Drexel University သည် ပုဂ္ဂလိကတက္ကသိုလ်တစ်ခုဖြစ်ပြီး Philadelphia, Pennsylvania တွင်တည်ရှိပါတယ်။ ၁၈၉၁ ခုနှစ်တွင် Drexel Institute of Art, Science and Industry အဖြစ်စတင်တည်ထောင်ခဲ့ပြီး ၁၉၃၆ တွင် Drexel Institute of Technology ဟူ၍ ပြောင်းလဲ ခေါ်ဝေါ်ခဲ့ပါတယ်။ Drexel University အဖြစ်ကိုတော့ ၁၉၇၀ ခုနှစ်တွင်သတ်မှတ်ခဲ့တာဖြစ်ပါတယ်။
Drexel University သည် အမေရိကန်နိုင်ငံတွင်းရှိ ထိပ်တန်း ပုဂ္ဂလိက ၁၅ ခုတွင်လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ကျောင်းသား/သူပေါင်း ၂၄၀၀၀ ကျော်သည် undergraduate programs ပေါင်း ၇၀ ကျော်နှင့် master’s, doctoral နှင့် professional programs ပေါင်း ၁၀၀ ကျော်တွင် တက်ရောက် ပညာသင်ကြားလျက်ရှိပါတယ်။ ဒါ့အပြင် ကျောင်းသား/သူများ၏ degree program များအလိုက် paid, full-time နှင့် part-time job များကို စီစဥ်ပေးလျက်ရှိပါတယ်။
Drexel University ကို
- College Of Arts and Sciences,
- School of Biomedical Engineering,
- Science and Health Systems,
- Lebow College of Business,
- College of Computing & Informatics,
- School of Education, and
- College of Engineering တို့ဖြင့် ဖွဲ့စည်းထားပြီး ထင်ရှားသော ဘာသာရပ်များမှာ Mechanical Engineering, Accounting, Nursing စသော ဘာသာရပ်များဖြစ်ပါတယ်။
Tuition Fees အနေနဲ့ Undergraduate – 54,615 USD, Graduate – 36,021 USD ကျသင့်နိုင်မှာပဲ ဖြစ်ပါတယ်။ Intake များအနေဖြင့် Fall Intake, Winter Intake နှင့် Spring Summer Intake စသဖြင့် စာသင်နှစ်များကို သတ်မှတ်ထားပါတယ်။
Drexel University Ranking ၏ rankings များမှာ
#133-National University Ranking – US News & World Report 2021
#387-Global Universities – US News & World Report 2021
#351-400-University Ranking – THE (Times Higher Education) 2021
#601-650 -World University Ranking – QS 2021
#301-400 Universities Rankings – ARWU (Shanghai Ranking) 2020
University Website Link – https://drexel.edu
တက်ရောက်နိုင်သော Degree program များကို အောက်ပါ Link တွင် ကြည့်ရှုနိုင်ပါတယ်။
https://drexel.edu/search/?q=course is&t=web&
#LetsPlanYourCareerTogether#StudyInUSA
#BestEducationConsultancyInYangon
#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar