်တွင် ခေါင်းဆောင်မှုနှင့်စီမံခန့်ခွဲမှုစွမ်းရည် တိုးတက်စေရန်နှင့် စိန်ခေါ်မှုရှိသော စီးပွားရေးလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်နိုင်ဖို့ ပြင်ဆင်လိုသူများအတွက် PSB Academy မှ Master of Science in Engineering Business Management Program က အသင့်လျော်ဆုံးပဲဖြစ်ပါတယ်။

📌ဒီ Program မှာဆိုရင်တော့ management theory တွေကို လက်တွေ့လုပ်ငန်းခွင်တွင် ဖြစ်လေ့ဖြစ်လထရှိသော အကြောင်းအရာများနှင့် ချိတ်ဆက်သင်ကြားပေးမှာဖြစ်ပြီး လက်တွေ့သုတေသနများ၊ case studies များ ပါဝင်ပါတယ်။

📌Full-Time ၃နှစ်တက်ရောက်ရမည်ဖြစ်ပြီး သင်ကြားပေးမည့် modules များမှာ-

Global Lean & Agile Operations
Financial Decision Making and Risk Analysis
Leadership and People Management
Supply Chain Management
Project Management
Management of Quality
Sustainability and the Environment
Global Engineering Strategy
Study Skills and Research Methods
Masters Dissertation

📌အကဲဖြတ်မှု ရမှတ်များသည် Assignment တင်ခြင်း၊ ပရောဂျက် နှင့် စာမေးပွဲ ဖြေဆိုမှု များအပေါ်မူတည်ပါတယ်။Total course fee: S$21,828.00 ကျမည်ဖြစ်ပြီး Intake Season များမှာ- March, July, November တို့ဖြစ်ပါတယ်။

📌တက်ရောက်လိုသော ကျောင်းသားများအတွက် လိုအပ်သော သတ်မှတ်ချက်များမှာ-

Engineering (သို့) Management ဘာသာရပ်များနှင့် ပတ်သက်ပြီး honours degree ရရှိထားရမည်။

သက်ဆိုင်ရာလုပ်ငန်းခွင်အတွေ့အကြုံ အနည်းဆုံး ၃ နှစ်ရှိရမည်။

IELTS 6.5 ရှိရမည်။

📌Career Opportunities များအနေဖြင့် Automation engineer, Chemical process engineer,Client services analyst, Construction project engineer, Design engineer, Director of hardware engineering, Economics consultant, Firmware engineer, IT manager စသောနေရာများတွင်လုပ်ကိုင်နိုင်ပါတယ်။

#LetsPlanYourCareerTogether#StudyInSingapore#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

 

 

July 2, 2021

ပို့ဆောင်ရေး၊ ကုန်လှောင် ဝန်ဆောင်မှု၊ ဝယ်လိုအား စီမံကိန်းများနှင့် စာရင်း စီစစ်မှု လုပ်ငန်းများကဲ့သို့သော လုပ်ငန်း တစ်ရပ်အတွက် ထောက်ပံ့ပို့ဆောင်ရေး နှင့် စီမံ ဖွဲ့စည်းမှု များကို သင်ယူလိုသူများအတွက် PSB Academy မှ ပို့ချပေးလျက်ရှိသော Postgraduate Diploma in Global Logistics and Supply Chain Management ဘာသာရပ်အကြောင်း ဖော်ပြလိုက်ပါတယ်။ 

Logistics ဆိုသည်မှာ နေရာတစ်နေရာမှ အခြားတစ်နေရာသို့ ကုန်စည် စီးဆင်းမှု လွယ်ကူစေရန် စနစ်တကျ စီမံခန့်ခွဲ မှု နည်းစနစ်ကို သင်ကြားရမှာဖြစ်ပါတယ်။ 

Supply Chain ဆိုသည်မှာ ကုန်စည် ဖြစ်ပေါ်ရာမှ စ နောက်ဆုံး သုံးစွဲသူ လက်ထဲ ရောက်သည်အထိ ထုတ်ကုန် သယ်ယူ ဖြန့်ချီ သည့် ဖြစ်စဉ်ကို စီမံခန် ခွဲရသော ပညာရပ်ဖြစ်ပါတယ်။ 

ယခု ပရိုဂရမ်သည် ၁၂ လကြာမြင့်မှာ ဖြစ်ပြီး City campus တွင် တက်ရောက်ရမှာဖြစ်ပါတယ်။ သင်ရိုး ၇ ခုပါဝင်ပြီး နာရီပေါင်း ၂၃၁ နာရီ သင်ကြားရမှာပါ။ 

သင်ယူရမည့် ဘာသာရပ်များမှာ- 

  • Customer & Demand Management
  • Logistics & Supply Chain Management Fundamentals
  • Facilities Logistics
  • Logistics & Supply Chain Strategic Considerations
  • Procurement & Supply Management
  • Transport Logistics
  • Project in Logistics & Supply Chain Management

Intake များအနေဖြင့် ဇွန် နှင့် စက်တင်ဘာလ များအတွက် လျှောက်ထားနိုင်ပါတယ်။ Tuition fees မှာ S $ 11,525.18 ကျသင့်ပြီး Application fees- S $ 450, Student Induction and Development fees- S $ 1,070 နှင့် Career preparation fees- S $ 214 ကျသင့်ပါတယ်။

အင်္ဂလိပ်ဘာသာစကား လိုအပ်ချက်အနေဖြင့် 

  • GCE ‘O’ level English (grade 1 to 6) or equivalent; or
  • IELTS score of 6, with no element less than 5.5; or
  • PSB Academy’s Certificate in English Proficiency (Advanced)
  • International Qualifications

#LetsPlanYourCareerTogether#StudyInSingapore#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

 

July 1, 2021

စီးပွားရေး နှင့် ဈေးကွက်ဆိုင်ရာ  အတတ်ပညာနှင့် နည်းပညာများကို လေ့လာလိုသူများအတွက် PSB Academy ၏ ပူးတွဲ Coventry University တွင် Bachelor of Arts with Honors in Business and Marketing ဘာသာရပ်ကို တက်ရောက်နိုင်ပါတယ်။ Business Manager, Digital marketing, Marketing research, Business Strategy နှင့် ယနေ့ခေတ် ကမ္ဘာ့စီးပွားရေးအကြောင်း အသေးစိတ် လေ့လာနိုင်မှာဖြစ်ပါတယ်။

Coventry University အသိအမှတ်ပြု Diploma  အောင်မြင်ပြီးပါက Bachelor ကို စာသင်နှစ် ဒုတိယနှစ်မှ စတင် တက်ရောက်နိုင်ပါတယ်။Bachelor တက်ရောက်သူများသည် သင်ရိုး ၃ ခု သို့ ၄ ခု ကို semester ၃ ခုအတွင်း သင်ယူရမှာဖြစ်ပြီး ၂၈ လကြာမြင့်မှာဖြစ်ပါတယ်။ ပထမနှစ်မှ စတင်တက်ရောက်သော ကျောင်းသားများအတွက် S$32,356.80 ကျသင့်ပြီး ဒုတိယနှစ်မှ တက်ရောက်သော ကျောင်းသားများ၏ Tuition fees မှာ S$21,571.20 ဖြစ်ပါတယ်။  Application fees – S $ 450 ကျသင့်ပါတယ်။

အကဲဖြတ်မှု ရမှတ်များသည် Assignment တင်ခြင်း၊ ပရောဂျက် နှင့် စာမေးပွဲ ဖြေဆိုမှု များအပေါ်မူတည်ပါတယ်။ Intake များမှာ 22 March 2021, 26 July 2021 ,22 November 2021 လများတွင် လျှောက်ထားနိုင်ပါတယ်။ ပညာသင်နှစ် ပထမနှစ် နှင့် ဒုတိယနှစ်ဝင်ခွင့် အတွက် အင်္ဂလိပ်လိုအပ်ချက်များမှာ-

1 GCE ‘O’ level English (Grade C6) or equivalent; OR

IELTS score of at least 6.0; OR

PSB Academy’s Certificate in English Proficiency course; OR

PSB Academy’s Certificate in Academic English course; OR

An equivalent English language qualification

သင်ယူရမည့်သင်ရိုးများမှာ-

Academic Year 1

  •       Marketing Research I
  •       Marketing Principles and Practice
  •       Academic Study Skills
  •       Communications for Marketing and Advertising
  •       Organising for Business
  •       Accounting for Business Managers
  •       Academic Writing: Developing Critical Thinking Skills

Academic Year 2

  •       Marketing Research II
  •       Contemporary Issues in HR Service Delivery
  •       Digital Marketing
  •       Career Preparation
  •       Effective Communication Skills II
  •       Marketing Management
  •       Managing Business

 Academic Year 3

  •       Advanced Marketing Study (Project)
  •       Brand and Corporate Communications
  •       Global Marketing
  •       Corporate Marketing Strategy
  •       Contemporary Marketing Issues
  •       Innovation and Change

Course link- https://www.psb-academy.edu.sg/coventry-university/bachelor-of-arts-with-honours-in-business-and-marketing#overview

#LetsPlanYourCareerTogether#StudyInSingapore#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

 

June 30, 2021

ဒီနေ့ EEVS မှပြောပြပေးချင်တာကတော့ နိုင်ငံတကာကျောင်းသားများအတွက် MBA တက်ရောက်ဖို့ အကောင်းဆုံးနိုင်ငံများ အကြောင်းပဲဖြစ်ပါတယ်။ 

MBA တက်ရောက်ဖို့ study destination ရွေးချယ်ရတာကလည်း အဓိကကျတဲ့ ဆုံးဖြတ်ချက်တစ်ခုပဲဖြစ်ပါတယ်။ မိမိရွေးချယ်လိုက်တဲ့ study destination အပေါ်မူတည်ပြီး networking အခွင့်အလမ်းများ၊ career အခွင့်အလမ်းများ အပေါ် အကျိုးသက်ရောက်မှုရှိတာဖြစ်လို့ သေချာရွေးချယ်ဖို့ လိုအပ်ပါတယ်။ 

MBA တက်ရောက်ဖို့  ထိပ်တန်း study destination တွေအကြောင်းကိုဖော်ပြပေးလိုက်ပါတယ်။

1) United States of America

USA သည် MBA Program တက်ရောက်ရန်အကောင်းဆုံးနိုင်ငံတွင် ထိပ်ဆုံးမှ ရပ်တည်လျက်ရှိပါတယ်။ Top-ranked  Business Schools တွေများစွာရှိပြီး MBA Program ကို ၂နှစ်တာ သင်ကြားပေးကာ ကျောင်းပိတ်သည့်ကာလတွင်လည်း အလုပ်သင်ဆင်းရမည့် အစီအစဉ်များ ထည့်သွင်းပေးထားပါတယ်။ USA ရှိ Top-ranked Business Schools တွေက နိုင်ငံတကာမှာရှိတဲ့ Business Organizations တွေနဲ့ ချိတ်ဆက်ထားတာဖြစ်လို့ မိမိ networking တွေပိုကျယ်ပြန့်လာစေရုံသာမက career opportunities တွေများစွာလည်း ရရှိမှာဖြစ်ပါတယ်။ ကုန်ကျစရိတ်များအနေဖြင့်အနည်းဆုံး US$60,000 မှ US$80,000  အထိကုန်ကျနိုင်ပါတယ်။ 

2) United Kingdom

London ကိုလက်ရှိတွင် Global Financial Centres Index၏ ranking အရ ကမ္ဘာ့ထိပ်တန်း ယှဉ်ပြိုင်မှုအများဆုံး financial center အဖြစ်သတ်မှတ်ထားပါတယ်။ UK နိုင်ငံသည် banking sector တွင်ထိပ်တန်းမှရပ်တည်လျက်ရှိပြီး MBA graduate များကိုလည်း UKရှိ ထိပ်တန်း bank များတွင် ခန့်အပ်ထားလျက်ရှိပါတယ်။ UK ရှိ MBA Program များသည် များသောအားဖြင့်အချိန်တစ်နှစ်သာကြာမြင့်ပြီး Graduate Work Visa ၂နှစ်လျှောက်ခွင့်လည်းပေးထားတာဖြစ်လို့ အလုပ်ရှာဖို့အခွင့်အရေးတွေလည်း ရရှိနိုင်မှာဖြစ်ပါတယ်။ ကုန်ကျစရိတ်များအနေဖြင့်အနည်းဆုံး 31,450 GBP မှ 87,900 GBP အထိကုန်ကျနိုင်ပါတယ်။ 

3) Germany

Germany နိုင်ငံရှိ တက္ကသိုလ်အများစုသည် များသောအားဖြင့် အင်္ဂလိပ်ဘာသာဖြင့် program များဖွင့်လှစ်သောကြောင့် ဂျာမနီ၌ MBAပညာသင်ကြားနေသောကျောင်းသားအရေအတွက်တိုးတက်လာပါတယ်။ Germany သည်ဥရောပတစ်ခွင်လုံးတွင် အမြင့်ဆုံးသောစီးပွားရေးကိုပိုင်ဆိုင်ထားပြီး MBA Graduate များအတွက်လစာအမြင့်ဆုံးပေးနိုင်သော ထိပ်တန်း ၁၀နိုင်ငံတွင်ပါဝင်ပါတယ်။ ကုန်ကျစရိတ်များအနေဖြင့်အနည်းဆုံး   17,770 USD  မှ  44,000 USD အထိကုန်ကျနိုင်ပါတယ်။ 

4)  Australia

Australia နိုင်ငံရှိ MBA Degree များသည် နိုင်ငံတကာအသိအမှတ်ပြုမှုကိုရရှိထားပြီး နိုင်ငံတကာမှာရှိတဲ့ business တွေမှာလည်း ဝင်ရောက်လုပ်ကိုင်နိုင်ပါတယ်။ USA, UK နိုင်ငံများနှင့် ယှဉ်လျှင် နေထိုင်ရန်ကုန်ကျစရိတ် အလွန်သက်သာပါတယ်။ ကုန်ကျစရိတ်များအနေဖြင့်အနည်းဆုံး      40,000 USD မှ   63,000 USD အထိကုန်ကျနိုင်ပါတယ်။ 

5) Singapore

Singapore နိုင်ငံသည်  အခြေခံအဆောက်အဦး များနှင့်စီးပွားရေးတိုးတက်လာမှုကြောင့်အာရှပစိဖိတ်ဒေသရှိ ထိပ်တန်းနိုင်ငံတစ်နိုင်ငံဖြစ်လာပါတယ်။ စင်ကာပူနိုင်ငံတွင်ပေးသော MBA နှင့် Executive MBA Program များသည် flexible ဖြစ်ပြီးကျောင်းသားများသည် ကျောင်းတက်နေစဉ် ကာလအတွင်းတွင် အလုပ်လုပ်ခွင့်ရှိပါတယ်။ ထို့ကြောင့်အချို့သောတက္ကသိုလ်များက ကျောင်းသားများကို တစ်ပတ်လျှင် ၁၆-၁၈ နာရီ အထိအလုပ်လုပ်ခွင့်ပြုလျက်ရှိပါတယ်။ ကုန်ကျစရိတ်များအနေဖြင့်အနည်းဆုံး   60,000 USD မှ 90,000 USD  အထိကုန်ကျနိုင်ပါတယ်။ 

#LetsPlanYourCareerTogether#BestEducationConsultancyInYangon#MBA

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar