fbpx
June 22, 2021

EEVS မှ Medical Week အတွက် ဒီနေ့မိတ်ဆက်ပေးချင်တဲ့ အကြောင်းအရာလေးကတော့ Australian National University မှာ သင်ကြားပေးနေတဲ့ Master of Public Health program ပဲဖြစ်ပါတယ်။

ကမ္ဘာတဝှမ်းမှာရှိတဲ့ လူတွေရဲ့ ကျန်းမာရေးနှင့်ကျန်းမာရေးစောင့်ရှောက်မှုများကိုဂရုစိုက်ပြီး စိတ်ဝင်စားတယ်ဆိုရင်တော့ ဒီ program က public health and population health sectorထဲကို ဝင်ရောက်နိုင်ဖို့အတွက် လိုအပ်တဲ့ skills နှင့် experience များကို အသုံးချပညာရေးနှင့် လက်တွေ့ သုတေသနလုပ်ဆောင်ချက်တွေမှတစ်ဆင့် သင်ကြားပို့ချပေးသွားမှာ ဖြစ်ပါတယ်။

ဒီ program ကနေ ဘာတွေသင်ယူတတ်မြောက်နိုင်သလဲ?

Analytical tools တွေကို အသုံးပြုပြီး public health problems တွေကို သိမြင်နိုင်ခြင်း

လူ ဦးရေ၏ အဓိကကျန်းမာရေးပြသနာများ၏သက်ရောက်မှု၊ရောဂါဖြစ်ပွားမှုနှင့် ပျံ့နှံ့သက်ရောက်သော အခြေအနေများကို နားလည်လာခြင်း

Health care နှင့် Public health services များ၏ လိုအပ်ချက် နှင့်အသုံးပြုမှုအပေါ် သက်ရောက်နေသော အကြောင်းအရာများကို သိရှိခြင်း

ဆေးဘက်ဆိုင်ရာ၊ ပြည်သူ့ကျန်းမာရေးနှင့်လူမှုရေးသိပ္ပံဂျာနယ်များတွင်ပါဝင်သည့် quantitative နှင့် qualitative သုတေသန တွေ့ရှိချက်များကို အကဲဖြတ်နိုင်ခြင်း

Master of Public Health program ကို Full Time ၂နှစ်တက်ရောက်ရမည်ဖြစ်ပြီး on-campus သာမက online မှလည်းတက်ရောက်နိုင်ပါတယ်။ Academic year ၂နှစ်စာအတွက် စုစုပေါင်း 96 unitsပါဝင်ပြီး program တွင် အဓိက သင်ကြားပေးလျက်ရှိသော ဘာသာရပ်များမှာ-

Ageing
Mental health
Health services research
Global health
Chronic disease epidemiology
Environment, climate and health
Infectious disease epidemiology and modelling
Society, culture and health တို့ပဲဖြစ်ပါတယ်။

Cognate Disciplines တွင် Psychology, Medicine, Veterinary Science, Biology, Medical or Allied Health Sciences, Anthropology နှင့် Indigenous studiesတို့ပါဝင်ပါတယ်။

Applications for course credit
လျှောက်ထားသူသည် Cognate discipline ဘာသာရပ်များနှင့် ပတ်သက်ပြီး Bachelor Degree or Graduate Certificateရရှိထားပါက semester တစ်ခုအတွက် 24 units course credit ရနိုင်ပါတယ်။

လျှောက်ထားသူသည် Cognate discipline ဘာသာရပ်များနှင့် ပတ်သက်ပြီး Graduate Diploma or Bachelor degree with Honours ရရှိထားပါက စာသင်နှစ်တစ်နှစ်အတွက် 48 units course credit ရနိုင်ပါတယ်။

နိုင်ငံတကာမှ ကျောင်းသားကျောင်းသူများအတွက် လိုအပ်သော အရည်အချင်း သတ်မှတ်ချက်များမှာ-

လျှောက်ထားလိုသူသည် programနှင့် သက်ဆိုင်သည့် ပညာရေး background (Bachelor Degree) ရရှိထားရမည်။

အနည်းဆုံး GPA of 5.0/7.0 ရှိရမည်။

Academic IELTS and IELTS Indicator – An overall score of 6.5 with a minimum of 6.0 in each component of the test

PTE Academic – An overall score of 64 with a minimum score of 55 in each of the communicative skills.

TOEFL paper based test – A score of 570 with a TWE* score of 4.5

ANU မှ Master of Public Health program သည် Australia ထိပ်တန်း နံပါတ်တစ်တက္ကသိုလ်မှ နိုင်ငံတကာ အသိအမှတ်ပြုprogram ဖြစ်ပြီး နိုင်ငံတကာရှိ Non-government organizations, primary healthcare, policy roles, research နှင့် private consultancies များတွင် ဝင်ရောက်လုပ်ကိုင်နိုင်ပါတယ်။ ANU ကျောင်းသားများအနေဖြင့် ANU Career Hub အသုံးပြုပြီး potential employers များကိုပါရှာဖွေနိုင်ပါတယ်။

External organisations များနှင့်ပူးပေါင်းကာ နှစ်စဉ် Scholarship အမျိုးအစားများစွာကိုပေးအပ်လျက်ရှိပါတယ်။ အသေးစိတ်ကို Find a scholarship တွင်ကြည့်နိုင်ပါတယ်။

Program Link – https://health.anu.edu.au/study/masters/master-public-health

#LetsPlanYourCareerTogether#StudyInAustralia#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

  1.  

June 21, 2021

Australia ကို migration လုပ်ဖို့အတွက် ဖြေဖို့လိုအပ်တဲ့ English Test တွေထဲက တစ်ခုဖြစ်တဲ့ PTE အကြောင်း ဒီဆောင်းပါး မှာ review သဘောမျိုး ရေးမှာ ဖြစ်ပါတယ်။

ကျနော် တစ်ကြိမ်ဖြေပြီး သွားပြီဖြစ်လို့ အဲဒီ က အတွေ့အကြုံရယ် Youtube က Coaching Videos တွေက သင်ကြားပို့ချတဲ့ သင်ခန်းစာရယ် PTE ဖြေထားပြီးသား လူတွေရဲ့ အင်တာဗျူးတွေက သိလာတဲ့ အကြောင်းအရာတွေရယ်အပေါ်မူတည်ပြီး 

(၁) PTE ဆိုတာ ဘာလဲ။

(၂) PTE scoring system

(၃) PTE strategy

(၄) PTE Exam preparation

၄ ပိုင်း ရေးသားမှာ ဖြစ်ပါတယ်။

(၁) PTE ဆိုတာဘာလဲ။

PTE ဆိုတာ အရှည်ကတော့ Pearson Test of English ဖြစ်ပါတယ်။ Australia က develop လုပ်တဲ့ Test ဖြစ်ပြီး Australia မှာ ကျောင်းတက်ဖို့ အတွက် ဖြစ်စေ၊ အခြေချဖို့ အတွက် ဖြစ်စေ ဖြေဆိုရမယ့် Language Test တစ်ခုဖြစ်ပါတယ်။ 

အစဉ်အလာအားဖြင့် IELTS or TOEFL ကို လက်ခံလေ့ရှိပါတယ်။ PTE ကတော့ နောက်ထပ် ရွေးခြယ်စရာ option တစ်ခုဖြစ်လာပါတယ်။

PTE နဲ့ အခြား Test တွေ ဘာကွာလဲ မေးလာရင် ကျနော်ကတော့ TOEFL မဖြေဖူးလို့ TOEFL နဲ့ တော့ နှိုင်းယှဉ်မပြတတ်ပါ။ ဖြေခဲ့ဖူးတဲ့ IELTS နဲ့ ပဲ နှိုင်းယှဉ် ပြောပြပါမယ်။

အဲဒီလို ပြောဖို့ PTE ရဲ့ scoring system ကို သိဖို့ လိုလာပါတယ်။

(၂) PTE scoring system

PTE မှာ အမြင့်ဆုံးအမှတ်က 90 ဖြစ်ပါတယ်။ စာမေးပွဲခန်းထဲ သွားထိုင်ပြီး ဖြေရင်ကိုပဲ 10 points က အလိုလိုနေရင်း ရနေပါပြီ။

PTE မှာ အမှတ်ပေးပုံပေးနည်းက အခြား language test တွေနဲ့ မတူ တစ်မျိုး ထူးခြားပါတယ်။ 

အခြား test များနည်းတူ English four skills: Speaking,Writing,Reading and Listening ကို စစ်ဆေးတာဖြစ်ပေမယ့်

Speaking က ရတဲ့ အမှတ်က Reading and Listening ကိုပါ အမှတ်ပေး ပါတယ်။

Writing က ရတဲ့ အမှတ်က Reading ကိုပါ အမှတ်ပေး ပါတယ်။

Reading က ရတဲ့ အမှတ်က Writing ကိုပါ အမှတ်ပေး ပါတယ်။

Listening က ရတဲ့ အမှတ်က Reading and Writing ကိုပါ အမှတ်ပေး ပါတယ်။

အဲဒါကို Integrated Scoring system လို့ သိကြပါတယ်။

ဒါဆိုရင် IELTS ဖြေဖူးတဲ့ သူတွေ သိပါပြီ။ IELTS မှာ skill တစ်ခုချင်းစီက ရတဲ့ အမှတ်က အခြား skill တွေကို သွားပြီး အမှတ် မပေးပါဘူး။ ဒီတော့ IELTS ထက် PTE က ပို လွယ်တာပေါ့။ Well, Yes or No.

 ဘာတွေကွာလဲ ကြည့်ရအောင်ပါ။

PTE Speaking က တော့ Speaking skill ကလွဲလို့ ကျန်တဲ့ skill ( Reading,Writing and Listening) ကနေ အမှတ်မရနိုင်ပါ။

PTE Writing ကတော့ Writing အားလုံး ဖြေနိုင်ရင် 50% score ရတယ်။ ကျန်တဲ့ 50% က Speaking and Listening ကနေ ရတယ်။

PTE Reading ကတော့ Reading အားလုံး ဖြေနိုင်ရင် 50% score ရတယ်။ ကျန်တဲ့ 50% က Speaking, Writing and Listening ကနေ ရတယ်။

ဒီတော့ ကိုယ်ရဲ့ target က +65 or +79 ဖြစ်မယ်ဆိုရင် 

Reading,Writing and Listening test တစ်ခုချင်းစီမှာ အမှတ် များတိုင်း skill တစ်ခုချင်းစီရဲ့ score က ကိုယ့်ရဲ့ desired score ကို မရနိုင်သေးပါဘူး။ 

ကျန်တဲ့ skill တွေမှာ ပါ အမှတ်ရနိုင်ပါမှ ကိုယ်လိုချင်တဲ့ individual score က ရနိုင်မှာ ဖြစ်ပါတယ်။ 

ဒါကြောင့် PTE က IELTS ထက် ပိုလွယ်တယ်ဆိုတာ YES or No လို့ ပြောတာပါ။

သို့သော်လည်းပဲ ကျနော့် အတွေ့အကြုံအရတော့ PTE က IELTS ထက် ပိုပြီး အမှတ်ရလွယ်တယ်ဆိုတာ လက်ခံပါတယ်။

 PTE မှာ +50 က IELTS မှာ Band 6

PTE မှာ +65 က IELTS မှာ Band 7

PTE မှာ +79 က IELTS မှာ Band 8 နဲ့ အတူတူဖြစ်ပါတယ်။

PTE ရဲ့ ထူးခြားချက်က Examiner မရှိပါဘူး။ Computer က ပဲ အမှတ်ပေးတာ ဖြစ်ပါတယ်။ IELTS မှာလို ဆရာတွေက အမှတ်ပေးတာမျိုး မဟုတ်တဲ့အတွက် human bias မရှိပါဘူး။ ဒါဆို မှန်ကန်တိကျမှုကကော ဘယ်လိုရှိမလဲ ဆိုရင် 95% အထိ မှန်ကန်တိကျမှုရှိပါတယ်။

IELTS မှာ Speaking and Writing က band 8 ၇ဖို့ တော်တော့်ကို မလွယ်ပါဘူး။ 

IELTS မှာ Writing က ရတဲ့ စုစုပေါင်းအမှတ်သည်သာ Writing အတွက် band score ဖြစ်ပြီး PTE မှာတော့ အပေါ်မှာ ပြောခဲ့သလို အခြား skill တွေကနေ Writing အတွက် အမှတ်တွေ ရနိုင်ပါသေးတယ်။

ဒါပေမယ့် PTE မှာ speaking score က speaking ကနေပဲ ရနိုင်တာ တစ်ခုကတော့ သတိထားစရာဖြစ်ပါတယ်။ အခြား skill တွေကနေ speaking အတွက် အမှတ်ကို အပိုထပ်ဆောင်းပြီး မရနိုင်ပါဘူး။

PTE Speaking ကတော့ ဂရုတစိုက်လေ့ကျင့်ပေးရမှာ ဖြစ်ပေမယ့်လည်း +79 ရဖို့ မခဲယဉ်းပါဘူး။ Strategy အပိုင်းမှာ ဘယ်လို လုပ်ရမလဲ ဆိုတာ ရေးထားပါတယ်။

ဒီအပိုင်းအတွက် scoring system ကို အနှစ်ချုပ်လိုက်ရင်

(1) IELTS မှာ skill တစ်ခုချင်းစီက ရတဲ့ အမှတ်သည်သာ skill တစ်ခုချင်းစီရဲ့ band score ဖြစ်တယ်။

(2) PTE မှာတော့ Speaking skill ကလွဲလို့ ကျန်တဲ့ skill တွေမှာ skill တစ်ခုချင်းစီမှာ အမှတ်တွေ နည်းသွားရင် တောင် ကျန်တဲ့ skill က နေ အမှတ်တွေ ရနိုင်ပါသေးတယ်။ 

ဒါက ကောင်းတဲ့ အချက်ပါ။

မကောင်းတဲ့ အချက်ကို ပြောရရင်တော့

(1) Writing,Reading and Listening skill တွေမှာ individual score က တစ်ခုချင်းစီမှာ အကောင်းဆုံးမှာ ဖြေနိုင်ခဲ့ရင်တောင် constribute လုပ်ပေးတဲ့ ကျန် skill တွေ မှာ အမှတ်နည်းခဲ့ရင် လိုချင်သလောက် မရနိုင်ဘူး။

(၃) PTE strategy

စာမေးပွဲ ဖြေပြီဆိုတော့ အမှတ် များများရဖို့ အဓိကပဲပေါ့နော်။ အလုပ်တဖက်နဲ့ စာကြည့်ရတဲ့ လူတွေအတွက် တစ်ရက်ကို စာကြည့်ချိန် ၂ နာရီလောက်မှ မပေးနိုင်ရင်လဲ ကိုယ်လိုချင်တဲ့ score က ရဖို့ ခက်ပြန်ရော။ 

အလုပ်တဖက်နဲ့ ပင်ပန်းတဲ့အထဲက မရရအောင် အားတင်းပြီး အချိန်ပေးပြန်တော့လည်း တကယ် အမှတ်ရမယ့် မေးခွန်းတွေကို ဦးစားပေး မကြည့်မိပဲ အမှတ်သိပ်မရတဲ့ မေးခွန်းတွေကို ထပ်ခါတလဲလဲ လုပ်မိပြန်ရင်လည်း အားစိုက်သမျှ အရာမထင် ဖြစ်နိုင်ပါသေးတယ်။ 

ဒါကြောင့် မေးခွန်းပုံစံ နဲ့ အမှတ်ပေးစည်းမျဉ်းကို လေ့လာကြည့်ရအောင်ပါ။

Score Report မှာ

 Overall Score ရှိတယ် အဲဒါက Communicative Score (Speaking,Writing,Reading and Listening) လေးခု ရဲ့ Overall average mark ဖြစ်ပါတယ်။ 

Communicative Score ကတော့ တစ်ခုချင်းစီ ရမှတ် ဖြစ်ပြီး Enabling Score ကတော့ Communicative Score ဘယ်လိုရလာလဲ ဆိုတာ ဖော်ပြနေတဲ့ score တွေဖြစ်ပါတယ်။ 

တစ်နည်းအားဖြင့် Enabling Skill ကို ကြည့်ပြီး Communicative Score မှာ ဘာတွေအားနည်းလဲ Analyse လုပ်လို့ရပါတယ်။

အမှတ်ပေးပုံ အဆင့်ဆင့်က

(၁) Content ကို စပေးပါတယ်။ Content ဆိုတာက အဖြေက မေးခွန်းနဲ့ ဆီလျော်မှုရှိ မရှိ ကို ကြည့်ပြီး ပေးတာပါ။

(၂) Form ကို အမှတ်ပေးပါတယ်။ Form ကတော့ စာလုံးရေ ဘယ်လောက်ရှိရမယ် ဝါကျတစ်ကြောင်းတည်းဖြစ်အောင် ရေး ရမယ် စတဲ့ အချက်တွေပေါ်မူတည်ပြီး အမှတ်ပေးတာ ဖြစ်ပါတယ်။

(၃) Enabling Skill လို့ခေါ်တဲ့ Grammar,Vocabulary,etc တွေကို အမှတ်ပေးတာဖြစ်ပါတယ်။

(၄) နောက်ဆုံးမှ အပေါ်က အမှတ်တွေ အားလုံးပေါင်းပြီး Communicative Score ဆိုပြီး score တစ်ခုချင်းစီ ကို ပေးတာဖြစ်ပါတယ်။

နောက်တစ်ခုက

မေးခွန်းတစ်ခုချင်းစီအတွက် အမှတ်ပေးပုံ ၂ မျိုး ရှိတယ်။

(၁) Correct or Incorrect ဒီအမှတ်ပေးပုံကတော့ တစ်ပုဒ်မှန်ရင် တစ်မှတ်ရမယ်။

 ဥပမာ Multiple Choice, Single Answer မှာ အဖြေမှန်တာနဲ့ တစ်မှတ် အပြည့် ရမှာပါ။

(၂) Partial Credit  ဒီအမှတ်ပေးပုံမှာတော့ ဘယ်နှစ်ပုဒ်မှန်ရင် ဘယ်နှစ်မှတ်ရမယ်လို့ တိတိကျကျ သတ်မှတ်ချက်မရှိပါဘူး။ 

အားလုံးမှန်ရင် အမြင့်ဆုံး အမှတ်ရမယ်၊ တစိတ်တပိုင်းပဲ မှန်ရင် မှန်သလောက်ပဲ ရမယ်။ ဥပမာ Write Essay။

Speaking Test

  1. Read Aloud က ပေးထားတဲ့ စာပိုဒ်တိုလေးတွေကို အသံထွက်ပြီး အဖြတ်အတောက်မှန်မှန် နဲ့ ဖတ်ပြရတာပါ။ ဒီကရတဲ့အမှတ်က Reading အတွက်ပါ ရပါတယ်။
  1. Repeat Sentence က ရှေ့ကနေ ပြောသွားတဲ့ ဝါကျကို recording စပြီဆိုရင် ကိုယ်က နောက်ကနေ လိုက်ပြော၇တာပါ။ ဒီကရတဲ့ အမှတ်က Listening အတွက်ပါ ရပါတယ်။
  1. Describe Image ဒါကတော့ IELTS မှာ Writing Task 1 နဲ့ ဆင်ပါတယ်။ ပုံလေးတွေ ဂရပ်တွေ ပေးထားပြီး လိုရင်းအချက်တွေကို ပြောပြရတာပါ။
  1. Re-tell lecture က ရှေ့ကနေ lecture တစ်ခုကို ပြောသွားတယ်။ ကိုယ်က မှတ်စု လိုက်ထုတ်။ recording စပြီဆိုရင် ကိုယ် မှတ်စု ထုတ်ထားတဲ့အတိုင်း လိုက်ပြောရုံပါပဲ။ ဒီကရတဲ့ အမှတ်က Listening အတွက်ပါ ရပါတယ်။
  1. Answer Short Questions ကတော့ မေးခွန်းမေးတယ်။ အဖြေက စကားလုံး တစ်လုံးပဲ ဖြေပေးရတယ်။ ဥပမာ သွားကိုက်ရင် ဘယ်သူ့ဆီကို သွားမလဲ။ သွားဆရာဝန် dentist ပေါ့။ ဒီကရတဲ့ အမှတ်က Listening အတွက်ပါ ရပါတယ်။

Strategy

…………..

Speaking test မှာ အမှတ် 90 ရတယ်ဆိုရင် Reading မှာ 33% အမှတ်ရပြီး  Listening မှာ 50% လောက် ရပါတယ်။ ဒါကြောင့် Speaking က အရမ်းအရေးကြီးတယ်။ 

Speaking မှာ fail ရင်တော့ Reading and Listening လဲ fail ပြီလို့ ပြောလို့ရပါတယ်။ 

တစ်နည်းအားဖြင့် Listening and Reading မှာ ကောင်းကောင်းဖြေနိုင်ပါရဲ့သားနဲ့ လိုချင်တဲ့ အမှတ်မရဘူးဆိုရင် Listening and Reading မှာ အားနည်းနေတာ မဟုတ်ပဲ Speaking မှာ အားနည်းနေလို့သာ ဖြစ်နိုင်ပါတယ်။ 

Listening and Reading ကို အမှတ်ပေးတဲ့ မေးခွန်းပုံစံတွေကို ပိုပြီး လေ့ကျင့်ပေးရမယ်။

တခါ Speaking Test မှာ မေးခွန်း ၆ မျိုး ရှိတဲ့ အထဲက ဘယ် မေးခွန်းက အမှတ် အများဆုံးရလဲ ဆိုရင် 

Read Aloud and Repeat Sentence ဖြစ်ပါတယ်။ အဲဒါက Speaking စုစုပေါင်းအမှတ်ရဲ့ 60 % အထိရှိပါတယ်။ 

Describe Image and Re-tell Lecture ၂ ခုက Speaking စုစုပေါင်းအမှတ်ရဲ့ 20 % ရပါတယ်။ Answer Short Question က 10 % လောက်ရှိပါတယ်။ 

ကျောင်းသားအများစုက DI and RT ကို ကြောက်ကြပါတယ်။ ဒါပေမယ့် အမှတ် ပေး ပုံ ကိုကြည့်ရင် အရမ်းကြီး perfect ဖြစ်အောင် မပြောနိုင်တောင် သိပ်စိတ်ပူစရာမရှိပါဘူး။ အရေးကြီးဆုံးက recording မဆုံးခင်ထိ Keep talking လုပ်နေဖို့ပါပဲ။ 

DI and RL ကို Template သုံးပြီး ပြောလို့ရပါတယ်။ ဒါဆိုရင်တော့ သိပ်စိတ်ပူစရာ မရှိပါဘူး။

RA and RS ကတော့ ဆရာတွေသင်ထားတဲ့ Coaching Videos တွေကို လေ့လာကြည့်ရှုသင့်ပါတယ်။ 

Enabling Skill မှာကြည့်လို့ Oral Fluency and Pronunciation က အမှတ်နည်းးပြီး Speaking score နည်းနေရင် RA and RS  မှာ အားနည်းနေတာဖြစ်ပြီး ပြောင်းပြန်အားဖြင့် OF and P က အမှတ်များပြီး Speaking Score က နည်းနေသေးရင် DI and RL မှာ လိုအပ်နေတာဖြစ်ပါတယ်။

Speaking အတွက် Overall Strategy က

(၁) Recording စပြီဆိုမှ ပြောပါ။

(၂) အဆက်မပြတ်ပြောပါ။

(၃) မှားနေရင် လဲ ဆက်ပြောပါ။ ပြန်ပြင်ပြီး မပြောပါနဲ့။

(၄) Recording ပြီးဆုံးချိန်ထိ ဆက်ပြီးပြောနေပါ။

(၅) အရမ်းမြန်မြန်မပြောပါနဲ့။

(၆) အသံထွက် ပီပါစေ။ 

(၇) ဖြတ်သင့်တဲ့နေရာ ဖြတ်ပါ။ ဥပမာ ဝါကျ အဆုံးမှာ ခဏ ရပ်ပြီးမှ နောက် ဝါကျ ကို ဆက်ဖတ်ပါ။

Writing Questions

………………………..

  1. Summarize written text. ဒါကတော့ ပေးထားတဲ့ စာပိုဒ်ကို အကျဉ်းချုပ်ပြန်ရေးပေးရမှာ ဖြစ်ပါတယ်။ အနည်းဆုံး ငါး လုံးကနေ  အများဆုံး ၇၅ လုံးအတွင်း ပြည့်စုံတဲ့ ဝါကျ တစ်ကြောင်းတည်းရေးပေးရမှာ ဖြစ်ပါတယ်။  ဒီကရတဲ့ အမှတ်က Reading အတွက်ပါ ရပါတယ်။
  2. Write Essay. ဒါကတော့ IELTS မှာ Task 2 နဲ့ အတူတူပါပဲ။ Essay ရှည် တစ်ပုဒ် သို့ နှစ်ပုဒ် ရေးပေးရမှာပါ။

Writing မှာ အားလုံးမှန်တယ်ဆိုရင်တောင် အမြင့်ဆုံးအမှတ်က 60% ပဲရပါတယ်။ 

ကျန်တဲ့ 30 % က Speaking, 15 % က Writing နဲ့ 10 % က Listening ကနေရပါတယ်။

Reading Questions

………………………….

  1. Fill in the blanks. ဒီမေးခွန်းက ၂ မျိုးရှိပါတယ်။ Reading and Writing ကို contribute လုပ်တဲ့ မေးခွန်းနဲ့ Reading သက်သက်ပဲ အမှတ်ရတဲ့ မေးခွန်းပါ။ ကွာခြားတာက R and W ကို အမှတ်ပေးတဲ့ မေးခွန်းမှာ ကွက်လပ်တစ်ခုချင်းစီအတွက် Synonyms လို ဆင်တူယိုးမှား အဖြေတွေ ပေးထားတတ်ပါတယ်။ ဒီကရတဲ့ အမှတ်က Writing အတွက်ပါ ရပါတယ်။
  1. Multiple Choice,Multiple Answer ပေးထားတဲ့ စာပုဒ်ကို ဖတ်ပြီး အဖြေမှန် တစ်ခု ထက်ပိုပြီးရွေးပေးရမှာပါ။ သူ့မှာ negative marking system ရှိပါတယ်။ အဖြေမှားရွေးမိရင် တစ်ပုဒ်မှားရင် တစ်မှတ်လျှော့ပါတယ်။ အဖြေမှန် ၂ ခုရှိတာမှာ ၂ ခုလုံးမှားရင်တော့ အဲဒီ မေးခွန်းအတွက် အမှတ်က သုည ဖြစ်သလို တစ်ခုမှား တစ်ခု မှန် ဆိုရင်လည်း သုည ပါပဲ။ ဒါကြောင့် အမှတ်ရချင်ရင် အသေချာဆုံး အဖြေတစ်ခုပဲ ဖြေတာ အကောင်းဆုံးပါ။
  1. Re-order Paragraphs ပေးထားတဲ့ စာပိုဒ်တွေကို အစီအစဉ်တကျ ပြန်စီပေးရမှာပါ။ Re-order paragraph ကို နားလည်အောင် screen shot တင်ပေးထားပါတယ်။ 
  1. Fill in the blanks. ဒါက reading အတွက်ပဲ အမှတ်၇ပါတယ်။ သူ့မှာ မေးခွန်းတစ်ခုအတွက် အဖြေတစ်ခုပဲ ရွေးပေးရုံပါ။
  1. Multiple Choice,Single Answer ပေးထားတဲ့ စာပုဒ်ကို ဖတ်ပြီး အဖြေမှန် တစ်ခု ပဲရွေးပေးရမှာပါ။

 

Strategy

…………..

Reading မှာ အားလုံးမှန်မှ 50% ပဲ အမှတ်ရမှာ ဖြစ်ပြီး ကျန်အမှတ်တွေက Speaking ကနေ 40 % နဲ့ Writing ကနေ 10 % ရမှာ ဖြစ်ပါတယ်။

Reading questions သက်သက်ကိုပဲ FIB က 50% ရှိပါတယ်။ ကျန်တဲ့ MC-MA,MC-SA,RP တွေစုစုပေါင်းမှ ကျန်တဲ့ 50 % တစ်နည်းအားဖြင့် Reading Score စုစုပေါင်းရဲ့ 25 % ပဲရှိလို့ အချိန်အခက်အခဲများရှိခဲ့ရင် FIB ကိုသာ အဓိကထားများများလေ့ကျင့်ပေးသင့်ပါတယ်။ MC-MA,MC-SA တွေနဲ့ အချိန်တွေ မကုန်သင့်ပါဘူး။

Listening Questions

……………………………

  1. Summarize Spoken Text ရှေ့ကနေ ရွတ်ပြသွားတဲ့ lecture ကို အကျဉ်းချုပ်ပြန်ရေးပေး၇တာပါ။ writing က SWT နဲ့ သဘောတရားချင်းတူပေမယ့် သူက ဝါကျ တစ်ကြောင်းမက ရေးလို့၇ပါတယ်။ စာလုံးရေ 50 ကနေ 70 အတွင်းမှာ ရှိရပါမယ်။ ဒီကရတဲ့ အမှတ်က Writing အတွက်ပါ ရပါတယ်။
  1. MC-MA- Reading test မှာ ပြောခဲ့တဲ့ အတိုင်းပါပဲ။
  1. FIB- ဒါကတော့ ရှေ့ကနေရွတ်သွားတဲ့ lecture ကို အမီလိုက်နားထောင်ရင်း ကွက်လပ်တွေမှာ ကျန်နေတဲ့ စကားလုံးတွေကို စာရိုက်ရမှာပါ။ မမီမှာ စိုးရင် စကားလုံး အပြည့်အစုံ မရေးပဲ သိသာရုံ လောက်ရေးပြီး နောက် စကားလုံးတွေကို ဆက်နားထောင်ပါ။ ဒီကရတဲ့ အမှတ်က Writing အတွက်ပါ ရပါတယ်။
  1. Highlight Correct Summary- ရှေ့ကရွတ်ပြသွားတဲ့ Text ကို နားထောင်ပြီး အဖြေတစ်ခုထဲ ရွေးပေးရတာပါ။ ဒီကရတဲ့ အမှတ်က Reading အတွက်ပါ ရပါတယ်။
  1. MC-SA Reading test မှာ ပြောခဲ့တဲ့ အတိုင်းပါပဲ။
  1. Select Missing Words- ရှေ့ကနေ ရွတ်ပြသွားတဲ့ Text ကို အဆုံးမသတ်ပဲ ရပ်လိုက်တာပါ။ ကိုယ်က ဆက်ပြောဖို့ ဖြစ်နိုင်ခြေရှိတဲ့ စကားစု အတိုလေးကို ရွေးပေးရမှာပါ။  
  1. Highlight Incorrect Words- ဒါကတော့ ရှေ့ကနေပြောသွားတဲ့ Text ကို အမီလိုက်နားထောင်ပြီး မှားနေတဲ့ စကားလုံးတွေကို Highlight လုပ်ပေးရမှာပါ။သူ့မှာလည်း negative marking system ရှိပါတယ်။ ဒီကရတဲ့ အမှတ်က Reading အတွက်ပါ ရပါတယ်။
  1. Write From Dictation- ဒါက ရှေ့ကနေ ဝါကျ တစ်ကြောင်း ရွတ်သွားတယ်။ ကိုယ်က လက်နဲ့ လိုက်ချရေးရမှာပါ။ Speaking မှာ Repeat Sentence နဲ့ သဘောချင်းတူပါတယ်။ ပါးစပ်ကပြောတာနဲ့ လက်က ချရေးတာ ပဲ ကွာတာပါ။ လိုက်ချရေးတဲ့အခါ အနီးစပ်ဆုံးတူအောင်ရေးပါ။ စကားလုံးတွေ ပိုသွားလို့ အမှတ် မလျော့ဖူးလို့ ဆိုပေမယ့် အမှတ်ပိုလည်း မရပါဘူး။ ဥပမာ s ကျန်ခဲ့တာ မျိုးတွေ။ တချို့တော့ မသေချာရင် s ပါတာနဲ့ မပါတာ စကားလုံး ၂ ခုကို မျဉ်းစောင်းခံပြီး ရေးကြတယ်။ ဒါပေမယ့် ဒါက +79 မှန်းတဲ့သူတွေ မလုပ်သင့်ပါဘူး။ ဒီကရတဲ့ အမှတ်က Writing အတွက်ပါ ရပါတယ်။

 

Strategy

………….

Listening အားလုံးမှန်ရင် အမှတ်က 50 % နဲ့ ကျန်တဲ့ 50% ကို Speaking ကနေ ရပါတယ်။

တခါ Listening Questions တွေထဲမှာ MC-SA,MC-MA,HCS,SMW မေးခွန်း ၄ ခုလုံးမှန်ပါမှ 10 % လောက်ပဲ ရတယ်။

 FIB တစ်ခုတည်းက 10% လောက် ရတယ်။ 1 points/blank ။ Writing ကိုလည်း 10 % contribute လုပ်ပေးတယ်။

WFD က 30% လောက် ရတယ်။

SST and HIW က points အနည်းငယ်ပဲ ရပါတယ်။ ဒါပေမယ့် HIW က Reading ကို 10 % လောက် contribute လုပ်ပါတယ်။

အဲဒီတော့ FIB and WFD နဲ့တင်ပဲ 40% လောက်ရနေပြီ။

အချုပ်အားဖြင့်

  1. Write From Dictation က အမှတ်အများဆုံးရပါတယ်။ WFD တစ်ခုထဲရဲ့ အမှတ်က ကျန်တဲ့ မေးခွန်းအားလုံးစုစုပေါင်း ရမှတ်နဲ့ အတူတူလောက်ပါပဲ။ 

ဒါကြောင့် WFD နဲ့ FIB  ကိုသာ သေချာလုပ်ထားရင် Listening and Writing မှာ +79 ရဖို့ အရမ်းနီးစပ်သွားပါပြီ။

အပြန်အလှန်အားဖြင့် listening မှာ fail ရင် Writing မှာလဲ fail ပြီလို့ ပြောလို့ရပါတယ်။

အားလုံးခြုံပြောရင် 

Listening and Reading skill ကောင်းရင် self-study လုပ်လို့ရနိုင်တယ်။ 

Speaking ကတော့ Templates တွေ သုံးလို့ရတယ်။ 

Writing ကတော့ use simple English ကိုတတ်နိုင်သမျှ သုံးပါ။ Templates တွေ သုံးလဲရတယ်။ 

တချို့လည်း templates တွေ သုံးတာ အားပေးတယ်။ တချို့လည်း အားမပေးဘူး။ သုံးသင့်တဲ့ အတိုင်းအတာအတွင်း သုံးရင် အမှတ်ရပါတယ်။

(၄) PTE Exam Preparation

စာမေးပွဲက IELTS လို စ ဖြေပါ လို့ ဘယ်သူကမှ မပြောပါဘူး။ အားလုံး ကိုယ့်ထိုင်ခုံရောက်ပြီဆိုတာနဲ့ မိုက်ခရိုဖုန်း ကို စ စမ်းကြည့် ပါ။

စကားပြောတဲ့ ခွက်ကို ကိုယ့်ရဲ့ နှုတ်ခမ်းကနေ လက် ၃ လုံး အကွာမှာ ထားပါ။

စမ်းပြီးသွားပြီ ဆိုရင် ကိုယ်က Test ကို စ လို့ရပါပြီ။

Exam က ၃ ပိုင်းမေးပါတယ်။

Speaking and Writing က Part 1

ဒီအပိုင်းမှာစစချင်း  မေးတဲ့  ကိုယ့်အကြောင်း Intro က အမှတ်မပေးပါဘူး။

Reading က Part 2

Listening က Part 3 ဖြစ်ပါတယ်။

ကိုယ့်ဘာသာ test တွေကို တစ်ခုပြီးတစ်ခု နှိပ်ပြီး ဖြေသွားရမှာပါ။

အချိန်ကလောက်ပါတယ်။ အရမ်းကြီးလဲ အလျင်မလိုပါနဲ့။

Read aloud and repeat sentence တွေမှာ ပြောပြီးသွားပြီဆိုရင် နောက် မေးခွန်း တစ်ခု နှိပ်လိုက်ပါ။ recording ပြီးအောင် စောင့်မနေပါနဲ့။ Fluency နဲ့ pronunciation ကို တက်လာအောင် အပြင်မှာ ထပ်ခါတလဲလဲ ပြောကြည့်လေ့ကျင့်ကြည့်ပါ။

Summary of Questions

………………………………..

Speaking 

Read Aloud, Repeat Sentence 

Describe Image, Re-tell lecture 

ASQ 

Writing 

SWT,Essay

FIB ( Reading Session)

SST,FIB,WFD ( Listening Session)

Reading 

MC-MA,MC-SA,RP,FIB,FIB(R and W)

RA (Speaking Session)

SWT (Written Session)

HCS,HIW (Listening Session)

Listening

SST,MC-MA,FIB,HCS,MC-SA,FIB,HIW,SMW,WFD

RS,RL,ASQ ( Speaking Session)

Overall Strategy for All Skills for +79

…………………………………………………..

Speaking +79

Read Aloud, Repeat Sentence ၂ ခုက နံပတ် ၁ ဦးစားပေး လေ့ကျင့်ရမယ်။

Describe Image, Re-tell lecture က နံပတ် ၂ ဦးစားပေး လေ့ကျင့်ရမယ်။ 

Re-tell lecture က ချရေးရမယ်။ စာမေးပွဲမှာ အချိန်ကောင်းကောင်း ရပါတယ်။

Read aloud and Repeat Sentence ကို pronunciation and fluency ကောင်းကောင်းရဖို့ နမူနာစာကြောင်းတွေ ဆရာတွေဖတ်ပြတာကို Coaching Videos တွေကနေ လေ့လာပါ။

English movies/songs တွေကနေတဆင့် လေ့လာပါ။

Describe Image က အချိန်အားဖြင့် ၄၀ စက္ကန့်လောက်ပဲ ရတာဖြစ်လို့ အချက်အလက်တွေအားလုံးပါအောင် ပြောဖို့ မလိုပါ။ 

အခြေခံ template အနေနဲ့

(၁) ခေါင်းစဉ်ကို paraphrase လုပ်ပြီး X ဝန်ရိုးနဲ့ တွဲပြောပါ။

(၂) အသိသာဆုံး တစ်ခုကို နှိုင်းယှဉ်ပါ။

(၃) မတူတာ ၂ ခုကို နှိုင်းယှဉ်ပါ။

(၄) Conclusion အနေနဲ့ Overall trend ကို ပြောပါ။

Re-tell lecture က မှတ်စု လိုက်ထုတ်ပြီးမှ ပြောရတာဖြစ်လို့ ပြင်ဆင်ဖို့ အချိန်ရပါတယ်။

(၁) Topic ကဘာလဲဆိုတာ မှတ်သားပါ။

(၂) notes ကိုကြည့်ပြီး discourse markers တွေနဲ့ လိုအပ်သလို တွဲဖက်ပြီး ပြောပါ။

(၃) Recording ဆုံးသည်ထိ ပြောပါ။ 

Answer Short questions ကတော့ အလေ့အကျင့် နည်းနည်း လုပ်ပေးရုံပါပဲ။ အဖြေကို သေချာအောင်၂ ခါ ထပ်ပြီး ပြောလို့ရပါတယ်။ အသံထွက် ပီသပါစေ။

(Monica ရဲ့ speaking +79 video ကို ကြည့်ကြည့်ပါ။)

Writing +79

………………..

SST အတွက်

(၁) ပေးထားတဲ့ စာပုဒ်တစ်ခုချင်းစီကို paraphrase လုပ်ပါ။ 

(၂)အစားထိုး သုံးတဲ့ စကားလုံးတွေက အနီးစပ်ဆုံး အဓိပ္ပါယ်ရှိနေပါစေ။ 

(၃) စာလုံးအရေအတွက်ကို ဂရုစိုက်ပါ။

Essay အတွက် အခြေခံ template အနေနဲ့

(၁) Intro ရေးရာမှာ topic ကို paraphrase လုပ်ပါ။ 

Argument type,Thesis-type,opnion-type ပေါ်မူတည်ပြီး General Idea ထုတ်ပါ။ 

(၂) Main idea တစ်ခု ထုတ်ပါ။ အဲဒါကို supporting idea တစ်ခု ရေးပါ။ example တစ်ခု ပေးပါ။

(၃) နောက်ထပ် Main idea တစ်ခု ထုတ်ပါ။ အဲဒါကို supporting idea တစ်ခု ရေးပါ။ example တစ်ခု ပေးပါ။

(၄) Conclusion ကတော့ Intro လိုပဲ Topic ကို paraphrase ရေးပါ။ စာ ၂ ပုဒ်ရဲ့ conclusion ကို ရေးပါ။

လိုအပ်တဲ့ စာလုံးအရေအတွက်ရှိမယ်။ ရေးတဲ့အကြောင်းအရာက topic နဲ့ ဆီလျော်မှုရှိမယ်။ grammar မှန်မယ်။ Sentence ၄ မျိုး ၅ မျိုးလောက် ပြောင်းလဲ ရေးမယ်။ Vocabulary တွေ မထပ်အောင် ရေးမယ်။ discourse markers လေးတွေ အလျင်းသင့်သလို သုံးတတ်မယ်ဆိုရင် Writing Score က ကောင်းကောင်းရမှာပါ။ 

IELTS band 8 လောက် အဆင့် မရေးနိုင်ဘူးဆိုရင်တောင် Listening and Reading ကနေ အမှတ်တွေ ရနိုင်သေးတာဖြစ်လို့ +79 ရနိုင်ပါတယ်။

WFD ( From Listening) + FIB ( From Reading) > +60 

WFD နဲ့ FIB သာ 55 ရမယ် Writing က 25 ပဲ ရမယ်ဆိုရင်တောင် +79 က ရနေပါပြီ။

Reading +79

…………………

MC-MA,MC-SA မေးခွန်း ၂ မျိုးက 10 % ပဲရှိပါတယ်။

RP က 10 %

FIB ၂ မျိုးက 30 to 40 %

ဒါကြောင့် Reading မှာ အဓိကလေ့ကျင့်ပေးရမှာက FIB ဖြစ်ပါတယ်။

FIB 30% + RP 5% + RA 35%  (from Speaking) plus HIW 10% (from Listening) > +79

Listening +79

…………………..

WFD and FIB plus Speaking +79 > Listening +79

HIW ကလည်း Writing ကို 10% contribute လုပ်တာဖြစ်လို့ သူ့ကိုလည်း ဂရုတစိုက် လေ့ကျင့်ပေးသင့်ပါတယ်။ 

ဒါကြောင့် Listening မှာ အဓိက လေ့ကျင့်ရမယ့် မေးခွန်း ၃ ခုက

Write From Dictation,Fill in the blanks,Highlight Incorrect Words

နောက်တစ်ခုက Listening မှာ Time က အရေးကြီးပါတယ်။ Final session လဲ ဖြစ်တာကြောင့် အချိန်ကို ဂရုတစိုက် အသုံးချတတ်ဖို့လိုပါတယ်။

All in all,

Speaking မှာ fail ရင် Reading and listening မှာ fail ပြီ။

Listening မှာ fail ရင် Writing မှာ fail ပြီ။

Fail တယ်ဆိုတာ ကိုယ်လိုချင်တဲ့ desired score မရတာကို ဆိုလိုတာ ဖြစ်ပါတယ်။

တစ်နည်းအားဖြင့်

Speaking and Writing ဟာ PTE မှာ အလွယ်ဆုံးဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ IELTS နဲ့ ပြောင်းပြန်ပါပဲ။

Reading and Listening ကိုသာ ကောင်းကောင်းလုပ်နိုင်တယ်ဆိုရင် self-study လုပ်လို့ပါပြီ။ ကျန်တာကိုတော့ Coaching Videos တွေကနေ ကြည့်ရုံပါပဲ။

နောက်ဆုံးအနေနဲ့ Youtube မှာ Channel အများကြီးရှိတဲ့အထဲက selected channel တွေ အောက်မှာ ရေးပေးထားပါတယ်။ 

ပြီးခဲ့တဲ့ PTE exam questions တွေကို pdf ဆွဲလုိ့ရတဲ့ link တစ်ခုလဲ ရေးပေးထားပါတယ်။

လိုချင်တဲ့ အမှတ်တွေရကြပြီး မျှော်မှန်းထားတာတွေအားလုံး အချိန်တိုတိုနဲ့ ရရှိကြပါစေ။ 

ခင်မင်စွာဖြင့်

သူရ

PTE Score Guide

https://pearsonpte.com/wp-content/uploads/2017/08/Score-Guide.pdf

https://easypte.com/pte-score-calculator/

https://ptetutorials.com/blog/a-comprehensive-understanding-of-scoring-criteria-in-pte-a-test

https://easypte.com/pte-academic-scoring-system/

PTE Score Analysis

https://www.youtube.com/watch?v=8JdnrKnjB_I

Coaching Channels

https://www.youtube.com/watch?v=hSRqrEYSX1g

https://www.youtube.com/channel/UC75E-GWY0hj3Dkt_qhZzECw/videos

https://www.youtube.com/user/eslnotebook/videos

https://www.youtube.com/channel/UC_-_MtdvcJC3m-STIvwLzgQ/featured

https://www.youtube.com/channel/UCvSdD8_0DAKn-ThHWhAhoAg

Mock Tests

https://www.youtube.com/channel/UCzBs4r8NagR9wrKyR196d8w

https://www.youtube.com/channel/UCB_gW5r2qfo4TjPTgBnTzRg

https://www.youtube.com/channel/UCg7c_nFTszLQwzQGDd6fM5A/videos

PTE Repeated Exam Questions PDF

https://ptetutorials.com/exam-memories-materials

#LetsPlanYourCareerTogether#StudyAbroadWithEEVS#PTETest#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

 

June 21, 2021

St.Lawrence College ကို 1967တွင်  Applied Arts နှင့်Technology ကောလိပ်အဖြစ် စတင်တည်ထောင်ခဲ့ပြီး  2020 Webometrics data များအရ Canadaနိုင်ငံရှိ ထိပ်တန်းကောလိပ်များစာရင်းတွင် ranking #116 ရရှိထားပါတယ်။

St.Lawrence College သည် Canadaနိုင်ငံ Ontarioပြည်နယ်တွင်တည်ရှိပြီး Kingston,Brockville, Cornwall ဟူ၍ campus သုံးခုရှိပါတယ်။ Campus များသည် Canada နိုင်ငံ၏အဓိကမြို့များဖြစ်သော Toronto, Montreal, Ottawa တို့နှင့်နီးပြီး Canada နိုင်ငံ၏ လူမှုအသိုက်အဝန်းများနှင့် ယဉ်ကျေးမှုများကို လေ့လာရန်အတွက်အကောင်းဆုံးနေရာဖြစ်ပါတယ်။

Campusသုံးခုလုံးတွင် full-time undergraduate နှင့် postgraduate programsပေါင်း၁၀၀ကျော်ကို ပို့ချပေးလျက်ရှိပြီး on-campus သာမက online ကပါသင်ကြားပေးလျက်ရှိပါတယ်။

ထင်ရှားသော ဘာသာရပ်များမှာ- 

  • Applied Arts
  • Community Services
  • Business
  • Computer and Engineering Technology
  • Justice Studies
  • Health Sciences
  • Skilled Trades and Apprenticeships
  • Hospitality and Culinary Arts
  • Languages
  • Graphic Design တို့ဖြစ်ပါတယ်။ 

programs အသေးစိတ်ကို https://bit.ly/2S5f9oK တွင်ကြည့်နိုင်ပါတယ်။

St.Lawrence Collegeတွင် ပညာသင်ကြားလိုသော ကျောင်းသားများအတွက် လိုအပ်သော အရည်အချင်းသတ်မှတ်ချက်များမှာ-

TOEFL – 78- IBT, 213-CBT (for UG)

                 83- IBT, 220-CBT (for PG)

IELTS  –  6.0, with no band below 5.5  (for UG) / 6.5, with no band below 6.0   (for PG)

MELAB – 80  (for UG)

                  82   (for PG)

CAEL   – 60(both UG and PG)

PTE      – 56(for UG)

                66(for PG)

Cambridge Certificate of Advanced English -173 (for UG), 180  (for PG)

Application Fee: 100 CAD ဖြစ်ပြီး non-refundable ဖြစ်ပါတယ်။ 

Intake sessions    – Fall and winter

နိင်ငံတကာမှကျောင်းသားများအတွက် Financial aid နှင့် Scholarship များလည်းပေးလျက်ရှိပြီးပြီးခဲ့သည့်နှစ်အတွက် ကျောင်းသားပေါင်း၅၀၀ကျော်အတွက် Scholarship 350,000 CAD ထောက်ပံ့ပေးခဲ့ပါတယ်။ အသေးစိတ်ကို https://www.stlawrencecollege.ca/fees/bursaries-and-scholarships တွင်ကြည့်နိုင်ပါတယ်။

Career Services များထားရှိပေးပြီး internship (သို့) program-related employment များ လျှောက်ထားလိုသူများအတွက် Job Portal များထားရှိကာ  employer များနှင့်ချိတ်ဆက်ပေးထားပါတယ်။

#LetsPlanYourCareerTogether#StudyInCanada#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

 

June 18, 2021

 Singapore နိုင်ငံရှိ ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်သော Kaplan University မှာတက်ရောက်လိုသော မြန်မာကျောင်းသားများအနေဖြင့်  Kaplan Merit Scholarships 2021ကို လျှောက်ထားနိုင်တဲ့ အကြောင်းကို သတင်းကောင်းလေးပေးချင်ပါတယ်။ 

KHEA Merit Scholarship 2021ကို Professional Business English Programme (PBEP)နှင့် Diploma Programများအတွက် ပေးအပ်သွားမှာဖြစ်ပါတယ်။

Kaplan Merit Scholarships 2021 လျှောက်ထားဖို့အတွက် လိုအပ်သော အရည်အချင်း သတ်မှတ်ချက်များမှာ- 

၂၀၂၀ခုနှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအောင်မြင်ပြီးသော ကျောင်းသားကျောင်းသူများ ဖြစ်ရပါမည်။

ခြောက်ဘာသာပေါင်း စုစုပေါင်းရမှတ် – ၃၇၅ မှ ၄၀၀ အတွင်း ရှိရမည်။

“My new possibilities at Kaplan in Singapore” ခေါင်းစဉ်ဖြင့် စာလုံးရေ ၃၀၀အောက် Essay တစ်ပုဒ်ရေးပြီး ပေးပို့လျှောက်ထားရမှာ ဖြစ်ပါတယ်။ 

Scholarship application deadline မှာ 31st July 2021ဖြစ်ပြီး Merit Scholarship အတွက်ရွေးချယ်ခံရသော ကျောင်းသားကျောင်းသူများသည် August (သို့)October intake များအတွက် တက်ရောက်ရမှာဖြစ်ပါတယ်။ 

ရွေးချယ်ခံရသူများအနေဖြင့် မိမိနှင့်ကိုက်ညီသော PBEP program (သို့) Diploma level ကိုတက်ရောက်နိုင်ရန်အတွက် EPT ဖြေဆိုရန်လိုအပ်ပါတယ်။ 

Kaplan Merit Scholarships 2021 နဲ့ ကျောင်းဝင်ခွင့်ဆိုင်ရာ အသေးစိတ်အချက်အလက်များကို ထပ်မံသိရှိလိုပါက Expert Education and Visa Services Myanmar တည်ရှိရာ No (270) Ground Floor , Pyay Road , Myae Ni Gone , Sanchaung Township တွင် လာရောက်ဆွေးနွေးနိုင်သလို အောက်ပါဖုန်းနံပါတ်များမှ တစ်ဆင့်လည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

☎️09751871589, 09790839290, 09751871587

#LetsPlanYourCareerTogether#StudyAbroadWithEEVS#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar#StudyInSingapore