fbpx
September 27, 2021

▪️ဒီနေ့ မိတ်ဆက်ပေးချင်တဲ့ Program လေးကတော့ UK နိုင်ငံရှိ  The University of Manchester တွင် သင်ကြားပို့ချပေးနေတဲ့  MSc Clinical Dentistry (Paediatric Dentistry) program ပဲဖြစ်ပါတယ်။ 🙆‍♂️

▪️The University of Manchester သည် UK နိုင်ငံတွင်းရှိ အကောင်းဆုံး တက္ကသိုလ်များတွင် အဆင့် ၅ တွင်ရှိပြီး 2021 QS World University Ranking အရ ကမ္ဘာပေါ်ရှိသွားဖက်ဆိုင်ရာ ဘာသာရပ်တွင် အဆင့် ၃၁ အနေဖြင့် ရပ်တည်လျက် ရှိပါတယ်။ 😇

▪️MSc Clinical Dentistry (Paediatric Dentistry) သည် ကလေးသွားဖက်ဆိုင်ရာနှင့် ဆေးကုသမှု နည်းပညာများကို အဓိက သင်ကြားပေးသော ဘာသာရပ်ဖြစ်ပါတယ်။ Tuition Fees မှာ တစ်နှစ်လျှင်  £47,000 ကျသင့်မှာဖြစ်ပြီး ၃၆ လ ကြာ တက်ရောက်ရပါမယ်။ 💁‍♂️

▪️English Proficiency အနေဖြင့် IELTS: Overall 6.5 (with no less than 6.0 in all components), TOEFL: 90(Minimum: Listening 20; Writing 20; Reading 20 and Speaking 20) လိုအပ်ပါတယ်။ 🧾

▪️သင်ကြားရာတွင်  Lectures, Seminars, Practical skill sessions, Online learning စသဖြင့် ကလေး သွားဖက်ဆိုင်ရာ Specialist အရည်အသွေးများကို ပို့ချပေးသွားမှာဖြစ်ပါတယ်။ သွားဖက်ဆိုင်ရာ ထူးခြားချက်များ၊ အနာတရ နှင့် သွားပိုးစားခြင်း စသော ဆေးဝါးကုသမှု လက်တွေ့ နည်းများကိုလည်း The University Dental Hospital of Manchester တွင် လက်တွေ့ သင်ယူရမှာပါ။ 👩‍⚕️👨‍⚕️

▪️သွားဖက်ဆိုင်ရာ ဗဟုသုတများဖြစ်သော အကိုက်အခဲပျောက်ဆေးသုံးထားသော လူနာကို ကုသပုံ၊ စိတ်ငြိမ်ဆေး နှင့် ထုံဆေးများ စသော သင်ကြားမှုများနှင့် အတွေး အခေါ်များကို လက်တွေ့အပြင် နှုတ်ဖြင့် ဆွေးနွေးခြင်းများကိုပါ သင်ကြားပေးပါတယ်။ နှစ်အလိုက် တက်ရောက်ရသော Course unit များမှာ-

🔹Year 1

• Research Methods

• Biostatistics

• Guidelines Development and Implementation

• CPD

• Clinical treatment and consultation sessions at University Dental Hospital of Manchester

• Clinical Skills Teaching

• Seminars

• Research Project

🔹Year 2

• Continued Clinical Training

• Seminars

• Research Project

🔹Year 3

• Seminars

• Continued Clinical Training

• Research Project

▪️အလုပ်အကိုင်အခွင့်အလမ်းအနေဖြင့် ပုဂ္ဂလိက သို့ သွားဖက်ဆိုင်ရာ ဆေးရုံများ၊ သုတေသနနှင့် သင်ကြားရေးပိုင်းများ ၊ သွားဖက်ဆိုင်ရာ ဆွေးနွေးပေးခြင်း  လုပ်ကိုင်နိုင်နိုင်ပါတယ်။

Program Link – https://www.manchester.ac.uk/study/masters/courses/list/11762/msc-clinical-dentistry-paediatric-dentistry/all-content/#course-profile

#LetsPlanYourCareerTogether#StudyInUK#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

September 26, 2021

▪️ဒီနေ့တော့ အင်္ဂလန်နိုင်ငံတောင်ပိုင်းကမ်းခြေမြို့လေးမှ University of Brighton အကြောင်းကို မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ 🙆‍♂️

 

▪️University of Brighton ဟာ နှစ်ပေါင်း ၁၅၀ ကျော် ပညာရေးဝန်ဆောင်မှုများ ပေးအပ်လာတဲ့ အဖွဲ့စည်းပဲဖြစ်သည်။ 1858 ခုနှစ်တွင် Brighton College of Arts အဖြစ်စတင်ခဲ့ရာမှ 1992 ခုနှစ်တွင် University of Brighton အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့တာပဲဖြစ်ပါတယ်။ ယခုဆိုလျင် QS World Universities Ranking ၏ ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်များထဲတွင် ပါဝင်လာပြီပဲဖြစ်ပါတယ်။ University of Brighton တွင် ကျောင်းသား/သူပေါင်း ၁၉၀၀၀ ခန့်ပညာသင်ကြားနေပြီး 21% မှာ နိုင်ငံတကာမှ ကျောင်းသား/သူများပဲ ဖြစ်ပါတယ်။ 👨‍🎓👩‍🎓

 

▪️University of Brighton တည်ရှိရာ Brighton မြို့လေးဟာဆိုရင်လည်းကမ်းခြေမြို့လေး ဖြစ်တာနှင့်အညီ  top 10 cities to study in UK တွင်လည်းတစ်ခု အပါအဝင်ဖြစ်ပါတယ်။ London မြို့သို့ ရထားဖြင့်သွားမည်ဆိုလျှင်လည်း ၁နာရီခန့်သာသွားရမှာဖြစ်ပါတယ်။ 🏖🏙

 

▪️ပညာသင်ကြားနေစဥ်မှာလည်း ဆရာ၊ ဆရာမများ၏ သီအိုရီများသာမကပဲ လက်တွေ့ဘဝအတွေ့ကြုံများ၊ practical lessons များကိုလည်း ပူးတွဲသင်ကြားပေးသွားမှာပဲ ဖြစ်ပါတယ်။ University of Brighton မှ Bachelor ရရှိပြီး ၆လအတွင်း၌ 92.7% သော ကျောင်းသား/သူများသည် သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်များတွင် အလုပ်လုပ်ကိုင်လျက် ရှိကြပါတယ်။ 👩‍⚕️👩‍🍳

 

▪️University of Brighton တွင် လေ့လာသင်ယူနိုင်သော ဘာသာရပ်နယ်ပယ်များမှာ

  • Arts and architecture
  • Business and law
  • Computing and mathematics
  • Education and teaching
  • Engineering and construction
  • Geography and environment
  • Health
  • Humanities
  • Media
  • Natural sciences
  • Social sciences
  • Sport and exercise တို့ပဲဖြစ်ပါတယ်။

 

▪️နိုင်ငံတကာ ကျောင်းသား/သူများအတွက် လိုအပ်တဲ့ English Requirements များက

🔹Undergraduate Program

📌IELTS – 6 (individuals minimum 5.5)

📌TOFEL – overall 72 ( at least 18 in Writing, 10 in reading, 10 in listening and 17 in Speaking)

 

🔹Postgraduate Program

📌IELTS – 6.5(individuals minimum 5.5)

📌TOFEL – overall 85 ( at least 18 in Writing, 10 in reading, 10 in listening and 17 in Speaking)

 

▪️International students များအတွက် Annual Tuition fees ကတော့ £13,573 – £15,000 အတွင်း ကျသင့်မှာပဲဖြစ်ပါတယ်။

 

▪️Terms တွေအနေနဲ့ Autumn (January) နှင့် Spring (September) Intake များသာမက Summer Intake အဖြစ် May Intake လည်းရှိသွားမှာဖြစ်ပါတယ်။

 

👁‍🗨 အသေးစိတ်ကိုတော့ University of Brighton မှာ၀င်ရောက်ကြည့်ရှုလေ့လာနိုင်ပါတယ်။

#LetsPlanYourCareerTogether#StudyInUK#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

September 9, 2021

▪️1851 ခုနှစ်ကတည်းကစတင်တည်ထောင်ခဲ့သော University of Exeter ဟာ အင်္ဂလန်

တောင်ပိုင်း Exeter မြို့တွင်တည်ရှိပြီး သမိုင်းဝင်အဆောက်အအုံများနှင့် ယနေ့တိုင်ပညာရေးဝန်ဆောင်မှုများကိုပေးအပ်နေတဲ့ ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်တစ်ခု ဖြစ်ပါတယ်။  🏫

⭐️ Ranking အားဖြင့်ကြည့်လျှင်

– #124 in the world 

– #12 in the Uk

– #3 in number of subjects entering the UK top 10 ranking 

– 23 subjects in the global ranking ဟူ၍ရပ်တည်နေပါတယ်။ 😇

▪️နိုင်ငံပေါင်း 130 မှ ကျောင်းသားပေါင်း 25,000 ကျော်သည် Campus ကြီး 4 ခုတွင်ပညာဆည်းပူးလျက်ရှိပြီး student communities နှင့် clubs စုစုပေါင်း 200 ကျော်ရှိပါတယ်။ 💁‍♂️

▪️University of Exeter မှာ သင်ကြားမှုစနစ်ကောင်းမွန်ခြင်းအပြင် လက်တွေ့သင်ခန်းစာ အတွေ့ကြုံများကိုပါပူးတွဲသင်ကြားပေးခြင်း၊ စူးစမ်းလေ့လာတီထွင် စမ်းသစ်မှုများကိုပြုလုပ်စေခြင်းတို့ကြောင့် ဘွဲ့ရရှိပြီးသောကျောင်းသား/သူ များ၏ 90% မှာ ကျောင်းဆင်းပြီး 15 လအတွင်း သက်ဆိုင်ရာနယ်ပယ်တွင်အလုပ်လုပ်ကိုင်လျက်ရှိကြပါတယ်။ 👩‍💼👨‍✈️👩‍🔬👩‍🎓

▪️လူသိများတဲ့ University of Exeter ရဲ့ ကျောင်းဆင်းတစ်ဦးကတော့ Harry Potter Series ရဲ့ Author J.K. Rowling ပဲဖြစ်ပါတယ်။👩‍🦰 

▪️International Student များအတွက် Average annual fees ကတော့ £18,000 ပတ်ဝန်ကျင်ကျသင့်နိုင်ပါတယ်။💁‍♂️

▪️International Student များအတွက် လိုအပ်တဲ့ English Requirements တွေက

📌IELTS – 6.5 ( no band less than 6)

📌TOFEL (both IBT and IBT home edition) – overall  90 ( 21 in Writing , 21 in Listening, 22 in Reading and 23 in Speaking ) 

📌Pearson Test of English- overall 58 (no skill less than 55) 

🔍 University​ Website – https://www.exeter.ac.uk

#LetsPlanYourCareerTogether#StudyInUK#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

September 7, 2021

▪️Leeds Beckett University သည် UK နိုင်ငံတွင်းထိပ်တန်း တက္ကသိုလ်တစ်ခုဖြစ်ပြီး နှစ်ပေါင်း ၂၀၀ တိုင် ရပ်တည်လျက်ရှိပါတယ်။ သင်ကြားရေးတွင်လဲ Teaching Excellence Framework – silver ရရှိထားပါတယ်။ ဘွဲ့ရပြီး အလုပ်အကိုင်ရရှိမှု နှင့် ပညာရေးဝန်ဆောင်မှုများကြောင့် QS – 5 stars ရရှိခဲ့ပါတယ်။ 🙆‍♂️

▪️Campus တွင် လိုအပ်သော အသုံးအဆောင် ၊ အဆောက်အဦးများအတွက် GBP 200 မီလီယံ မြှပ်နှံထားပြီး ဘွဲ့ရပြီး ၁၅ လအတွင်း အလုပ်အကိုင်ရရှိမှုနှုန်းမှာ ၉၀% ရှိပါတယ်။ ဒေသတွင်းနှင့် နိုင်ငံအနှံ့ စက်မှု လုပ်ငန်းများနှင့် ချိတ်ဆက်ထားပြီး Placement year များဖြင့် ကျောင်းသားများကို ထောက်ပံံပေးထားပါတယ်။ 💁‍♂️

▪️UK နိုင်ငံ၏ အကြီးဆုံးနှင့် သက်တမ်းအရင့်ဆုံး  Leeds Beckett University တွင် နိုင်ငံပေါင်း ၁၄၃ နိုင်ငံမှ ကျောင်းသားပေါင်း ၂၃၀၀၀ ကျော်တက်ရောက်လျက်ရှိပါတယ်။ တက်ရောက်နိုင်သော ပရိုဂရမ်များမှာ – English and University Preparation courses, International Foundation Year, 5-10-20 week pre-sessional, Undergraduate degree, Postgraduate research degree များကို တက်ရောက်နိုင်ပါတယ်။ ထင်ရှားသော ဘာသာရပ်အချို့မှာ

• MA International Business

• MSc Accounting and Finance

• MBA

• MSc Information and Technology

• MSc Physiotherapy (Pre-registration)

• MA International Political Economy

• MSc Sport and Exercise Science

▪️ကုန်ကျစရိတ်များအနေဖြင့်  Undergraduate – £10,540, Postgraduate – £10290,Living Costs –£ 9135, Campus Accommodation -£900 ကျသင့်မှာ ဖြစ်ပါတယ်။ English Proficiency အနေဖြင့်

• IELTS: 6.0 with no skill below 5.5

• Pearson – PTE Academic: Total of 54 (minimum of 51 in all components)

• ESOL Skills for Life: Level 1 (pass in all four components)

• TOEFL iBT: Total of 79 to 89. Minimum for reading (18), listening (17) and speaking (20)

🏫 University Ranking

#801-1000- THE (Times Higher Education) 2021

#118          – The Complete University Guide 2021

#106          – The Guardian 2021

#1455        -Global Universities- US News & World Report 2021

📚 Course Ranking

#501   *600PG Business and Economics- THE (Times Higher Education) 2021

#84    *Accounting & Finance Ranking- The Complete University Guide 2021

#98    *Business & Management Studies (UK)- The Complete University Guide 2021

#68    *Accounting & Finance Rankings- The Guardian 2021

#79    *Business, Management & Marketing- The Guardian 2021

#51    *Civil Engineering Ranking- The Complete University Guide 2021

#67    *Electrical & Electronic Engineering- The Complete University Guide 2021

#51    *Civil Engineering The Guardian 2021

#52     *Electronic & Electrical Engineering- The Guardian 2021

#96     *Computer Science- The Complete University Guide 2021

🏫 University website – https://www.leedsbeckett.ac.uk

#LetsPlanYourCareerTogether#StudyInUK#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

August 31, 2021
▪️ ယနေ့မှာတော့ အမေရိကန်နိုင်ငံ၏ SUNY Old Westbury တွင် တက်ရောက်နိုင်သော Media and Communication, B.A ဘာသာရပ်ကို ဖော်ပြပေးလိုက်ပါတယ်။ 💁‍♂️
▪️ ပရိုဂရမ်တွင် မတူညီသော မီဒီယာနယ်ပယ်များဖြစ်သော ရေဒီယို၊ ရုပ်မြင်သံကြား ၊ သတင်းစာ စသော နယ်ပယ်များကို သီအိုရီနှင့် လက်တွေ့လေ့ကျင့်များကို သင်ကြားရမှာဖြစ်ပါတယ်။ ထို့ပြင် စာအရေးအသားများ ၊ တင်ပြခြင်းများနှင့် ဆက်ဆံရေး နယ်ပယ်တွင် တိုးတက်လာစေရန် ဝေဖန်မှု ရှုထောင့်များ၊ ခေတ်ပြိုင် အမေရိကန် လူမှု မီဒီယာများဖြင့် သင်ကြားရမှာဖြစ်ပါတယ်။ 🧑‍🏫
▪️ ပညာရပ် နယ်ပယ် တစ်ခုမက သော သီအိုရီ၊ သမိုင်းနှင့် စမ်းသပ်မှု များကို အဓိကထားသင်ကြားပေးပြီး သင်ရိုးညွှန်းတမ်းတွင် စီးပွားရေး၊ လူမှုရေး။ လူမှု ဗေဒနှင့် ပညာရှင်များ၏ သမိုင်းကြောင်းများကို လေ့လာမှာ ဖြစ်ပါတယ်။ 🙆‍♂️
▪️ Intakes တွေက Fall (Aug), Spring (Jan) တွင် ရွေးချယ်တက်ရောက်နိုင်ပြီး Application Deadline ကတော့ Fall (Aug): 15 Mar, Spring (Jan): 01 Nov ဖြစ်ပါတယ်။ 👨‍🎓👩‍🎓
▪️ Tuition Fees- $16320 တစ်နှစ်လျှင်ကျသင့်ပြီး ၄၈ လကြာတက်ရောက် ရမှာဖြစ်ပါတယ်။ 💵
▪️Entry requirement – GPA: 3.0 လိုအပ်ပြီး English Proficiency အနေဖြင့်
📌IELTS – Overall6
📌TOEFL iBT – Overall61
📌ACT -Score22
📌SAT -Score1000
▪️ Course နှင့် ပတ်သက်၍ အသေးစိတ်ကို အောက်ပါ Link တွင် ကြည့်ရှုနိုင်ပါတယ်။ 🔽

#LetsPlanYourCareerTogether#StudyInUSA

#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

August 6, 2021

ဒီတစ်ခါပြောပြပေးမဲ့ Scholarship Program လေးကတော့ INTO & University of Stirling ကနေပေးအပ်ချီးမြှင့်သွားမှာပဲဖြစ်ပါတယ်။

University of Stirling ကတော့ UK နိုင်ငံရဲ့အေကောင်းဆုံးတက္ကသိုလ်တွေမှာ #ranked30 ရရှိထားပြီး ကျောင်းသား၊ကျောင်းသူတွေ စိတ်ကျေနပ်မှုအရှိဆုံး UK တက္ကသိုလ်စာရင်းမှာတော့ #ranked20 ရရှိထားတဲ့တက္ကသိုလ်တစ်ခုပဲဖြစ်ပါတယ်။ ဒါ့အပြင် သင်ကြားရေး၊ အလုပ်အကိုင်ရရှိနိုင်မှု၊ နိုင်ငံတကာဆက်ဆံရေးနဲ့ အထောက်အကူပြုပစ္စည်းပြည့်စုံမှုများကြောင့် QS Ranking မှာ 5 Stars ရရှိထားပါသေးတယ်။

Scholarship အတွက် ရွေးချယ်ခံရတဲ့ကျောင်းသား၊ ကျောင်းသူတွေကတော့ ပထမနှစ်အတွက် tuition fees £4,000 ကိုရရှိမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် undergraduate ကျောင်းသား၊ ကျောင်းသူတွေဆိုရင်တော့ နှစ်တိုင်း £2,000 စီထပ်ပြီးရရှိမှာပဲဖြစ်ပါတယ်။

ဒီ scholarship က မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံက ကျောင်းသူ၊ ကျောင်းသားတွေကို အဓိကထားပေးတဲ့ scholarship ဖြစ်တဲ့အတွက်ကြောင့် ကိုယ့်အတွက်အခွင့်အရေးတွေအများရှိတဲ့ scholarship တစ်ခုပဲဖြစ်ပါတယ်။ အဲ့အတွက်ကြောင့် EEVS ကိုအမြန်ဆုံးဆက်သွယ်ပြီး scholarship ကိုအရယူလိုက်ရအောင်။

#LetsPlanYourCareerTogether#StudyInUK#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

July 17, 2021

📣သင့်ရဲ့ ပညာရေးအိမ်မက်ကို US, UK, Australia နိုင်ငံတွေရှိ ထိပ်တန်းတက္ကသိုလ်တွေမှာအကောင်အထည်ဖော်ချင်သူတစ်ဦးလား?

ဒါဆိုရင်တော့ အခုမိတ်ဆက်ပေးမယ့် Kaplan International Pathways Programs တွေက သင့်အတွက်ပဲဖြစ်ပါတယ်။

Kaplan International Pathway Programs တွေကတော့ Bachelor’s preparation(Foundation Certificate), Accelerated bachelor’s preparation (International Year One), Master’s preparationဖြစ်ပြီး မိမိရဲ့ ပညာရေးလိုအပ်ချက်အလိုက် ရွေးချယ်တက်ရောက်နိုင်မှာဖြစ်ပါတယ်။

Arizona State University, University of Connecticut, University of Liverpool, City, University of London, University of Newcastle, University of Adelaide အစရှိသော တက္ကသိုလ်များအပါအဝင် US, UK, Australia ရှိတက္ကသိုလ်ပေါင်း ၄၀ကျော်နှင့် ချိတ်ဆက်ထားပြီး Degree Program ပေါင်း ၄၁၀၀ကျော်ကို သင်ကြားပို့ချပေးနေပါတယ်။

Pathway program တွေ အတွက် တက်ရောက်နိုင်တဲ့ ဘာသာရပ်နယ်ပယ်တွေကတော့-
Art and Design
Business and Finance
Computing
Education
Engineering
Environmental and Agriculture
Hospitality and Tourism
Law
Marketing and Media
Science and Health
Social Sciences တို့ပဲဖြစ်ပါတယ်။

UK Foundation Program တက်ရောက်ရန်အတွက် လိုအပ်ချက်များမှာ-

ပညာရေး – အနည်းဆုံး ၁၁ နှစ်ပညာရေး
English language: UKVI IELTS 4.0 to 5.5 or accepted equivalent

Preparation course များသည် ၅လမှ ၁၅လအတွင်းကြာမြင့်နိုင်ပါတယ်။ သင်တန်းအချိန်ကာလသည် ကျောင်းသား၏ လိုအပ်ချက်နှင့် English level ပေါ်မူတည်ပြီး အမျိုးမျိုးကြာမြင့်နိုင်ပါတယ်။

US Foundation Program တက်ရောက်ရန်အတွက် လိုအပ်ချက်များမှာ-

အထက်တန်းအဆင့်ပြီးမြောက်ရမည်ဖြစ်ပြီး အနည်းဆုံး GPA 2.00 to 2.75 အထိရှိဖို့လိုအပ်ပါတယ်။
English language: minimum TOEFL 55 to 74

Preparation course များသည် ကျောင်းသား၏ လိုအပ်ချက်နှင့် English level ပေါ်မူတည်ပြီး
၄လမှ ၁၂လအတွင်းကြာမြင့်နိုင်ပါတယ်။

Australia Foundation Program တက်ရောက်ရန်အတွက် လိုအပ်ချက်များမှာ-

အထက်တန်းအဆင့်ပြီးမြောက်ရမည်ဖြစ်ပြီး IELTS 5.5 အထိရှိဖို့လိုအပ်ပါတယ်။Preparation course များသည် ၈လမှ ၁၀လအတွင်းကြာမြင့်နိုင်ပါတယ်။

သင့်ရဲ့ နိုင်ငံတကာ ပညာရေးအိမ်မက်တွေ အကောင်အထည်ဖော်နိုင်ဖို့အတွက်ဆိုရင်
EEVS မှာ အမြန်ဆုံးလာရောက်ဆက်သွယ်စုံစမ်းလိုက်တော့နော်။

#LetsPlanYourCareerTogether#StudyInUK#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

 

July 15, 2021

EEVS မှ ဒီတစ်ခါပြောပြပေးချင်တာကတော့ UKမှာ ပညာသင်ကြားတာနဲ့ ပတ်သက်ပြီး နိုင်ငံတကာကျောင်းသားတွေ အမေးများလေ့ရှိတဲ့အကြောင်းအရာလေးတွေပဲဖြစ်ပါတယ်။

UK ပညာရေးက ဘယ်ဘာသာရပ်နယ်ပယ်တွေအတွက် ဦးဆောင်နေသလဲ?

UK ပညာရေးသည် Engineering, science, art & design, business & management, law and finance စတဲ့ ဘာသာရပ်နယ်ပယ်များစွာအတွက် ထိပ်တန်းကရပ်တည်လျက်ရှိပါတယ်။ 

UK Qualifications တွေကို တစ်ကမ္ဘာလုံးက အသိအမှတ်ပြုလား?

UK တက္ကသိုလ်များမှ Degree များကို  ကမ္ဘာတစ်ဝှမ်းက အသိအမှတ်ပြုထားပြီး အရည်အသွေးမြင့် ပညာရေးကြောင့် ကျော်ကြားလှပါတယ်။

UK တက္ကသိုလ်တွေက ဘယ်လိုမျိုး English Test တွေကို လက်ခံပေးပါသလဲ?

IELTS ကို UK မှာရှိတဲ့ တက္ကသိုလ်အဖွဲ့အစည်းအားလုံးနီးပါးက လက်ခံကြပါတယ်။ 98% သောတက္ကသိုလ်များသည်လည်း TOEFL နှင့် PTE Academic Test ကိုလက်ခံပေးပါတယ်။Score သတ်မှတ်ချက်တွေကတော့ မိမိလျှောက်ချင်တဲ့ ကျောင်းအပေါ်မူတည်ပြီး အနည်းငယ် ကွဲပြားနိုင်ပါတယ်။

နိုင်ငံတကာကျောင်းသားများအနေဖြင့် UK မှာကျောင်းတက်နေစဉ်ကာလအတွင်း အလုပ်လုပ်လို့ရပါသလား?

ကျောင်းတက်နေစဉ်ကာလအတွင်း တစ်ပတ်ကို နာရီ၂၀ part-time လုပ်ကိုင်နိုင်ပြီး ကျောင်းပိတ်နေတဲ့အချိန်တွေမှာ အချိန်ပြည့်လုပ်ကိုင်နိုင်ပါတယ်။

နိုင်ငံတကာကျောင်းသားတွေအတွက် UK မှာပညာသင်ယူမယ်ဆို ဘယ်လောက်ကုန်ကျနိုင်လဲ?

နိုင်ငံတကာကျောင်းသားတွေအတွက်Undergraduate Program များတက်ရောက်လျှင် £10,000 မှ £38,000 အတွင်းကုန်ကျနိုင်ပြီး  medical degrees များတက်ရောက်မည်ဆိုပါကပိုမိုကုန်ကျစရိတ်များနိုင်ပါတယ်။ Postgraduate Program များအတွက် £30,000 မှ £50,000 အတွင်းကုန်ကျနိုင်ပါတယ်။s Business, Engineering , Computer Science ဘာသာရပ်များသည် Journalism , Humanities စတဲ့ဘာသာရပ်တွေထက် အနည်းငယ်ပိုကုန်ကျနိုင်ပါတယ်။

နိုင်ငံတကာကျောင်းသားတွေအတွက် Scholarships အခွင့်အရေးတွေရှိလား?

UK အစိုးရ၊ ပညာရေးအဖွဲ့အစည်းများ၊ public နှင့် private organization များမှ နိုင်ငံတကာကျောင်းသားများအတွက် scholarships, grants,  bursaries အမျိုးအစားများစွာပေးလျက်ရှိပါတယ်။ နိုင်ငံတကာကျောင်းသားများအတွက် ပေးအပ်လေ့ရှိသော Scholarships အများစုမှာ-

Chevening Commonwealth Scholarships

Fulbright Foreign Student Program

Edinburgh Global Research Scholarships အစရှိတာတွေပဲဖြစ်ပါတယ်။

 

#LetsPlanYourCareerTogether#StudyInUK#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

July 15, 2021

UK နိုင်ငံမှာ သွားရောက်ပညာသင်ကြားမည့် နိုင်ငံတကာကျောင်းသားတွေ အတွက်UK မှာ အသုံးများသော application များအကြောင်းကို ပြောပြပေးချင်ပါတယ်။

Stint

UK မှာရှိတဲ့ နိုင်ငံတကာကျောင်းသားတွေ part-time jobs တွေရှာတဲ့အခါ အသုံးဝင်တဲ့ app ဖြစ်ပါတယ်။ Stint သည် အလုပ်ရှာဖွေတဲ့ app တစ်ခုဖြစ်ရုံသာမကပဲ မိမိ study schedule နှင့် အားလပ်ချိန်များအပေါ်မူတည်ပြီး အချိန်ပိုင်းအလုပ်များကိုရှာဖွေနိုင်မှာပါ။ Stint တွင်  retailersများစွာရှိပြီး     အချိန်ပိုင်းအလုပ်ခေါ်စာများကို မကြာခဏ ကြေညာသော စီးပွားရေးလုပ်ငန်းများစွာရှိပါတယ်။ ကျောင်းသားများသည် app တွင် အသေးစိတ်အချက်အလက်များကိုဖြည့်စွက်ပြီး မိမိနှင့် ကိုက်ညီမည့် အလုပ်အကိုင်များကိုစတင်ရှာဖွေနိုင်ပါတယ်။

University App

UK ရှိတက္ကသိုလ်အများစုတွင်ကိုယ်ပိုင် mobile app ရှိပါတယ်။ UK မှာပညာသင်ဖို့သွားတဲ့အခါ မဖြစ်မနေ download လုပ်ဖို့လိုအပ်တာကတော့ မိမိတက်ရောက်နေတဲ့ တက္ကသိုလ်က app ဖြစ်ပါတယ်။ပုံမှန်တက္ကသိုလ် app တွင်အီးမေးလ်၊ ဘာသာရပ်အချိန်ဇယား၊ ဟောပြောပွဲမှတ်စုများ၊တက္ကသိုလ်ရှိဖြစ်ရပ်များနှင့်ပတ်သက်သောအသိပေးချက်များနှင့်  campus mapများပါဝင်မှာဖြစ်ပါတယ်။

Too Good To Go

UK စားသောက်ဆိုင်တွေမှာ အစားအစာတွေပိုလျံပြီးကျန်နေတာနဲ့ ပတ်သက်ရင် တင်းကြပ်တဲ့ ဥပဒေတွေရှိပါတယ်။ မရောင်းရတဲ့ အစားအစာတွေကို ဆိုင်ပိတ်ချိန်မှာ စနစ်တကျစွန့်ပစ်ရပါတယ်။Too Good To Go ဆိုတာကတော့ တစ်နေ့တာအတွက်ပိုလျံနေတဲ့အစားအစာတွေကို ဈေးသက်သက်သာသာနဲ့ ရောင်းချပေးမယ့် restaurant တွေကို user တွေနဲ့ချိတ်ဆက်ပေးတာပဲဖြစ်ပါတယ်။ဒီ app သုံးပြီး အစားအသောက်ကောင်းကောင်းတွေကို ကုန်ကျစရိတ်သက်သာစွာဝယ်ယူနိုင်မှာဖြစ်ပါတယ်။

Trainline

UK မှာပညာသင်နေတဲ့ ကာလအတွင်းမှာ tourist attractionနေရာတွေကို သွားရောက်လည်ပတ်တဲ့အခါ ရထားစီးပြီးလည်ပတ်တာကလည်း အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။Trainline  app တွင် UK နှင့်ဥရောပတစ်ခွင်ရှိ ရထားလတ်မှတ်တွေကို ဈေးနှုန်းချိုသာစွာဖြင့် booking တင်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ ရထားအခြေအနေကို တိုက်ရိုက် ကြည့်ရှုနိုင်ပြီး ရထားအချိန်ဇယားများကိုစစ်ဆေးနိုင်သလို ရထားခရီးစဉ်များတွင်ငွေစုရန် SplitSave ကိုသုံးနိုင်ပါတယ်။

RefME

UK တက္ကသိုလ်တွေ မှာ ပညာရေးနဲ့ ပတ်သက်ပြီး စည်းကမ်းတင်းကြပ်ပါတယ်။coursework အဖြစ်တင်သွင်းရတဲ့ Essay နဲ့ စာတမ်းတစ်စောင်ချင်းစီမှာ ရည်ညွှန်းစာအုပ်မှအကြောင်းအရာများကိုဖော်ပြရန် (သို့) ထည့်သွင်းရန်အတွက်သင့်လျော်သောအညွှန်းများအမြဲတမ်းပါဖို့လိုပါတယ်။RefME app ကဒါနဲ့ပတ်သက်ပြီး ကူညီနိုင်ပါတယ်။ RefME ကိုသုံးပြီး reference book တွေမှာရှိတဲ့ barcode တွေကို scan ပြီး တက္ကသိုလ်မှသတ်မှတ်ထားတဲ့ ပုံစံအတိုင်းထည့်သွင်းနိုင်ပါတယ်။ RefME သုံး၍ ဖတ်စာအုပ်များ၏ဓာတ်ပုံများကိုရိုက်ကူးပြီးစာသားကို  digital format အဖြစ်ပြောင်းနိုင်ပါတယ်။

#LetsPlanYourCareerTogether#StudyInUK#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

 

 

July 15, 2021

EEVS မှဒီတစ်ခါပြောပြပေးချင်တာကတော့ UK နိုင်ငံမှာ ပညာသင်ယူလိုတဲ့ ကျောင်းသားတွေအနေနဲ့  UK မှာ Part-Time Jobs လုပ်ကိုင်တာနဲ့ပတ်သက်ပြီး သိထားသင့်တဲ့ အကြောင်းအရာတွေပဲဖြစ်ပါတယ်။ 

နိုင်ငံတကာကျောင်းသားများကြား Part-Time Jobs လုပ်ကိုင်လာတာတွေက ပိုမိုရေပန်းစားလာပါတယ်။ အပိုငွေရှာဖို့တစ်ခုတည်းအတွက်သာမက အလုပ်အတွေ့အကြုံတွေရရှိဖို့အတွက်ပါ Part-Time Jobs တွေလုပ်ကိုင်လာကြပါတယ်။ ကဲ ဒါဆို UK မှာ Part-Time Jobs လုပ်တာနဲ့ ပတ်သက်ပြီး သိချင်ရင်တော့ ပို့စ်လေးကို အဆုံးထိဖတ်ကြည့်နော်။

UK အစိုးရသည် နိုင်ငံတကာကျောင်းသားများအတွက် အလုပ်အကိုင်နှင့် လုပ်ခလစာနှင့် ပတ်သက်သည့် ညွှန်ကြားချက်များကို ရှင်းလင်းစွာချမှတ်ထားပါတယ်။ ကျောင်းသားများအနေဖြင့် ထို ညွှန်ကြားချက်များကို လိုက်နာရမည်ဖြစ်ပြီး ကန့်သတ်ထားတဲ့ အလုပ်တွေကို မလုပ်ဖို့လည်း သတိပြုရပါမယ်။

တက္ကသိုလ်များတွင် Full Time ပညာသင်ကြားရန်စာရင်းသွင်းထားသည့်ကျောင်းသားများသည်တစ်ပတ်လျှင်နာရီ ၂၀ အလုပ်လုပ်ခွင့်ရှိပါတယ်။

Degree Program များအပြင် အခြား Program များတွင် စာရင်းသွင်းထားသည့်ကျောင်းသားများသည်တစ်ပတ်လျှင် ၁၀ နာရီအလုပ်လုပ်ခွင့်ရှိပါတယ်။

UK ရှိနိုင်ငံတကာကျောင်းသားတွေအနေနဲ့ Part-Time Jobs  တွေဘယ်လိုရှာနိုင်လဲ?

Local newspaper တွေက အလုပ်ခေါ်စာတွေ

Online Job Portal တွေ 

တက္ကသိုလ်မှာရှိတဲ့ Career Team တွေမှာ guideline တွေရယူနိုင်ပါတယ်။

On-Campus Part Time Job တွေကတော့ ကောလိပ်ကျောင်းအတွင်းတွင်အားလပ်ချိန်များတွင်အလုပ်လုပ်နိုင်ပြီးအပို ဝင်ငွေများရရှိနိုင်တာကြောင့် နိုင်ငံတကာကျောင်းသားတွေအတွက် အကောင်းဆုံးဖြစ်ပါတယ်။

On-campus jobs အများစုကတော့ libraries, bookstores, laboratories, computer labs,  gym, receptions, cafeteria, campus guide အစရှိတာတွေမှာလုပ်ကိုင်ရတာဖြစ်ပါတယ်။ ကျောင်းတက်နေစဉ်ကာလမှာ တစ်ပတ်ကိုနာရီ ၂၀ အလုပ်လုပ်နိုင်ပြီး ကျောင်းပိတ်တဲ့ကာလတွေမှာ  တစ်ပတ်ကိုနာရီ ၄၀ အလုပ်လုပ်နိုင်ပါတယ်။

Off-Campus Part-Time Jobs  တွေကတော့ အလုပ်အခွင့်အလမ်းရှာဖွေရတာ ပိုမိုလွယ်ကူတာကြောင့် ကျောင်းသားအများစုလုပ်ကိုင်လျက်ရှိပါတယ်။ Off-Campus Jobs အများစုကတော့ delivery boy, cashier, bookstore helper, grocery store helper, data entry operator, waiters/waitresses, call centres executive, swimming pool maintenance အစရှိတာတွေပဲဖြစ်ပါတယ်။

Job roles တွေအလိုက်  တစ်နာရီလျှင် ရရှိနိုင်တဲ့ လုပ်ခလစာများမှာ- 

Helper at Retailer Shop – 8 to 9 Pound

Cashier – 8 to 10 Pound 

Delivery Boy – 4 to 6 Pound per delivery 

Clerk – 12 to 14 Pound

Library Assistant – 10 to 12 Pound

Waiters/waitresses -18 to 10 Pounds 

 

#LetsPlanYourCareerTogether#StudyInUK#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar