#LetsPlanYourCareerTogether#StudyInUSA
#BestEducationConsultancyInYangon
#LetsPlanYourCareerTogether#StudyInUSA
#BestEducationConsultancyInYangon
▪️ယနေ့မှာတော့ အမေရိကန်နိုင်ငံတွင် ပညာသင်ယူလိုသူများအတွက် ပညာသင်စားရိတ်နှင့် အခြားသော ကုန်ကျစရိတ်များကို ဖော်ပြပေးလိုက်ပါတယ်။ 💸
▪️နိုင်ငံတကာ ကျောင်းသားများအတွက် ပညာသင်စားရိတ်မှာ တစ်နှစ်လျှင်
🔹Community College $17,930 (INR 1340358)
🔹Private University $52,500 (INR 3924640)
🔹Public University $41,950 (INR 3135974) ကျသင့်မှာဖြစ်ပါတယ်။
▪️တစ်နှစ်လျှင် နေထိုင်စားရိတ်မှာ $10000 to $18000 ဝန်းကျင်ကျသင့်မှာဖြစ်ပါတယ်။ ထို့ကြောင့် တစ်လလျှင် ပျမ်းမျှကုန်ကျစားရိတ်မှာ အခန်းခ၊ အစားအသောက်၊ ခရီးသွားခြင်း၊ သင်ထောက်ကူ ပစ္စည်းစားရိတ်များ၊ အဝတ်အစားနှင့် အခြားသော အသုံးစရိတ်များ အပါအဝင် $1000- $15000 ကျသင့်မှာဖြစ်ပါတယ်။
▪️တစ်လလျှင် ကုန်ကျနိုင် သော ကုန်ကျစရိတ် အသေးစိတ်ကို ဖော်ပြပေးလိုက်ပါတယ်။
📌Accommodation – $200
📌Electricity -$20
📌Groceries(home-cooked meals) -$150
📌International Calling cards -$15
📌Home Internet -$15
📌Cell phone -$50
📌Restaurant meals-$75
📌Entertainment -$100
📌Car Insurance -$100
📌Petrol for car -$75
📌Weekend activities-$100
📌Shopping -$100 ကျသင့်နိုင်ပါတယ်။
📝 References
🖋 https://leverageedu.com/blog/cost-of-studying-in-usa/
🖋 https://studyabroad.shiksha.com/cost-of-living-for-international-students-in-the-us-articlepage-548
#LetsPlanYourCareerTogether#StudyInUSA
#BestEducationConsultancyInYangon
#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar
#LetsPlanYourCareerTogether#StudyInUSA
#BestEducationConsultancyInYangon
#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar
#LetsPlanYourCareerTogether#StudyInUSA
#BestEducationConsultancyInYangon
#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar
🇺🇸 USA တွင် ပညာသင်ကြားလိုသူများအတွက် EEVS မှ USA ၏ ထိပ်တန်းကျောင်းများကို ဖော်ပြပေးလိုက်ပါတယ်။ 😇
🔹Princeton University သည် ၁၇၄၆ တွင် စတင်တည်ထောင်ခဲ့ပြီး Undergraduate လျှောက်လွှာပေါင်း ၅၄၂၂ နှစ်စဉ် ရရှိပါတယ်။ Campus မှာ ဧက ၆၀၀ ကျယ်ဝန်းပါတယ်။ Semester-based စာသင်နှုစ် သတ်မှတ်ထားပြီး ၂၀၂၁ နိုင်ငံတွင်း အကောင်းဆုံး ကောလိပ်စာရင်းတွင် နံပါတ် ၁ နေရာတွင် ရပ်တည်နေပြီး Tuition Fees မှာ $53,890 ဝန်းကျင် ကျသင့်ပါတယ်။ U.S ၏ သက်တမ်းအရင့်ဆုံး တက္ကသိုလ်များတွင် တစ်ခုအပါအဝင် ဖြစ်ပြီး Princeton, New Jersey တွင် တည်ရှိပါတယ်။ 📍Website – https://www.princeton.edu/
🔹Harvard University သည် ၁၆၃၆ တွင် စတင်တည်ထောင်ခဲ့သော ပုဂ္ဂလိက တက္ကသိုလ်ဖြစ်ပါတယ်။ Undergraduate လျှောက်လွှာပေါင်း ၆၇၅၅ လက်ခံရရှိပြီး ဧကပေါင်း ၅၀၇၆ ကျယ်ဝန်းပါတယ်။ ကျောင်း ၁၃ ကျောင်းနှင့် ဖွဲ့စည်းထားပြီး ထိပ်တန်း ကျောင်းများမှာ Business School, Medical School , Graduate Education School, School of Engineering and Applied Sciences, Law School,John F. Kennedy School of Government တို့ဖြစ်ပါတယ်။
နိုင်ငံတွင်း တက္ကသိုလ်များတွင် နံပါတ် ၂ နေရာတွင် ရပ်တည်နေပြီး Best Undergraduate Teaching တွင် နံပါတ် ၁၂ တွင် ရှိပါတယ်။
📍Website – https://www.harvard.edu/
🔹Columbia University သည် ၁၇၅၄ တွင် စတင် တည်ထောင်ခဲ့ပြီး Private Institution ဖြစ်ပါတယ်။ Undergraduate လျှောက်လွှာပေါင်း ၆၂၄၅ လက်ခံလျက်ရှိပြီး ၃၆ ဧက ကျယ်ဝန်းပါတယ်။ Semester-based တက်ရောက်ရပြီး Undergraduate ကျောင်း ၃ ကျောင်း- Columbia College, The Fu Foundation School of Engineering and Applied Science and the School of General Studies ဖြစ်ပြီး Graduate and Professional ကျောင်း များ Business School, Teachers College, Law School and College of Physicians and Surgeons ဖြင့် ဖွဲ့စည်းထားပါတယ်။ ၉၀% သော ကျောင်းသားများသည် ကျောင်းအဆောင်များတွင် နေထိုင်ကြပါတယ်။
📍Website – http://www.columbia.edu/
🔹Massachusetts Institute of Technology သည် Boston တွင် တည်ရှိပြီး ၁၈၆၁ တွင် စတင်တည်ထောင်ခဲ့ပါတယ်။ စာသင်နှစ်ကို 4-1-4 based ဖြင့် တက်ရောက်ရပြီး သိပ္ပံပညာရပ်နှင့် နည်းပညာ သုတေသန လုပ်ငန်းများကို အဓိက သင်ကြားပေးပြီး ကျောင်း ၅ ကျောင်းဖြင့် ဖွဲ့စည်းထားပါတယ်။ နိုင်ငံတွင်း တက္ကသိုလ်များစာရင်းတွင် နံပါတ် ၄ ၊ သင်ကြားမှု တွင် နံပါတ် ၁၈ တွင် ရပ်တည်နေပါတယ်။
📍Website – https://web.mit.edu/
🔹Yale University သည် ပုဂ္ဂလိက တက္ကသိုလ် ဖြစ်ပြီး ၁၇၀၁ တွင် တည်ထောင်ခဲ့ပါတယ်။ တေးဂီတ ပရိုဂရမ်များ၊ ထူးခြားသော ပြဇာတ်များ ကြောင့် နာမည်ကြီးသော New Haven, Connecticut တွင် တည်ရှိပါတယ်။ College,Graduate School of Arts and Sciences, Professional School -၁၂ ကျောင်းဖြင့် ဖွဲ့စည်းထားပါတယ်။ ထင်ရှားသော ကျောင်းများမှာ – School of Management, School of Medicine,School of Art , School of Nursing တို့ဖြစ်ပါတယ်။
📍Website – https://www.yale.edu/
#LetsPlanYourCareerTogether#StudyInUSA
#BestEducationConsultancyInYangon
#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar
#LetsPlanYourCareerTogether#StudyInUSA
#BestEducationConsultancyInYangon
#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar
ယနေ့မှာတော့ ဂီတ ပညာရပ်ကို လေ့လာလိုသူများအတွက် The University of Connecticut ၏ School of Fine Arts တွင် တက်ရောက်နိုင်သော Bachelor of Arts in Music ဘာသာရပ်ကို ဖော်ပြပေးလိုက်ပါတယ်။
Bachelor of Arts in Music ဘာသာရပ်သည် ဂီတ အနုပညာကို ကျယ်ပြန့်စွာလေ့လာလိုသော ကျောင်းသားများအတွက် အထူးသင့်လျော်သော ဘာသာရပ်ဖြစ်ပါတယ်။ ဂီတ သမိုင်း၊ သီအိုရီ ၊ သောတရုံ စွမ်းရည်၊ ကိရိယာများ အသုံးပြုပုံ သင်ခန်းစာများ၊ တူရိယာ အသုံးအဆောင်များ စသည် တို့ကို သင်ကြားပို့ချ ပေးလျက်ရှိပါတယ်။ Bachelor အောင်မြင်ပြီးလျင်လည်း Graduate program များကို The University of Connecticut ၏ School of Fine Arts တွင် ဆက်လက်တက်ရောက်နိုင်ပါတယ်။
၄ နှစ် တက်ရောက်ရမှာဖြစ်ပြီး Tuition fees- USD 37,698 ကျသင့်ပါတယ်။ English proficiency အနေဖြင့် IELTS-6.5 လိုအပ်ပါတယ်။
သင်ခန်းစာ အသေးစိတ်ကို အောက်ပါ Link တွင် ကြည့်ရှုနိုင်ပါတယ်။
https://music.uconn.edu/wp-content/uploads/sites/2451/2018/12/BA-Sample-Sequence.pdf
Website- https://music.uconn.edu/programs/undergrad/ba-music/
#LetsPlanYourCareerTogether#StudyInUSA
#BestEducationConsultancyInYangon
#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar
#LetsPlanYourCareerTogether#StudyInUSA
#BestEducationConsultancyInYangon
#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar
စျေးသက်သက်သာသာနဲ့ MBA တက်ဖို့စဥ်းစားနေတဲ့လူတွေအတွက် ရွေးချယ်စရာတက္ကသိုလ်တစ်ခုဖြစ်လာတဲ့ Contemporary Technology University (Contech) (USA)
Contemporary Technology University (Contech) (USA) ကတော့ Bureau for Private Postsecondary Education (BPPE) ကနေအသိမှတ်ပြုလက်မှတ်ရရှိထားတဲ့ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားမြို့မှာတည်ရှိတဲ့ ပုဂ္ဂလိကတက္ကသိုလ်ပဲဖြစ်ပါတယ်။ Contemporary Technology University က အရည်အချင်းပြည့်ဝပြီး လွတ်လပ်စွာတွေးခေါ်နိုင်တဲ့ လူငယ်များပေါ်ပေါက်လာစေဖို့ ရည်ရွယ်ပြီး Techonology နဲ့ဆိုင်တဲ့ Master Degrees များကို သင်ကြားပေးလျက်ရှိပါတယ်။
Contemporary Technology University (Contech) က education နဲ့ talent development industry ထဲကို ၂၀၁၅ ခုနှစ်ထဲကဝင်ရောက်လာခဲ့တာဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူပေါင်း ၄၅၀၀၀ ကျော်ကိုမွေးထုတ်ပေးထားနိုင်ခဲ့ပါပြီ။ Contech က ယနေ့ခေတ်လျင်မြန်စွာ ပြောင်းလဲတိုးတက်နေတဲ့ နည်းပညာတွေနဲ့ ကျောင်းသင်ရိုးညွှန်းတမ်းကြား ကွာဟမှုမရှိအောင်အမြဲဖြည့်တင်းလျက်ရှိပါတယ်။ အဲ့လိုဖြည်းတင်းတဲ့ အခါမှာလဲ Teaching Methods တွေကိုပဲပြုပြင်ပြောင်းလဲတာ မဟုတ်ပဲ ကျောင်းသား၊ ကျောင်းသူတွေအလုပ်ခွင်မှာ အံ့ဝင်ဂွင်ကျဖြစ်စေဖို့ကိုလဲ အလေးပေးတဲ့တက္ကသိုလ်တစ်ခုပဲ ဖြစ်ပါတယ်။ Contech မှာ အဓိကအားဖြင့် Computer Science, Data Science, Machine Learning & Digital Marketing တို့ကို သင်ကြားပေးလျက်ရှိပါတယ်။
Campus တွေကလဲ ပုံမှန် traditional campus-based တွေအစား tech-related companies တွေအများအပြားရှိတဲ့ နေရာတွမှာတည်ဆောက်ထားပါတယ်။ ဒါ့အပြင် San Francisco, New York, Berlin နဲ့ Singapore မြို့တွေမှာ ၃လစီပြောင်းပြီး သင်ကြားနိုင်အုံးမှာပါ။ အကယ်၍ Online Learning လုပ်ချင်တဲ့လူတွေအတွက်လဲ ၉လစာသင် ၃လလက်တွေ့ program လဲရှိပါသေးတယ်။ ဒါတွေတင်မကသေးပဲ Online Learning ကြီးပဲလုပ်လို့ရပါသေးတယ်။
Contech ကနေ သင်ကြားပေးနေတဲ့ Program တွေကတော့ –
International Students တွေအနေနဲ့လိုအပ်တဲ့ Program Requirement တွေကတော့
IELTS – 5
TOFEL (iBT) – 71
TOFEL (PBT) – 530
Pearson (PTE) – 50 တို့လိုအပ်ပါတယ်။
Tuition Cost – $18,000 – $19,800
အသေးစိတ်ကို ဒီ link လေးကနေ https://contech.university/ ဝင်ကြည့်လို့ရပါတယ်။
#LetsPlanYourCareerTogether#StudyInUSA
#BestEducationConsultancyInYangon
#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar