fbpx
July 5, 2021
  1. သင်ဟာ UK မှာရှိတဲ့ ထိပ်တန်းတက္ကသိုလ်တွေမှာ ကျောင်းသွားတက်ချင်သူတစ်ဦးလား

    ဒါဆိုရင်တော့ အခုမိတ်ဆက်ပေးမယ့် UK နိုင်ငံရှိ INTO UEA မှဖွင့်လှစ်ပေးထားတဲ့ Newton A level Programme ကသင့်အတွက်ပဲဖြစ်ပါတယ်။

    INTO UEA ဆိုတာက INTO University နှင့် University of East Anglia တို့ပူးပေါင်းပြီး ထိပ်တန်းတက္ကသိုလ်များကို တက်ရောက်လိုသော နိုင်ငံတကာကျောင်းသားများအတွက် preparation courses များနှင့် English language programmes များကို သင်ကြားပေးတာဖြစ်ပါတယ်။

    ဒါဆိုရင် Newton A level Programme ကရောဘာလဲ? ဘယ်လိုလူမျိုးတွေ တက်ရောက်သင့်လဲ?

    Newton A level Programme ဆိုတာကတော့ သိပ္ပံနှင့်ဆေးပညာ၊ အင်ဂျင်နီယာနှင့်သင်္ချာ၊ စိတ်ပညာနှင့်ဘောဂဗေဒဘာသာရပ်များကို A level အဆင့်သတ်မှတ်သင်ကြားပေးတာဖြစ်ပါတယ်။ UK နိုင်ငံမှာရှိတဲ့ High Ranking University တွေကို တိုက်ရိုက် တက်ရောက်နိုင်ဖို့အတွက် A-level Programme တွေကို မဖြစ်မနေ တက်ရောက်ဖို့လိုအပ်ပါတယ်။UK မှာရှိတဲ့ ထိပ်တန်း တက္ကသိုလ်တွေမှာ Medicine, Science, Engineering နဲ့ Law ဘာသာရပ်တွေကို တက်ရောက်လိုသူတွေအတွက် ဒီ Program ဟာအသင့်တော်ဆုံး preparation program ပဲဖြစ်ပါတယ်။

    Cambridge Assessment International Education (CAIE) A levels များကို နိုင်ငံတကာမှာရှိတဲ့ တက္ကသိုလ်များက အသိအမှတ်ပြုထားပြီး UK ရှိ ထိပ်တန်းတက္ကသိုလ်များဖြစ်သော Cambridge, Imperial, London School of Economics and Political Science (LSE), University College London (UCL) နှင့် medical schools များတွင် တက်ရောက်နိုင်မှာဖြစ်ပါတယ်။

    တက်ရောက်နိုင်တဲ့ Program တွေအမျိုးမျိုးရှိပြီး မိမိနဲ့အဆင်ပြေတဲ့ Program တွေကို ရွေးချယ်
    တက်ရောက်နိုင်ပါတယ်။ Program များမှာ-

    A-level Economics, Business and Actuarial Science
    A-level Engineering and Mathematics
    A-level Science and Medicine

    Course length: 5 – 6 Terms ကြာမြင့်ပြီး Intake Season များမှာ- 2021: September, 2022: January, September, 2023: January တို့ဖြစ်ပါတယ်။

    Fees – £43,545

    တက်ရောက်လိုသော ကျောင်းသားများအတွက် လိုအပ်သော အရည်အချင်းသတ်မှတ်ချက်များမှာ-

    IELTS 5.0 (with a minimum of 5.0 in all subskills) or equivalent

    အထက်တန်းပညာရေးပြီးမြောက်ထားရမည်

    အနည်းဆုံး GCSE grade 6 / B or above

    ကျောင်းတက်နေစဉ်ကာလများအတွင်းမှာလည်း အလုပ်အကိုင်အခွင့်အလမ်းတွေ၊ပညာရေး လေ့လာရေးခရီးစဉ်တွေ၊ ပညာရပ်ဆိုင်ရာပြိုင်ပွဲတွေနဲ့ စီမံကိန်း ရေးဆွဲနိုင်တဲ့ အခွင့်အလမ်းတွေ အစရှိတဲ့ အတွေ့အကြုံတွေကို ရရှိနိုင်မှာဖြစ်ပါတယ်။

    Newton Programme သည် UK တွင် university campus ဖြင့်သင်ကြားပေးသည့် တစ်ခုတည်းသော A Level programme ဖြစ်ပြီး 2018 ခုနှစ်အတွက် A2 Level Grade A* ရရှိထားသူ 91% ရှိပါတယ်။INTO UEA Newton Programme ပြီးမြောက်သူတွေက ဆေးကျောင်းလျှောက်ထားမှုတွေမှာလည်း အောင်မြင်မှုနှုန်းက 92% အထိရှိပါတယ်။

    ဒါဆိုရင်တော့ UK မှာရှိတဲ့ ထိပ်တန်းတက္ကသိုလ်တွေကို တက်ရောက်ဖို့ စိတ်အားထက်သန်ပြီး
    Newton A level Programme မှာ ဘယ် Program တွေကို တက်ရောက်ရမလဲ ရွေးချယ်ရ
    ခက်နေတယ်ဆိုရင်တော့ EEVS မှာ အမြန်ဆုံးလာရောက်ဆွေးနွေးလိုက်တော့နော်။

    #LetsPlanYourCareerTogether#StudyInUK#BestEducationConsultancyInYangon
    #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar


June 25, 2021

EEVSမှ Medical Week အတွက် ဒီနေ့မိတ်ဆက်ပေးချင်တဲ့ အကြောင်းအရာလေးကတော့ UK နိုင်ငံရှိ University of Glasgow မှ သင်ကြားပို့ချပေးနေတဲ့ Masters in Health Service Management Program ပဲဖြစ်ပါတယ်။ 

Masters in Health Service Management Program သည် ထိရောက်သော ခေါင်းဆောင်မှုစွမ်းရည်နှင့် စီမံခန့်ခွဲမှုစွမ်းရည်တို့ကို အသုံးချကာ အဆင့်မြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်အတွက် ရည်ရွယ်ထားပါတယ်။ 

Masters in Health Service Management Programကို Full-Time တစ်နှစ်တက်ရောက်ရမည်ဖြစ်ပြီး Intake Season မှာ September ဖြစ်ပါတယ်။

course structure မှာ- 

Compulsory courses – all completed in semester 1 

Introduction to Management and Leadership in Health Services 

Contemporary issues in Human Resource Management (Biotechnology)

Marketing Management  (Biotechnology)

Research Approaches in Healthcare 

Managing Strategic Change (Biotechnology)

ထို့အပြင် optional courses ၃ခုထပ်မံရွေးချယ်ရန် လိုအပ်ပါတယ်။ course အသေးစိတ်ကို https://www.gla.ac.uk/postgraduate/taught/healthservicemanagement/#tab=structureတွင်ကြည့်နိုင်ပါတယ်။ 

Academic supervisor များနှင့် external supervisor များဖြစ်သော NHS senior managersများ၏ ကြီးကြပ်မှုဖြင့် MSc Health Services Management Project (60 credits) အတွက် research project တင်ပေးရပါမည်။ 

International ကျောင်းသားများအတွက် Fees အချို့ကိုဖော်ပြပေးလိုက်ပါတယ်။ 

Full-time fee: £23000

Fee for re-assessment of a dissertation (PGT programme): £370

Submission of thesis after deadline lapsed: £350

Registration/exam only fee: £170

Masters in Health Service Management Program ကိုတက်ရောက်လိုသော နိုင်ငံတကာမှ ကျောင်းသားများအတွက် အရည်အချင်းသတ်မှတ်ချက်များမှာ- 

Medicine, dentistry, nursing or other healthcare professions, Health sciences including health service management, Social sciences စသောသက်ဆိုင်ရာ ဘာသာရပ်တစ်ခုခုတွင် degree ရရှိရမည်ဖြစ်ပြီး သက်ဆိုင်ရာလုပ်ငန်းခွင် အတွေ့အကြုံ၆လရှိရမည်။ 

First Degree သည်အထက်ပါ ဘာသာရပ်များအတွက် မရှိပါက  health service management နယ်ပယ်တွင် အနည်းဆုံးလုပ်သက်၂နှစ်ရှိရမည်။

IELTS-  6.5 with no sub-test under 6.0

TOEFL – 90 with minimum R 20, L 19, S 19, W 23. 

PTE (Academic) – 60 with minimum 59 in all sub-tests.

Duolingo – 120 with 120 in two or more sub-scores including literacy and no subscore below 110 for direct entry

Scholarships အမျိူးအစားများစွာပေးအပ်လျက်ရှိပြီး အသေးစိတ်ကို https://www.gla.ac.uk/scholarships/search/#/applicant,pg,890   တွင်ကြည့်နိုင်ပါတယ်။ 

Private healthcare sector, charity organisations, local and international pharmaceutical industry များတွင် Health service အတွက် management level တွေမှာဝင်ရောက်လုပ်ကိုင်လိုသူများအတွက် ဒီ Programက အသင့်လျော်ဆုံးပဲဖြစ်ပါတယ်။

 

#LetsPlanYourCareerTogether#StudyInUK#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

June 25, 2021

EEVS Medical Week အတွက် ယနေ့မိတ်ဆက်ပေးချင်တဲ့ အကြောင်းအရာလေးကတော့  UK ရှိ University of Lincoln မှ သင်ကြားပို့ချပေးနေတဲ့ BA (Hons) Applied Social Science program ပဲဖြစ်ပါတယ်။

 BA(Hons) Applied Social Science ဘာသာရပ်ကို University of Lincoln ၏ ကျောင်းဖြစ်သော School of Health and Social Care ၏ Brayford Pool campus တွင် တက်ရောက်ရမှာဖြစ်ပါတယ်။

 ၃ နှစ်တက်ရောက်ရမှာဖြစ်ပြီး Tuition fees-£14,400 per level  ကျသင့်မှာ ဖြစ်ပါတယ်။

၂၀၂၁ Intake အတွက် လက်ခံသော English test များမှာ IELTS, Duolingo, TOFEL IBT, PTE တို့ဖြစ်ပြီး အသေးစိတ်ကို https://www.lincoln.ac.uk/home/studywithus/internationalstudents/englishlanguagerequirementsandsupport/englishlanguagerequirements/ တွင် ကြည့်ရှုနိုင်ပါတယ်။ 

ပထမနှစ်တွင်  နိုင်ငံရေး ၊ လူမှု ဗေဒ၊ စိတ်ပညာ ၊ ဥပဒေ၊ အားကစား ၊ကျန်းမာရေး၊ ပညာရေးနှင့် လူမှု စောင့်ရှောက်ရေး များကို သင်ကြားရမှာဖြစ်ပါတယ်။ ဒုတိယနှစ် နှင့် တတိယနှစ်တွင် လူမှုရေးသိပ္ပံဆိုင်ရာ သုတေသနနည်းလမ်းများနှင့် အသက်မွေးဝမ်ကြောင်း စီမံကိန်းများကို သင်ကြားရပါတယ်။ 

နှစ်အလိုက် တက်ရောက်ရမည့် Module အချို့ကို ဖော်ပြပေးလိုက်ပါတယ်။

Year -1

  • Developing Individual in Society (Core)
  • Skills for Health and Social Care: for study and the workplace. (Core)
  • Social Issues and Social Justice (Core)
  • Human Bioscience (Option)
  • Legal Systems and Skills (Option) 

Year-2

  • Career Planning (Core)
  • Researching in Social Science (Core)
  • Debating Welfare States (Option)
  • Developmental Psychology (Option)
  • Human Rights Law in the UK (Option)

Year -3

  • Final Year Project (Core)
  • Work Opportunities Study (Core)
  • Analysing the Policy Process (Option)
  • Autistic Spectrum Disorders (Option)

ကျောင်းသားများအနေဖြင့် စာသင်နှစ်အတွင်း လက်တွေ့လုပ်ငန်း အတွေ့အကြုံ သုံးကြိမ်ရရှိမှာ ဖြစ်ပါတယ်။ Work Placement Year အနေဖြင့် ဒုတိယနှစ်နှင့် တတိယနှစ်တို့တွင် UK သို့မဟုတ် နိုင်ငံရပ်ခြားတွင် လက်တွေ့လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။ Placement Year ရွေးချယ်သော ကျောင်းသား၊သူများအနေဖြင့် tuition fees ထပ်ပေးစရာ မလိုသော်လည်း ခရီးစရိတ်၊ နေထိုင်စရိတ်နှင့် အခြားကုန်ကျစရိတ်တို့ကို ပေးချေရပါမယ်။ 

#LetsPlanYourCareerTogether#StudyInUK#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

June 25, 2021

EEVSမှ Medical Week အတွက် ဒီနေ့မိတ်ဆက်ပေးချင်တဲ့ အကြောင်းအရာလေးကတော့ UK နိုင်ငံရှိ University of Edinburgh မှသင်ကြားပို့ချပေးနေတဲ့ MSc Medicinal and Biological Chemistry Program ပဲဖြစ်ပါတယ်။ 

Medicinal and Biological Chemistry ဆိုသည်မှာ macromolecules မှ cellsများ၏ ဇီဝဗေဒဆိုင်ရာ တည်ဆောက်ပုံများ၊ ဓာတ်ခွဲခန်းရှိဆေးဝါးပစ္စည်းများဒီဇိုင်းနှင့်လက်တွေ့အခြေအနေများတွင် ၄င်းတို့၏လုပ်ဆောင်ချက်များကို လေ့လာရသော program ဖြစ်ပါတယ်။

Degree တွင်အဆင့်မြင့် lecture courses များဖြစ်သော Biological Chemistry, Biomacromolecules, Chemical Medicine, Biophysical Chemistry စသည်တို့ကိုလည်း ထည့်သွင်းသင်ကြားပေးပါတယ်။ 

Program ကိုတစ်နှစ် Full-Time တက်ရောက်ရမည်ဖြစ်ပြီး  Medicinal and biological chemistry နယ်ပယ်ရှိ ထိပ်တန်းသုတေသီများက သင်ခန်းစာများကို ပို့ချပေးမှာ ဖြစ်ပါတယ်။ 

ပို့ချချက်များနှင့်အတူ tutorial များပါစစ်ဆေးမည်ဖြစ်ပြီး မေလတွင်ပြုလုပ်မည့် coursework နှင့်စာမေးပွဲမှ ရမှတ်များဖြင့် အကဲဖြတ်မည်ဖြစ်သည်။ 

Professional chemists များနှင့်သုတေသနဖြစ်စဉ်များအတွက် အရေးကြီးသည့် skillများဖြစ်သော science communication, data handling, statistics စသည်တို့တွင် အတွေ့အကြုံရှိစေရန်အတွက် training များထည့်သွင်းပေးလျက်ရှိပါတယ်။ 

MSc Medicinal and Biological Chemistry Program ကိုတက်ရောက်လိုသော နိုင်ငံတကာမှ ကျောင်းသားများအတွက် အရည်အချင်းသတ်မှတ်ချက်များမှာ- 

Honours degree (သို့) international standard နှင့်အညီ ဓာတုဗေဒအစိတ်အပိုင်းနှင့်အနီးကပ်ဆက်နွယ်မှု ရှိရမည်။ 

Supporting reference များနှင့်အတူ သက်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံရှိရမည်။ 

IELTS Academic – total 6.5 with at least 6.0 in each component.

TOEFL-iBT (including Special Home Edition) –  total 92 with at least 20 in each section.

CAE and CPE: total 176 with at least 169 in each paper

Intake – September 

UK Government Funding များစွာပေးလျက်ရှိပြီး အသေးစိတ်ကို https://www.ed.ac.uk/student-funding/postgraduate/uk-eu/other-funding တွင်ကြည့်နိုင်ပါတယ်။ 

Career Opportunities များအနေဖြင့်လည်း  chemical and pharmaceutical industriesများတွင်သာမက academia, education, scientific publishing, research-support sector, consultancy စသောနယ်ပယ်များတွင်ပါ ဝင်ရောက်လုပ်ကိုင်နိုင်ပါတယ်။ 

#LetsPlanYourCareerTogether#StudyInUK#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

 

June 24, 2021

EEVSမှ Medical Week အတွက် ဒီနေ့မိတ်ဆက်ပေးချင်တဲ့ အကြောင်းအရာလေးကတော့  UK ရှိ The University of Manchester တွင် သင်ကြားပို့ချပေးနေတဲ့  MSc Clinical Dentistry (Paediatric Dentistry) program ပဲဖြစ်ပါတယ်။ 

The University of Manchester သည် UK နိုင်ငံတွင်း အကောင်းဆုံး တက္ကသိုလ်များတွင် နံပါတ် ၅ တွင်ရှိပြီး 2021 QS World University Ranking အရ ကမ္ဘာပေါ်ရှိ သွားဖက်ဆိုင်ရာ ဘာသာရပ်တွင် နံပါတ် ၃၁ တွင် ရပ်တည်လျက် ရှိပါတယ်။ 

MSc Clinical Dentistry (Paediatric Dentistry) သည် ကလေး  သွားဖက်ဆိုင်ရာနှင့် ဆေးကုသမှု နည်းပညာများကို အဓိက သင်ကြားပေးသော ဘာသာရပ်ဖြစ်ပါတယ်။ Tuition Fees မှာ တစ်နှစ်လျှင်  £47,000 ကျသင့်မှာဖြစ်ပြီး ၃၆ လ ကြာ တက်ရောက်ရပါမယ်။

English Proficiency အနေဖြင့် IELTS: Overall 6.5 (with no less than 6.0 in all components), TOEFL: 90(Minimum: Listening 20; Writing 20; Reading 20 and Speaking 20) လိုအပ်ပါတယ်။ 

သင်ကြားရာတွင်  Lectures, Seminars, Practical skill sessions, Online learning စသဖြင့် ကလေး သွားဖက်ဆိုင်ရာ Specialist အရည်အသွေးများကို ပို့ချပေးလျက်ရှိပါတယ်။ သွားဖက်ဆိုင်ရာ ထူးခြားချက်များ၊ အနာတရ နှင့် သွားပိုးစားခြင်း စသော ဆေးဝါးကုသမှု လက်တွေ့ နည်းများကို The University Dental Hospital of Manchester တွင် လက်တွေ့ သင်ယူနိုင်ပါတယ်။ 

သွားဖက်ဆိုင်ရာ ဗဟုသုတများဖြစ်သော အကိုက်အခဲပျောက်ဆေးသုံးထားသော လူနာကို ကုသပုံ၊ စိတ်ငြိမ်ဆေး နှင့် ထုံဆေးများ စသော သင်ကြားမှုများနှင့် အတွေး အခေါ်များကို လက်တွေ့အပြင် နှုတ်ဖြင့် ဆွေးနွေးခြင်းများကိုပါ သင်ကြားပေးပါတယ်။ နှစ်အလိုက် တက်ရောက်ရသော Course unit များမှာ-

Year 1

  • Research Methods
  • Biostatistics
  • Guidelines Development and Implementation
  • CPD
  • Clinical treatment and consultation sessions at University Dental Hospital of Manchester
  • Clinical Skills Teaching
  • Seminars
  • Research Project

Year 2

  • Continued Clinical Training
  • Seminars
  • Research Project

Year 3

  • Seminars
  • Continued Clinical Training
  • Research Project

အလုပ်အကိုင်အခွင့်အလမ်းအနေဖြင့် ပုဂ္ဂလိက သို့ သွားဖက်ဆိုင်ရာ ဆေးရုံများ၊ သုတေသနနှင့် သင်ကြားရေးပိုင်းများ ၊ သွားဖက်ဆိုင်ရာ ဆွေးနွေးပေးခြင်း  လုပ်ကိုင်နိုင်နိုင်ပါတယ်။ 

 

#LetsPlanYourCareerTogether#StudyInUK#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

June 24, 2021

EEVSမှ Medical Week အတွက် ဒီနေ့မိတ်ဆက်ပေးချင်တဲ့ အကြောင်းအရာလေးကတော့  အင်္ဂလန်နိုင်ငံရှိ University of Leicester မှသင်ကြားပို့ချပေးနေတဲ့ MSc in Healthcare Management program ပဲဖြစ်ပါတယ်။

MSc in Healthcare Management ဆိုတာကတော့ ကျန်းမာရေးစောင့်ရှောက်မှုနယ်ပယ်တွင် စီမံခန့်ခွဲမှုတာဝန်တွေကို ပြန်လည်အသုံးချနိုင်ရန်အတွက် သင်ကြားပေးတာဖြစ်ပါတယ်။

အရည်အသွေးမြင့်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနိုင်တဲ့ Healthcare Managers တွေ Clinical professionals တွေဖြစ်လာဖို့အတွက် Leadership, Strategy, Organisational behaviour and Accounting စတဲ့ဘာသာရပ်နယ်ပယ်တွေကိုပါ ထည့်သွင်းပေးထားပါတယ်။ 

MSc in Healthcare Management program ကို Full-Time ၁နှစ်တက်ရောက်ရမည်ဖြစ်ပြီး Intake Seasonမှာ September ဖြစ်ပါတယ်။ Course Structure မှာ-

Semester 1

Academic Skills and Practice

Organisational Behaviour

Business Economics

Accounting and Finance for Managers

Managing Clinical Professionals in Healthcare

Semester 2

Strategic Management

Foundations of Leadership

Leading, Managing and Organising Quality and Safety in Healthcare

Research Methods for Healthcare Managers

Seminars, lectures, group work, case study analysis, guided reading များဖြင့် သင်ကြားပေးမည်ဖြစ်ပြီး second semester တွင် moduleအများကို အချိန်တိုအတွင်းဆက်တိုက် သင်ကြားပေးပါမည်။ ကျောင်းသားများအတွက် လိုအပ်သည်များကို support လုပ်ပေးနိုင်ရန် personal tutor တစ်ဦးစီထားရှိပေးထားပါတယ်။

အကဲဖြတ်အမှတ်ပေးရာတွင် စာမေးပွဲအမှတ်သာမက assignmentsအမှတ်များပါ ထည့်တွက်မည်ဖြစ်ပြီး 15,000-word dissertation တစ်ခုပါတင်ပေးဖို့ လိုအပ်ပါတယ်။

နိုင်ငံတကာမှ ကျောင်းသားကျောင်းသူများအတွက် လိုအပ်သော အရည်အချင်း သတ်မှတ်ချက်များမှာ-

IELTS 6.5 or equivalent လိုအပ်ပြီး အသိအမှတ်ပြု တက္ကသိုလ်မှ medical degree ရရှိရမည် (သို့) 2.1 နှင့်အထက် ဆက်စပ် ဘာသာရပ်ဆိုင်ရာဘွဲ့ ရရှိထားရမည်။

 Total course fees မှာ  £19,760ကျသင့်မည်ဖြစ်ပြီး နိုင်ငံတကာကျောင်းသားများအတွက် Scholarships များကို နှစ်စဉ် £2,000 ပေးလေ့ရှိပါတယ်။

အသေးစိတ်ကို https://le.ac.uk/study/international-students/scholarships တွင်ကြည့်နိုင်ပါတယ်။ 

MSc in Healthcare Management ကိုတက်ရောက်ခြင်းအားဖြင့် Healthcare industry ၏ management, human resource development, leadership, strategy နယ်ပယ်များအတွက် စာတွေ့သာမက professional knowledge တွေပါရရှိမှာဖြစ်ပါတယ်။

Career opportunities များအနေဖြင့်လည်း National Health Service နှင့် Healthcare sector များတွင် management positionများဖြစ်သော Healthcare Department Manager, Healthcare Finance Manager, Quality and Improvement Manager, Healthcare Administrator, Physician Practice Manager စသော position များဖြင့်ဝင်ရောက်လုပ်ကိုင်နိုင်ပါတယ်။

Program Link-  https://le.ac.uk/courses/healthcare-management-msc/2021

 

#LetsPlanYourCareerTogether#StudyInUK#BestEducationConsultancyInYangon

 

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

 

June 24, 2021

EEVSမှ Medical Week အတွက် ဒီနေ့မိတ်ဆက်ပေးချင်တဲ့ အကြောင်းအရာလေးကတော့ အင်္ဂလန်နိုင်ငံရှိ University of Lincolnမှ သင်ကြားပို့ချပေးနေတဲ့ MSc by Research Pharmacy and Pharmaceutical Sciences Program ပဲဖြစ်ပါတယ်။

Pharmaceutical Sciences ဆိုတာကတော့ ကမ္ဘာပေါ်တွင် ရင်ဆိုင်နေရသောကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ စိန်ခေါ်မှုများစွာကိုဖြေရှင်းနိုင်ရန် စိတ်အားထက်သန်သောဆေးဝါးနှင့်ဆေးဝါးသိပ္ပံပညာရှင်များကို ပျိုးထောင်ပေးနေတဲ့  Programပဲဖြစ်ပါတယ်။

ဤ Program သည်  ကျောင်းသားများအား pharmacy, pharmaceutical နှင့် biotechnology လုပ်ငန်းများမှကျွမ်းကျင်သူများနှင့် ဆက်သွယ်နိုင်ခြင်းအပြင် ပြည်တွင်းနှင့်နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများ တိုးတက်စေရန်အခွင့်အလမ်းများပေးပါတယ်။

MSc by Research Pharmacy and Pharmaceutical Sciences Program ကို Full-Time ၁နှစ်တက်ရောက်ရမည်ဖြစ်ပြီး University of Lincoln လက်အောက်ရှိ The School of Pharmacy, Brayford Pool campus တွင်တက်ရောက်ရပါမည်။

Supervisor များနှင့်အပြန်အလှန်ဆွေးနွေးသင်ကြားရမည်ဖြစ်ပြီး postgraduate ကျောင်းသားများအနေနဲ့  သက်ဆိုင်ရာနယ်ပယ်ရှိ  scientific journals များကိုတင်ပြပေးရန်လိုအပ်ပါတယ်။

သုတေသနရှာဖွေတွေ့ရှိချက်များကို ပြည်တွင်းပြည်ပ conference များမှာ တင်ပြပေးရမည်ဖြစ်ပြီး internal research meetings များတွင်လည်း ပါဝင်ရပါမည်။

ဘွဲ့လွန်သုတေသနအစီအစဉ်များ၏ သဘောသဘာဝအရ အချိန်အများစုကို  independent study and research အတွက်ကုန်ဆုံးလေ့ရှိပါတယ်။

ကျောင်းသားများသည် သက်ဆိုင်ရာ supervisor များ နှင့်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရမည်ဖြစ်သော်လည်း တစ် ဦး ချင်းလိုအပ်ချက်များ၊ ဘာသာရပ်နယ်ပယ်၊ ဆရာများ၏ ရရှိနိုင်သောအချိန်၊ programme အဆင့်ပေါ်မူတည်ပြီး အကြိမ်ရေကွဲပြားနိုင်ပါတယ်။

School of Pharmacyမှ အဓိကထားသော သုတေသန နယ်ပယ်များမှာ-

Drug Discovery, Design, and Delivery

Clinical Pharmacy and Practice တို့ဖြစ်ပါတယ်။ 

MSc by Research တွင် course supervisor မှခွင့်ပြုထားသော ခေါင်းစဉ်ဖြင့် ပညာရပ်ဆိုင်ရာဝန်ထမ်းတစ်ဦး ၏ကြီးကြပ်မှုအောက်တွင်  thesis ရေးသားရမည်ဖြစ်ပြီး ကျောင်းသားများ၏  thesis အရည်အသွေးနှင့် ရွေးချယ်ထားသည့်သုတေသနခေါင်းစဉ်အားpresentation နှင့် viva defend လုပ်နိုင်ခြင်းအပေါ် အခြေခံ၍ အကဲဖြတ်အမှတ်ပေးပါမည်။

MSc by Research Pharmacy and Pharmaceutical Sciences Program ကိုတက်ရောက်လိုသော နိုင်ငံတကာမှ ကျောင်းသားများအတွက် အရည်အချင်းသတ်မှတ်ချက်များမှာ-

အသိအမှတ်ပြု တက္ကသိုလ်မှ ဆေးဖက်ဆိုင်ရာ (သို့) ဆက်စပ်ဘာသာရပ်တွင်  honours degree (သို့) Masters ရရှိထားသူဖြစ်ရမည်။

IELTS 6.0 overall, with a minimum of 5.5 in each element ရှိရမည်။ 

Career opportunities များအနေဖြင့်လည်း pharmaceutical, cosmetics, food industries များတွင်သုတေသနပညာရှင်များအဖြစ် ဝင်ရောက်လုပ်ကိုင်နိုင်သလို ပညာရပ်ဆိုင်ရာသုတေသနရာထူးများနှင့်လည်း လုပ်ကိုင်နိုင်ပါတယ်။

Program Link- Pharmacy and Pharmaceutical Sciences | MSc by Research | University of Lincoln

#LetsPlanYourCareerTogether#StudyInUK#BestEducationConsultancyInYangon

 

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

 

June 24, 2021

EEVSမှ Medical Week အတွက် ဒီနေ့မိတ်ဆက်ပေးချင်တဲ့ အကြောင်းအရာလေးကတော့  အင်္ဂလန်နိုင်ငံ Plymouth မြို့ရှိUniversity of Plymouth တွင် သင်ကြားပို့ချပေးနေတဲ့ BSc (Hons) Psychology program ပဲဖြစ်ပါတယ်။

University of Plymouth ၏  Psychology ဘာသာရပ်သည် 2020 Times Higher Young University စံနှုန်းအရ UK နိုင်ငံတွင်း ထိပ်တန်း ဘာသာရပ် ၁၀ ခု တွင် ပါဝင်ပြီး National Student Survey 2020 အရ ထိပ်တန်း ဘာသာရပ် ၂၀ တွင် ပါဝင်ပါတယ်။ ထို့ပြင် Plymouth University မှ ဘာသာရပ်များသည် British Psychological Society ၏ အသိအမှတ်ပြု ခံရပါတယ်။

Plymouth University ၏ BSc (Hons) Psychology ပရိုဂရမ်သည် Placement year အပါအဝင် ၄ နှစ် တက်ရောက်ရမှာဖြစ်ပြီး  Tuition fees မှာ တစ်နှစ်လျှင် £14,200 ကျသင့်မှာဖြစ်ပါတယ်။  

ပထမနှစ်တွင် Psychological science, Debates in Psychology, Relationships, Connecting Psychology သင်ကြားရမှာဖြစ်ပါတယ်။ ဒုတိယနှစ်တွင် သုတေသနနှင့် လက်တွေ့သင်ကြားမှုများဖြစ်သော Individual Differences, Social and Developmental Psychology, Health and Wellbeing, Applied Psychology စသော ဘာသာရပ်များကို တက်ရောက်ရပါမယ်။ တတိယနှစ်တွင် Placement:Psychology ကို ၃၆ ပတ် သင်ယူရမှာဖြစ်ပြီး နောက်ဆုံးနှစ်တွင် Career Planning, Research Project အစရှိသည်တို့ကို သင်ယူရမှာ ဖြစ်ပါတယ်။ 

Plymouth University psychology  ဘာသာရပ်အပါအဝင် Undergraduate ဘာသာရပ်အချို့အတွက် International Student Scholarship_£2000 (year one) တွက် ပေးအပ်ထားပါတယ်။

https://www.plymouth.ac.uk/study/fees/scholarships-bursaries-and-funding/undergraduate-international-scholarships

 Plymouth University တွင် BSc (Hons) Psychology ဘာသာရပ်နှင့် ဘွဲ့ရပြီးနောက် လုပ်ကိုင်နိုင်သော position များမှာ- 

  • Support Manager
  • Clinical Researcher
  • Research Assistant
  • Assistant Ecologist
  • Assistant Clinical Psychologist
  • Eating Disorders Clinician
  • Trainee Psychological Wellbeing Practitioner
  • Teaching And Research Associate
  • Discharge Facilitator
  • Offending Behaviour Programme Facilitator
  • Personal Advisor For Looked After Children
  • Illustrator
  • Accounts Executive
  • Marketing Executive
  • Development Officer
  • Outreach Officer

Course details-https://www.plymouth.ac.uk/courses/undergraduate/bsc-psychologybsc-psychology

#LetsPlanYourCareerTogether#StudyInUK#BestEducationConsultancyInYangon

 

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

June 18, 2021

ဒီနေ့မိတ်ဆက်ပေးချင်တဲ့ program လေးကတော့  England နိုင်ငံရှိ University of the West of England – UWE Bristol မှ သင်ကြားပို့ချပေးနေတဲ့ BA(Hons) Fashion Communication program ပဲဖြစ်ပါတယ်။ 

Fashion Communication ဆိုတာဘယ်လိုဘာသာရပ်မျိုးလဲ? 

Fashion Business နဲ့ပတ်သက်သည့်  communications knowledge နှင့် verbal, written, visual skills တွေကို သင်ကြားပေးသည့်အပြင် advertising, public relations, fashion journalism, visual merchandising, styling, photography, display, creative writing အစရှိသော ဘာသာရပ်များကိုပါ သင်ကြားပေးပါတယ်။

Fashion Communication ကို ဘာကြောင့်သင်ယူသင့်သလဲ? 

UK နိုင်ငံရှိ Fashion Industry တွင်ဝင်ရောက်လုပ်ကိုင်နေသူ 400,000 ကျော်အထိရှိလာပြီး Fashion Brands များအနေဖြင့် global audiences များကို မတူညီတဲ့ platformတွေကတစ်ဆင့် engage လုပ်နိုင်ရန်အတွက် contemporary culture နှင့် fashion ကို အပြည့်အဝနားလည်သော professional များစွာကို လိုအပ်လျက်ရှိပါတယ်။ Fashion Industry ထဲမှာ career ကိုစတင်နိုင်ရုံသာမကပဲ  မိမိမှာရှိတဲ့ Fashion အမြင်နှင့်technology trends များကိုပေါင်းစပ်ပြီး  fashion film and photography, marketing, advertising နှင့် event management စတဲ့ fashion နဲ့ ဆက်စပ်တဲ့ sector တွေမှာပါ ဝင်ရောက်လုပ်ကိုင်နိုင်ပါတယ်။ 

BA(Hons) Fashion Communication programတွင် သင်ယူရမည့် modules များမှာ- 

Year one

Introduction to Fashion Communication

Exploring Practice in Fashion Communication

Professional Practice and Work Experience in Fashion Communication 1

Critical Perspectives

Year two

Developing Practice in Fashion Communication

Creative Analysis

Plus, optional modules (the number depending on your credit requirements) from

Developing Practice in Fashion Communication 2

International Exchange

Professional Practice

Negotiated Presentation 2

Professional Practice and Work Experience in Fashion Communication 2 or Collaborate.

Final year

Preparation for Extended Study in Fashion Communication

Extended Study in Fashion Communication

Professional Practice and Work Experience in Fashion Communication 3

Independent Research Project.

Full-Time (သို့) Part-Time တက်ရောက်နိုင်ပြီး duration မှာ Full-Time အတွက် စာသင်နှစ် သုံးနှစ်၊Part-Time အတွက် စာသင်နှစ် ခြောက်နှစ် ဖြစ်ပါတယ်။ အထက်ပါ course structure မှာ Full-Time ကျောင်းသားများအတွက်သာဖြစ်ပြီး Part-Time ကျောင်းသားများအတွက် modules တူသော်လည်း  course structure အပြောင်းအလဲရှိနိုင်ပါတယ်။ 

Academic knowledge သာမက Practical Insight များရရှိစေရန်အတွက်  lectures များအပြင် seminars, technical workshops, tutorials, presentations, critiques နှင့်external visitsများပါ စီစဉ်ပေးထားပါတယ်။ Final Year တွင်လည်း  Creative Industries Degree Show များ exhibitionsများတွင် potential employers များနှင့်ချိတ်ဆက်နိုင်ပါတယ်။ 

ကုန်ကျစရိတ်အချို့ကို ဖော်ပြပေးလိုက်ပါတယ်။ 

For Full-Time Course

International Annual (Per Year) Fee – £13500

International Module Fee (15 Credit) – £1688

For Part-Time Course 

Home Module Fee (15 Credit) – £1156

Offshore Module Fee (15 Credit) – £1156

အသေးစိတ်ကို ဒီလင့်ခ် https://courses.uwe.ac.uk/W2P2/fashion-communication# တွင်ကြည့်နိုင်ပါတယ်။ 

BA(Hons) Fashion Communication programသို့ တက်ရောက်လိုသော နိုင်ငံတကာမှ ကျောင်းသားများအတွက် လိုအပ်သောသတ်မှတ်ချက်များမှာ- 

Tariff points: 112

GCSE: Grade C/4 in English Literature or Language, or equivalent

IELTS (Academic) score of 6.0 with 5.5 in each component (or approved equivalent*)

A-level subjects: No specific subjects required.

EDEXCEL (BTEC) Diploma: No specific subjects required.

Access: No specific subjects required.

Baccalaureate IB: No specific subjects required.

Entry year – 2021/22 ဖြစ်ပြီး January Intake အတွက်လျှောက်ထားနိုင်ပါပြီ။ 

Course Link – https://courses.uwe.ac.uk/W2P2/fashion-communication#about

#LetsPlanYourCareerTogether#StudyAbroadWithEEVS#StudyInUK#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

#FashionCommunication

June 17, 2021

 Lincoln Universityသည် ၁၈၅၄တွင် The Ashmun Institute အဖြစ် စတင်တည်ထောင်ခဲ့ပြိး ၁၈၆၆ တွင် Lincoln University ဟူ၍ ပြောင်းလဲ ခေါ်ဝေါ် ခဲ့ပါတယ်။ အင်္ဂလန်နိုင်ငံ၏ အလယ်ဗဟို East Midlands တွင် တည်ရှိပြိး ဘာသာရပ်ပေါင်း ၃၀၀ ကျော်ကို Undergraduate, Postgraduate ပရိုဂရမ်များကို တက်ရောက်နိုင်ပါတယ်။

Lincoln University သည် UK နိုင်ငံတွင်း ထိပ်တန်း တက္ကသိုလ်တစ်ခု ဖြစ်ပြီး National Student Survey 2018 အရ တက္ကသိုလ်ပေါင်း ၁၂၁ တွင် ကျောင်းသားများ ရွေးချယ်မှုတွင် နံပါတ် ၇ တွင် ရပ်တည်နေပြီး ၂၀၁၇ တွင် Teaching excellence ဆုကို ရရှိခဲ့ပါတယ်။ ၂၀၁၉ Guardian University Guide အရ UK နိုင်ငံတွင်း တက္ကသိုလ် ၁၂၁ ခုတွင် နံပါတ် ၂၂ တွင် ရပ်တည်လျက်ရှိပါတယ်။

၂၀၂၀ စစ်တမ်းများအရ Undergraduate တက်ရောက်သူ ၁၈၉၅ ယောက်တွင် ၃၁% မှာ ယောကျ်ားလေးများဖြစ်ပြီး၊ ၆၉ % မှာ မိန်းကလေးများ ဖြစ်ပါတယ်။ Graduate တက်ရောက်သူ ၁၈၂ ယောက်တွင် ၂၇% မှာ ယောကျ်ားလေးများဖြစ်ပြီး ၇၃% မှာ မိန်းကလေးများ ဖြစ်ပါတယ်။ ၃၀% Undergraduate ကျောင်းသားများသည် Main campus တွင် တက်ရောက်လျက်ရှိပါတယ်။ 

Lincoln University တွင် ကျောင်းသားများအကြား ထင်ရှားသော Undergraduate  ဘာသာရပ်များမှာ-

  • Human Services
  • Digital Communications and Media/Multimedia
  • Health Science
  • Criminal Justice
  • Nursing

တက်ရောက်နိုင် သော Undergraduate, Postgraduate ပရိုဂရများကို အသေးစိတ် ကို Link-https://www.lincoln.ac.uk/home/ တွင် ကြည့်ရှုနိုင်ပါတယ်။ 

Scholarship Program 

Lincoln University မှ International Taught Master Merit Scholarships –Nz $ 7,000 -4 10,000  ပေးအပ်ထားပါတယ်။ လျှောက်ထားလိုသူများအနေဖြင့် GPA B+ ရှိထားရပါမယ်။ လျှောက်ထားနိုင်သော ပရိုဂရမ်များမှာ 

NZ$10,000 – apply to the following programmes:

  • Master of Business – Global Management and Marketing
  • Master of Business – Finance
  • Master of Professional Accounting (CPA)
  • Master of Management in Agribusiness
  • Master of Management in Agricultural System
  • Master of Sports and Recreation Management
  • Master of Tourism Management
  • Master of International Rural Development

NZ$7000 – apply to the following programmes:

  • Master of Applied Computing
  • Master of Pest Management
  • Master of Precision Agriculture
  • Master of Science in Food Innovation
  • Master of Environment Management & Policy
  • Master of Wine and Viticulture (February only)
  • Master of Disaster Risk and Resilience

Linconln University International School Leaver scholarship 

Bachelor program တက်ရောက်နေသူများအတွက် NZ$ 10,000 ပေးအပ်ထားပြီး Application Deadline- 1 July 2021 မတိုင်မီ လျှောက်ထားနိုင်ပါတယ်။

Lincoln University international pathway merit scholarship

Certificate, Diploma ပရိုဂရမ် များအတွက် NZ $ 2,500 လျှောက်ထားနိုင်ပါတယ်။

 Application Deadline-8 October 21 for November 2021 Intake 

Lincoln University International Undergraduate Vice-Chancellor’s Scholarship

Bachelor ပရိုဂရမ်များအတွက် NZ $ 5,000 ပေးအပ်ထားပါတယ်။ 

Application Deadline-8 October 21 for November 2021 Intake

Lincoln University International Undergraduate scholarship

Undergraduate program တက်ရောက်လိုသူများအတွက် NZ $ 3000 ပေးအပ်ထားပါတယ်။ Application Deadline-8 October 21 for November 2021 Intake

Scholarship အသေးစိတ်ကို https://www.lincoln.ac.nz/International-Students/International-Scholarships/

 ကြည့်ရှုနိုင်ပါတယ်။ 

Lincoln မြို့မှ Nottingham, Leicester, Sheffield စသော မြို့များဖြင့် ကား၊ ရထားများဖြင့်တစ်နာရီသာ ကြာမြင့်ပါတယ်။ Medieval Castle, Cathedral မျာဖြင့် ကမ္ဘာ့ ခရီးသွား များစွာ လာရောက်လည်ပတ်သော မြို့လဲဖြစ်ပါတယ်။

Reference –https://www.lincoln.edu/about/university-facts

https://www.topuniversities.com/universities/university-lincoln

#LetsPlanYourCareerTogether#StudyAbroadWithEEVS#StudyInUK#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar