EEVS မှ ဒီတစ်ခါပြောပြပေးချင်တာကတော့ Australia နိုင်ငံမှာ ပညာသင်ကြားတာနဲ့ ပတ်သက်ပြီး နိုင်ငံတကာကျောင်းသားတွေ အမေးများလေ့ရှိတဲ့ အကြောင်းအရာလေးတွေပဲဖြစ်ပါတယ်။
Australia တက္ကသိုလ်တွေမှာ ဘယ်လိုမျိုး course တွေကို လျှောက်ထားနိုင်သလဲ?
Science, management, tourism, hospitality, commerce, humanities, engineering, law or health sciences အစရှိတဲ့ ဘာသာရပ်နယ်ပယ်တွေကို တက်ရောက်နိုင်ပါတယ်။ ဘယ်ဘာသာရပ်နယ်ပယ်ကိုပဲ ရွေးချယ်ပါစေ Australia တက္ကသိုလ်များသည် engineering and technology, medicine, nursing, environmental science, accounting and finance အစရှိသော ဘာသာရပ်နယ်ပယ်များတွင် ကမ္ဘာ့အကောင်းဆုံးအဖြစ်အဆင့်သတ်မှတ်ခံထားရတာဖြစ်ပါတယ်။
Australia အဆင့်မြင့်ပညာရေးကို တက်ရောက်နိုင်ဖို့အတွက် ဘယ်လို study level တွေကို ရွေးချယ်နိုင်သလဲ?
ဘွဲ့ကြို၊ ဘွဲ့လွန် နှင့် သုတေသန program များကို တက်ရောက်နိုင်ပါတယ်။
Australia မှာကျောင်းတက်ဖို့ ဘာတွေလိုအပ်လဲ?
ယေဘုယျအားဖြင့် လိုအပ်ချက်များမှာ-
Academic requirements
English language requirements
Evidence of funds to support your study
Overseas student health cover အစရှိသည်တို့ဖြစ်ပါတယ်။
နိုင်ငံတကာကျောင်းသားတွေအတွက် Scholarships တွေရှိလား?
Australia အစိုးရ၊ ပညာရေးအဖွဲ့အစည်းများ၊ public နှင့် private organization များမှ နိုင်ငံတကာကျောင်းသားများအတွက် scholarships, grants, bursaries အမျိုးအစားများစွာပေးလျက်ရှိပါတယ်။
Australia တက္ကသိုလ်တွေက ဘယ်လိုမျိုး English Test တွေကို လက်ခံပေးပါသလဲ?
Australia မှာရှိတဲ့ တက္ကသိုလ်အများစုကတော့ IELTS ကို ဦးစားပေး လက်ခံပေးကြပါတယ်။
ထို့အပြင် TOEFL paper-based test, Pearson Test of English Academic (PTE), Cambridge English: Advanced and Occupational English Test (OET) စသည့် test တွေကိုပါ လက်ခံပေးပါတယ်။
Australia နိုင်ငံမှာ ပညာသင်ကြားနေရင်း အလုပ်လုပ်လို့ရလား?
ကျောင်းတက်နေစဉ်ကာလအတွင်းမှာ တစ်ပတ်ကိုနာရီ ၂၀ အလုပ်လုပ်နိုင်ပြီး ကျောင်းပိတ်နေစဉ်ကာလမှာ အချိန်အကန့်အသတ်မရှိ လုပ်ကိုင်နိုင်ပါတယ်။
နိုင်ငံတကာကျောင်းသားတွေအတွက် Australia မှာ ပညာသင်ယူမယ်ဆို ဘယ်လောက်ကုန်ကျနိုင်လဲ?
Undergraduate program များအတွက် AU$15,000 မှ AU$33,000 အထိကုန်ကျနိုင်ပြီး
Postgraduate program များအတွက် AU$20,000မှ AU$37,000အထိကုန်ကျနိုင်ပါတယ်။
မိမိတက်ရောက်တဲ့ တက္ကသိုလ်ပေါ်မူတည်ပြီး ကုန်ကျစရိတ်အပြောင်းအလဲရှိနိုင်ပါတယ်။
နိုင်ငံတကာကျောင်းသားတွေအတွက် Australia နိုင်ငံမှာရှိတဲ့ ကုန်ကျစရိတ် အသက်သာဆုံးတက္ကသိုလ်တွေက ဘာတွေလဲ?
University of the Sunshine Coast (Sunshine Coast)
University of Southern Queensland (Toowoomba)
Southern Cross University (Lismore)
Charles Darwin University (Darwin)
University of New England (Armidale)
#LetsPlanYourCareerTogether#StudyInAustralia#BestEducationConsultancyInYangon
#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar