▪️What is a Top-up Degree?
▪️Top-up Degree ဆိုတာကတော့ HND သို့မဟုတ် Foundation Degree တစ်ခုပြီးထားသော ကျောင်းသူ/သားများ အတွက် UK University တစ်ချို့တွင် final year ကိုဆက်လက်တက်ရောက်ပြီး B.A. သို့မဟုတ် B.A. (Honours) ကိုရယူနိုင်တဲ့ အခွင့်ရေးတစ်ခုဖြစ်ပါတယ်။ 🙆♂️
▪️HND degree ဟာ UK အသိမှတ်ပြု qualification တစ်ခုဖြစ်ပေမယ့် 1နှစ်ခန့် ဆက်လက်ပညာသင်ယူမည်ဆိုလျင် Top-up Bachelor ဘွဲ့ကိုရနိုင်မှာဖြစ်ပါတယ်။ မိမိရဲ့ HND ကို Top-up လိုက်ခြင်းက Career opportunities ပေါင်းများစွာကိုလည်း ရရှိနိုင်မှာဖြစ်ပါတယ်။ 💁♂️
▪️UK မှာ 2022 မကုန်ခင်ကျောင်းတတ်နိုင်မည်ဆိုပါလျင် ဘွဲ့ရပြီးသည်နှင့် 2 year work permit ကိုပိုင်ဆိုင်နိုင်မှာဖြစ်ပြီး UK တွင်အခြေချနေထိုင်ရန် အတွက်ပါ အခွင့်ရေးတိုးလာမှာဖြစ်ပါတယ်။ 😇
▪️သက်ဆိုင်ရာ HND များနှင့် ဆက်နွယ်ပြီး ရွေးချယ်နိုင်မယ့် Field များကတော့
📌Applied Biosciences
📌Business Management & Leadership
📌Cloud Computing
📌Early Childhood Development & Learning
📌Electro-Mechanical Engineering
📌Financial Services
📌Health and Wellbeing Practice
📌Law & Practice
📌Marketing & Public Relations
📌Professional Policing
📌Professional Accounting
📌Public Health & Community Studies
📌Tourism & Hospitality Management တို့ပဲဖြစ်ပါတယ်။
▪️Top-up bachelor များကို University of Essex, University of Glasgow, University of Coventry, University of Pembrokeshire, the University of Edinburgh အပြင်အခြား University ပေါင်းများစွာတွင်လဲ တက်ရောက်နိုင်ပါတယ်။ 🏫👩🏫
▪️Fees အနေနဲ့ကတော့ on campus အနေနဲ့ £16,000 ခန့်ကျသင့်ပြီး University of Essex ရဲ့ online Top-up bachelor ကတော့ £6,000 ကျော်သာကျသင့်မှာ ဖြစ်ပါတယ်။ 🙆♂️
▪️ဒါကြောင့် Top-up bachelor အကြောင်းစိတ်ဝင်စားတယ်ဆိုရင်တော့ ယခုပဲ EEVS ရဲ့chat box ကိုလာခဲ့ဖို့ဖိတ်ခေါ်လိုက်ရပါတယ်နော်။😇
▪️ဒီတစ်ခါမှာတော့ New York မြို့မှာ College တက်ဖို့ စိတ်ဝင်စားနေတဲ့ကျောင်းသား/သူများအတွက် City University of New York မှာဆက်လက်တက်ရောက်ခွင့်ရှိမယ့် City College of University အကြောင်းလေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ 1946 ခုနှစ်မှစတင်တည်ထောင်ခဲ့သောအဆိုပါ University ကြီးတွင် လက်ရှိ Student ပေါင်း 17,400 ကိုပညာရေးဝန်ဆောင်မှုများကို ပေးအပ်နေပါတယ်။ 😇
▪️City College အနေနှင့် အဆင့်တန်းမြင့်မား၍ အသိပညာကြွယ်ဝသော အလုပ်သမားနှင့် ခေါင်းဆောင်များကို မွေးထုတ်ပေးရန် အဓိကရည်ရွယ်ထားသော Associate နှင့် Baccalaureate Degree ပေါင်း 50 ကျော်ကိုသင်ကြား ပို့ချပေးလျက်ရှိပါတယ်။ 💁♂️
▪️ဤကျောင်းရဲ့အဓိက ဆွဲဆောင်မှုကတော့ နည်းပညာကျောင်းသူ/သားများအတွက် Professional Career အတွေ့ကြုံများရရှိစေရန် လက်ရှိ အလုပ်လုပ်ကိုင်နေသော on field graduates များနှင့်ပူးပေါင်းပြီး တီထွင်ကြံဆဖန်တီးနိုင်သော city tech ဟုခေါ်သည့်စမ်းသပ်ခန်းကြီးပဲဖြစ်ပါတယ်။ 🏫
▪️Graduates များအနေနှင့် architectural and engineering technologies, the computer, entertainment, and health professions, human services, advertising and publishing, hospitality, business, and law-related professions, as well as programs in career and technical teacher education အစရှိသောလုပ်ငန်းခွင်နယ်ပယ်ပေါင်းများစွာတွင် အသက်မွေးဝမ်းကျောင်းနိုင်တာကိုတွေ့ရပါတယ်။ 👨🎓👩🎓
▪️Tuition fees အနေနှင့် $620 per credit ကျသင့်မှာဖြစ်ပြီး intake အနေနဲ့ January 2022 အတွက်စတင်လျောက်ထားလို့ရပါပြီ။ 🖋
▪️English Requirement နှင့် အခြားအသေးစိတ်အကြောင်းရာတို့ကိုတော့ https://www.ccny.cuny.edu
မှာဝင်ရောက်လေ့လာနိုင်ပါတယ်နော်။ 🗂
#LetsPlanYourCareerTogether#StudyInUSA
#BestEducationConsultancyInYangon
#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar
▪️ရုပ်မြင်သံကြား အစီအစဉ်များ ၊ ပြည်တွင်းပြည်ပ သတင်း၊ အားကစားနှင့် အနုပညာ သတင်းများကို ကင်မရာ နောက်ကွယ် သို့ ကင်မရာရှေ့တွင် လုပ်ကိုင်လိုသော ဆန္ဒရှိသူများအတွက် အမေရိကန်နိုင်ငံရှိ Auburn University တွင် တက်ရောက်နိုင်သော Bachelor of Arts in Journalism ဘာသာရပ်ကို ဖော်ပြပေးလိုက်ပါတယ်။ 💁♂️
▪️Bachelor of Arts in Journalism ဘာသာရပ်တွင် ရုပ်သံလွှင့်ခြင်းနှင့် Digital Platform များတွင် သတင်းတင်ပြခြင်း၊ စုစည်းခြင်းများနှင့် စာတမ်းရေးသားခြင်း၊ ထုတ်လုပ်ခြင်းများကို သင်ကြားရမှာ ဖြစ်ပါတယ်။ သတင်းတင်ဆက်သူ တစ်ယောက်အနေဖြင့် သတင်း အရင်းအမြစ်နှင့် မတူကွဲပြားသော သတင်းသစ်များကို ပြည်သူများထံ ပို့ဆောင်နည်းများ၊ ရုပ်သံလွှင့်ရာတွင် အသုံးပြုသော ပစ္စည်းကရိယာများ၊ သတင်းထုတ်လွှင့်သူတစ်ယောက်၏ သတင်း တင်ဆက်မှု ပုံစံများကို လေ့လာရမှာဖြစ်ပါတယ်။ 📺👩💼👨💼
▪️ကျောင်းသားများအနေဖြင့် on-air လက်တွေ့သင်ကြားမှုများနှင့် ဒီဂျစ်တယ် သတင်း ဘာသာရပ်များကို Auburn University နှင့် ချိတ်ဆက်ထားသော Raycom Media မှ ပစ္စည်းအစုံအလင်ဖြင့် လက်တွေ့ လေ့ကျင့်နိုင်ရန် ထောက်ပံ့ပေးထားပါတယ်။ သတင်း ပညာရပ်များသာမက ကျောင်းသားများအနေဖြင့် အမေရိကန်နိုင်ငံ၏ အစိုးရ၊ နိုင်ငံရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ အားကစားနှင့် ယဉ်ကျေးမှုများကိုပါ ရွေးချယ် တက်ရောက်နိုင်ပါတယ်။🙆♂️
▪️ဒီ Program ကို ၄ နှစ်ကြာ တက်ရောက်ရမှာ ဖြစ်ပြီး Tuition fees – USD 31,956 ကျသင့်မှာ ဖြစ်ပါတယ်။ 💵
▪️English Proficiency အနေဖြင့် TOEFL : 79 or IELTS : 6.5 or PTE : 53 တို့လိုအပ်ပါတယ်။📑
▪️သင်ကြားရမည့် ဘာသာရပ်၊ သင်ရိုးညွှန်းတမ်း အသေးစိတ်ကို အောက်ပါ Link တွင် ကြည့်ရှုနိုင်ပါတယ်။ 🔽
🔍https://www.cla.auburn.edu/cmjn/journalism-sports-production/curriculum-areas-of-emphasis/broadcast-journalism/
#LetsPlanYourCareerTogether#StudyInUSA
#BestEducationConsultancyInYangon
#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar
▪️ယနေ့မှာတော့ အမေရိကန်နိုင်ငံရှိ Baylor University တွင် တက်ရောက်နိုင်သော (MBA) with Cyber Security ဘာသာရပ်ကို ဖော်ပြပေးလိုက်ပါတယ်။ 💁♂️
▪️Cyber Security ဆိုသည်မှာ နည်းစနစ်၊ Network နှင့် ဂရိုဂရမ်များကို cyber-attack မှ ကာကွယ်ခြင်းများ ပြုလုပ်ရတာဖြစ်ပါတယ်။ တိုးတက်လာသော ခေတ်အလျှောက် လုပ်ငန်းခွင် နယ်ပယ်တိုင်းသည် နည်းပညာကို မှီခိုအားထားလာကြပါတယ်။ 🙆♂️
▪️ယခု ပရိုဂရမ်တွင် လက်ရှိ စီးပွားရေးစီမံမှု နည်းစနစ်များကို နောက်ဆုံးပေါ် ခေတ်မီ နည်းပညာများဖြင့် လေ့လာရမှာဖြစ်ပါတယ်။ Baylor University ၏ MBA နှင့် Certificate of Cyber Security များအောင်မြင်ပြီးပါက Cyber Security Consultant, Information Security Analyst, Project Manager, Network Administrator အနေဖြင့် လုပ်ကိုင်နိုင်ပါတယ်။ 👩💻👨💻
▪️၁ -၂ နှစ်ခန့် တက်ရောက်ရမှာ ဖြစ်ပြီး Tuition fees – USD 39,610 ကျသင့်မှာဖြစ်ပါတယ်။ 💵
▪️သင်ကြားရမည့် ဘာသာရပ်များမှာ
• ISEC 5305 Seminar in Information Security Foundations
• ISEC 5330 Cyber Security Policy and Planning
• ISEC 5320 Cyber Security Tech Factors
• ISEC 5340 Cyber Warfare, Threats, Vulnerabilities, and Countermeasures
🗂ပရိုဂရမ် အသေးစိတ်ကို အောက်ပါ Link တွင် ကြည့်ရှုနိုင်ပါတယ်။
https://www.baylor.edu/business/mba/index.php?id=966524
#LetsPlanYourCareerTogether#StudyInUSA
#BestEducationConsultancyInYangon
#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar
▪️ဒီတစ်ခါပြောပြပေးသွားမယ့် New York က Hofstra University ဟာ 1935 ခုနှစ်မှစပြီး ပညာရေးဝန်ဆောင်မှုတွေပေးလာတဲ့အဖွဲ့စည်းဖြစ်ပါတယ်။ နိုင်ငံပေါင်း 75 နိုင်ငံ မှ Undergraduate ကျောင်းသားပေါင်း 6000 ကျော်ပညာသင်ယူနေပြီး ဧက ပေါင်း 240 ကျော်ကျယ်ဝန်းတဲ့ campus ကြီးကိုပိုင်ဆိုင်ထားပါတယ်။ 🙆♂️
▪️Hofstra University သည် Lecture တစ်ခု တွင်လူဦးရေအနည်းငယ်သာထည့်သွင်းသင်ကြားစေခြင်း၊ Creativity နှင့် Knowledge ကိုအသားပေးတိုးမြှင့်ပေးခြင်း နှင့် Subject များစွာကိုရွေးချယ်ခွင့်ရှိခြင်းတို့က Hofstra University အားလူသိများကျော်ကြားစေခြင်းဖြစ်ပါတယ်။ 💁♂️
▪️ကျောင်းတက်နေစဥ် New York မြို့၏ မြို့နေလူမှုဘဝကိုအပြည့်ဝခံစားနိုင်သလို နေစရိတ်၊ စားစရိတ်တို့ကိုတစ်ဖက်တစ်လမ်းမှဖြေလျော့ပေးနိုင်သော Part-Time jobs နှင့် Internship အခွင့်ရေးများစွာကလည်းသင့်ကိုစောင့်ကြိုနေမှာဖြစ်ပါတယ်။ ဘွဲ့ရပြီးပါက Master, PhD များကိုဆက်လက်တက်ရောက်နိုင်သကဲ့သို့ Hofstra Graduate Program မှလည်း ကျောင်းသား/သူများအား အလုပ်အကိုင်ရရှိရေး၊ Career တိုးတက်ရေးများကိုကူညီဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ 😇
▪️ရွေးချယ်တက်ရောက်နိုင်သောဘာသာရပ်များမှာ
📚Arts & Humanities
📚Business
📚Communication
📚Education
📚Engineering & Applied Sciences
📚Health
📚Interdisciplinary
📚Sciences
📚Social Sciences တို့ပဲဖြစ်ပါတယ်။
▪️Intake အနေနဲ့ September နဲ့ January လများမှာရှိပါတယ်။ Average International Tuition Fees အနေနဲ့ Term တစ်ခုကို USD 25,000 ဝန်းကျင်ကျသင့်မှာပါ။
International Students များအတွက် လိုအပ်သော English Requirement များက
📌IELTS – 6.5
📌TOFEL exam – 80
📌PTEA – 53
📌Duolingo – 120 တို့ကိုရရှိရန်တော့လိုအပ်ပါတယ်။
🗂 အသေးစိတ်ကိုတော့ https://www.hofstra.edu မှာလေ့လာနိုင်ပါတယ်နော်။
#LetsPlanYourCareerTogether#StudyInUSA
#BestEducationConsultancyInYangon
#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar
▪️1949 ခုနှစ်ကစတင်ပြီးတည်ထောင်ခဲ့တဲ့ George Mason University ဟာ Times University ranking အရ အဆင့် 250 – 300 ကြားတွင်တည်ရှိပါတယ်။ 💁♂️
▪️Campus အနေနဲ့ ကတော့ Virginia States ထဲတွင် ဧက 600 ကျော်ကျယ်ပြန့်သော Woodland Main Campus ကြီးနှင့် Campus 3 ခုရှိပြီး Korea နိုင်ငံတွင် Campus 1 ခုဖွင့်လှစ်ထားပါတယ်။ Main Campus မှ အမေရိကန်နိုင်ငံရဲ့ မြို့တော်ဖြစ်သော Washington, D.C. သို့ 15 မိနစ်ခန့်သာ သွားလာရသောကြောင့် Company Headquarters များတွင်အလုပ်လုပ်ကိုင်နိုင်ရန် အခွင့်ရေးများ များစွာရှိနေပါတယ်။ George Mason University ၏အလုပ်ရနိုင်နှုန်းမှာ 80% ထိရှိပြီး ဘွဲ့ရသူများမှာ Virginia ပြည်နယ်မှ Graduates များထဲတွင်ဝင်ငွေအကောင်းဆုံးရရှိထားကြသူများလည်း ဖြစ်ပါတယ်။ 🙆♂️
▪️နိုင်ငံပေါင်း 130 ကျော်မှကျောင်းသား/သူ ပေါင်း 26000 ကျော်တက်ရောက်လျက်ရှိပြီး Undergraduate ကျောင်းသား/သူ များအနေနဲ့ရွေးချယ်စရာ major ပေါင်း 76 ခုအထိရှိပါတယ်။ Student life ခံစားနိုင်ရန် Student clubs ပေါင်း 500 ကျော်ရှိပြိး မြို့တော်နှင့်နီးစပ်သောကြောင့် Internship နှင့် Part-Time Opportunities များစွာရှိနေတာကိုလည်းတွေ့ရပါတယ်။ 😇
▪️International Students များအတွက် Annual fees အနေနဲ့ကတော့ $31000 ပတ်ဝန်းကျင် ခန့်ကျသင့်မှာဖြစ်ပါတယ်။ 💵
▪️International Student များအတွက် English Requirements အနေနဲ့ကတော့
📌IELTS – 6.5 ( no Band less than 6)
📌TOFEL- 80 ( no band less than 18)
📌Duolingo- 110
📌Pearson Test of English- 59 တို့ကိုအနည်းဆုံးရရှိရန်လိုအပ်ပါတယ်။
🔍အသေးစိတ်လေ့လာလိုပါက https://www2.gmu.edu မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
#LetsPlanYourCareerTogether#StudyInUSA
#BestEducationConsultancyInYangon
#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar
▪️1877 တွင်စတင်တည်ထောင်ခဲ့သော University of Hartford သည် private institution ဖြစ်ပြီး undergraduate enrollment ပြုလုပ်ထားသော ကျောင်းသားစုစုပေါင်း 4,793 ဦးရှိပါတယ်။ 💁♂️
▪️Boston နှင့် New York မြို့ကြားရှိ Connecticut အလယ်ပိုင်းတွင် တည်ရှိကာ campus အကျယ်အဝန်းမှာ 320 ဧကကျယ်ဝန်းပါတယ်။ 🏫
▪️ကျောင်းသား၊ ဆရာအချိုး 8:1 ရှိပြီး ၂၀၂၁ခုနှစ် အကောင်းဆုံး National Universities များစာရင်းတွင် ranking #217 ရရှိထားပါတယ်။ 🙆♂️
▪️Undergraduate programs ပေါင်း ၁၀၀ကျော်နှင့် Graduate programs ပေါင်း ၆၄ ခုကို တက္ကသိုလ်နှင့် ကျောင်း ၇ကျောင်းမှ တစ်ဆင့်သင်ကြားပို့ချက်ပေးလျက်ရှိပြီး ထင်ရှားသော ဘာသာရပ်များမှာ-
📚Business, Management, Marketing, and 📚Related Support Services
📚Visual and Performing Arts
📚Health Professions and Related Programs
📚Engineering
📚Engineering Technologies and Engineering-Related Fields
🔍 Programs များအသေးစိတ်ကို ဒီလင့်ခ် https://www.hartford.edu/programs-of-study/default.aspx တွင်ကြည့်နိုင်ပါတယ်။
▪️University of Hartford တွင်တက်ရောက်လိုသော နိုင်ငံတကာကျောင်းသားများအတွက် လိုအပ်သော သတ်မှတ်ချက်များမှာ-
📌SAT Range -1030-1230
📌ACT Range – 22-27
📌Avg. High School GPA – 3.45*
📌IELTS – 6.5 & Above
📌TOEFL: 79 & Above
▪️နိုင်ငံတကာမှ ကျောင်းသားများအတွက် Scholarships အစီအစဉ်များလည်းရှိပြီး နှစ်စဉ် Scholarships ထောက်ပံ့ငွေ $95 million အထိပေးလျက်ရှိပါတယ်။
▪️University of Hartford မှပေးအပ်လျက်ရှိသော Scholarships အမျိုးအစားများမှာ-
Academic Scholarships, Talent Scholarships, Connecticut Pledge, Hartford Scholars, Bloomfield Scholars, Graduate Assistantships, Transfer Scholarships, Program-Specific Scholarships, Scholarship for Current Students တို့ဖြစ်ပြီး အသေးစိတ်ကို ဒီလင့်ခ် https://www.hartford.edu/admission/scholarships/default.aspx တွင်ကြည့်နိုင်ပါတယ်။
🏫 School website – https://www.hartford.edu/
🗞 Reference – https://www.usnews.com/best-colleges/university-of-hartford-1422
USA တွင် ပညာသင်ကြားလိုသူများအတွက် EEVS မှ USA ၏ ထိပ်တန်းတက္ကသိုလ် ၅ခုကိုဖော်ပြပေးလိုက်ပါတယ်။
🏫𝗦𝘁𝗮𝗻𝗳𝗼𝗿𝗱 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆
Stanford University သည် ၁၈၈၅ တွင် တည်ထောင်ခဲ့သော ပုဂ္ဂလိက တက္ကသိုလ်ဖြစ်ပါတယ်။ ဧကပေါင်း ၈၁၈၀ ကျယ်ဝန်းပြီး quarter-based တက်ရောက်ရပါတယ်။ ကျောင်း ၇ ကျောင်းဖြင့် ဖွဲ့စည်းထားပြီး ထင်ရှားသော ကျောင်းများမှာ School of Education, School of Engineering, School of Law.School of Medicine, Graduate School of Business တို့ဖြစ်ပါတယ်။ နိုင်ငံတွင်း အကောင်းဆုံး တက္ကသိုလ်များတွင် နံပါတ် ၆ ၊ Best Undergraduate Teaching တွင် နံပါတ် ၉ တွင် ရပ်တည်နေပါတယ်။ 🪜
Website-https://www.stanford.edu/
🏫𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 𝗼𝗳 𝗖𝗵𝗶𝗰𝗮𝗴𝗼
University of Chicago သည် ပုဂ္ဂလိက တက္ကသိုလ်ဖြစ်ပြီး ဧကပေါင်း ၂၁၇ ကျယ်ဝန်းပါတယ်။ Tuition Fees- $59,298 ကျသင့်ပြီး quarter-based တက်ရောက်ရပါတယ်။ နိုင်ငံတွင်း ထိပ်တန်း တက္ကသိုလ်များတွင် နံပါတ် ၆ တွင် ရပ်တည်နေပြီး ကျောင်းသားလျှောက်လွှာပေါင်း ၆၈၀၀ ကျော်လက်ခံရရှိပါတယ်။
Postgraduate program များကို Booth School of Business, Law School, Pritzker School of Medicine and Harris School of Public Policy Studies တွင် တက်ရောက်နိုင်ပါတယ်။ ကျောင်းသားများအနေဖြင့် Major-50 ,Minor-40 ကျော် ရွေးချယ် တက်ရောက်နိုင်ပါတယ်။ 💁🏼
Website-http://www.uchicago.edu/
🏫𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 𝗼𝗳 𝗣𝗲𝗻𝗻𝘀𝘆𝗹𝘃𝗮𝗻𝗶𝗮
University of Pennsylvania သည် ၁၇၄၀ တွင် စတင်တည်ထောင်ခဲ့ပြီး Undergraduate လျှောက်လွှာပေါင်း ၁၀၀၁၉ လက်ခံရရှိသော ပုဂ္ဂလိက တက္ကသိုလ်ဖြစ်ပါတယ်။ Benjamin Franklin မှ Philadelphia တွင် တည်ထောင်ခဲ့ပြီး Undergraduate,Graduate သင်ကြားမှုများအတွက် ကျောင်း ၅ ကျောင်း၊ Graduate လ့လာမှု သီးသန့်အတွက် ကျောင်း ၇ ကျောင်း ဖွဲ့စည်းပေးထားပါတယ်။ နိုင်ငံပေါင်း ၅၀ မှ ကျောင်းသားပေါင်း ၂၅၀၀ နှင့် အထက် နှစ်စဉ် နိုင်ငံတကာ ပညာရေး ပရိုဂရမ်များကို တက်ရောက်လျက်ရှိပါတယ်။ 📚
Website-https://www.upenn.edu/
🏫𝗖𝗮𝗹𝗶𝗳𝗼𝗿𝗻𝗶𝗮 𝗜𝗻𝘀𝘁𝗶𝘁𝘂𝘁𝗲 𝗼𝗳 𝗧𝗲𝗰𝗵𝗻𝗼𝗹𝗼𝗴𝘆
California Institute of Technology သည် ၁၈၉၁ တွင် တည်ထောင်ခဲ့သော ပုဂ္ဂလိက တက္ကသိုလ် တစ်ခုဖြစ်ပါတယ်။quarter-Based တက်ရောက်ရမှာဖြစ်ပြီး သိပ္ပံ ပညာရပ်နှင့် အင်ဂျင်နီယာ ဘာသာရပ်များကို အဓိက သင်ကြားပေးသော တက္ကသိုလ်ဖြစ်ပါတယ်🔬။ ဧကပေါင်း ၁၂၄ ကျယ်ဝန်းပြီး ကျောင်းသားနားနေဆောင်ပေါင်း ၁၁ ခုဖြင့် တည်ဆောက်ထားပါတယ်။ နိုင်ငံတွင်း ထိပ်တန်းကျောင်းများတွင် နံပါတ် ၉ တွင် ရှိပါတယ်။
Website-http://www.caltech.edu/
🏫𝗝𝗼𝗵𝗻𝘀 𝗛𝗼𝗽𝗸𝗶𝗻𝘀 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆
Johns Hopkins University သည် ၁၈၇၆ တွင် စတင် တည်ထောင်ခဲ့သော ပုဂ္ဂလိက တက္ကသိုလ်ဖြစ်ပါတယ်။ ကျောင်းပေါင်း ၉ ကျောင်း အနက် ၅ ကျောင်းမှာ Undergraduate,Graduate ကျောင်းသားများကို သင်ကြားပေးလျက်ရှိပါတယ်။ ထင်ရှားသော ကျောင်းများမှာ Bloomberg School of Public Health ,School of Education, Whiting School of Engineering, School of Medicine တို့ဖြစ်ပါတယ်🗂။
Website- http://www.jhu.edu/
Reference-https://www.usnews.com/best-colleges/rankings/national-universities
#LetsPlanYourCareerTogether#StudyInUSA
#BestEducationConsultancyInYangon
#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar
▪️ဒီတစ်ခါမှာတော့ အမေရိကန်မှာ ပညာသင်ကြားဖို့ စိတ်ဝင်စားတဲ့ ကျောင်းသား/သူတွေအတွက် အမေရိကန်နိုင်ငံမှာရှိတဲ့ Community Colleges များအကြောင်းကို ပြောပြပေးမှာဖြစ်ပါတယ်။ 💁♂️
▪️Community College ဆိုတာက University အကြီးကြီးတွေကိုတက်ရောက်နိုင်ဖို့အတွက် အကူးအပြောင်းလုပ်ပေးတဲ့ နေရာတစ်ခုပဲဖြစ်ပါတယ်။ Community College က ၂နှစ်တက်ရောက်ရမှာဖြစ်ပြီး Associate Degree ရရှိမှာဖြစ်ပါတယ်။ ရရှိတဲ့ Associate Degree နဲ့ University တွေရဲ့ 3rd year နှင့် 4th year ကို တိုက်ရိုက်တက်ရောက်နိုင်မှာဖြစ်ပြီး University မှ Bachelor Degree ကိုရရှိမှာဖြစ်ပါတယ်။👩🎓👨🎓
🔹ဘာကြောင့် US မှာရှိတဲ့ Community College တွေတက်ရောက်သင့်သလဲ?
▪️အမေရိကန်နိုင်ငံမှာရှိတဲ့ University အများစုက ကုန်ကျစရိတ်အရမ်းများလေ့ရှိပါတယ်။ ဒါပေမယ့် Community College တက်ရောက်ရတာ University တွေတက်ရောက်ရတာထက် ကုန်ကျစရိတ်အများကြီးသက်သာပါတယ်။ ကုန်ကျစရိတ်အနေနဲ့ USD 9000 မှ 12000 အထိသာ ကုန်ကျနိုင်ပါတယ်။ 💵
▪️ဒါ့အပြင် မိမိတက်ရောက်ချင်သော University က အမှတ်အရမ်းမြင့်နေပြီး ဝင်ခွင့်ခက်ခဲနေတာမျိုးဖြစ်နေလျှင် Community College ကိုအရင်တက်ရောက်ပြီးမှ နှစ်သက်ရာ တက္ကသိုလ်ကို ပြန်လည် ပြောင်းရွှေ့နိုင်ပါတယ်။ 🙆♂️
▪️အမေရိကန်နိုင်ငံမှာက Community College များတစ်ထောင်ကျော်ရှိပြီး ပြည်တွင်းနှင့် နိုင်ငံတကာ ကျောင်းသားများအတွက် Degrees နှင့် Certificates Program ပေါင်းများစွာကို သင်ကြားပေးလျက်ရှိပါတယ်။ 🧑🏫👨🏫
▪️USA မှာရှိတဲ့ Community College တွေမှာ တမူထူးခြားတဲ့ learning environment တွေဖန်တီးပေးထားပြီး class size သေးပြီး ကျောင်းသားတစ်ဦးချင်းစီ အပေါ် သေချာအာရုံစိုက် သင်ကြားပေးပါတယ်။ Community College အများစုမှာ နိုင်ငံတကာကျောင်းသားများအတွက် နည်းပညာနှင့် သက်မွေးဝမ်းကြောင်းဆိုင်ရာ ဘာသာရပ်များကိုပါ ပို့ချပေးလျက်ရှိပါတယ်။ စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်ပြီး job training programs များကိုလည်း ပြုလုပ်ပေးထားပါတယ်။ 😇
▪️ဒါ့အပြင် ၂နှစ် Associate Degree ပြီးရင် American Community College Federal Law အရ USA တွင် Optional Practical Training အဖြစ် တစ်နှစ် အလုပ်လုပ်နိုင်မှာဖြစ်ပါတယ်။ အလုပ်သည် မိမိတက်ရောက်ထားသည့် မေဂျာနှင့် တိုက်ရိုက်ဆက်နွယ်မှုရှိရမည်။ Associate Degree တက်ရောက်နေသည့် နောက်ဆုံး semester တွင် OPT အတွက် လျှောက်ထားရမှာဖြစ်ပါတယ်။ 📚
🔹USA မှာရှိတဲ့ Community College တွေ လျှောက်ထားနိုင်ဖို့ ဘာတွေလိုအပ်သလဲ?
📌အထက်တန်း အောင်လတ်မှတ်နဲ့ အမှတ်စာရင်းများ Or IGCSE O Level အမှတ်
📌English အရည်အချင်းစစ် စာမေးပွဲ result များ (TOEFL or IELTS or Duolingo test)
📌Extracurricular Activities
📌Recommendation Letters
📌Application Essay and Optional Personal Interview
📌Bank Statement
📌Passport တို့လိုအပ်ပါတယ်။
#LetsPlanYourCareerTogether#StudyInUSA
#BestEducationConsultancyInYangon
#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar