fbpx
October 21, 2021

Finest universities in UK (Part -2)  

10. University of Warwick

Established year –  1965

World Ranking (QS) – 61

International Student percentage- 22.5%

Russell group ရဲ့ အဖွဲ့ဝင် University တစ်ခုဖြစ်ပြီး Business နှင့် Law major တက်ရောက်လိုသူများအတွက် အကောင်းဆုံးကျောင်းများထဲမှ တစ်ခုဖြစ်ပါတယ်။ England အလယ်ပိုင်း Coventry မြို့လေးတွေတည်ရှိပြီး ဘွဲ့ရသူများထဲမှ 92% မှာ ကျောင်းပြီးပြီးချင်း ၆လအတွင်း အလုပ်ရနိုင် (သို့) ကျောင်းဆက်တက်နိုင်ကြောင်း တွေ့ရပါတယ်။

9. University of Bath

Established year- 1966

World ranking (QS) – 166

International Student Percentage- 21.9%

ကောင်းမွန်သော Student Life နှင့် Gold Tire Teaching Standard ရှိသော University of Bath ဟာ MBA နှင့် Engineering Major များအတွက် ထင်ရှားပါတယ်။ မြင့်မားသော အခြေခံလစာ နှင့် လုပ်ငန်းခွင်အချိတ်ဆက်များကြောင့်လည်း International Student များ၏ စိတ်ဝင်စားခြင်းကို ခံရပါတယ်။

8. University College London (UCL)

Established year- 1826

Working Ranking (QS) – 8

International Student Percentage- 53%

UK ရဲ့ အကောင်းဆုံး University များထဲမှ International Student အများဆုံးရှိသော University ဖြစ်ပြီး Medicine, Science နှင့် Law ဘာသာရပ်များအတွက် ထင်ရှားပါတယ်။ UCL ၏ ကျောင်းသားဟောင်းများမှာ Noble Prize စုစုပေါင်း 30 အထိဆွတ်ခူးထားကြပြီး London တွင် ကျောင်းတက်လိုသူများအတွက် Opition ကောင်းတစ်ခုလည်းဖြစ်ပါတယ်။

7. Loughborough University

Established year- 1909

World Ranking( QS) – 231

International Student Percentage- 10%

လန်ဒန်မြို့မြောက်ဘက် မိနစ် ၉၀ ခန့်အကွာတွင်တည်ရှိသော Loughborough University ဟာ 5 Star Teaching Standard ရှိသော University တစ်ခုဖြစ်ပြီး Times Magazineရဲ့ University of the year ဆုကိုပိုင်ဆိုင်ထားတဲ့ University လည်းဖြစ်ပါတယ်။ ကြီးမားကျယ်ဝန်းတဲ့ Campus ကြီးရှိတာနဲ့ အညီ Student Experience Survey အရ Score အကောင်းဆုံး ရထားသော University လည်းဖြစ်ပါတယ်။ ထင်ရှားတဲ့ ဘာသာရပ်နယ်ပယ်များကတေ့ Business, Sports နှင့် Engineering တို့ပဲဖြစ်ကြပါတယ်။

6. Durham University

Established year- 1832

World Ranking (QS) – 82

International Student Percentage- 27%

Durham University ဟာ Research University တစ်ခုဖြစ်တဲ့ အပြင် အလုပ်ကိုင်ရှာဖွေပေးရာတွင်လည်း နာမည်ကြီးပါတယ်။ Durham ဟာ ဆိတ်ညိမ်လှတဲ့ monumental မြို့လေးတစ်မြို့ ဖြစ်ပြီး ယင်း University ရဲ့ ရဲတိုက်နှင့် ဘုရားကျောင်းတို့မှာ ကမ္ဘာ့အမွေနှစ်များ စာရင်းဝင်တွေဖြစ်ပါတယ်။ ထင်ရှားတဲ့ ဘာသာရပ်များကတော့ Law, Business နှင့် Engineering တို့ပဲဖြစ်ပါတယ်။

Reference: https://www.studyin-uk.com/uk-study-info/university-rankings/

#LetsPlanYourCareerTogether#StudyInUK#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar