EEVS Medical Week အတွက် ယနေ့မိတ်ဆက်ပေးချင်တဲ့ အကြောင်းအရာလေးကတော့ UK ရှိ University of Lincoln မှ သင်ကြားပို့ချပေးနေတဲ့ BA (Hons) Applied Social Science program ပဲဖြစ်ပါတယ်။
BA(Hons) Applied Social Science ဘာသာရပ်ကို University of Lincoln ၏ ကျောင်းဖြစ်သော School of Health and Social Care ၏ Brayford Pool campus တွင် တက်ရောက်ရမှာဖြစ်ပါတယ်။
၃ နှစ်တက်ရောက်ရမှာဖြစ်ပြီး Tuition fees-£14,400 per level ကျသင့်မှာ ဖြစ်ပါတယ်။
၂၀၂၁ Intake အတွက် လက်ခံသော English test များမှာ IELTS, Duolingo, TOFEL IBT, PTE တို့ဖြစ်ပြီး အသေးစိတ်ကို https://www.lincoln.ac.uk/home/studywithus/internationalstudents/englishlanguagerequirementsandsupport/englishlanguagerequirements/ တွင် ကြည့်ရှုနိုင်ပါတယ်။
ပထမနှစ်တွင် နိုင်ငံရေး ၊ လူမှု ဗေဒ၊ စိတ်ပညာ ၊ ဥပဒေ၊ အားကစား ၊ကျန်းမာရေး၊ ပညာရေးနှင့် လူမှု စောင့်ရှောက်ရေး များကို သင်ကြားရမှာဖြစ်ပါတယ်။ ဒုတိယနှစ် နှင့် တတိယနှစ်တွင် လူမှုရေးသိပ္ပံဆိုင်ရာ သုတေသနနည်းလမ်းများနှင့် အသက်မွေးဝမ်ကြောင်း စီမံကိန်းများကို သင်ကြားရပါတယ်။
နှစ်အလိုက် တက်ရောက်ရမည့် Module အချို့ကို ဖော်ပြပေးလိုက်ပါတယ်။
Year -1
- Developing Individual in Society (Core)
- Skills for Health and Social Care: for study and the workplace. (Core)
- Social Issues and Social Justice (Core)
- Human Bioscience (Option)
- Legal Systems and Skills (Option)
Year-2
- Career Planning (Core)
- Researching in Social Science (Core)
- Debating Welfare States (Option)
- Developmental Psychology (Option)
- Human Rights Law in the UK (Option)
Year -3
- Final Year Project (Core)
- Work Opportunities Study (Core)
- Analysing the Policy Process (Option)
- Autistic Spectrum Disorders (Option)
ကျောင်းသားများအနေဖြင့် စာသင်နှစ်အတွင်း လက်တွေ့လုပ်ငန်း အတွေ့အကြုံ သုံးကြိမ်ရရှိမှာ ဖြစ်ပါတယ်။ Work Placement Year အနေဖြင့် ဒုတိယနှစ်နှင့် တတိယနှစ်တို့တွင် UK သို့မဟုတ် နိုင်ငံရပ်ခြားတွင် လက်တွေ့လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။ Placement Year ရွေးချယ်သော ကျောင်းသား၊သူများအနေဖြင့် tuition fees ထပ်ပေးစရာ မလိုသော်လည်း ခရီးစရိတ်၊ နေထိုင်စရိတ်နှင့် အခြားကုန်ကျစရိတ်တို့ကို ပေးချေရပါမယ်။
#LetsPlanYourCareerTogether#StudyInUK#BestEducationConsultancyInYangon
#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar