▪️Scholarship တော်တော်များများသည် ထူးချွန်သောပညာရေးရလဒ်များအပေါ်မူတည်ပြီး ပေးအပ်ကြတာဖြစ်ပေမယ့် အခြားသောလိုအပ်ချက်များကလဲ အရေးကြီးလှပါတယ်။ ယခုဖော်ပြပေးမယ့် အချက်အလက်များသည် scholarship များတွင် တောင်းခံလေ့ရှိသည့် အချက်များဖြစ်ပါတယ်။ 💁♂️
1. Transcript of Records
ကိုယ်က undergraduate အတွက် လျှောက်မယ်ဆိုရင်တော့ ကိုယ့်ရဲ့ အထက်တန်းရလဒ်တွေကို လိုအပ်မှာဖြစ်ပြီး graduate program အတွက် လျှောက်မယ်ဆိုရင်တော့ undergraute ရဲ့ transcript လိုအပ်မှာဖြစ်ပါတယ်။
2. Essay
Essay တစ်ပုဒ်က ကိုယ့်ရဲ့ personality နဲ့ ကိုယ်ကဘာကြောင့် ဒီ scholarship နဲ့ ထိုက်တန်တယ်ဆိုတဲ့ အရာတွေကို ဖော်ပြပေးနိုင်တဲ့အတွက် essay ကောင်းတစ်ပုဒ်ကလဲ scholarship လျှောက်တဲ့အခါမှာ အရေးကြီးလှပါတယ်။
3. Extracurricular Activities
ကျောင်းပြင်ပ လှုပ်ရှားမှု အတွေ့အကြုံများကလဲ scholarship များ လျှောက်ထားသည့် အခါ အရေးကြီးသည့် အခန်းကဏ္ဍတစ်ရပ်အနေဖြင့် လိုအပ်ပါတယ်။ ဒါ့ကြောင့် ကျောင်းပြင်ပ လှုပ်ရှားမှုများကို ပြင်ဆင်ထားချင်းကလဲ scholarship လျှောက်တဲ့အခါမှာ အထောက်အကူ ပြုစေမှာဖြစ်ပါတယ်။
4. Letter of Recommendation
တစ်ချို့သော scholarship များဟာ recommendation letter တောင်းလေ့ရှိကြပါတယ်။ Scholarship လျှောက်ထားသူ၏ ပညာအရည်အချင်းတစ်ခုထဲသာမကပဲ လူမှုပတ်ဝန်းကျင်နှင့် အခြားသော လုပ်ငန်းနယ်ပယ်များတွင်ပါ ထူးချွန်မှုရှိကြောင်း သိရှိစေဖို့ဖြစ်ပါတယ်။ Undergraduate program အတွက်ဆိုရင် ကိုယ့်ရဲ့ဆရာ၊ ဆရာမများ၏ ထောက်ခံချက်လိုအပ်ပြီး Graduate program အတွက်ဆိုရင် ဆရာ၊ ဆရာမ၏ ထောက်ခံချက်သာမက အလုပ်အရာရှိ၏ ထောက်ခံပေးမှုပါလိုအပ်ပါတယ်။
5. Photocopy of Certificate & Diploma
ကိုယ့်ရဲ့ highschool transcript or university transcript အပြင် အထက်တန်း အောင်မြင်ကြောင်း လက်မှတ်နှင့် ဘွဲ့လက်မှတ်များပါ တောင်းခံလေ့ရှိပါတယ်။ ဒါ့အပြင် ကျောင်းတက်နေစဥ် ရရှိခဲ့တဲ့ ဆုလက်မှတ်များပါ တင်သွင်းပေးရတဲ့ schoalrship များလဲရှိတတ်ပါတယ်။
6. Resume/ CV
Resume နဲ့ CV များဟာ အလုပ်လျှောက်သည့် အခါများတွင်သာ လိုအပ်တာမျိုးမဟုတ်ပါဘူး။ ကိုယ့်ရဲ့ academic acheivement များ job experience များကို ပေါ်လွင်အောင် ဖော်ပြပေးထားတဲ့ Resume နဲ့ CV များကိုလဲ scholarship များတွင် တောင်းခံလေ့ရှိပါတယ်။
7. ID-Size Photo
Scholarship လျှောက်ထားသူ၏ 1×1 (သို့) 2×2 အချိုးအစားရှိတဲ့ ၆လအတွင်း ရိုက်ကူးထားတဲ့ ဓာတ်ပုံကိုလဲ scholarship တော်တော်များများမှာ တင်ပြပေးရပါတယ်။
8. Proof of Citizenship or National Registration Card (NRC)
နိုင်ငံသားဖြစ်တည်မှု အတည်ပြုချက်ကလဲ scholarship များတွင် အရေးပါလှပါတယ်။ ဥပမာ – မြန်မာနိုင်ငံသားများအတွက် သီးသန့်ပေးအပ်သော scholarship များတွင်ဆို ပို၍ အရေးပါလှပါတယ်။
▪️အထက်မှာ ဖော်ပြပေးခဲ့သည့် အချက်အလက်များသည် ပုံသေသတ်မှတ်လို့ မရပါဘူး။ ဖော်ပြပေးခဲ့သည့် တစ်ချို့သော အချက်အလက်များသည် မတောင်းခံသည့်အခြေအနေများ ရှိိသကဲ့သို့ မဖော်ပြထားသော အချက်အလက်များကိုလဲ တောင်းခံလေ့ရှိပါတယ်။ ထို့ကြောင့် ပုံသေမမှတ်ယူကြဖို့ အကြံပေးချင်ပါတယ်။ 🙆♂️
▪️ကျွန်တော်တို့ EEVS Myanmar ကနေလည်း Scholarship များကို ပုံမှန်မျှဝေပေးနေတာ ဖြစ်တဲ့အတွက် Page လေးကို Follow လုပ်ထားဖို့လဲ မမေ့နဲ့နော်။ 😇
#LetsPlanYourCareerTogether#BestEducationConsultancyInYangon
#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar