fbpx
July 5, 2021

EEVS မှ ဒီတစ်ခါပြောပြပေးချင်တာကတော့ USA မှာ သွားရောက်ပညာသင်ယူတဲ့ ကျောင်းသားတွေအနေနဲ့ ဘယ်လိုမျိုး challenges တွေကို ရင်ဆိုင်ဖြတ်ကျော်ရလဲ ဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်။ 

နိုင်ငံရပ်ခြားကို ပညာသင်သွားတဲ့အချိန်တွေမှာ အခက်အခဲတွေကြုံတွေ့ရတာကတော့ ပုံမှန်ပါပဲ။ ဒါပေမယ့် ဒီအခက်အခဲတွေ စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် တွေ့ကြုံရလေ့ရှိတဲ့ Challenges တွေကို သိထားမယ်ဆိုရင် အလွယ်တကူ ရင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်။

Cultural shift

USA ရောက်သွားတဲ့အခါ မြန်မာကျောင်းသားအများစုကြုံရလေ့ရှိတာက culture တွေလုံးဝပြောင်းလဲသွားတာပဲဖြစ်ပါတယ်။ လူနေမှုဘဝပုံစံတွေကစလို့ အစားအစာ၊ အလေ့အထ၊ အဝတ်အစားရွေးချယ်ပုံတွေနဲ့ attitude တွေမတူတော့တာကို တွေ့ရမှာဖြစ်ပါတယ်။ US မှာဆိုရင် လက်ဆွဲနှုတ်ဆက်တဲ့ ပုံစံတောင်ကွဲပြားပါတယ်။ US ကလူတွေက လက်ဆွဲနှုတ်ဆက်တဲ့ အခါလက်ကို အခိုင်အမာဆွဲထားလေ့ရှိတယ်။ မိမိက လက်ဆွဲနှုတ်ဆက်တဲ့အခါလက်ကို လျော့တိလျော့ရဲ ထားနေရင် confidence မရှိဘူးလို့ယူဆကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ပြောဆိုရာမှာ  Body Language တွေနဲ့ ပတ်သက်ပြီးတော့လည်း သတိထားတတ်ဖို့ လိုအပ်ပါတယ်။ 

Language barrier

USA  ကျောင်းသားတွေနဲ့ ဆက်သွယ်ပြောဆိုတဲ့နေရာမှာ အခက်အခဲအနည်းငယ်ရှိနိုင်ပါတယ်။ မြန်မာကျောင်းသားတွေအနေနဲ့ Language Barrier တွေကို ကျော်လွှားနိုင်ဖို့အတွက် ကျောင်းသွားမတက်မီကာလအတွင်းမှာ English Proficiency ကောင်းကောင်းရှိဖို့အတွက် ပြင်ဆင်သင့်ပါတယ်။

Accommodation problems

နိုင်ငံတကာကျောင်းသားတွေအနေနဲ့ သင့်လျော်တဲ့ နေရာထိုင်ခင်းရှာတွေ့နိုင်ဖို့ကလည်း အနည်းငယ်ခက်ခဲနိုင်ပါတယ်။ University အနီးအနားမှာ နေရာရှာနိုင်ဖို့ကလည်း အရေးပါတဲ့ ပြသနာတစ်ခုဖြစ်လာပါတယ်။ နေရာထိုင်ခင်းရှာတဲ့အခါ မိမိမှာရှိတဲ့ ငွေကြေးနဲ့ ချိန်ဆတတ်ဖို့ လိုအပ်ပါတယ်။ 

Financial Problems

 US မှာနေထိုင်ခြင်းက အရာရာအတွက် ဈေးကြီးပြီး တစ်ခုခုဝယ်တော့မယ်ဆိုရင် နှစ်ကြိမ်ထက်ပိုပြီး စဉ်းစားသင့်ပါတယ်နော်။ ဒါကြောင့် မလိုအပ်တာတွေမဝယ်ဖို့ သတိထားပြီး ငွေစုတတ်တဲ့ အကျင့်လေး လုပ်သင့်ပါတယ်နော်။ Part-Time jobs တွေလုပ်ပြီး ငွေရှာနိုင်ဖို့လည်း စဉ်းစားသင့်တယ်နော်။ နိုင်ငံတကာကျောင်းသားတွေ အနေနဲ့ ပညာသင်ယူနေစဉ်မှာပဲ အလုပ်လုပ်ခြင်းဟာ US မှာနေထိုင်ဖို့အကောင်းဆုံးနည်းလမ်းဖြစ်တယ်။

Learning Style and Academic expectations

USA ကျောင်းတွေက သင်ကြားမှုပုံစံတွေကတော့  lectures based classes တွေထက်စာရင်  practical work တွေအပေါ်ပိုဦးစားပေးပြီး workshops, seminars တွေနဲ့  နိုင်ငံတကာ စံညွှန်းများနှင့်အညီသင်ကြားပေးတာဖြစ်ပါတယ်။ အစပိုင်းမှာတော့ အနည်းငယ် အခက်အခဲရှိနိုင်ပေမယ့် နောက်ပိုင်း အသားကျသွားမှာပါ။ မိမိနိုင်ငံတွင် ပညာသင်နေစဉ်ကာလအတွင်း အမှတ်တွေ အဆင့်တွေ အများကြီး ကောင်းနေပါလိမ့်မယ်။ အခြားနိုင်ငံတစ်ခုမှာ သင်ယူရတဲ့အခါ  Learning environment နဲ့ အကဲဖြတ်အမှတ်ပေးမှုနည်းလမ်းအသစ်တွေကြောင့် မိမိ performance တွေ အနည်းငယ် ပြောင်းလဲနိုင်ပါတယ်။ ဒီအချက်လေးကိုလည်း သတိပြုသင့်ပါတယ်။ 

Social Challenges

နိုင်ငံရပ်ခြားကို သွားရောက်ပညာသင်တဲ့ ကျောင်းသားတွေအနေနဲ့ အစပိုင်းမှာ အထီးကျန်တာတို့ အပေါင်းအသင်းမရှိတာမျိုးတို့ ခံစားရလေ့ရှိပါတယ်။ ဒါကြောင့် မိမိနဲ့ study program တူသူတွေနဲ့ မိတ်ဆွေဖွဲ့တာမျိုး၊ ကျောင်းကစီစဉ်တဲ့ volunteer အဖွဲ့တွေမှာ ပါဝင်တာမျိုး၊  local students တွေနဲ့ ရင်းနှီးအောင်နေတာမျိုးတွေ ပြုလုပ်သင့်ပါတယ်။ 

#LetsPlanYourCareerTogether#StudyInUSA

#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

June 24, 2021

EEVSမှ Medical Week အတွက် ဒီနေ့မိတ်ဆက်ပေးချင်တဲ့ အကြောင်းအရာလေးကတော့  အမေရိကန်ပြည်ထောင်စုရှိ The University of Arizona တွင် သင်ကြားပို့ချပေးနေတဲ့  Bachelor of Biology: Biomedical Sciences Emphasis program ပဲဖြစ်ပါတယ်။ 

The University of Arizona သည် Tucson, Arizona တွင် တည်ရှိသော အများပြည်သူ သုတေသန တက္ကသိုလ်ဖြစ်ပါတယ်။ ကျောင်းသား ဆရာ အချိုးမှာ ၁၅:၁ ဖြစ်ပြီး ကျောင်းသား ကလပ်နှင့် အဖွဲ့အစည်းပေါင်း ၆၀၀ ကျော်ရှိပါတယ်။ The University of Arizona သည် နိုင်ငံတွင်း Public Research Institution တွင် ထိပ်တန်း တက္ကသိုလ် ၂၀ တွင် ပါဝင်ပါတယ်။ 

The Bachelor of Science in Biology ဘာသာရပ်ကို The University of Arizona ၏ ကောလိပ်ဖြစ်သော College of Science တွင် တက်ရောက်ရမှာ ဖြစ်ပါတယ်။Campus မှာ Tucson တွင် ဖြစ်ပြီး ၄၈ လကြာမြင့်မှာ ဖြစ်ပါတယ်။ Intake များမှာ Fall(Aug), Spring (Jan), Summer (May) ဖြစ်ပြီး Application Deadline- Fall (Aug): 15 May, Spring (Jan): 15 Oct, Summer (May): 15 Mar ဖြစ်ပါတယ်။ Tuition fees မှာ တစ်နှစ်လျှင်  $ 36600 ကျသင့်မှာ ဖြစ်ပါတယ်။ 

The Bachelor of Science in Biology ဘာသာရပ်သည် ခေတ်သစ် Biology အကြောင်း အခြေခံ ခိုင်မာစွာ သင်ကြားပေးသဖြင့် Biomedical Research, Medicine နှင့် အခြားသော ကျန်းမာရေး နယ်ပယ်များတွင် လုပ်ကိုင်နိုင်ပါတယ်။ ယခု ပရိုဂရမ်တွင် ခန္ဓာ ဗေဒ၊ ဇီဝ ကမ္မဗေဒ၊ ဇီဝ ဓာတုဗေဒ၊ မျိုးရိုးဗီဇ စသည်တို့ကို လေ့လာရပါတယ်။ ၄ နှစ် တက်ရောက်ရမှာ ဖြစ်ပြီး တစ်နှစ်လျှင် Semester ၂ ခု စီ တက်ရောက်ရပါမယ်။ 

Bachelor အောင်မြင်ပြီးနောက် Medicine(MD,DO), Pharmacy(PharmD),OPtometry(OD), Dentistry(DDS,DMD), Public Health(MPH) စသော  ပရိုဂရမ်များကို တက်ရောက်နိုင်ပါတယ်။ ထို့အတူ Bachelor of Science in Biology ဘွဲ့ရပြီးနောက် လုပ်ကို်င်နိုင်သော နယ်ပယ်များမှာ –

Medical and Clinical research, Healthcare, Pharmacology, Biomedical Engineering, Forensic Science  တို့ဖြစ်ပါတယ်။

Language Proficiency အဖြစ် IELTS Overall -6,TOEFL iBT Overall -70, PTE Overall -53, DET Score -100 လိုအပ်ပါတယ်။ Entry Requirement –GAP 3 လိုအပ်ပါတယ်။ 

အသေးစိတ်ကို ယခု ဖော်ပြပါ Link-https://www.arizona.edu/degree-search/majors/biology-biomedical-sciences-emphasis တွင် ကြည့်ရှုနိုင်ပါတယ်။ 

#LetsPlanYourCareerTogether#StudyInUSA

#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

 

June 23, 2021

EEVSမှ Medical Week အတွက် ဒီနေ့မိတ်ဆက်ပေးချင်တဲ့ အကြောင်းအရာလေးကတော့  အမေရိကန်ပြည်ထောင်စုရှိ Concord Universityတွင် သင်ကြားပို့ချပေးနေတဲ့ Master of Arts in Health Promotion program ပဲဖြစ်ပါတယ်။

Health Promotion ဆိုတာဘာလဲ?

Health Promotion ဆိုတာကတော့ လူသားတိုင်း ကျန်းမာတဲ့ပတ်ဝန်းကျင်မှာ နေထိုင်နိုင်ဖို့အတွက် မှန်ကန်တဲ့ ကျန်းမာရေးဆိုင်ရာ ရွေးချယ်မှုတွေ ပြုလုပ်နိုင်အောင် လိုအပ်တဲ့ ကျန်းမာရေး အသိပညာပေးခြင်းများကို ဆောင်ရွက်ပေးတာပဲဖြစ်ပါတယ်။ Health Promotion မှာ လူတစ်ဦးစီတိုင်း အား ကျန်းမာရေးအပြုအမူများကို အသိပညာပေးခြင်း၊physical activity များ ပိုမိုလွယ်ကူစေရန် ပတ်ဝန်းကျင်တွင် အပြောင်းအလဲများပြုလုပ်ပေးခြင်း၊ ကျန်းမာသော နေထိုင်မှုဘဝရရှိစေရန်  policy များချမှတ်ပေးခြင်းတို့ ပါဝင်ပါတယ်။

100% Online Program ဖြစ်ပြီး social နှင့် behavioral health အပေါ်အဓိက သင်ကြားပေးမှာဖြစ်ပါတယ်။  ဤ Programသည် Certified Health Education Specialist exam ဖြေဆိုဖို့အတွက်ပါ ပြင်ဆင်ပေးထားပါတယ်။

Concord University ရှိ  MA in Health Promotion Program သည် national recognition ရရှိထားပြီး Best Online Master’s in Health Education Programs of 2019 တွင် ranking#5 ဝင်ထားပါတယ်။

MA in Health Promotion Program သည် ၃၃နာရီကြာမြင့်ပြီး ၂၇ နာရီကြာ  course work  နှင့် ၆နာရီကြာ capstone courseတို့ပါဝင်ပါတယ်။ Fall Intake တွင်တက်ရောက်သော  ကျောင်းသားများ အနေဖြင့် ၂နှစ်တက်ရောက်ရမည်ဖြစ်ပြီး Spring Intake တွင်စတင်သူများအတွက် ၁နှစ်ခွဲ (သို့) ၂နှစ်ခွဲ တက်ရောက်ရမည်။

Course structure မှာ-

Fall

HLTH 500 Foundations of Health Education & Health Promotion (3)

HLTH 510 Physical Activity, Nutrition (3)

Spring

HLTH 520 Program Planning and Evaluation (3)

HLTH 540 Epidemiology (3)

HLTH 550 Health Trends and Issues (3)

 Summer

HLTH 530 Health Interventions for School-aged Children (3)

HLTH 535 Health Interventions for Specific Populations (3)

 Fall

HLTH 515 Advanced Content in Health Promotion (3)

HLTH 525 Research in the Health Sciences (3)

 Spring

HLTH 560 Action Research in Health Promotion (6)

Master of Arts in Health Promotion Program တက်ရောက်လိုသော နိုင်ငံတကာမှ ကျောင်းသားများအတွက် အရည်အချင်းသတ်မှတ်ချက်များမှာ-

သက်ဆိုင်ရာ အသိအမှတ်ပြု တက္ကသိုလ်မှ   health education, health promotion, public health, sociology, psychology, allied health fields, environmental health studies စသောဘာသာရပ်များတွင် degree ရရှိထားပြီး  GPA 2.75 ရှိရန်လိုအပ်ပါတယ်။

official transcripts များ

Recommendation Letters ၂စောင်

Application Fees –   $30.00  တို့လိုအပ်ပါတယ်။

Career opportunities များအနေဖြင့်လည်း Schools, Community or Public Health Centers, Worksite Wellness, Hospitals, Insurance companies များတွင် community health worker, school health worker, education coordinator, health consultant, health educator, health program specialist, health policy analyst, health promoter များအဖြစ်ဝင်ရောက်လုပ်ကိုင်နိုင်ပါတယ်။

Program Link –  https://www.concord.edu/Academics/Graduate-Programs/Master-of-Arts-in-Health-Promotion.aspx

#LetsPlanYourCareerTogether#StudyInUSA

#BestEducationConsultancyInYangon

 

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

June 21, 2021

Montserrat College of Art သည် Visual Arts ကို အထူးပြု သင်ကြားပေးသော ပုဂ္ဂလိက ကောလိပ်ဖြစ်ပါတယ်။ ၁၉၇၀ တွင် စတင်တည်ထောင်ခဲ့ပြီး Montserrat School of Visual Arts နာမည်ဖြင့် Diploma program များကို တက်ရောက်နိုင်ပါတယ်။ Campus မှာ Beverly, Massachusetts, US တွင် ရှိပါတယ်။ 

Montserrat College သည် QS world university Ranking အရ နံပါတ် ၃၅၁ တွင် ရှိပါတယ်။  North Shore Community Arts Foundation မှ တည်ထောင်ခဲ့ပြီး North Shore Music Theatre  ၏ civic group မှ စီမံ ခန့်ခွဲပါတယ်။

Montserrat College of Art သည် ကျောင်းသားများအတွက် Experiential Learning, studio practice, Liberal arts, Professional preparation အစရှိသော ပရိုဂရမ်များထောက်ပံ့ပေးထားပါတယ်။ ကျောင်းသားပေါင်း ၃၇၀ ဖြင့် Major ၁၀ ခု၊ Minor ၅ ခုနှင့် အထက်တက်ရောက်နိုင်ပါတယ်။ ထင်ရှားသော ဘာသာရပ်များမှာ Art, Design တို့ဖြစ်ပါတယ်။

အခြားတက်ရောက်နိုင်သော ဘာသာရပ်များမှာArt Education, Animation + Interactive media, Book Arts, Graphic Design, Interdisciplinary Arts, Illustration, Painting, Photo media + Film, Printmaking, Sculpture, Minors, Travel Programs  စသော ပရိုဂရမ်များကို တက်ရောက်နိုင်ပါတယ်။

ထို့အပြင် Summer program, Youth program, Pre-college residential program, Online Liberal Arts Courses စသည်တို့ကိုလဲ ထောက်ပံ့ပေးထားပါတယ်။ English Proficiency အဖြစ် TOEFL – WBT -520 ,TOEFL-CBT -190, TOEFL-IBT-79, IELTS – 6.0, TOEFL IBT – 61 ပြပေးရန် လိုအပ်ပါတယ်။

Tuition fees မှာ တစ်နှစ်လျှင် ခန့်မှန်းခြေ $ 31,116 ကုန်ကျပြီး တက်ရောက်သော ယောကျ်ားလေးနှင့် မိန်းကလေးအချိုးမှာ ၂၅:၇၅ ဖြစ်ပါတယ်။ Montserrat College တွင် တက်ရောက်နိုင်သော အမြင့်ဆုံးဒီဂရီမှာ Bachelor degree ဖြစ်ပါတယ်။College campus များတွင် Library, Book store, Health center များထားရှိပေးထားပြီး ကျောင်းသား ၇၇% သည် campus အဆောင်များတွင် နေထိုင်ကြပါတယ်။

College website- https://www.montserrat.edu/

Reference – https://collegedunia.com/usa/college/997-montserrat-college-of-art-beverly

#LetsPlanYourCareerTogether#StudyInUSA

#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

 

June 18, 2021

1898 တွင်တည်ထောင်ခဲ့သော DePaul University သည် private institution ဖြစ်ပြီး  undergraduate enrollment ပြုလုပ်ထားသော ကျောင်းသားစုစုပေါင်း  14,214ဦးရှိပါတယ်။ 

DePaul University သည် Chicago အနီးတစ်ဝိုက်တွင် campus ငါးခုရှိပြီး အဓိကcampus များဖြစ်သော Loop နှင့် Lincoln Park campuses များသည် downtown တွင်တည်ရှိပါတယ်။  Individual academic collegesများဖြစ်သောCollege of Education, College of Liberal Arts and Social Sciences နှင့်  Driehaus College of Business သည် campus တစ်ခုတည်းတွင်သီးခြားတည်ရှိပါတယ်။ 

ကျောင်းသားဆရာအချိုး 16:1 ရှိပြီး ၂၀၂၁ခုနှစ် အကောင်းဆုံး National Universities များစာရင်းတွင် ranking #124 ရရှိထားပါတယ်။ 

နိုင်ငံတကာမှ ကျောင်းသားများအတွက် Undergraduate နှင့် Graduate programs ပေါင်း ၂၇၅ခုကို သင်ကြားပို့ချပေးလျက်ရှိပြီး ထင်ရှားသော ဘာသာရပ်များမှာ- 

Business, Management, Marketing, and Related Support Services

Communication, Journalism, and Related Programs

Visual and Performing Arts

Computer and Information Sciences and Support Services

Liberal Arts and Sciences, General Studies and Humanities

programs များအသေးစိတ်ကို ဒီလင့်ခ် https://www.depaul.edu/academics/Pages/default.aspx

တွင်ကြည့်နိုင်ပါတယ်။

DePaul University တွင်တက်ရောက်လိုသော နိုင်ငံတကာကျောင်းသားများအတွက် လိုအပ်သော သတ်မှတ်ချက်များမှာ- 

IELTS – 6.5

TOEFL – 80

SAT – 1145

ACT – 25

Incoming Freshman Scholarships, Transfer Student Scholarships, Current/Continuing Student Scholarships, Adult Student Scholarships, Graduate Student Scholarships, Law Student Scholarships, Alumni Scholarships စသော  Scholarships အမျိုးအစားများကို ပေးလျက်ရှိပါတယ်။ အသေးစိတ်ကို ဒီလင့်ခ် https://www.depaul.edu/admission-and-aid/Pages/scholarships.aspx တွင် ကြည့်နိုင်ပါတယ်။ 

ကျောင်းသားများအတွက် Career Center ထားရှိပေးပြီး career readiness ရှိစေရန် ပြင်ဆင်ပေးခြင်း၊ Internship များချိတ်ဆက်ပေးခြင်း၊ Job Fairs များနှင့် On-Campus Interview များကိုလည်း စီစဉ်ပေးထားပါတယ်။ 

School Website – https://www.depaul.edu/Pages/default.aspx

#LetsPlanYourCareerTogether#StudyAbroadWithEEVS#StudyInUSA#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

June 18, 2021

အမေရိကန်ပြည်ထောင်စုရှိ ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်သော Texas A&M University သည် 1876 တွင်  အဆင့်မြင့်ပညာရေးကို တိုးမြှင့်ရန်ရည်ရွယ်သော public institutionအဖြစ်စတင်ခဲ့ပြီး ယခုအချိန်တွင် သုတေသနကို ဦးစားပေးသည့်အဓိကကျသော တက္ကသိုလ်တစ်ခုအဖြစ်ရပ်တည်နေပါတယ်။ 

Texas A&M main campus သည် College Station တွင်တည်ရှိပြီး ကျောင်းသား69,000 ကျော်နေထိုင်လျက်ရှိပါတယ်။ Galveston, Qatar, School of Law, Higher Education Center at McAllen, Health Science Center စသောcampusအခွဲများတွင် နေထိုင်သော ကျောင်းသားဦးရေ  5,200 ရှိပါတယ်။ 

ကျောင်းသားဆရာအချိုး 19:1 ရှိပြီး ၂၀၂၁ခုနှစ် အကောင်းဆုံး National Universities များစာရင်းတွင် ranking #66 ရရှိထားပါတယ်။ 

Academic colleges ၁၇ကျောင်းနှင့် branch campuses၂ကျောင်းနှင့်အတူ Texas A&M သည် ပြီးပြည့်စုံလွန်းသော တက္ကသိုလ်တစ်ခုအဖြစ် ရပ်တည်လျက်ရှိပါတယ်။ Undergraduate programs ပေါင်း 130ခု၊ Graduate programs ပေါင်း 268ခုကိုသင်ကြားပို့ချပေးလျက်ရှိပြီး ထင်ရှားသော ဘာသာရပ်များမှာ- 

  • Engineering
  • Business, Management, Marketing, and Related Support Services
  • Multi/Interdisciplinary Studies
  • Agriculture, Agriculture Operations, and Related Sciences
  • Biological and Biomedical Sciences

programs များအသေးစိတ်ကို ဒီလင့်ခ် https://www.tamu.edu/academics/index.htmlတွင်ကြည့်နိုင်ပါတယ်။

Texas A&M University တွင်တက်ရောက်လိုသော နိုင်ငံတကာကျောင်းသားများအတွက် လိုအပ်သော သတ်မှတ်ချက်များမှာ- 

TOEFL score (from a test date within two years) –  80 i-BT (Texas A&M University does not accept the MyBest TOEFL score)

IELTS Academic test score – 6.0 overall band (Texas A&M University does not accept the IELTS General test)

PTE Academic score – 53

GRE Verbal Reasoning score –  at least 146 (subject to departmental approval)

GMAT Verbal Score – at least 22 (subject to departmental approval)

Application Deadline မှာ  December 1ရက်နေ့ဖြစ်ပြီး Application fees $90 ကုန်ကျမည်ဖြစ်ပြီး non-refundable ဖြစ်ပါတယ်။ 

Texas A&M Universityတွင် 43% သော full-time undergraduates များသည် need-based financial aidများကိုရလေ့ရှိပြီး ပျမ်းမျှ need-based scholarship(သို့) grant award  အတွက် $11,652 ထောက်ပံ့ပေးလျက်ရှိပါတယ်။ 

School Website – https://www.tamu.edu/

#LetsPlanYourCareerTogether#StudyAbroadWithEEVS#StudyInUSA#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

June 17, 2021

Nova Southeastern University သည် private သုတေသနတက္ကသိုလ်တစ်ခု ဖြစ်ပြီး main campus သည် Fort Lauderdable-Davie, Florida တွင်တည်ရှိပါတယ်။ တက္ကသိုလ်ကို ကောလိပ်၁၈ကျောင်း၊ စင်တာများနှင့် ဖွဲ့စည်းထားပြီး programsပေါင်း ၁၅၀ ကျော်ကို သင်ကြားပို့ချပေးလျက်ရှိပါတယ်။ 

ကျောင်းသားဆရာအချိုး ၁၇း၁ ရှိပြီး ၂၀၂၁ခုနှစ် အကောင်းဆုံး National Universities များစာရင်းတွင် ranking #227 ရရှိထားပါတယ်။ 

Undergraduate နှင့် Graduate programs များအတွက် သင်ကြားပို့ချပေးလျက်ရှိသော ထင်ရှားသည့် ဘာသာရပ်များမှာ- 

Biological and Biomedical Sciences

Business

Education

Management

Marketing 

Psychology

Programs များအသေးစိတ်ကို https://www.nova.edu/degrees.html တွင်ကြည့်နိုင်ပါတယ်။ 

Nova Southeastern University တွင် ၇၂% သော full-time undergraduates ကျောင်းသားများသည် financial aid ရလေ့ရှိပြီး ပျမ်းမျှ scholarship (သို့) grant award အတွက်  $21,409 ရလေ့ရှိပါတယ်။ 

Student activities များအနေဖြင့် student clubs နှင့် organizations များထားရှိခြင်း၊ recreation and wellness centers များထားရှိသည့်အပြင် career development ရရှိစေရန်အတွက်လည်း corporations ၁၀၀ ကျော်နှင့်ချိတ်ဆက်ထားပြီး Internship opportunities များ၊ On-sites visits များနှင့် networking opportunities များကိုလည်း ဖန်တီးပေးထားပါတယ်။ 

 Nova Southeastern University သို့တက်ရောက်လိုသော ကျောင်းသားများအတွက် လိုအပ်သော

အရည်အချင်းသတ်မှတ်ချက်များမှာ-

TOEFL-IBT – 69

IELTS – 6.0 or higher

Pearson test of English – Overall score of 54 or higher

Intake Seasons –  Fall, Winter, Summer

Application Fees – $50 (non-refundable) 

School Website – https://www.nova.edu/index.html

Reference – https://www.usnews.com/best-colleges/nova-southeastern-university-1509

#LetsPlanYourCareerTogether#StudyAbroadWithEEVS#StudyInUSA#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

June 17, 2021

Long Island Universityကို ၁၉၂၆တွင် စတင်တည်ထောင်ခဲ့ပြီး Middle States Commission on Higher Education(MSCHE) ၏ အသိအမှတ်ပြုခံရသော တက္ကသိုလ်ဖြစ်ပါတယ်။ 

ထို့အတူ Long Island University၏ ပညာရေး ပရိုဂရမ်များ၊ ကျောင်းများနှင့် ကောလိပ်များသည်  ပညာရေး အေဂျင်စီများဖြစ်သော Accreditation Council for Pharmacy Education(ACPE), Commission on Collegiate Nursing Education(CCNE), Association to Advance Collegiate Schools of Business (AACSB) , American Psychological Association Commission တို့၏ အသိအမှတ်ပြုခြင်းကိုလဲ ရရှိပါတယ်။ 

LIU တွင် Graduate ,Undergraduate, Doctoral degree, certificate စသော ပရိုဂရမ်ပေါင်း ၅၀၀ ကျော်ကို တက်ရောက်နိုင်ပါတယ်။ တက်ရောက်နိုင်သော ဘာသာရပ်များမှာ  Accounting, Theatre , Film , Sciences, Business, Communication, Computer Science, Arts, Education, Health Science, Journalism, Nursing, Psychology, Pharmacy, Sports စသော ဘာသာရပ်များဖြစ်ပါတယ်။ 

LIU တွင်  နိုင်ငံတကာ ကျောင်းသားဦးရေ အလွန်များပြိး Main Campus- Brooklyn တွင် ကျောင်းသား ၂၀၀၀၀ ကျော်တက်ရောက်လျက်ရှိပါတယ်။ 

တက်ရောက်နိုင်သော Program အချို့၏ Tuition Fees များကို ဖော်ပြပေးလိုက်ပါတယ်။ 

MBA – USD 25,480

MS – USD 22,839-30,981

BE/Btech – USD 37,926

BBA – USD 37,926

MIM – USD 25,480

BSC –USD 36,452

MA – USD 25,694

Other courses – USD 25,694-36452 ကျသင့်ပါတယ်။ 

ပရိုဂရမ် အသေးစိတ်ကို ဖော်ပြပါ Link-https://liu.edu/brooklyn/academics တွင်ကြည့်ရှုနိုင်ပါတယ်။ 

IELTS overall 6,6.5 , TOEFL- 75 နှင့် အထက် ပြပေးရန် လိုအပ်ပါတယ်။ 

အခြားသော ကုန်ကျစရိတ်များအနေဖြင့် Accommodation -$4339/term , Meals Plan –$2564/term (14 meals /week) ကုန်ကျမှာ ဖြစ်ပါတယ်။ Off-campus နေထိုင်စရိတ်မှာ တစ်လလျှင် ပျမ်းမျှ $1300 to $2100 ကျသင့်မှာဖြစ်ပါတယ်။

#LetsPlanYourCareerTogether#StudyAbroadWithEEVS#StudyInUSA#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

June 17, 2021

Western Washington Universityသည် ဝါရှင်တန်ပြည်နယ် Bellingham တွင် တည်ရှိပြီး academic programs ပေါင်း ၁၇၅ ခု ရှိကာ လက်ရှိတွင် ကျောင်းသား ၁၆၁၄၂ ဦး enroll လုပ်ထားလျက်ရှိပါတယ်။ 

Western Washington Universityကို Graduate School နှင့် Undergraduate colleges များဖြစ်သော the College of Business and Economics, the College of Fine and Performing Arts, Fairhaven College of Interdisciplinary Studies, the College of Humanities and Social Sciences, Huxley College of the Environment, the College of Science and Engineering, Woodring College of Education တို့ဖြင့် ဖွဲ့စည်းထားပါတယ်။

နိုင်ငံတကာနှင့် မြန်မာကျောင်းသားများအတွက် ပို့ချပေးသော Graduate နှင့် Undergraduate program များမှာ- 

Bachelor of Arts, Bachelor of Arts in Education, Bachelor of Fine Arts, Bachelor of Music, Bachelor of Science,Bachelor of Science in Nursing, Master of Arts, Master of Business Administration, Master of Education, Master of Fine Arts, Master of Music, Master in Teaching, Master of Science, Master of Professional Accounting  တို့ဖြစ်ပါတယ်။

Western Washington University မှာတက်ရောက်လိုတဲ့ ကျောင်းသားတွေအတွက် ဝင်ခွင့်လိုအပ်ချက်များမှာ-

Average SAT Score 1090- 1300

Average ACT Score 22- 29

Average GPA 3.27- 3.84

IELTS Minimum Score –  6.5

Duolingo Score: 105 or higher

TOEFL Minimum Score: 80 (iBT) or 550 (paper-based)

Applications Fees ပေးဆောင်ရမည်ဖြစ်ပြီး Non-Refundable ဖြစ်ပါတယ်။

Undergraduate Application: USD 60

Graduate Application: USD 100

Career Opportunities များစွာရှိသည့်အပြင် Western Washington University students များအတွက် Student Employment Center မှတစ်ဆင့် part-time အလုပ်အကိုင် အခွင့်အလမ်းတွေရှာဖွေနိုင်ပြီး မိမိနှင့်ကိုက်ညီသည့် career options တွေကို ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။ 

Scholarship  နှင့် Financial Aid များကိုလည်း  Western Washington University မှ ထူးချွန်ကျောင်းသားများအတွက် ပေးအပ်လျက်ရှိပါတယ်။

Intake Sessions – Fall/ Spring

#LetsPlanYourCareerTogether#StudyAbroadWithEEVS#StudyInUSA#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

 

June 17, 2021

1905 ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော University of Nebraskaသည် Kearney, Nebraskaတွင်တည်ရှိပြီး UNKသည်  “best value school” အဖြစ်စာရင်းဝင်ခဲ့သည့်အပြင် အနောက်အလယ်ပိုင်းဒေသ တက္ကသိုလ်များအဆင့် ၁၁ ရှိပါတယ်။ 

ဒီ့အပြင် UNK မှာ Ecampus လဲရှိပါသေးတယ်။ Ecampus တွင် undergraduate သာမက graduate များကိုပါ onlineကနေသင်ကြားပေးတဲ့ programs တွေရှိပါတယ်။ Ecampus ဟာဆိုရင် USA ရဲ့ online education programs များစွာထဲမှာ အဆင့် ၃၅ နေရာမှာ ရပ်တည်နေပါတယ်။

Undergraduate  နှင့် Graduate များအတွက် Arts & Science, Business & Technology, Education ဘာသာရပ်များကို  ပို့်ချပေးလျက်ရှိပြီး Scholarship နှင့် Financial Aid opportunity များစွာလည်းရှိပါတယ်။ Programs အသေးစိတ်ကို ဒီလင့်ခ် https://www.unk.edu/academics/index.php တွင် ကြည့်နိုင်ပါတယ်။ 

Applications Fees $45 နှင့် non refundable ဖြစ်ပြီး  UNK တွင်တက်ရောက်နိုင်ရန်အတွက် 

လိုအပ်သောသတ်မှတ်ချက်များမှာ- 

TOEFL (IBT) – 61

IELTS – 6.5

PTE – 51

ACT Score – 20 or higher

SAT Score – 1040 or higher

Average GPA – 3.48

UNK အနေဖြင့် ကျောင်းသားများအတွက် lifelong career goals များရရှိစေရန်ရည်ရွယ်ချက်နှင့်အညီ ကျောင်းသားများအား financial aidများလည်းထောက်ပံ့ပေးလျက်ရှိပါတယ်။ ပထမနှစ်ကျောင်းသားများ၏ ၈၀% သည် scholarships (သို့) grants များအတွက် ပျမ်းမျှ $9,823 ရလေ့ရှိပါတယ်။ 

Academic နှင့် Career Development Counselling programs များလည်းထားရှိပေးထားသည့်

အပြင်အခြား facilities များအနေဖြင့်လည်း ကျောင်းတွင်းဆေးရုံ ထားရှိပေးခြင်း၊ Library facilitiesများ၊ Sport Center၊ Wellness Center များလည်း ထားရှိပြီး student-oriented approach ဖြင့် သင်ကြားပေးလျက်ရှိပါတယ်။

#LetsPlanYourCareerTogether#StudyAbroadWithEEVS#StudyInUSA#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar