▪️ဒီတစ်ခါမှာတော့ အမေရိကန်မှာ ပညာသင်ကြားဖို့ စိတ်ဝင်စားတဲ့ ကျောင်းသား/သူတွေအတွက် အမေရိကန်နိုင်ငံမှာရှိတဲ့ Community Colleges များအကြောင်းကို ပြောပြပေးမှာဖြစ်ပါတယ်။ 💁♂️
▪️Community College ဆိုတာက University အကြီးကြီးတွေကိုတက်ရောက်နိုင်ဖို့အတွက် အကူးအပြောင်းလုပ်ပေးတဲ့ နေရာတစ်ခုပဲဖြစ်ပါတယ်။ Community College က ၂နှစ်တက်ရောက်ရမှာဖြစ်ပြီး Associate Degree ရရှိမှာဖြစ်ပါတယ်။ ရရှိတဲ့ Associate Degree နဲ့ University တွေရဲ့ 3rd year နှင့် 4th year ကို တိုက်ရိုက်တက်ရောက်နိုင်မှာဖြစ်ပြီး University မှ Bachelor Degree ကိုရရှိမှာဖြစ်ပါတယ်။👩🎓👨🎓
🔹ဘာကြောင့် US မှာရှိတဲ့ Community College တွေတက်ရောက်သင့်သလဲ?
▪️အမေရိကန်နိုင်ငံမှာရှိတဲ့ University အများစုက ကုန်ကျစရိတ်အရမ်းများလေ့ရှိပါတယ်။ ဒါပေမယ့် Community College တက်ရောက်ရတာ University တွေတက်ရောက်ရတာထက် ကုန်ကျစရိတ်အများကြီးသက်သာပါတယ်။ ကုန်ကျစရိတ်အနေနဲ့ USD 9000 မှ 12000 အထိသာ ကုန်ကျနိုင်ပါတယ်။ 💵
▪️ဒါ့အပြင် မိမိတက်ရောက်ချင်သော University က အမှတ်အရမ်းမြင့်နေပြီး ဝင်ခွင့်ခက်ခဲနေတာမျိုးဖြစ်နေလျှင် Community College ကိုအရင်တက်ရောက်ပြီးမှ နှစ်သက်ရာ တက္ကသိုလ်ကို ပြန်လည် ပြောင်းရွှေ့နိုင်ပါတယ်။ 🙆♂️
▪️အမေရိကန်နိုင်ငံမှာက Community College များတစ်ထောင်ကျော်ရှိပြီး ပြည်တွင်းနှင့် နိုင်ငံတကာ ကျောင်းသားများအတွက် Degrees နှင့် Certificates Program ပေါင်းများစွာကို သင်ကြားပေးလျက်ရှိပါတယ်။ 🧑🏫👨🏫
▪️USA မှာရှိတဲ့ Community College တွေမှာ တမူထူးခြားတဲ့ learning environment တွေဖန်တီးပေးထားပြီး class size သေးပြီး ကျောင်းသားတစ်ဦးချင်းစီ အပေါ် သေချာအာရုံစိုက် သင်ကြားပေးပါတယ်။ Community College အများစုမှာ နိုင်ငံတကာကျောင်းသားများအတွက် နည်းပညာနှင့် သက်မွေးဝမ်းကြောင်းဆိုင်ရာ ဘာသာရပ်များကိုပါ ပို့ချပေးလျက်ရှိပါတယ်။ စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်ပြီး job training programs များကိုလည်း ပြုလုပ်ပေးထားပါတယ်။ 😇
▪️ဒါ့အပြင် ၂နှစ် Associate Degree ပြီးရင် American Community College Federal Law အရ USA တွင် Optional Practical Training အဖြစ် တစ်နှစ် အလုပ်လုပ်နိုင်မှာဖြစ်ပါတယ်။ အလုပ်သည် မိမိတက်ရောက်ထားသည့် မေဂျာနှင့် တိုက်ရိုက်ဆက်နွယ်မှုရှိရမည်။ Associate Degree တက်ရောက်နေသည့် နောက်ဆုံး semester တွင် OPT အတွက် လျှောက်ထားရမှာဖြစ်ပါတယ်။ 📚
🔹USA မှာရှိတဲ့ Community College တွေ လျှောက်ထားနိုင်ဖို့ ဘာတွေလိုအပ်သလဲ?
📌အထက်တန်း အောင်လတ်မှတ်နဲ့ အမှတ်စာရင်းများ Or IGCSE O Level အမှတ်
📌English အရည်အချင်းစစ် စာမေးပွဲ result များ (TOEFL or IELTS or Duolingo test)
📌Extracurricular Activities
📌Recommendation Letters
📌Application Essay and Optional Personal Interview
📌Bank Statement
📌Passport တို့လိုအပ်ပါတယ်။
#LetsPlanYourCareerTogether#StudyInUSA
#BestEducationConsultancyInYangon
#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar