▪️ယခု ပြောပြပေးမှာကတော့ Griffith University ရဲ့ Bachelor of Medical Science Program အကြောင်းပဲ ဖြစ်ပါတယ်။ 🙆♂️
▪️Griffith University သည် 1975 တွင် သြစတေးလျနိုင်ငံ Brisbane မြို့တွင် စတင်တည်ထောင်ခဲ့တာ ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းရှိ ထိပ်တန်းတက္ကသိုလ် ၂ % တွင် ပါဝင်သော အဆင့်မြင့်သုတေသန အထူးပြု တက္ကသိုလ်တစ်ခု ဖြစ်ပါတယ်။ သြစတေးလျနိုင်ငံ အရှေ့တောင်ဘက်ရှိ Queensland ပြည်နယ်တွင် Campus ပေါင်း ၆ ခုဖြင့် သုတေသန သင်ကြားရေးများဖြင့် နိုင်ငံတကာကျောင်းသားပေါင်း 5,0000 ကျော်ကို သင်ကြားပေးနေတာ ဖြစ်ပါတယ်။ 📚👨🎓
▪️ဒီ Bachelor of Medical Science Program က ဆေးပညာကို စိတ်ပါဝင်စားပြီး သင်ယူတတ်မြောက်လိုသူ ကျောင်းသား/သူများအတွက် ရည်ရွယ်ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ ယခု program ကို ပြီးမြောက်ပါက Doctor of Medicine ဘာသာရပ်ကိုပါ ဆက်လက်သင်ယူနိုင်မှာ ဖြစ်ပါတယ်။ Program ကာလ ၂နှစ်ကြာမြင့်မှာ ဖြစ်ပြီး Gold Coast campus နှင့် Nathan campus တို့တွင် တက်ရောက်နိုင်မှာဖြစ်ပြီး တစ်နှစ်ကို $34000 ဝန်းကျင် ကျသင့်နိုင်ပါတယ်။ 💁♂️
▪️Program ၏ ပထမဆုံးနှစ်တွင် ဆေးနှင့်ဆက်နွယ်သည့် အခြေခံ သိပ္ပံဘာသာရပ်များဖြစ်သည့် anatomy, chemistry, biochemistry, genes and disease, law and ethics, microbiology, physiology, and epidemiology စသည့် ဘာသာရပ်များကို သင်ကြားရမှာဖြစ်ပါတယ်။ အဆိုပါ ဘာသာရပ်များသာမက လူမှုဆက်ဆံရေးဘာသာရပ်ကိုလည်း လူနာများနှင့် ဆက်ဆံပြောဆိုရာတွင် အဆင်ပြေချောမွေ့စေရန် အတွက် သင်ကြားရမှာဖြစ်ပါတယ်။ 😇
▪️ဒုတိယနှစ်တွင်တော့ ဆေးပညာကို ထဲထဲဝင်ဝင်လေ့လာရတော့မှာ ဖြစ်ပြီး immunology, infectious disease, pharmacology, metabolism, structural biochemistry, and molecular genetics ဘာသာရပ်များကို လေ့လာသင်ကြားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပထမနှစ်နှင့် ဒုတိယနှစ်တွင် သင်ယူခဲ့ရသော အခြေခံပညာရပ်များကို အသုံးချ၍ ဆေးခန်းတွင် ဖြစ်ပေါ်လာသော ပြဿနာရပ်များကို ဖြေရှင်းနည်းများကို သင်ကြားပေးမည့် capstone course ကိုလဲ သင်ကြားရမှာ ဖြစ်ပါတယ်။ 📚📚
▪️တက်ရောက်လိုသော ကျောင်းသား/သူများအနေဖြင့် လိုအပ်သော English Requirements များမှာ –
- A minimum overall band score of 7.0 on IELTS (Academic) with no sub-score of less than 6.5 A minimum score of 580 on TOEFL
- An internet-based (iBT) TOEFL score of 92 (no score less than 22)
- No score less than 4 in each skill of the ISLPR (conducted by ISLPR Language Services only)
- A minimum overall score of 185 (no score less than 176) on C2 Proficiency (formerly Cambridge Certificate of Proficiency in English)
- An overall score of 65 in the Pearson Test of English (Academic) with no score less than 58
▪️Program အကြောင်း အသေးစိတ် လေ့လာသိရှိလိုပါက message box သို့မဟုတ် အောက်ပါဖုန်းနံပါတ်များမှ တစ်ဆင့် အသေးစိတ် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
☎️09751871589, 09790839290, 09751871587
Ref; https://www.griffith.edu.au/study/degrees/bachelor-of-medical-science-1280
#LetsPlanYourCareerTogether#StudyInAustralia#BestEducationConsultancyInYangon
#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar