fbpx
October 22, 2021

Finest Universities in UK (Part -1)

5. Imperial College London

Established – 1907

World ranking (QS) – 7th

International student percentage – 43%

Golden Triangle အဖွဲ့ဝင် University တစ်ခုဖြစ်ပြိီး Medical Science Field တွင် လူတော်များစွာ ထွက်ပေါ်ခြင်းကြောင့် နာမည်ကြီးသော Imperial College London ဟာဆိုရင် London မြို့ရဲ့ အချက်ချာကျတဲ့ မြို့တောင်ပိုင်းမှာ ဖွင့်လှစ်ထားပါတယ်။ ကျောင်း၏ Humanity Department နှင့် Busienss School တို့မှာလည်းလူသိများထင်ရှားကြပါတယ်။

 

4. London School of Economics and Political Science (LSE)

Established – 1895

World Ranking(QS) – 49th

International Student Percentage- 48.6%

London မြို့ရဲ့ အကောင်းဆုံး ကျောင်းတစ်ခုဖြစ်ပြီး ကျောင်းသားပေါင်း 10,000 ကျော်ပညာသင်ယူနေပါတယ်။ Theory ပိုင်းဆိုင်ရာ သင်ကြားမှုတွင် UK ၏ အကောင်းဆုံးကျောင်းဟု ဆိုကြသည့်အပြင် အကောင်းဆုံးသော အခြေခံလစာများ ကိုရရှိနိုင်သည့် အခွင့်ရေးများရှိနေပါတယ်။ Economic, Law နှင့် Political Science ဘာသာများအတွက်လူသိများထင်ရှားပါတယ်။

 

3. St. Andrews University

Established – 1413

World Ranking (QS) – 91st

International Student Percentage – 41.3%

UK ရဲ့ အစောဆုံး University များထဲကတစ်ခုဖြစ်တဲ့ St. Andrews University ဟာ Top 10 list ထဲက တစ်ခုထဲသော Scottish University ဖြစ်ပါတယ်။ ကျောင်းသားပေါင်း 9000 ကျော် မှာ မတူညီသောဘာသာရပ် 130 ကျော်ကိုလေ့လာနေပြီး International Relations , Computer Science နှင့် Physics တို့မှာထင်ရှားသော ဘာသာရပ်များဖြစ်ပါတယ်။

 

2. University of Oxford

Established- 1096

World Ranking (QS)- 2

International Student Percentage- 15.6%

နှစ်ထောင်ချီသက်တမ်းရှိပြီဖြစ်တဲ့ ကမ္ဘာကျော် Oxford University ဟာ Worldwide ranking တွင်လည်း အမြဲ 1-5 အတွင်းမှာရှိပါတယ်။ Oxford ကျောင်းဆင်းများရဲ့အခြေခံလစာဟာ ငါးနှစ်အတွင်း £ 43,000 အထိပျမ်းမျှရှိပြီး ဘာသာရပ်တိုင်းအတွက် လက်တွေ့ ကွင်းဆင်းလေ့လာမှုများကို ထည့်သွင်းထားပါတယ်။ ထင်ရှားတဲ့ Major များကတော့ Humanities နှင့် Law တို့ဖြစ်ပြီး ကမ္ဘာ့ အကောင်းဆုံး MBA အတွက်လည်းကျော်ကြားပါတယ်။

 

1. University of Cambridge

Established – 1209

World rankings (QS)- 3rd

International Student Percentage- 20.5%

Stephen Hawking, Charles Darwin နှင့် Sir Issac Newton တို့ကိုမွေးထုတ်ပေးခဲ့တဲ့ University of Cambridge ဟာ England အလယ်ပိုင်းတွင်တည်ရှိပြီး သက်တမ်း 800 ကျော်ခဲ့ပြီဖြစ်ပါတယ်။ ၎င်း၏ Degree မှာလည်းအဖိုးတန်လှသကဲ့သို့ Career ပေါ်တွင်လည်း အကျိုးသက်ရောက်မှု အလွန်ကြီးသောကြောင့် နေရာတစ်နေရာရရန်ပင် အလွန်ကြိုးပမ်းရမှာဖြစ်ပါတယ်။ College Campus ပေါင်း 31 ခုကို ပိုင်ဆိုင်ထားကာ Queen and Church of UK ပြီးလျင် England တွင် မြေဧကပိုင်ဆိုင်မှု အများဆုံးရှိသော ကျောင်းတစ်ခုဖြစ်ပါတယ်။

 

Reference: https://www.studyin-uk.com/uk-study-info/university-rankings/

#LetsPlanYourCareerTogether#StudyInUK#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar