fbpx
March 9, 2022

🎉 𝗖𝗼𝗻𝗴𝗿𝗮𝘁𝘂𝗹𝗮𝘁𝗶𝗼𝗻𝘀 𝐓𝐡𝐢𝐧 𝐌𝐲𝐚𝐭 𝐇𝐥𝐚𝐢𝐧𝐠 🎉
🔷 EEVS Myanmar နဲ့အတူတူ ပညာရေးခရီးလမ်းလျှောက်လှမ်းခဲ့တဲ့ 𝐓𝐡𝐢𝐧 𝐌𝐲𝐚𝐭 𝐇𝐥𝐚𝐢𝐧𝐠 ဟာ အခုဆိုရင် သြစတြေးလျနိုင်ငံရဲ့ နံပါတ်တစ် ကျောင်းဖြစ်တဲ့ 𝐀𝐮𝐬𝐭𝐫𝐚𝐥𝐢𝐚𝐧 𝐍𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 မှာ 𝐁𝐚𝐜𝐡𝐞𝐥𝐨𝐫 𝐨𝐟 𝐄𝐧𝐠𝐢𝐧𝐞𝐞𝐫𝐢𝐧𝐠 (𝐇𝐨𝐧𝐨𝐮𝐫𝐬) ဘာသာရပ်ဖြင့် 𝐕𝐢𝐬𝐚 𝐆𝐫𝐚𝐧𝐭𝐞𝐝 နှင့် 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 $𝟕𝟓𝟎𝟎𝟎 ကို ထိုက်တန်စွာနဲ့ ရရှိခဲ့ပြီပဲဖြစ်ပါတယ်။
🔷 ယခုလို သြစတြေးလျနိုင်ငံ၏ အကောင်းဆုံး တက္ကသိုလ်ထဲက တစ်ခုဖြစ်သည့် 𝐀𝐮𝐬𝐭𝐫𝐚𝐥𝐢𝐚𝐧 𝐍𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 မှာ ပညာသင်ကြားခွင့်ရရှိခဲ့သည့် 𝐓𝐡𝐢𝐧 𝐌𝐲𝐚𝐭 𝐇𝐥𝐚𝐢𝐧𝐠 အတွက် EEVS Myanmar Team က များစွာ လှိုက်လှဲဂုဏ်ယူဝမ်းမြောက်ရပါတယ်။
🔷 ရှေ့ဆက်လျှောက်မယ့် အနာဂတ်ခရီးလမ်းမှာလည်း အစစအရာရာ အဆင်ပြေချောမွေ့စွာ ဖြတ်သန်းနိုင်ဖို့ အတွက် EEVS Myanmar အဖွဲ့သားများက ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
—————————-
📣 EEVS Myanmar ရဲ့ Instagram, Telegram Channel, Telegram Group, Viber Community Group ကို မ Join ရသေးရင် ကျောင်းသူ၊ ကျောင်းသားတွေကော မိဘတွေကော Join ထားပါအုံးနော်။ EEVS Myanmar ကနေပြီးတော့ Information အသစ်အသစ်တွေကို တင်ပေးသွားမှာဘဲဖြစ်ပါတယ်။ 📣
Telegram Channel Link 👉 https://t.me/eeevsmm
Telegram Group Link 👉 https://t.me/+MKaTiAO_q7w3ZmU1
Viber Community Group Link 👉 https://bit.ly/3Gq5WdV
—————————-

#LetsPlanYourCareerTogether#StudyInAustralia#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

February 22, 2022

𝐓𝐡𝐞 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 𝐨𝐟 𝐒𝐲𝐝𝐧𝐞𝐲 ကနေ $𝟏𝟎,𝟎𝟎𝟎 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 ပေးအပ်နေပါပြီ။ 🥰
——————————————-
🔷 ဒီနေ့တော့ သြစတေးလျနိုင်ငံ၏ ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်သော The University of Sydney တွင် 2022 ခုနှစ် January & April Intakes များအတွက် Foundation Program ကို Scholarship ဖြင့်တက်ရောက်နိုင်မည့်အခွင့်အရေးကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ 🤗
 
🔷 The University of Sydney သည် 2021 QS World ranking အရ ကမ္ဘာ့အဆင့် 40 တွင် ရပ်တည်နေပြီး အရည်အချင်း ပြည့်မှီသော ကျောင်းသား/သူပေါင်း မြောက်များစွာကိုမွေးထုတ်ပေးလျက်ရှိသော ထိပ်တန်း တက္ကသိုလ် တစ်ခုလည်း ဖြစ်သည်။ 🏫
 
🔷 The University of Sydney မှ 2021 ခုနစ်အတွက် Foundation Program တက်ရောက်မည့် ကျောင်းသား/သူများအတွက် Scholarship AUD$ 10,000 အထိပေးအပ်သွားမှာဖြစ်ပါတယ်။ 🤩
——————————————-
⬛ ဒါကြောင့် ဩစတေးလျနိုင်ငံမှာ ပညာသင်ယူဖို့ စဉ်းစားထားသည့် ကျောင်သူ/သားများအနေဖြင့် ယခု scholarship ကို လျှောက်ထားလိုလျှင် EEVS Myanmar ၏ Message Box မှ ဖြစ်စေအောက်ပါဖုန်းနံပါတ်များမှ ဖြစ်စေ အသေးစိတ်မေးမြန်းလျှောက်ထားနိုင်ပါတယ်။
 
📞 09740969959, 09740969956
 
#LetsPlanYourCareerTogether
#RelyOnExperts
#StudyAbroadWithEEVS
February 8, 2022

𝐃𝐞𝐬𝐭𝐢𝐧𝐚𝐭𝐢𝐨𝐧 𝐀𝐮𝐬𝐭𝐫𝐚𝐥𝐢𝐚 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩𝐬 $𝟏𝟓,𝟎𝟎𝟎 𝐏𝐞𝐫 𝐘𝐞𝐚𝐫 😲
—————————————
Australia တွင်ကျောင်းတက်ချင်သောသူများအတွက် 𝐀𝐮𝐬𝐭𝐫𝐚𝐥𝐢𝐚 𝐃𝐞𝐬𝐭𝐢𝐧𝐚𝐭𝐢𝐨𝐧 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩𝐬 ကိုပေးအပ်နေပါပြီ။ ဒီ 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 ကို 16 February 2022 နောက်ဆုံးထားပြီး လျှောက်ရမှာဘဲဖြစ်ပါသည်။ ဒါကြောင့် အခုဘဲ အမြန်ဆုံး ယခု 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 ကိုလျှောက်ထားဖို့ တိုက်တွန်းနှိုးဆော်လိုက်ပါသည်။ 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 နဲ့ ပက်သက်ပြီး အသေးစိတ်သိရှိချင်ပါက EEVS Myanmar ကိုယခုဘဲ ဆက်သွယ်မေးမြန်းလိုက်ပါ။
 
⭐ Scholarship Close Date – 𝟏𝟔 𝐅𝐞𝐛𝐫𝐮𝐚𝐫𝐲 𝟐𝟎𝟐𝟐 ⭐
ယခု Scholarship ဖြင့်တက်ရောက်သင်ယူနိုင်သော Courses များမှာ-
📘 Bachelor of Nursing
📘 Bachelor of Communications (with Specialisations)
📘 Bachelor of Pharmacy
📘 Bachelor of Physiotherapy
📘 Bachelor of Medical Radiation Science (with Specialisations)
📘 Bachelor of Business Studies
📘 Bachelor of Accounting
📘 Bachelor of Agriculture
📘 Bachelor of Agriculture Business Management
📘 Bachelor of Agriculture Science
📘 Bachelor of Animal Science
 
🤗 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩s များ နှင့် ပတ်သက်ပြီး အသေးစိတ်စုံစမ်းမေးမြန်းမှုများကို EEVS ၏ message box (သို့မဟုတ်) အောက်ပါ ဖုန်းနံပါတ်များမှ တစ်ဆင့် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
 
09 740969959, 09 740969956
 
📣 EEVS Myanmar ရဲ့ Telegram Channel, Telegram Group, Viber Community Group ကို မ Join ရသေးရင် ကျောင်းသူ၊ ကျောင်းသားတွေကော မိဘတွေကော Join ထားပါအုံးနော်။ EEVS Myanmar ကနေပြီးတော့ Information အသစ်အသစ်တွေကို တင်ပေးသွားမှာဘဲဖြစ်ပါတယ်။ 📣
 
Telegram Channel Link 👉 https://t.me/eeevsmm
Telegram Group Link 👉 https://t.me/+MKaTiAO_q7w3ZmU1
Viber Community Group Link 👉 https://bit.ly/3Gq5WdV
February 8, 2022

𝐄𝐱𝐩𝐞𝐫𝐭 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐚𝐧𝐝 𝐕𝐢𝐬𝐚 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 𝐌𝐲𝐚𝐧𝐦𝐚𝐫 တွင် ပိတ်ရက်မရှိ Appointment ယူပြီးလာရောက်ဆွေးနွေးနိုင်ပါသည်။
————————–
Australia, UK, Canada, US နိုင်ငံရပ်ခြားတွင် ကျောင်းသွားတက်ချင်သော ကျောင်းသား၊ ကျောင်းသူများ အတွက် 𝐄𝐱𝐩𝐞𝐫𝐭 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐚𝐧𝐝 𝐕𝐢𝐬𝐚 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 𝐌𝐲𝐚𝐧𝐦𝐚𝐫 မှ ကူညီဆောက်ရွက်ပေးနေပါသည်။ 🤗
 
✔ နိုင်ငံရပ်ခြားမှာ ကျောင်းသွားတက်ဖို့အတွက် ဘာတွေလိုအပ်မလဲ❓
✔ မိမိလေ့လာချင်သော ပညာရပ်ကို ဘယ်နိုင်ငံမှာတက်ရောက်ရင်ကောင်းမလဲ❓
✔ ဘယ် University က မိမိ အတွက် သင့်တော်မလဲ❓
✔ မိမိယခုလက်ရှိပညာရေးနဲ့ နိုင်ငံရပ်ခြားမှာ ကျောင်းဘယ်လိုတက်လို့ရမလဲ❓
✔ မိမိရဲ့ သားသမီးကို နိုင်ငံရပ်ခြားမှာ ကျောင်းထားချင်တယ်❓
 
🔷 ကိုယ်က နိုင်ငံရပ်ခြားမှာတော့ ကျောင်းသွားတက်ချင်တယ် ဒါပေမယ့် ဘယ်ကဘယ်လို စလုပ်ရမှန်းမသိဖြစ်နေတာမျိုးတွေ သိရှိချင်တယ်။ ဒါ့အပြင် Australia, UK, Canada, US တို့မှာရှိတဲ့ University တွေ အကြောင်းတွေသိချင်တယ်၊ ကျောင်းသွားတက်ချင်တယ်ဆိုရင် 𝐄𝐱𝐩𝐞𝐫𝐭 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐚𝐧𝐝 𝐕𝐢𝐬𝐚 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 𝐌𝐲𝐚𝐧𝐦𝐚𝐫 ရဲ့ ရုံးသို့လာရောက်ပြီး အခမဲ့ ဆွေးနွေးနိုင်ပါတယ်။ မိမိရဲ့ Career အနာဂတ် ပညာရေးလမ်းကြောင်းအတွက် 𝐄𝐱𝐩𝐞𝐫𝐭 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐚𝐧𝐝 𝐕𝐢𝐬𝐚 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 𝐌𝐲𝐚𝐧𝐦𝐚𝐫 မှာ အခမဲ့ လာရောက်စုံစမ်းဆွေးနွေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
 
🔷 မိဘတွေ အနေနဲ့လည်း မိမိရဲ့ သားသမီးတွေကို နိုင်ငံရပ်ခြားမှ တက္ကသိုလ်များတွင် ကျောင်းထားပြီး နိုင်ငံတကာ အဆင့်ပညာရေးစနစ်ဖြင့် သင်စေချင်ပါက 𝐄𝐱𝐩𝐞𝐫𝐭 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐚𝐧𝐝 𝐕𝐢𝐬𝐚 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 𝐌𝐲𝐚𝐧𝐦𝐚𝐫 တွင် မိမိရဲ့ သားသမီး ရှေ့ရေး အနာဂတ်အတွက် လာရောက်ဆွေးနွေးနိုင်ပါသည်။ 🤗
📣 EEVS Myanmar ရဲ့ Telegram Channel, Telegram Group, Viber Community Group ကို မ Join ရသေးရင် ကျောင်းသူ၊ ကျောင်းသားတွေကော မိဘတွေကော Join ထားပါအုံးနော်။ EEVS Myanmar ကနေပြီးတော့ Information အသစ်အသစ်တွေကို တင်ပေးသွားမှာဘဲဖြစ်ပါတယ်။ 📣
 
Telegram Channel Link 👉 https://t.me/eeevsmm
Telegram Group Link 👉 https://t.me/+MKaTiAO_q7w3ZmU1
Viber Community Group Link 👉 https://bit.ly/3Gq5WdV
အသေးစိတ်စုံစမ်းမေးမြန်းမှုများကို 𝐄𝐱𝐩𝐞𝐫𝐭 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐚𝐧𝐝 𝐕𝐢𝐬𝐚 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 𝐌𝐲𝐚𝐧𝐦𝐚𝐫 ၏ message box (သို့မဟုတ်) အောက်ပါ ဖုန်းနံပါတ်များမှ တစ်ဆင့် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
 
☎ 09 740969959, 09 740969956
 
February 7, 2022

🤗 𝐍𝐚𝐧𝐲𝐚𝐧𝐠 𝐈𝐧𝐬𝐭𝐢𝐭𝐮𝐭𝐞 𝐨𝐟 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 (𝐒𝐢𝐧𝐠𝐚𝐩𝐨𝐫𝐞) မှ မြန်မာနိုင်ငံရှိ ကျောင်းသား၊ ကျောင်းသူများအတွက် ပြုလုပ်ပေးတဲ့ Webinar လေးဖြစ်ပါတယ်။
ဒီ Webinar လေးကတော့ “မြန်မာကျောင်းသား၊ ကျောင်းသူများ အတွက် 𝐒𝐩𝐞𝐜𝐢𝐚𝐥 𝐒𝐭𝐮𝐝𝐲 𝐆𝐫𝐚𝐧𝐭𝐬 နှင့် 𝐂𝐚𝐫𝐞𝐞𝐫 𝐏𝐚𝐭𝐡𝐰𝐚𝐲𝐬 𝐩𝐫𝐨𝐠𝐫𝐚𝐦𝐦𝐞 များအကြောင်းသိကောင်းစရာ” လေးဘဲဖြစ်ပါတယ်။ 🤗
 
ဒီ Webinar လေးမှာ အဓိက ဆွေးနွေးပြောကြားပေးသွားမယ့် အကြောင်းအရာလေးတွေကတော့-
🌟 Special Study Grants and Course Fees of New MBA Programme
🌟 Time and Cost Effective Career Switch Programme
🌟 Benefits of NIM Pathway Programme
🌟 Graduate employment opportunities for NIM students
🌟 Application requirements as well as an opportunities to as questions
စတဲ့ အကြောင်းအရာတွေနဲ့ပက်သက်ပြီး ဆွေးနွေးပြောကြားပေးသွားမှာဘဲဖြစ်ပါတယ်။ ယခု အကြောင်းအရာတွေသာမက 𝐍𝐚𝐧𝐲𝐚𝐧𝐠 𝐈𝐧𝐬𝐭𝐢𝐭𝐮𝐭𝐞 𝐨𝐟 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 နဲ့ပက်သက်ပြီး မိမိ သိချင်တဲ့ မေးခွန်းလေးတွေကို မေးမြန်းလို့ရပါတယ်။
 
🤗 သင်က 𝐍𝐚𝐧𝐲𝐚𝐧𝐠 𝐈𝐧𝐬𝐭𝐢𝐭𝐮𝐭𝐞 𝐨𝐟 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 မှာ ကျောင်းသွားတက်ဖို့ စဉ်းစားထားတဲ့ သူဆိုရင် February 11 ရက်နေ့မှာ ပြုလုပ်မယ့် Webinar မှာဝင်ရောက် ဆွေးနွေးစုံစမ်းလိုက်ပါ။
🤗 မိဘတွေအနေနဲ့လည်း မိမိတို့ရဲ့ သားသမီး ပညာရေးလမ်းကြောင်းနဲ့ပက်သက်ပြီး ဆွေးနွေးချင်လို့ရှိရင် ဒီ Webinar ပွဲလေးကို ဝင်ရောက်ပြီးဆွေးနွေးနိုင်ပါတယ်။
🗣 Speaker – JAR DIM AUNG (NANCY AUNG)  Assistant Country Manager
 
📅 Date – 11 February 2022 (Friday)
 
🕒 Time – 2:00 Pm to 4:00 Pm (Myanmar Time)
 
▪️Webinar တက်ရောက်လိုပါက အောက်ပါလင့်ခ်မှ တစ်ဆင့် စာရင်းပေးသွင်းနိုင်ပါသည်။
 
Webinar Event Link 👇
📣 EEVS Myanmar ရဲ့ Telegram Channel, Telegram Group, Viber Community Group ကို မ Join ရသေးရင် ကျောင်းသူ၊ ကျောင်းသားတွေကော မိဘတွေကော Join ထားပါအုံးနော်။ EEVS Myanmar ကနေပြီးတော့ Information အသစ်အသစ်တွေကို တင်ပေးသွားမှာဘဲဖြစ်ပါတယ်။ 📣
Telegram Channel Link 👉 https://t.me/eeevsmm
Telegram Group Link 👉 https://t.me/+MKaTiAO_q7w3ZmU1
Viber Community Group Link 👉 https://bit.ly/3Gq5WdV
 
#LetsPlanYourCareerTogether
#RelyOnExperts
#StudyAbroadWithEEVS
February 7, 2022

Australia, UK, Canada, US နိုင်ငံရပ်ခြားတွင် ကျောင်းသွားတက်ချင်သော ကျောင်းသား၊ ကျောင်းသူများ အတွက် 𝐄𝐱𝐩𝐞𝐫𝐭 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐚𝐧𝐝 𝐕𝐢𝐬𝐚 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 𝐌𝐲𝐚𝐧𝐦𝐚𝐫 မှ ကူညီဆောက်ရွက်ပေးနေပါသည်။ 🤗
 
✔ နိုင်ငံရပ်ခြားမှာ ကျောင်းသွားတက်ဖို့အတွက် ဘာတွေလိုအပ်မလဲ❓
✔ မိမိလေ့လာချင်သော ပညာရပ်ကို ဘယ်နိုင်ငံမှာတက်ရောက်ရင်ကောင်းမလဲ❓
✔ ဘယ် University က မိမိ အတွက် သင့်တော်မလဲ❓
✔ မိမိယခုလက်ရှိပညာရေးနဲ့ နိုင်ငံရပ်ခြားမှာ ကျောင်းဘယ်လိုတက်လို့ရမလဲ❓
✔ မိမိရဲ့ သားသမီးကို နိုင်ငံရပ်ခြားမှာ ကျောင်းထားချင်တယ်❓
 
🔷 ကိုယ်က နိုင်ငံရပ်ခြားမှာတော့ ကျောင်းသွားတက်ချင်တယ် ဒါပေမယ့် ဘယ်ကဘယ်လို စလုပ်ရမှန်းမသိဖြစ်နေတာမျိုးတွေ သိရှိချင်တယ်။ ဒါ့အပြင် Australia, UK, Canada, US တို့မှာရှိတဲ့ University တွေ အကြောင်းတွေသိချင်တယ်၊ ကျောင်းသွားတက်ချင်တယ်ဆိုရင် 𝐄𝐱𝐩𝐞𝐫𝐭 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐚𝐧𝐝 𝐕𝐢𝐬𝐚 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 𝐌𝐲𝐚𝐧𝐦𝐚𝐫 ရဲ့ ရုံးသို့လာရောက်ပြီး အခမဲ့ ဆွေးနွေးနိုင်ပါတယ်။ မိမိရဲ့ Career အနာဂတ် ပညာရေးလမ်းကြောင်းအတွက် 𝐄𝐱𝐩𝐞𝐫𝐭 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐚𝐧𝐝 𝐕𝐢𝐬𝐚 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 𝐌𝐲𝐚𝐧𝐦𝐚𝐫 မှာ အခမဲ့ လာရောက်စုံစမ်းဆွေးနွေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
🔷 မိဘတွေ အနေနဲ့လည်း မိမိရဲ့ သားသမီးတွေကို နိုင်ငံရပ်ခြားမှ တက္ကသိုလ်များတွင် ကျောင်းထားပြီး နိုင်ငံတကာ အဆင့်ပညာရေးစနစ်ဖြင့် သင်စေချင်ပါက 𝐄𝐱𝐩𝐞𝐫𝐭 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐚𝐧𝐝 𝐕𝐢𝐬𝐚 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 𝐌𝐲𝐚𝐧𝐦𝐚𝐫 တွင် မိမိရဲ့ သားသမီး ရှေ့ရေး အနာဂတ်အတွက် လာရောက်ဆွေးနွေးနိုင်ပါသည်။ 🤗
 
အသေးစိတ်စုံစမ်းမေးမြန်းမှုများကို 𝐄𝐱𝐩𝐞𝐫𝐭 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐚𝐧𝐝 𝐕𝐢𝐬𝐚 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 𝐌𝐲𝐚𝐧𝐦𝐚𝐫 ၏ message box (သို့မဟုတ်) အောက်ပါ ဖုန်းနံပါတ်များမှ တစ်ဆင့် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
 
☎ 09 740969959, 09 740969956
 
February 2, 2022

🎉 𝗖𝗼𝗻𝗴𝗿𝗮𝘁𝘂𝗹𝗮𝘁𝗶𝗼𝗻𝘀 𝐊𝐨 𝐘𝐞 🎉
 
🔷 EEVS Myanmar မှတစ်ဆင့် 𝐊𝐨 𝐘𝐞 သည် ကနေဒါ နိုင်ငံရှိ 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 𝐂𝐚𝐧𝐚𝐝𝐚 𝐖𝐞𝐬𝐭 တွင် $𝟗𝟕𝟓𝟎 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 နှင့်အတူ Visa Granted ရရှိပြီး 𝐌𝐚𝐬𝐭𝐞𝐫 𝐨𝐟 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐀𝐝𝐦𝐢𝐧𝐢𝐬𝐭𝐫𝐚𝐭𝐢𝐨𝐧 ဘာသာရပ်ဖြင့် ပညာသင်ယူဖို့ တက်ရောက်ခွင့်ရရှိခဲ့ပြီဖြစ်ပါသည်။
 
🔷 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 𝐂𝐚𝐧𝐚𝐝𝐚 𝐖𝐞𝐬𝐭 သည် QS Stars Higher Education Rating System 2021 အရ 5 StarsRating ရရှိထားသော University တစ်ခု ဖြစ်သလို ကနေဒါတွင် ယခုလို Rating ရရှိထားသော တတိယမြောက် University နှင့် British Columbia တွင် ပထမဆုံး University လည်း ဖြစ်သည်။
University of Canada West သည်
🌟 Teaching – 5 Stars
🌟 Employability – 5 Stars
🌟 Academic Development – 5 Stars
🌟 Online Learning – 5 Stars
🌟 Social Responsibilty – 5 Stars
🌟 Inclusiveness – 5 Stars
🌟 Internationalization – 4 Stars ရရှိထားသော University လည်း ဖြစ်သည်။
 
🔷 ယခုလို Rankings ကောင်း များစွာပိုင်ဆိုင်ထားတဲ့ တက္ကသိုလ်ကြီးမှာ ပညာသင်ကြားခွင့်ရရှိခဲ့သည့် 𝐊𝐨 𝐘𝐞 အတွက် ကျွန်တော်တို့ EEVS Myanmar Team က များစွာ လှိုက်လှဲဂုဏ်ယူဝမ်းမြောက်ရပါတယ်။
 
🔷 ရှေ့ဆက်လျှောက်မယ့် အနာဂတ်ခရီးလမ်းမှာလည်း အစစအရာရာ အဆင်ပြေချောမွေ့စွာ ဖြတ်သန်းနိုင်ဖို့ အတွက် EEVS Myanmar အဖွဲ့သားများက ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

#LetsPlanYourCareerTogether#StudyInCanada#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

November 5, 2021

▪️ယခု ပြောပြပေးမှာကတော့ Griffith University ရဲ့ Bachelor of Medical Science Program အကြောင်းပဲ ဖြစ်ပါတယ်။ 🙆‍♂️

▪️Griffith University သည် 1975 တွင် သြစတေးလျနိုင်ငံ Brisbane မြို့တွင် စတင်တည်ထောင်ခဲ့တာ ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းရှိ ထိပ်တန်းတက္ကသိုလ် ၂ % တွင် ပါဝင်သော အဆင့်မြင့်သုတေသန အထူးပြု တက္ကသိုလ်တစ်ခု ဖြစ်ပါတယ်။ သြစတေးလျနိုင်ငံ အရှေ့တောင်ဘက်ရှိ Queensland ပြည်နယ်တွင် Campus ပေါင်း ၆ ခုဖြင့် သုတေသန သင်ကြားရေးများဖြင့်  နိုင်ငံတကာကျောင်းသားပေါင်း 5,0000 ကျော်ကို သင်ကြားပေးနေတာ ဖြစ်ပါတယ်။  📚👨‍🎓

▪️ဒီ Bachelor of Medical Science Program က ဆေးပညာကို စိတ်ပါဝင်စားပြီး သင်ယူတတ်မြောက်လိုသူ ကျောင်းသား/သူများအတွက် ရည်ရွယ်ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ ယခု program ကို ပြီးမြောက်ပါက Doctor of Medicine ဘာသာရပ်ကိုပါ ဆက်လက်သင်ယူနိုင်မှာ ဖြစ်ပါတယ်။ Program ကာလ ၂နှစ်ကြာမြင့်မှာ ဖြစ်ပြီး Gold Coast campus နှင့် Nathan campus တို့တွင် တက်ရောက်နိုင်မှာဖြစ်ပြီး တစ်နှစ်ကို $34000 ဝန်းကျင် ကျသင့်နိုင်ပါတယ်။ 💁‍♂️

▪️Program ၏ ပထမဆုံးနှစ်တွင် ဆေးနှင့်ဆက်နွယ်သည့် အခြေခံ သိပ္ပံဘာသာရပ်များဖြစ်သည့် anatomy, chemistry, biochemistry, genes and disease, law and ethics, microbiology, physiology, and epidemiology စသည့် ဘာသာရပ်များကို သင်ကြားရမှာဖြစ်ပါတယ်။ အဆိုပါ ဘာသာရပ်များသာမက လူမှုဆက်ဆံရေးဘာသာရပ်ကိုလည်း လူနာများနှင့် ဆက်ဆံပြောဆိုရာတွင် အဆင်ပြေချောမွေ့စေရန် အတွက် သင်ကြားရမှာဖြစ်ပါတယ်။ 😇

▪️ဒုတိယနှစ်တွင်တော့ ဆေးပညာကို ထဲထဲဝင်ဝင်လေ့လာရတော့မှာ ဖြစ်ပြီး immunology, infectious disease, pharmacology, metabolism, structural biochemistry, and molecular genetics ဘာသာရပ်များကို လေ့လာသင်ကြားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပထမနှစ်နှင့် ဒုတိယနှစ်တွင် သင်ယူခဲ့ရသော အခြေခံပညာရပ်များကို အသုံးချ၍ ဆေးခန်းတွင် ဖြစ်ပေါ်လာသော ပြဿနာရပ်များကို ဖြေရှင်းနည်းများကို သင်ကြားပေးမည့် capstone course ကိုလဲ သင်ကြားရမှာ ဖြစ်ပါတယ်။ 📚📚

▪️တက်ရောက်လိုသော ကျောင်းသား/သူများအနေဖြင့် လိုအပ်သော English Requirements များမှာ –

  • A minimum overall band score of 7.0 on IELTS (Academic) with no sub-score of less than 6.5 A minimum score of 580 on TOEFL
  • An internet-based (iBT) TOEFL score of 92 (no score less than 22)
  • No score less than 4 in each skill of the ISLPR (conducted by ISLPR Language Services only)
  • A minimum overall score of 185 (no score less than 176) on C2 Proficiency (formerly Cambridge Certificate of Proficiency in English)
  • An overall score of 65 in the Pearson Test of English (Academic) with no score less than 58

▪️Program အကြောင်း အသေးစိတ် လေ့လာသိရှိလိုပါက message box သို့မဟုတ် အောက်ပါဖုန်းနံပါတ်များမှ တစ်ဆင့် အသေးစိတ် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

☎️09751871589, 09790839290, 09751871587

Ref; https://www.griffith.edu.au/study/degrees/bachelor-of-medical-science-1280

#LetsPlanYourCareerTogether#StudyInAustralia#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

November 1, 2021

🔹Kaplan သည် ကမ္ဘာပေါ်ရှိ ကျောင်းသားပေါင်း ၁ သိန်းကျော်ကို ပညာရေးထောက်ပံ့မှုများ စဥ်ဆက်မပြတ်ပေးအပ်နေတဲ့ ကမ္ဘာ့အကြီးဆုံး Education Provider တစ်ခုပဲဖြစ်ပါတယ်။ Kaplan Singapore သည် နှစ် (၈၀) ကျော် အတွေ့အကြုံရင့်သန်နေသော ပညာရေးအဖွဲ့အစည်း တစ်ခု ဖြစ်ပြီး  Jobs Central Learning Training & Education Development (T.E.D) မှ ချီးမြှင့်သော “Best Private Education Institution” ဆုကို သုံးနှစ်ဆက်တိုက် ချီးမြှင့်ခံထားရသော ကျောင်းခွဲ တစ်ခု ဖြစ်ပါတယ်။

🔹Kaplan, Singapore တွင် ကမ္ဘာ့အဆင့်မီပညာရေးနှင့် နိုင်ငံတကာအသိအမှတ်ပြုတက္ကသိုလ်များကို ပညာရေးကုန်ကျစရိတ်များ သင့်တင့်စွာဖြင့် သင်ကြားနိုင်ခြင်းကြောင့် နိုင်ငံတကာ ကျောင်းသား/သူများကြားတွင် ရွေးချယ်စရာ study destination တစ်ခုဖြစ်လာတာ ဖြစ်ပါတယ်။

🔹ရွေးချယ်စရာ Diploma မှစ၍ Bachelor’s Degree, Postgraduate Program များအထိ သင်ယူနိုင်ပြီး Program ပေါင်း ၅၀၀ ကျော်ကို စိတ်ကြိုက် ရွေးချယ်လေ့လာနိုင်မှာဖြစ်ပါတယ်။

📚လေ့လာနိုင်သော ဘာသာရပ်များမှာ

– Accounting, Banking & Finance

– Business & Management

– Information Technology

– Hospitality & Tourism Management

– Communication & Media

– Education & Social Sciences

– Law & Criminology

🔹Kaplan Singapore သည် ကျောင်းသူ/သားများကို ပညာအရည်အချင်း တစ်ခုထဲ တိုးတက်အောင် လမ်းညွှန်သင်ကြားပေးခြင်းမဟုတ်ဘဲ လုပ်ငန်းခွင်သို့ အဆင်သင့်ရပ်တည်နိုင်အောင် သင်ကြားပေးခြင်း ဖြစ်ပါတယ်။ ကျောင်းသား/သူများကို လုပ်ငန်းခွင်သို့ ဝင်ရောက်နိုင်စေရန် လေ့ကျင့်သင်ကြားပေးခြင်း၊ လုပ်ငန်းခွင်များသို့ သွားရောက်လေ့လာခြင်းများ အပြင် ကျောင်းပြီး အလုပ်အကိုင်ရရှိစေနိုင်ရန် အစီအစဥ်များစွာကိုလဲ ပြုလုပ်ပေးထားပါတယ်။ ဒါ့အပြင် Kaplan Singapore မှ Degree များကို  နိုင်ငံတကာမှ လုပ်ငန်းရှင်များက အသိအမှတ်ပြုကြပါတယ်။

🔹Kaplan Singapore ၏ ကျယ်ဝန်းသော Wilkie Edge, GR.ID campuses များသည် Singapore နိုင်ငံ၏ အချက်အချာကျသော နေရာတွင် တည်ရှိပြီး အဓိက Train Lines များဖြင့် ဖြတ်သန်း သွားလာနိုင်သော MRT stations ၆ ခု၏ အနီးအနားတွင် တည်ရှိနေတာဖြစ်ပါတယ်။ ဒါ့အပြင် ခေတ်မှီတိုးတက်သော စာသင်ကြားခြင်း အတွေ့အကြုံအသစ်များဖြင့် သင်ကြားနိုင်မည့် The Synergy Pod Classrooms များ၊ Career Advisory / Coaching, Work Experience (non-credit bearing internship), Entrepreneurship Training / Talks, Professional Development Series, Recruitment Events များပြုလုပ်နိုင်မည့် Murdoch Edge၊ သင်ခန်းစာများကို ပြန်လည်လေ့လာနိုင်မည့် Student Lounge၊ Library နှင့် Computer Lab များဖြင့် သင်ခန်းစာများကို သင်ကြားပေးလျက်ရှိတာပဲဖြစ်ပါတယ်။

🔹 Kaplan Singapore နှင့် ပတ်သက်ပြီး ပိုမိုလေ့လာသိရှိလိုသူများအနေဖြင့် လာမည့် ကြာသပတေးနေ့ 4.11.2021 မှာ Study in Kaplan Singapore webinar လေးကို ပြုလုပ်သွားမှာဖြစ်လို့ အောက်ပါလင့်ခ်မှာ တစ်ခါထဲ register ပြုလုပ်နိုင်ပါတယ်။

📌 Register link:     https://bit.ly/3pQL2zZ

#LetsPlanYourCareerTogether#StudyInSingapore#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

October 26, 2021

▪️အင်ဂျင်နီယာ နယ်ပယ်သည် ကြီးမားကျယ်ပြန့်သော လုပ်ငန်းနယ်ပယ်တစ်ခုဖြစ်ပြီး လေ့လာစရာ ဘာသာရပ်တွေလဲ များပြားလှပါတယ်။ အခုလို လေ့လာစရာများပြားလှတဲ့ အင်ဂျင်နီယာ နယ်ပယ်များထဲမှ Chemical Engineering ဆိုတဲ့ Major ကို ဒီနေ့မှာ ကျွန်တော်တို့ EEVS မှ ပြောပြပေးသွားမှာပါ။ 

▪️Chemical Engineering ဆိုသည်မှာ​ ဓာတုစက်ရုံများလည်ပတ်နိုင်ရေး၊ ဓာတုစက်ရုံများအတွက် ဒီဇိုင်းရေးဆွဲခြင်းများနှင့် ဓာတုပစ္စည်းများ ထုတ်လုပ်ခြင်းအပြင် ထုတ်လုပ်မှုတိုးတက်ရေး နည်းလမ်းများကို လေ့လာရသော အင်ဂျင်နီယာနယ်ပယ်ကို ဆိုလိုတာပဲဖြစ်ပါတယ်။ 

▪️Chemical Engineers များသည် ကုန်ကြမ်းပစ္စည်းများကို စီးပွားရေးလုပ်ငန်းနယ်ပယ်များတွင် ပြန်လည်အသုံးပြုနိုင်ရေးအတွက် ကုန်ချောအဆင့်သို့ ပြောင်းလဲထုတ်လုပ်ခြင်း လုပ်ငန်းစဥ်များကို လုပ်ဆောင်ကြပါတယ်။ ၄င်းလုပ်ငန်းစဥ်များတွင် ကုန်ကြမ်းများအား သန့်စင်ခြင်း၊ သန့်စင်ပြီး ကုန်ကြမ်းများအား ဓာတုပစ္စည်းများနှင့် ရောစပ်ခြင်း၊ ပေါင်းစပ်ခြင်းများပြုလုပ်ပြီး တန်ဖိုးရှိသော ထုတ်ကုန်များအဖြစ် ထုတ်လုပ်ခြင်း၊ ဒီဇိုင်းရေးဆွဲခြင်းများ ပါဝင်ပါတယ်။

▪️Chemical Engineers များသည် ဓာတုဗေဒ၊ ဇီဝဗေဒ၊ ရူပဗေဒ၊ သင်္ချာနှင့် စီးပွားရေး အခြေခံသဘောတရားများကို အခြေခံ၍ ဆေးဝါးများ၊ လူသုံးကုန်ပစ္စည်းများ၊ အစားအစာနှင့် စက်သုံးဆီများ၊ ဓာတုပစ္စည်းများအပါအဝင် အခြားသောထုတ်ကုန်များစွာကို ထုတ်လုပ်ကြပါတယ်။

▪️Chemical Engineers များသည် လုပ်ငန်းနယ်ပယ်အမျိုးမျိုးတွင် အလုပ်လုပ်ကိုင်လျက်ရှိကြပါတယ်။ ဥပမာအားဖြင့် ရေနံချက်စက်ရုံများတွင် ဓာတ်ဆီ၊ လေယာဥ်ဆီ၊ ဒီဇယ်လောင်စာဆီနှင့် ချောဆီများကိုထုတ်လုပ်ခြင်း၊ ကိုယ်ခန္ဓာထိန်းသိမ်း စောင့်ရှောက်မှုပစ္စည်းများဖြစ်သည့် ခေါင်းလျှော်ရည်နှင့် အသားအရည်ထိန်းသိမ်းမှု ပစ္စည်းများကို ထုတ်လုပ်ခြင်းစသည့် လုပ်ငန်းနယ်ပယ် အမျိုးမျိုးတွင် လုပ်ကိုင်လျက်ရှိကြပါသည်။

▪️Chemical Engineering သည် နည်းပညာပြဿနာများကို ဖြေရှင်းနိုင်ရန် ဓာတုဗေဒနှင့် အင်ဂျင်နီယာဘာသာရပ်၏ အခြေခံသဘောတရားများနှင့် ပေါင်းစပ်ထားတာဖြစ်ပါတယ်။ ဒါကြောင့် Chemical Engineer တစ်ယောက်ဖြစ်ဖို့ဆိုလျင် chemistry, mechanical engineering နှင့် fluid dynamics ဘာသာရပ်များကို အသေးစိတ်နားလည်ထားဖို့လိုအပ်ပါတယ်။ ဒါ့အပြင် ကုန်ထုတ်လုပ်မှု နယ်ပယ်တွင် အလုပ်လုပ်ကိုင်ရန် စဥ်းစားထားသူများကတော့ structural engineering ကိုပါ နားလည် သဘောပေါက်ထားရန် လိုအပ်ပါတယ်။

▪️Chemical Engineers အလုပ်အကိုင် အခွင့်အလမ်းများသည် bachelor’s degree ရသည်နှင့် လုပ်ငန်းခွင်သို့ တိုက်ရိုက်ဝင်ရောက် လုပ်ကိုင်နိုင်ပါတယ်။ တစ်ချို့သော လုပ်ငန်များသည်သာ လုပ်ငန်းအခြေအနေပေါ်  မူတည်၍ master’s degree လိုအပ်ခြင်းဖြစ်ပါတယ်။ Chemical Engineer တစ်ယောက်၏ ပျမ်းမျှနှစ်စဥ် လုပ်ခလစာမှာ $108,540 ဖြစ်ပါတယ်။ ပညာရှင်များ၏ ခန့်မှန်းချက်အရ ၂၀၁၂ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ Chemical Engineers အလုပ်အကိုင်အခွင့်အလမ်းများသည် ၄% အထိ တိုးတက်လာမည်ဟုခန့်မှန်းထားကြပါတယ်။

🔹References

https://en.wikipedia.org/wiki/Chemical_engineering

https://www.livescience.com/48134-what-is-chemical-engineering.html

https://www.bls.gov/ooh/architecture-and-engineering/chemical-engineers.htm

https://www.topuniversities.com/courses/engineering-chemical/guide

#LetsPlanYourCareerTogether

#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar