EEVS မှ ဒီတစ်ခါပြောပြပေးချင်တာကတော့ USA မှာ သွားရောက်ပညာသင်ယူတဲ့ ကျောင်းသားတွေအနေနဲ့ ဘယ်လိုမျိုး challenges တွေကို ရင်ဆိုင်ဖြတ်ကျော်ရလဲ ဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်။
နိုင်ငံရပ်ခြားကို ပညာသင်သွားတဲ့အချိန်တွေမှာ အခက်အခဲတွေကြုံတွေ့ရတာကတော့ ပုံမှန်ပါပဲ။ ဒါပေမယ့် ဒီအခက်အခဲတွေ စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် တွေ့ကြုံရလေ့ရှိတဲ့ Challenges တွေကို သိထားမယ်ဆိုရင် အလွယ်တကူ ရင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်။
Cultural shift
USA ရောက်သွားတဲ့အခါ မြန်မာကျောင်းသားအများစုကြုံရလေ့ရှိတာက culture တွေလုံးဝပြောင်းလဲသွားတာပဲဖြစ်ပါတယ်။ လူနေမှုဘဝပုံစံတွေကစလို့ အစားအစာ၊ အလေ့အထ၊ အဝတ်အစားရွေးချယ်ပုံတွေနဲ့ attitude တွေမတူတော့တာကို တွေ့ရမှာဖြစ်ပါတယ်။ US မှာဆိုရင် လက်ဆွဲနှုတ်ဆက်တဲ့ ပုံစံတောင်ကွဲပြားပါတယ်။ US ကလူတွေက လက်ဆွဲနှုတ်ဆက်တဲ့ အခါလက်ကို အခိုင်အမာဆွဲထားလေ့ရှိတယ်။ မိမိက လက်ဆွဲနှုတ်ဆက်တဲ့အခါလက်ကို လျော့တိလျော့ရဲ ထားနေရင် confidence မရှိဘူးလို့ယူဆကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ပြောဆိုရာမှာ Body Language တွေနဲ့ ပတ်သက်ပြီးတော့လည်း သတိထားတတ်ဖို့ လိုအပ်ပါတယ်။
Language barrier
USA ကျောင်းသားတွေနဲ့ ဆက်သွယ်ပြောဆိုတဲ့နေရာမှာ အခက်အခဲအနည်းငယ်ရှိနိုင်ပါတယ်။ မြန်မာကျောင်းသားတွေအနေနဲ့ Language Barrier တွေကို ကျော်လွှားနိုင်ဖို့အတွက် ကျောင်းသွားမတက်မီကာလအတွင်းမှာ English Proficiency ကောင်းကောင်းရှိဖို့အတွက် ပြင်ဆင်သင့်ပါတယ်။
Accommodation problems
နိုင်ငံတကာကျောင်းသားတွေအနေနဲ့ သင့်လျော်တဲ့ နေရာထိုင်ခင်းရှာတွေ့နိုင်ဖို့ကလည်း အနည်းငယ်ခက်ခဲနိုင်ပါတယ်။ University အနီးအနားမှာ နေရာရှာနိုင်ဖို့ကလည်း အရေးပါတဲ့ ပြသနာတစ်ခုဖြစ်လာပါတယ်။ နေရာထိုင်ခင်းရှာတဲ့အခါ မိမိမှာရှိတဲ့ ငွေကြေးနဲ့ ချိန်ဆတတ်ဖို့ လိုအပ်ပါတယ်။
Financial Problems
US မှာနေထိုင်ခြင်းက အရာရာအတွက် ဈေးကြီးပြီး တစ်ခုခုဝယ်တော့မယ်ဆိုရင် နှစ်ကြိမ်ထက်ပိုပြီး စဉ်းစားသင့်ပါတယ်နော်။ ဒါကြောင့် မလိုအပ်တာတွေမဝယ်ဖို့ သတိထားပြီး ငွေစုတတ်တဲ့ အကျင့်လေး လုပ်သင့်ပါတယ်နော်။ Part-Time jobs တွေလုပ်ပြီး ငွေရှာနိုင်ဖို့လည်း စဉ်းစားသင့်တယ်နော်။ နိုင်ငံတကာကျောင်းသားတွေ အနေနဲ့ ပညာသင်ယူနေစဉ်မှာပဲ အလုပ်လုပ်ခြင်းဟာ US မှာနေထိုင်ဖို့အကောင်းဆုံးနည်းလမ်းဖြစ်တယ်။
Learning Style and Academic expectations
USA ကျောင်းတွေက သင်ကြားမှုပုံစံတွေကတော့ lectures based classes တွေထက်စာရင် practical work တွေအပေါ်ပိုဦးစားပေးပြီး workshops, seminars တွေနဲ့ နိုင်ငံတကာ စံညွှန်းများနှင့်အညီသင်ကြားပေးတာဖြစ်ပါတယ်။ အစပိုင်းမှာတော့ အနည်းငယ် အခက်အခဲရှိနိုင်ပေမယ့် နောက်ပိုင်း အသားကျသွားမှာပါ။ မိမိနိုင်ငံတွင် ပညာသင်နေစဉ်ကာလအတွင်း အမှတ်တွေ အဆင့်တွေ အများကြီး ကောင်းနေပါလိမ့်မယ်။ အခြားနိုင်ငံတစ်ခုမှာ သင်ယူရတဲ့အခါ Learning environment နဲ့ အကဲဖြတ်အမှတ်ပေးမှုနည်းလမ်းအသစ်တွေကြောင့် မိမိ performance တွေ အနည်းငယ် ပြောင်းလဲနိုင်ပါတယ်။ ဒီအချက်လေးကိုလည်း သတိပြုသင့်ပါတယ်။
Social Challenges
နိုင်ငံရပ်ခြားကို သွားရောက်ပညာသင်တဲ့ ကျောင်းသားတွေအနေနဲ့ အစပိုင်းမှာ အထီးကျန်တာတို့ အပေါင်းအသင်းမရှိတာမျိုးတို့ ခံစားရလေ့ရှိပါတယ်။ ဒါကြောင့် မိမိနဲ့ study program တူသူတွေနဲ့ မိတ်ဆွေဖွဲ့တာမျိုး၊ ကျောင်းကစီစဉ်တဲ့ volunteer အဖွဲ့တွေမှာ ပါဝင်တာမျိုး၊ local students တွေနဲ့ ရင်းနှီးအောင်နေတာမျိုးတွေ ပြုလုပ်သင့်ပါတယ်။
#LetsPlanYourCareerTogether#StudyInUSA
#BestEducationConsultancyInYangon
#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar