fbpx
January 21, 2022
January 21, 2022
𝐍𝐢𝐚𝐠𝐚𝐫𝐚 𝐂𝐨𝐥𝐥𝐞𝐠𝐞 𝐂𝐚𝐧𝐚𝐝𝐚
——————————–
🔷 𝐍𝐢𝐚𝐠𝐚𝐫𝐚 𝐂𝐨𝐥𝐥𝐞𝐠𝐞 𝐂𝐚𝐧𝐚𝐝𝐚 သည် Canada နိုင်ငံ အွန်တာရီယိုတောင်ပိုင်း နီအာဂရာ ဒေသတွင် တည်ရှိပြီး 1967 တွင် စတင်တည်ထောင်ခဲ့ပါသည်။ 𝐍𝐢𝐚𝐠𝐚𝐫𝐚 𝐂𝐨𝐥𝐥𝐞𝐠𝐞 𝐂𝐚𝐧𝐚𝐝𝐚 သည် Public College of Applied Arts and Technology တစ်ခုဖြစ်ပါသည်။ 𝐍𝐢𝐚𝐠𝐚𝐫𝐚 𝐂𝐨𝐥𝐥𝐞𝐠𝐞 𝐂𝐚𝐧𝐚𝐝𝐚 တွင် နှစ်စဉ်နှစ်တိုင်း Full Time လာရောက်၍ သင်ယူသော ကျောင်းသား၊ ကျောင်းသူ 10,000 ကျော်ရှိပြီး၊ နိုင်ငံ 70 ကျော်မှ ကျောင်းသား၊ ကျောင်းသူ 1,000 ကျော်ပါဝင်ပါသည်။ 
 
🔷 𝐍𝐢𝐚𝐠𝐚𝐫𝐚 𝐂𝐨𝐥𝐥𝐞𝐠𝐞 𝐂𝐚𝐧𝐚𝐝𝐚 သည် Canada တွင် Tourism, Hospitality, Culinary and Business Management ကျောင်းအဖြစ်ထင်ရှားကျော်ကြားပါသည်။ 𝐍𝐢𝐚𝐠𝐚𝐫𝐚 𝐂𝐨𝐥𝐥𝐞𝐠𝐞 𝐂𝐚𝐧𝐚𝐝𝐚 တွင် တက်ရောက်သင်ကြားနိုင်သော Program များစွာရှိပါသည်။ 𝐍𝐢𝐚𝐠𝐚𝐫𝐚 𝐂𝐨𝐥𝐥𝐞𝐠𝐞 𝐂𝐚𝐧𝐚𝐝𝐚 တွင် သင်ယူနိုင်သော Program များကို အောက်ပါ Link ထဲတွင်ဝင်ရောက်ကြည့်ရူနိုင်ပါသည်။
———————————–
☑️Australia, UK, US, Canada, Singapore, Germany, Poland, New Zealand, Malaysia, Dubai တို့မှာရှိတဲ့ ထိပ်တန်း တက္ကသိုလ်များတွင် ပညာသင် သွားလိုသူများအတွက် EEVS မှတစ်ဆင့် တိကျမြန်ဆန်သော ဝန်ဆောင်မှုကို ရယူနိုင်ပြီ ဖြစ်ပါတယ်။
 
☑️မိဘများအနေနဲ့လည်း မိမိသားသမီး၏ ပညာရေးအတွက် အသေးစိတ် လာရောက်ဆွေးနွေးနိုင်ပါတယ်။
 
EEVS မှ ရရှိနိုင်သော ဝန်ဆောင်မှုများမှာ –
 
– Course & Career Counselling
 
– University Application Enrolment (Australia, UK, Canada, USA, Singapore, Germany, Poland, New Zealand, Malaysia, Dubai)
 
– Scholarship Application Assistance (Australia, UK, Canada, USA, Singapore, Germany, Poland, New Zealand, Malaysia, Dubai)
 
– Visa Application Assistance  (Australia, UK, Canada, USA, Singapore, Germany, Poland, New Zealand, Malaysia, Dubai)
 
– English Language Proficiency Test Preparations (IELTS)
 
– Health Insurance (OSHC, OVHC)
 
– Medical Booking Assistance for Visa Application
 
– Pre – departure briefings
 
– Accommodation Search Assistance
 
– General English Classes
 
– Temporary Graduate Visa (Australia)
 
– Employer Sponsored Visa (Australia)
 
– Partner Visa (Australia)
 
– General Skilled Migration (Australia, Canada)
 
– Professional Year (Australia)
 
– NAATI Test (Australia)
 
အောက်ပါ ဖုန်းနံပါတ်များမှ တစ်ဆင့်လည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
☎️09 740969959, 09 740969956
 
#LetsPlanYourCareerTogether
#RelyOnExperts
#StudyAbroadWithEEVS

October 7, 2021

ဒီနေ့တော့ Toronto မြို့တွင် ပညာသင်ကြားရင်း လည်ပတ်နိုင်သော နေရာအချို့ကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

  1. Royal Ontario Museum

Toronto မြို့တော်ရှိ Royal Ontario Museum သည် ကမ္ဘာ့နိုင်ငံများ၏ ယဉ်ကျေးမှုများနှင့် သမိုင်းကြောင်းများကို ပြသထားသော Canada နိုင်ငံ၏ အကြီးဆုံးသောပြတိုက်ဖြစ်ပါတယ်။ Toronto မြို့တွင် ကျောင်းတက်နေစဉ်ကာလတစ်လျှောက် မဖြစ်မနေသွားလည်သင့်သော နေရာဖြစ်ပြီး ကျောင်းသားများအတွက် အထူးအစီအစဉ်အနေဖြင့် သောကြာနေ့ ညနေ 4:30 မှ 8:30 အထိ ဝင်ကြေးသက်သာစွာဖြင့် ဝင်ရောက်ခွင့်ရရှိနိုင်မည်ဖြစ်သည်။

 

  1. Distillery District for a unique and trendy afternoon

Distillery District သည် Toronto မြို့လယ်တွင်တည်ရှိပြီး မိနစ် ၃၀ ခန့်လမ်းလျှောက်ရုံဖြင့် ရောက်ရှိနိုင်မည်ဖြစ်သည်။ Distillery District ထဲတွင် အနုပညာနှင့် ယဉ်ကျေးမှုကို မြင့်တင်နိုင်ရန် ရည်ရွယ်သည့် လှပသော Victoria ဗီသုကာလက်ရာ များဖြင့်တည်ဆောက်ထားသော ဆိုင်ခန်းများ၊ ပြခန်းများ၊ ကွင်းဆက်စတိုးဆိုင်များဖြင့် အသေးစိတ်ချယ်လှယ်ခင်းကျင်းပြသထားပါသည်။

 

  1. Outdoor Days at High Park

Toronto မြို့ရှိ ဝင်ကြေးပေးဆောင်ရန်မလိုသည့် ရင်သပ်ရူမောဖွယ်ကောင်းလှသော ပန်းခြံတွင် သင်၏တစ်နေ့တာကို ကုန်ဆုံးနိုင်ပါသည်။ High Park အတွင်းရှိ အလွန်လှပသော ကန်ငယ်လေးများ၊ တောင်တက်လမ်းများ နှင့် အုံ့မှိုင်းလှပစွာဝေဆာနေသော သပိတ်ပင်များကို မျက်စိတစ်ဆုံး လေ့လာနိင်ပါသည်။ 

 

  1. CN Tower 

Toronto မြို့၏ လှပသောမြင်ကွင်းကို ရှုစားရန်အတွက် CN Tower ကိုလည်း သွားရောက် လည်ပတ်သင့်ပါသည်။ ဝင်ကြေးနှုန်းထားများပြားလှပင်မယ့် ကျောင်းသား/သူများအတွက် 10% discounts ပေးလေ့ရှိပါသည်။ လူဦးရေ ထူထပ်လွန်းလှ၍ မနက် ၁၁ နှင့် ညနေ ၆ နာရီကြားသွားလျင် ပို၍အဆင်ပြေနိုင်ပါသည်။ မိသားစုသဘင်ပွဲများ၊ ဖျော်ဖြေရေးပွဲများ၊ ရန်ပုံငွေပရဟိတ အဖွဲ့များ စသည်ဖြင့် Toronto ၏ ပျော်စရာအကောင်းဆုံးနေရာဖြစ်သည်။

 

  1. St. Lawrence Market

Toronto မြို့ရှိ Lawrences Market သည် ဈေးဝယ်ထွက်ရန် အကောင်းဆုံးနေရာ တစ်ခုဖြစ်ပြီး လှပသော Canada နိုင်ငံ၏ ရိုးရာအသုံးအဆောင်များ၊ ဒေသဆိုင်ရာ ကျော်ကြားသော အသုံးအဆောင်စ္စည်းများနှင့် ကမ္ဘာကျော် အစားအသောက်များကို ခံစားနိုင်သော နေရာတစ်ခုဖြစ်ပါတယ်။ အရသာရှိလှသော အစားအသောက်များကို ဝိုင်တစ်ခွက်ဖြင့် ခံစားရင်း တစ်နေတာ အမောကို ဖြေဖျောက်စေနိုင်ပါသည်။

 

  1. Hung out on Yonge-Dundas Square 

Yonge Dundas ရင်ပြင်သည် Toronto မြို့၏ အများပြည်သူများလည်ပတ်လေ့ရှိကြသည့် အချက်အချာကြသော နေရာတစ်ခုဖြစ်ပါသည်။ ကမ္ဘာအရပ်မှ ပြပွဲများ၊ ဖျော်ဖြေရေး ပွဲများ၊ ရုပ်ရှင်ပြပွဲများ အစရှိသည်တို့ကို Yonge-Dundas တွင် အခမဲ့ ပြသလေ့ရှိတာကြောင့် ကမ္ဘာလှည့်ခရီးသည်များနှင့် ဒေသအတွင်းပြည်သူများအကြား လည်ပတ်စရာ နေရာတစ်ခုဖြစ်နေပါတယ်။

 

  1. Catch the Latest Movies at Toronto  International Film Festival (TIFF) Every September

အပြည်ပြည်ဆိုင်ရာ Toronto ရုပ်ရှင်ပြပွဲကြီးသည် ကမ္ဘာပေါ်တွင် အကြီးမားဆုံးနှင့် အပြောင်မြောက်ဆုံးသော လူထုရုပ်ရှင်ပွဲတော်ကြီး ဖြစ်ပါသည်။ ရုပ်ရှင်ပြပွဲကြီးတွင် ကမ္ဘာ့နိုင်ငံအရပ်ရပ်မှ ကျော်ကြားသော ရုပ်ရှင်များနှင့် နောက်ဆုံးပေါ်  ရုပ်ရှင်ကားကြီးများကို အနီရောင် ကော်ဇော်ပေါ်မှ မင်းသား/မင်းသမီးများနှင့် မျက်မြင်ခံစားရမှာဖြစ်ပါတယ်။

 

#LetsPlanYourCareerTogether#StudyInCanada#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

October 1, 2021

▪️ကနေဒါဆိုတာ ရှရှားပြီီးရင် ကမ္ဘာ့ဒုတိယအကြီးဆုံးနိုင်ငံတစ်ခုဖြစ်ပြီး ၂၀၂၁ အတွက် ကမ္ဘာ့အကောင်းဆုံးနိုင်ငံတွေထဲမှာလဲ နံပါတ် (၁) ရရှိထားတဲ့နိုင်ငံပဲဖြစ်ပါတယ်။ ကနေဒါနိုင်ငံမှာ ပညာသင်ကြားမယ်ဆိုရင်တော့ ကမ္ဘာ့အဆင့်မှီတက္ကသိုလ်တွေမှာ နိုင်ငံတကာအသိအမှတ်ပြု ပညာရေးတွေကို လေ့လာသင်ယူနိုင်မှာပဲဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိ ကနေဒါနိုင်ငံမှာ International Students ပေါင်း သန်းတစ်ဝက်လောက် ပညာသင်ကြားလျက်ရှိပါတယ်။ 💁‍♂️

▪️ဒါဆိုရင်တော့ ဘယ်လိုအချက်တွေကြောင့် ကနေဒါမှာပညာသင်ကြားသင့်လဲဆိုတာကိုပြောပြပေးသွားမှာပါ။ 🙆‍♂️

၁။ အကောင်းဆုံးပညာရေးအဆင့်အတန်း 👨‍🎓👩‍🎓

ကနေဒါမှာ တက္ကသိုလ်တွေသာမက မူလတန်း၊ အလယ်တန်း၊ အထက်တန်းပညာရေးတွေကိုလဲ ကမ္ဘာ့နိုင်ငံအသီးသီးက အသိအမှတ်ပြုကြပါတယ်။ ဒါတင်မကသေးပဲ World Ranking 250 ထဲဝင်တဲ့ တက္ကသိုလ် ၁၀ ခုကလဲ ကနေဒါနိုင်ငံမှာရှိနေပါတယ်။

၂။ လုံခြုံနွေးထွေးမူ 🙆‍♂️😇

လူတော်တော်များများ ကနေဒါလူမျိုးတွေကို ‘warm and friendly’ ဖြစ်ကြတယ်လို့ ရည်ညွှန်းကြပါတယ်။ မြို့ပြကနေ ကျေးလက်ဒေသအထိ ဘယ်နေရာရောက်ရောက် လုံခြုံနွေးထွေးတဲ့ ခံစားချက်ကို ရရှိနေမှာဖြစ်ပါတယ်။ ဒါကြောင့်လဲ နိုင်ငံတကာက ကျောင်းသား/ ကျောင်းသူတွေက ကနေဒါကို ရွေးချယ်ကြတာပဲဖြစ်ပါတယ်။

၃။ အကောင်းမွန်ဆုံးနေထိုင်မှုဘဝ 🏫🏤

အဆင့်အတန်းမြင့်မြင့်နဲ့ ကောင်းမွန်တဲ့လူနေမှုဘဝကို လိုချင်သူတွေအတွက်တော့ ကနေဒါနိုင်ငံက ပြည့်စုံလှတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ ကမ္ဘာ့တက္ကသိုလ် အဆင့်သတ်မှတ်ချက်တွေအရ ကနေဒါနိုင်ငံဟာ ကျောင်းသားတွေလေ့လာသင်ယူလို့ကောင်းတဲ့ နိုင်ငံအဆင့် ၄နေရာမှာရပ်တည်နေပါတယ်။

၄။ စိတ်ချ၊ သေချာတဲ့အနာဂတ်လမ်းကြောင်း 🛤🛣

နေထိုင်မှုဘဝသာမက အလုပ်အကိုင်အခွင့်အလှမ်းတွေကလဲ ပြည်တွင်းကျောင်းသားများ အတွက်ပါမက နိုင်ငံတကာကျောင်းသားများအတွက်ပါ ပေါများလှပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအတွင်းမှာပဲ ကနေဒါနိုင်ငံက ဘွဲ့ရကျောင်းသား၊ ကျောင်းသူတွေအတွက် အလုပ်အကိုင်ပေါင်း ၁.၆ သန်းဖန်တီးပေးခဲ့ပါတယ်။

၅။ သင့််တော်တဲ့ ပညာရေးစရိတ် 💸💰

ကနေဒါနိုင်ငံက အင်္ဂလိပ်စကားပြောနိုင်ငံတွေထဲမှာ ပညာသင်စရိတ်

အသက်သာဆုံးနိုင်ငံပဲဖြစ်ပါတယ်။

၆။ မတူကွဲပြားတဲ့ အတွေ့အကြုံများ 🤸⛷🪂

ကနေဒါနိုင်ငံမှာလူပြောများတဲ့ စကားတစ်ခွန်းက “စွန့်စားခန်းတွေနဲ့အတူ ကနေဒါနိုင်ငံက မင်းကိုစောင့်နေပါတယ်တဲ့”။ ကနေဒါနိုင်ငံရဲ့ ရာသီဥတု၊ ယဉ်ကျေးမှုနှင့်ဘဝပုံစံတွေကလဲ တခြားဘယ်နိုင်ငံနဲ့မှမတူတဲ့အတွက် လုံးဝကိုကောင်းမွန်တဲ့အတွေ့အကြုံတွေကို ရရှိမှာပဲဖြစ်ပါတယ်။

ဒီလိုအချက်တွေကြောင့်ပဲ ကနေဒါနိင်ငံကပညာသင်ယူလို့ကောင်းတဲ့ နိုင်ငံတစ်ခုအဖြစ် ရပ်တည်နေတာပဲဖြစ်ပါတယ်။ ✨

#LetsPlanYourCareerTogether#StudyInCanada#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

 

September 25, 2021

နိုင်ငံတကာမှာပဲဖြစ်စေ၊ မြန်မာနိုင်ငံပြန်ပြီးပဲ Service industry ထဲဝင်ရောက်၍ဖြစ်စေ အလုပ်လုပ်ကိုင်လိုသူများအတွက် Canada နိုင်ငံ St.Lawrence College ကပေးအပ်မယ့် Ontario College Diploma (Hospitality) နဲ့မိတ်ဆက်ပေးချင်ပါတယ်။ 

 

အဆိုပါ Diploma ကို သက်တမ်းရင့် Professor ကြီးများအပြင် လက်တွေ့လုပ်ငန်းခွင်၌ ဦးစီးလုပ်ကိုင်နေသော Supervisor, Manger များက စာတွေ့နှင့် လက်တွေ့ပူးပေါင်း၍ Accommodations Management, Food and Beverage Management, Specialized Marketing, Conferencing and Banqueting, and Financial Management အစရှိသောဘာသာရပ်များကို workplace ready ဖြစ်အောင်သင်ကြားပေးမှာဖြစ်ပါတယ်။

 

ကျောင်းသား/သူများအနေနဲ့ Diploma ကိုအောင်မြင်ပြီးပါက ကျောင်းနှင့် ချိတ်ဆက်ထားသော လုပ်ငန်းများ တွင်အလုပ်ရရှိနိုင်ရန်လျောက်ထားနိုင်ပါတယ်။ 

အလုပ်ရရှိနိုင်သောအလုပ်နယ်ပယ်များမှာ-

Airlines

Cruise Ships

Casinos

Hotels, Inns, Clubs, Spas and Resorts

Convention and Conference Centres

Catering Companies

Bed and Breakfasts

Restaurants, Bars, Cafes

Hospitality Management Facilities တို့မှာပဲဖြစ်ပါတယ်။ 

 

အလုပ်မလုပ်လိုပဲ Bachelor ကိုဆက်လက်တက်ရောက်လိုသူများအတွက်လည်း College GPA 3.0 ရရှိပါက Victoria ပြည်နယ်၏ အဆင့် 2 University ဖြစ်သော Royal Roads University တွင် B.A (International Hotel Management) နှင့် B.A (Global Tourism Management) တို့တွင် Year 3 ကို တိုက်ရိုက်တက်ရောက်ခွင့် ရရှိမှာလည်းဖြစ်ပါတယ်။ 

 

ဤ Hospitality Diploma သည် 2 နှစ်တက်ရောက်ရမှာဖြစ်ပြီး Intakes များအနေနဲ့ ကတော့ May နှင့် September ဟူ၍နှစ်ခုရှိမှာပါ။ International Students များအတွက် Annual Tuition Fees ကတော့ CA$ 16,958 ကျသင့်မှာပါ။

 

တက်ရောက်လိုသော နိုင်ငံတကာကျောင်းသား/သူများအတွက် လိုအပ်သည့် English Requirements များကတော့

(IELTS) – Academic (Overall 6.0 with no band less than 5.5)

TOEFL Internet-based Test (iBT) or Home Edition – Overall 78

TOEFL Computer-based Test – Overall 213

Pearson English Test (PTE) – 55

Duolingo – 105 

တို့ကိုရရှိထားဖို့တော့လိုပါတယ်။ 

#LetsPlanYourCareerTogether#StudyInCanada#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

 

September 16, 2021

▪️ယနေ့မှာတော့ ကနေဒါနိုင်ငံ၏ Nipissing University တွင် တက်ရောက်နိုင်သော Bachelor of Social Work ပရိုဂရမ်နှင့် မိတ်ဆက်ပေးလိုက်ပါတယ်။ 🙆‍♂️

▪️Social Work ဆိုသည်မှာ တစ်ဦးချင်း သို့ မိသားစု နှင့် လူမှုအသိုင်းအဝိုင်းများတွင် ဖြစ်ပေါ်လျက်ရှိသော အခက်အခဲများကို ကူညီဆောင်ရွက်ပေးပြီး ပြန်လည်ထူထောင်ရေးနှင့် စာသင်ကျာင်းများ၊ ဆေးရုံများနှင့် အခြား လူမှုဝန်ဆောင်မှု လုပ်ငန်းများကို လုပ်ကိုင်ပေးရသော လုပ်ငန်းဖြစ်ပါတယ်။ 💁‍♂️

▪️ယခု ပရိုဂရမ်တွင် ဆင်းရဲနွမ်းပါးသူများ၊ မြောက်ပိုင်း လူမှုရေး ကွဲပြားမှု ၊ ကျေးလက်ဒေသ စိုက်ပျိုးရေး၊ ဝေးလံ ခေါင်ဖျားသော ဒေသများ နှင့် ပတ်သက်၍ လူ့အခွင့်အရေးနှင့် တန်းတူညီမျှမှု  လုပ်ဆောင်ချက်များကို အဓိကသင်ကြားပေးသော ပရိုဂရမ်ဖြစ်ပါတယ်။ 🏗🛤🏡

▪️သင်ကြားရမယ့် course အသေးစိတ်ကို အောက်ဖော်ပြပါ လင့်ခ်တွင်လေ့လာနိုင်ပါတယ်။

https://academiccalendar.nipissingu.ca/Catalog/ViewCatalog.aspx?pageid=viewcatalog&catalogid=8&chapterid=640&loaduseredits=False 

▪️၄ နှစ်ကြာ တက်ရောက်ရမှာဖြစ်ပြီး Tuition Fees – CAD 19,325/per year, Application Fees- CAD 110 ကျသင့်မှာဖြစ်ပါတယ်။ Intakes အနေနဲ့ Sep နဲ့ Jan တို့တွင် လျှောက်ထားနိုင်ပါတယ်။ 😇

▪️Nipissing University ၏ The Bachelor of Social Work ပရိုဂရမ် သည် Canadian Association for Social Work Education(CASWE-ACFTS) ၏ အသိအမှတ်ပြုခြင်းကိုလဲ ခံရပါတယ်။📄

▪️International Students များအတွက် English Proficiency အနေဖြင့်

    IELTS – Overall l6.5 (no Band Less Than 6)

    TOEFL iBT- Overall83 (no Bands Less Than 20)

    PTE – Overall58 (no Bands Less Than 56)

    DET – Score110

▪️ပရိုဂရမ် အသေးစိတ်ကို အောက်ပါ Link တွင် ကြည့်ရှုနိုင်ပါတယ်။ 

https://www.nipissingu.ca/academics/faculty-education-and-professional-studies/social-work

#LetsPlanYourCareerTogether#StudyInCanada#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

September 16, 2021
🧑‍💻ယနေ့မှာတော့ Canada နိုင်ငံ Nipissing University တွင် တက်ရောက်နိုင်သော Science ပရိုဂရမ် များထဲမှ BSc in Data Science ပရိုဂရမ်နှင့် မိတ်ဆက်ပေးလိုက်ပါတယ်။
📚Nipissing University တွင် တက်ရောက်နိုင်သော Bachelor of Science ပရိုဂရမ်များမှာ
• Biology
• Computer Science
• Environment and Physical Geography
• Environmental Biology and Technology
• Liberal Science
• Mathematics
• Psychology တို့ဖြစ်ပါတယ်။ ဖော်ပြပါ ပရိုဂရမ်များထဲမှ BSc in Data Science ပရိုဂရမ်ကို ဖော်ပြပေးလိုက်ပါတယ်။
💻📈The Bachelor of Science (BSc) in Data Science ပရိုဂရမ်သည် Graduate ဒီဂရီတွင် လိုအပ်သော သင်္ချာနှင့် ဆိုင်သော တွက်ချက်မှုများနှင့် ဒေတာ ပညာရှင် တစ်ယောက်အနေဖြင့် သိထားသင့်သော ကွန်ပျူတာ အချက်အလက်များကို ထောက်ပံ့ပေးထားပါတယ်။
🧐သုတေသန စာရွက်စာတမ်းများ၊ လက်တွေ့လုပ်ဆောင်ချက်များနှင့် အလုပ်သင် အတွေ့အကြုံများဖြင့် စမ်းသပ်သင်ကြားခြင်းများကို ပေါင်းစပ်ထားသော ဒီဂရီ ဖြစ်ပါတယ်။ ကျောင်းသားများအနေဖြင့် စီးပွားရေး စီမံမှုများတွင် သုံးသော ဒေတာများ၊ ရှုပ်ထွေးသော နည်းစနစ်များနှင့် အသုံးပြု ပုံ၊ ပြသာနာ ဖြေရှင်းနည်းများကို သင်ကြားရမှာ ဖြစ်ပါတယ်။
⏰၄ နှစ်တက်ရောက်ရမှာဖြစ်ပြီး 💸Tuition Fees – CAD 19,325 ကျသင့်မှာ ဖြစ်ပါတယ်။
🏴󠁧󠁢󠁥󠁮󠁧󠁿Language လိုအပ်ချက်များမှာ
• 60% in senior secondary
• IELTS 6.5 (no less than 6)
• PTE- 56 each and overall 58 and above
• TOFEL minimum score of 83 (iBT) with a minimum score of 20 in reading, listening and writing and a minimum score of 22 in speaking
တို့ဖြစ်ပါတယ်။
🕵️ပရိုဂရမ် အသေးစိတ်ကို အောက်ပါ Link တွင် ကြည့်ရှုနိုင်ပါတယ်။
September 15, 2021

▪️1951 ခုနှစ်မှစတင်၍စတင်တည်ထောင်ခဲ့သော Cape Breton University ဟာဆိုရင် Atlantic Universities၊ Commonwealth Universities စသော association များတွင် Associate University တစ်ခုဖြစ်ပါတယ်။ ယင်း University တည်ရှိရာ Norfolk ပြည်နယ်ဟာ Canada ရဲ့ အေးချမ်းဆုံးသော ပြည်နယ်တစ်ခုဖြစ်ပြီး အခြား Providence များနှင့်ယှဥ်လျင် နေထိုင်စားသောက်စရိတ် 15% ခန့်သက်သာတာကို တွေ့ရပါတယ်။ 💁‍♂️

▪️Cape Breton University တွင် နိုင်ငံပေါင်း 40 ကျော်မှ ကျောင်းသား/သူပေါင်း 5,500 ခန့် ပညာသင်ယူနေပြီး Students များအတွက် ကြီးမားသော Library, Sport Facilities နှင့် Reading Rooms အစရှိသည့် Facilities များကိုပေးထားပါတယ်။ International Student များအတွက် အခြေချရာတွင် အကူညီပေးသော support service နှင့် health care service များလည်းပေးသွားမှာဖြစ်ပါတယ်။ 🙆‍♂️

▪️ပညာရပ်များကိုသင်ကြားရာတွင်လည်းစာသင်ခန်း မှ အလုပ်ခွင်သို့ အဆင်ပြေစွချောမွေ့စွာ ပြောင်းနိုင်ရန် Practical Lecture များစွာ ကိုထည့်သွင်းထားတာဖြစ်တဲ့အပြင် Graduates များအလုပ်ရရှိမှုလွယ်ကူစေရန် ရည်ရွယ်ပြီး workplacement နှင့် internship program များဖြင့်လည်းကူညီပေးလျက်ရှိပါတယ်။ 😇

▪️Cape Breton Universityရဲ့ Recommend အကောင်းဆုံး Subject Field များမှာ

📚 Business

📚 Liberal Art

📚 Science

📚 Technology

📚 Education

📚 Health & Wellness တို့ဖြစ်ပါတယ်။ 

▪️Annual Tuition fees အနေနဲ့ CA$ 18,000 ဝန်းကျင်ကျသင့်မှာဖြစ်ပြီး intake အနေနဲ့ February နဲ့ October ဟူ၍ 2 ခုရှိမှာပါ။🗓🗂

▪️International Students များအတွက် Minimum English Requirements အနေနဲ့ 

📌TOEFL score of 550 (paper test), 213 (computer test), or 80 (internet test)

📌IELTS Academic (and IELTS Indicator) score of 6.5 with no band below 6.0

📌Pearson PTE (Academic) score of 59

📌Duolingo English Test score of 115 တို့ကိုရရှိရန်တော့လိုအပ်ပါတယ်။ 

🔍 အသေးစိတ်ကိုတော့ https://www.cbu.ca မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ 

#LetsPlanYourCareerTogether#StudyInCanada#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

September 12, 2021

▪️ယနေ့မှာတော့ Nipissing University ၏ Post-baccalaureate Diploma & Certificate ပရိုဂရမ်များနှင့် မိတ်ဆက်ပေးလိုက်ပါတယ်။ 🙆‍♂️

▪️Post-baccalaureate diploma, certificate ဆိုသည်မှာ Master program  တက်ရောက်လိုသူများနှင့် Bachelor degree ရရှိထားသူများအနေဖြင့် 20 credits ထပ်မံရရှိလိုသည့် အခါ တက်ရောက်နိုင်သော ပရိုဂရမ်ဖြစ်ပါတယ်။ တက်ရောက်လိုသူများအနေဖြင့် 3-4 year ဒီဂရီ အောင်မြင်ထားသူဖြစ်ရပါမယ်။ 💁‍♂️

▪️Nipissing University သည် North Bay, Ontario, Canada တွင် တည်ရှိသော Public University ဖြစ်ပါတယ်။ ၂၀၁၁ တွင် Ontario  အစိုးရ၏ ခွင့်ပြုချက်ဖြင့် Graduate degree များကို ပေးအပ်ခဲ့ပါတယ်။ Personal teaching သင်ကြားရေးဖြင့် student-focused သင်ကြားရေး စနစ်များကို အသုံးပြုသင်ကြားပေးတဲ့ တက္ကသိုလ်တစ်ခုပဲဖြစ်ပါတယ်။ 🏫

▪️Nipissing University တွင် တက်ရောက်နိုင်သည့် Post-baccalaureate ပရိုဂရမ်များနှင့် သင်ကြားရမည့် သင်ရိုးများကို အောက်ပါ Link တွင် ကြည့်ရှုနိုင်ပါတယ်။ 👩‍🎓🧑‍🎓

▪️Post-Baccalaureate Certificates

•    Post-Baccalaureate Certificate in Human Resource Management

https://academiccalendar.nipissingu.ca/~/Catalog/ViewCatalog.aspx?pageid=viewcatalog&catalogid=8&topicgroupid=3334

•    Post-Baccalaureate Certificate in General Management

https://academiccalendar.nipissingu.ca/~/Catalog/ViewCatalog.aspx?pageid=viewcatalog&catalogid=8&topicgroupid=3335

▪️Post-Baccalaureate Diplomas

•    Post-Baccalaureate Diploma in Business Administration

https://academiccalendar.nipissingu.ca/~/Catalog/ViewCatalog.aspx?pageid=viewcatalog&catalogid=8&topicgroupid=3336

•    Post-Baccalaureate Diploma in Finance

https://academiccalendar.nipissingu.ca/~/Catalog/ViewCatalog.aspx?pageid=viewcatalog&catalogid=8&topicgroupid=3337

•    Post-Baccalaureate Diploma in Human Resource Management

https://academiccalendar.nipissingu.ca/~/Catalog/ViewCatalog.aspx?pageid=viewcatalog&catalogid=8&topicgroupid=

•    Post-Baccalaureate Diploma in International Business

https://academiccalendar.nipissingu.ca/~/Catalog/ViewCatalog.aspx?pageid=viewcatalog&catalogid=8&topicgroupid=3339

•    Post-Baccalaureate Diploma in Marketing

https://academiccalendar.nipissingu.ca/~/Catalog/ViewCatalog.aspx?pageid=viewcatalog&catalogid=8&topicgroupid=3340

#LetsPlanYourCareerTogether#StudyInCanada#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

September 12, 2021

▪️ယနေ့မှာတော့ Nipissing University ၏ The School of Business တွင် တက်ရောက်နိုင်သော Post-Baccalaureate Diploma in Business Administration, International Business ပရိုဂရမ် ၂ ခုကို ဖော်ပြပေးလိုက်ပါတယ်။ 💁‍♂️

▪️Nipissing University သည် ၁၉၆၇ တွင် စတင်တည်ထောင်ခဲ့ပြီး ၁၉၉၂ တွင် Independent University အဖြစ် ကောလိပ်ကျောင်း၊ အထက်တန်း ကျောင်းဆင်း ဒီဂရီများကို ပေးအပ်ခဲ့ပါတယ်။ ၂၀၁၁ တွင် Ontario  အစိုးရ၏ ခွင့်ပြုချက်ဖြင့် Graduate Degree များကို ပေးအပ်လျက်ရှိပါတယ်။👩‍🎓👨‍🎓

▪️The School of Business မှ ပုံမှန် ဒီဂရီ ပရိုဂရမ် များထက် အချိန် သက် သာစွာ သင်ယူလိုသော ကျောင်းသားများအတွက် Certificates, Diplomas ပရိုဂရမ် များကို ဖွင့်လှစ်ပေးထားပါတယ်။ 🙆‍♂️

🔹Post-Baccalaureate Diploma in Business Administration

▪️Intake–January 2022, September 2022 တို့တွင် လျှောက်ထားနိုင်ပါတယ်။ Application fee:$110.00 CAD, Tuition: $19,325.00 CAD/year ကျသင့်မှာ ဖြစ်ပြီး သင်ကြားရမည့် ဘာသာရပ်များမှာ 

•    Business Communication and Case Analysis

•    Operations, Financial, and International Management

•    Change Management and Innovation Leadership

•    Information Systems

•    Entrepreneurship

▫️သင်ကြားရမည့် ပရိုဂရမ် အသေးစိတ်ကို အောက်ပါ Link တွင် ကြည့်ရှုနိုင်ပါတယ်။ 

https://academiccalendar.nipissingu.ca/Catalog/ViewCatalog.aspx?pageid=viewcatalog&catalogid=6&chapterid=570&topicgroupid=2698&loaduseredits=False

🔹Post-Baccalaureate Diploma in International Business

▪️Intake–January 2022, September 2022 တို့တွင် လျှောက်ထားနိုင်ပါတယ်။ Application fee:$110.00 CAD, Tuition: $19,325.00 CAD/year ကျသင့်မှာ ဖြစ်ပြီး သင်ကြားရမည့် ဘာသာရပ်များမှာ

•    Intercultural Management

•    Finance Management, International Management, and International Finance Management

•    Change Management and Innovation Leadership

•    International Marketing

▫️သင်ကြားရမည့် ပရိုဂရမ် အသေးစိတ်ကို အောက်ပါ Link တွင် ကြည့်ရှုနိုင်ပါတယ်။ 

https://academiccalendar.nipissingu.ca/Catalog/ViewCatalog.aspx?pageid=viewcatalog&catalogid=6&chapterid=570&topicgroupid=2701&loaduseredits=False

#LetsPlanYourCareerTogether#StudyInCanada#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

September 11, 2021

▪️Nippsing သည် နှစ်ပေါင်းများစွာရပ်တည်လျက်ရှိတဲ့ အဖွဲ့အစည်းတစ်ခုပဲဖြစ်ပါတယ်။ မူလအစက တက္ကသိုလ်ရယ်လို့စတင်တည်ထောင်ခဲ့ခြင်းမဟုတ်ဘဲ North Bay Normal School အနေနဲ့ စတင်ခဲ့တာပဲဖြစ်ပါတယ်။ ၁၉၆၇ ခုနှစ်တွင်တော့ Laurentian University ၏လက်အောက်ခံ Nipissing University College အနေနဲ့ဖွဲ့စည်းခဲ့ပါတယ်။ ၁၉၉၂ ခုနှစ်မှာတော့ Nippsing University ဆိုပြီး ရပ်တည်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအတွက် ပညာများကို ဆက်လက်ဖြန့်ဖြူးပေးလျက် ရှိပါတယ်။👩‍🏫👨‍🏫

▪️အခုချိန်မှာတော့ Nipissing University သည် ဆရာ/ဆရာမများ၏ သင်ကြားရေးစနစ်များ၊ အနုပညာ၊ သိပ္ပံဘာသာရပ်များနှင့် အခြားသော program များကြောင့် နာမည်ကျော်ကြားလျက်ရှိပါတယ်။ ကျောင်းသား၊​ ကျောင်းသူများကို ဗဟိုပြုထားတဲ့ သင်ကြားရေး နည်းစနစ်များကြောင့် students’ cultural, economic နဲ့ social life တွေအပေါ် ကောင်းမွန်တဲ့သက်ရောက်မှုများစွာရှိလို့နေပါတယ်။ ဒါ့အပြင် ကျောင်းသင်ရိုးများကိုပဲ လေ့လာသင်ကြားစေချင်း မဟုတ်ဘဲ လက်တွေ့ဘဝနဲ့ အလုပ်ခွင်ဝင်ရောက်ဖို့အတွက်လဲ ပံပိုးပေးလျက်ရှိပါတယ်။🙆‍♂️

▪️Nipissing University မှာ တက်ရောက်လို့ရတဲ့ Undergraduate Program တွေကတော့ – 

        Anthropology

        Biology

        Business

        Child and Family Studies

        Classical Studies

        Commerce

        Computer Science

        Criminal Justice

        Economics

        Education (Concurrent)

        English Studies

        Environment and Physical Geography

        Environmental Biology and Technology

        Environmental Geography

        Fine Arts

        Gender Equality and Social Justice

        Geography

        History

        Indigenous Studies

        Liberal Arts

        Liberal Science

        Mathematics

        Nursing

        Philosophy

        Physical and Health Education

        Political Science

        Psychology

        Religions and Cultures

        Social Welfare and Social Development

        Social Work

        Sociology

▪️Postgraduate Courses များက – 

        Bachelor of Social Work

        Consecutive Bachelor of Education

        Master of Arts in History

        Master of Arts in Sociology – Applied Social Research

        Master of Education

        Masters of Environmental Sciences/Studies

        Master of Science in Kinesiology

        Master of Science in Mathematics

▪️တက်ရောက်ချင်တဲ့ International Students တွေအနေနဲ့ 

📌IELTS – Overall 6.5 (minimum 6.0 in each subtest)

📌TOFEL – Total score 83 (minimum 20 in reading, writing and listening, 22 in speaking)

📌Pearson (PTE) – 56 each and overall 58 and above တို့လိုအပ်ပါတယ်။

▪️Intakes အနေနဲ့ Fall Intake (September), Winter Intake (January) နဲ့ Spring/Summer (May Intake) ဆိုပြီး ၃မျိုးရှိပါတယ်။ ကျောင်းလခအနေနဲ့  $23,190 ကျသင့်နိုင်ပါတယ်။

🗂 အသေးစိတ်ကို school website ဖြစ်တဲ့ https://www.nipissingu.ca မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

#LetsPlanYourCareerTogether#StudyInCanada#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar