ဒီနေ့တော့ Toronto မြို့တွင် ပညာသင်ကြားရင်း လည်ပတ်နိုင်သော နေရာအချို့ကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။
- Royal Ontario Museum
Toronto မြို့တော်ရှိ Royal Ontario Museum သည် ကမ္ဘာ့နိုင်ငံများ၏ ယဉ်ကျေးမှုများနှင့် သမိုင်းကြောင်းများကို ပြသထားသော Canada နိုင်ငံ၏ အကြီးဆုံးသောပြတိုက်ဖြစ်ပါတယ်။ Toronto မြို့တွင် ကျောင်းတက်နေစဉ်ကာလတစ်လျှောက် မဖြစ်မနေသွားလည်သင့်သော နေရာဖြစ်ပြီး ကျောင်းသားများအတွက် အထူးအစီအစဉ်အနေဖြင့် သောကြာနေ့ ညနေ 4:30 မှ 8:30 အထိ ဝင်ကြေးသက်သာစွာဖြင့် ဝင်ရောက်ခွင့်ရရှိနိုင်မည်ဖြစ်သည်။
- Distillery District for a unique and trendy afternoon
Distillery District သည် Toronto မြို့လယ်တွင်တည်ရှိပြီး မိနစ် ၃၀ ခန့်လမ်းလျှောက်ရုံဖြင့် ရောက်ရှိနိုင်မည်ဖြစ်သည်။ Distillery District ထဲတွင် အနုပညာနှင့် ယဉ်ကျေးမှုကို မြင့်တင်နိုင်ရန် ရည်ရွယ်သည့် လှပသော Victoria ဗီသုကာလက်ရာ များဖြင့်တည်ဆောက်ထားသော ဆိုင်ခန်းများ၊ ပြခန်းများ၊ ကွင်းဆက်စတိုးဆိုင်များဖြင့် အသေးစိတ်ချယ်လှယ်ခင်းကျင်းပြသထားပါသည်။
- Outdoor Days at High Park
Toronto မြို့ရှိ ဝင်ကြေးပေးဆောင်ရန်မလိုသည့် ရင်သပ်ရူမောဖွယ်ကောင်းလှသော ပန်းခြံတွင် သင်၏တစ်နေ့တာကို ကုန်ဆုံးနိုင်ပါသည်။ High Park အတွင်းရှိ အလွန်လှပသော ကန်ငယ်လေးများ၊ တောင်တက်လမ်းများ နှင့် အုံ့မှိုင်းလှပစွာဝေဆာနေသော သပိတ်ပင်များကို မျက်စိတစ်ဆုံး လေ့လာနိင်ပါသည်။
- CN Tower
Toronto မြို့၏ လှပသောမြင်ကွင်းကို ရှုစားရန်အတွက် CN Tower ကိုလည်း သွားရောက် လည်ပတ်သင့်ပါသည်။ ဝင်ကြေးနှုန်းထားများပြားလှပင်မယ့် ကျောင်းသား/သူများအတွက် 10% discounts ပေးလေ့ရှိပါသည်။ လူဦးရေ ထူထပ်လွန်းလှ၍ မနက် ၁၁ နှင့် ညနေ ၆ နာရီကြားသွားလျင် ပို၍အဆင်ပြေနိုင်ပါသည်။ မိသားစုသဘင်ပွဲများ၊ ဖျော်ဖြေရေးပွဲများ၊ ရန်ပုံငွေပရဟိတ အဖွဲ့များ စသည်ဖြင့် Toronto ၏ ပျော်စရာအကောင်းဆုံးနေရာဖြစ်သည်။
- St. Lawrence Market
Toronto မြို့ရှိ Lawrences Market သည် ဈေးဝယ်ထွက်ရန် အကောင်းဆုံးနေရာ တစ်ခုဖြစ်ပြီး လှပသော Canada နိုင်ငံ၏ ရိုးရာအသုံးအဆောင်များ၊ ဒေသဆိုင်ရာ ကျော်ကြားသော အသုံးအဆောင်စ္စည်းများနှင့် ကမ္ဘာကျော် အစားအသောက်များကို ခံစားနိုင်သော နေရာတစ်ခုဖြစ်ပါတယ်။ အရသာရှိလှသော အစားအသောက်များကို ဝိုင်တစ်ခွက်ဖြင့် ခံစားရင်း တစ်နေတာ အမောကို ဖြေဖျောက်စေနိုင်ပါသည်။
- Hung out on Yonge-Dundas Square
Yonge Dundas ရင်ပြင်သည် Toronto မြို့၏ အများပြည်သူများလည်ပတ်လေ့ရှိကြသည့် အချက်အချာကြသော နေရာတစ်ခုဖြစ်ပါသည်။ ကမ္ဘာအရပ်မှ ပြပွဲများ၊ ဖျော်ဖြေရေး ပွဲများ၊ ရုပ်ရှင်ပြပွဲများ အစရှိသည်တို့ကို Yonge-Dundas တွင် အခမဲ့ ပြသလေ့ရှိတာကြောင့် ကမ္ဘာလှည့်ခရီးသည်များနှင့် ဒေသအတွင်းပြည်သူများအကြား လည်ပတ်စရာ နေရာတစ်ခုဖြစ်နေပါတယ်။
- Catch the Latest Movies at Toronto International Film Festival (TIFF) Every September
အပြည်ပြည်ဆိုင်ရာ Toronto ရုပ်ရှင်ပြပွဲကြီးသည် ကမ္ဘာပေါ်တွင် အကြီးမားဆုံးနှင့် အပြောင်မြောက်ဆုံးသော လူထုရုပ်ရှင်ပွဲတော်ကြီး ဖြစ်ပါသည်။ ရုပ်ရှင်ပြပွဲကြီးတွင် ကမ္ဘာ့နိုင်ငံအရပ်ရပ်မှ ကျော်ကြားသော ရုပ်ရှင်များနှင့် နောက်ဆုံးပေါ် ရုပ်ရှင်ကားကြီးများကို အနီရောင် ကော်ဇော်ပေါ်မှ မင်းသား/မင်းသမီးများနှင့် မျက်မြင်ခံစားရမှာဖြစ်ပါတယ်။
#LetsPlanYourCareerTogether#StudyInCanada#BestEducationConsultancyInYangon
#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar