EEVS မှ ဒီတစ်ခါပြောပြပေးချင်တာကတော့ UKမှာ ပညာသင်ကြားတာနဲ့ ပတ်သက်ပြီး နိုင်ငံတကာကျောင်းသားတွေ အမေးများလေ့ရှိတဲ့အကြောင်းအရာလေးတွေပဲဖြစ်ပါတယ်။
UK ပညာရေးက ဘယ်ဘာသာရပ်နယ်ပယ်တွေအတွက် ဦးဆောင်နေသလဲ?
UK ပညာရေးသည် Engineering, science, art & design, business & management, law and finance စတဲ့ ဘာသာရပ်နယ်ပယ်များစွာအတွက် ထိပ်တန်းကရပ်တည်လျက်ရှိပါတယ်။
UK Qualifications တွေကို တစ်ကမ္ဘာလုံးက အသိအမှတ်ပြုလား?
UK တက္ကသိုလ်များမှ Degree များကို ကမ္ဘာတစ်ဝှမ်းက အသိအမှတ်ပြုထားပြီး အရည်အသွေးမြင့် ပညာရေးကြောင့် ကျော်ကြားလှပါတယ်။
UK တက္ကသိုလ်တွေက ဘယ်လိုမျိုး English Test တွေကို လက်ခံပေးပါသလဲ?
IELTS ကို UK မှာရှိတဲ့ တက္ကသိုလ်အဖွဲ့အစည်းအားလုံးနီးပါးက လက်ခံကြပါတယ်။ 98% သောတက္ကသိုလ်များသည်လည်း TOEFL နှင့် PTE Academic Test ကိုလက်ခံပေးပါတယ်။Score သတ်မှတ်ချက်တွေကတော့ မိမိလျှောက်ချင်တဲ့ ကျောင်းအပေါ်မူတည်ပြီး အနည်းငယ် ကွဲပြားနိုင်ပါတယ်။
နိုင်ငံတကာကျောင်းသားများအနေဖြင့် UK မှာကျောင်းတက်နေစဉ်ကာလအတွင်း အလုပ်လုပ်လို့ရပါသလား?
ကျောင်းတက်နေစဉ်ကာလအတွင်း တစ်ပတ်ကို နာရီ၂၀ part-time လုပ်ကိုင်နိုင်ပြီး ကျောင်းပိတ်နေတဲ့အချိန်တွေမှာ အချိန်ပြည့်လုပ်ကိုင်နိုင်ပါတယ်။
နိုင်ငံတကာကျောင်းသားတွေအတွက် UK မှာပညာသင်ယူမယ်ဆို ဘယ်လောက်ကုန်ကျနိုင်လဲ?
နိုင်ငံတကာကျောင်းသားတွေအတွက်Undergraduate Program များတက်ရောက်လျှင် £10,000 မှ £38,000 အတွင်းကုန်ကျနိုင်ပြီး medical degrees များတက်ရောက်မည်ဆိုပါကပိုမိုကုန်ကျစရိတ်များနိုင်ပါတယ်။ Postgraduate Program များအတွက် £30,000 မှ £50,000 အတွင်းကုန်ကျနိုင်ပါတယ်။s Business, Engineering , Computer Science ဘာသာရပ်များသည် Journalism , Humanities စတဲ့ဘာသာရပ်တွေထက် အနည်းငယ်ပိုကုန်ကျနိုင်ပါတယ်။
နိုင်ငံတကာကျောင်းသားတွေအတွက် Scholarships အခွင့်အရေးတွေရှိလား?
UK အစိုးရ၊ ပညာရေးအဖွဲ့အစည်းများ၊ public နှင့် private organization များမှ နိုင်ငံတကာကျောင်းသားများအတွက် scholarships, grants, bursaries အမျိုးအစားများစွာပေးလျက်ရှိပါတယ်။ နိုင်ငံတကာကျောင်းသားများအတွက် ပေးအပ်လေ့ရှိသော Scholarships အများစုမှာ-
Chevening Commonwealth Scholarships
Fulbright Foreign Student Program
Edinburgh Global Research Scholarships အစရှိတာတွေပဲဖြစ်ပါတယ်။
#LetsPlanYourCareerTogether#StudyInUK#BestEducationConsultancyInYangon
#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar