fbpx
September 1, 2020

IELTS စာမေးပွဲမဖြေဆိုခင်မှာ ဘာတွေပြင်ဆင်ထားဖို့လိုအပ်မလဲ။

IELTS preparation classတွေကိုလည်းတက်ပြီးပြီ။ Practice test တွေလည်းဖြေကြည့်ပြီးပြီ။လိုအပ်သလောက်စာတွေလည်းလုပ်ပြီးပြီဆိုရင် ငါဘာတွေများ ထပ်လုပ်ဖို့လိုအပ်အုံးလိုမလဲလို့စဉ်းစားနေကြမှာပေါ့နော်။
IELTS စာမေးပွဲကို မနက်ဖြန်လိုမှာ ဖြေဆိုတော့မယ့်သူတွေအတွက် ဘာတွေပြင်ဆင်ထားဖို့လိုအပ်မလဲဆိုတာနဲ့ ပတ်သက်ပြီး မျှဝေသွားပါမယ်။
 Take a break.
 ခဏလောက်တော့ အနားယူလိုက်ပါ။ ဦးနှောက်ကိုလည်းအနားပေးပါ။IELTS Examဟာ မှတ်ဉာဏ်ကိုမှတ်တဲ့ စာမေးပွဲတစ်ခုမဟုတ်ပါဘူး။ ကိုယ့်ရဲ့ English language skill ဘယ်လောက်ရှိလဲဆိုတာကိုသာစစ်ဆေးတဲ့test ဖြစ်တဲ့ အတွက် အရမ်းကြီး ဖိအားတွေများနေမယ်ဆိုရင် စိတ်ပူပန်မှု
နဲ့ ဖိစီးမှုတွေ
ွအများကြီးဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်မို့ မဖြေခင်တစ်ရက်မှာ ကိုယ့်ကိုကို အားဖြည့်ပါ။
Prepare what you need.
 အနားယူလို့ပြီးပြီဆိုရင် စာမေးပွဲမဖြေခင်ဘာတွေယူသွားရမလဲဆိုတာအဆင်သင့်လုပ်ပါ။ ကိုယ်ဘယ်လိုအစီအစဉ်နဲ့ စာမေးပွဲဖြေတဲ့နေရာကို သွားမယ်။ ကိုယ်ဘယ်အချိန်လောက်အိမ်ကနေထွက်မယ်။ Passport, National ID, Student ID စတဲ့လိုအပ်တဲ့စာရွက်စာတမ်းတွေတစ်ခါထဲ ကြိုတင်ပြီး အိတ်တစ်အိတ်ထဲမှာစုထည့်ထားပါ။
 Be confident.
 စာမေးပွဲတစ်ခုကို မဖြေဆိုခင်မှာ စိတ်လှုပ်ရှားပြီး စိုးရိမ်တတ်ကြတာကျောင်းသားတိုင်းရဲ့ သဘာဝတစ်ခုပါ။ အရမ်းကြီးမစိုးရိမ်ပါနဲ့။ ကြံဖန်တွေးပြီးလဲမကြောက်ပါနဲ့။ ငါလုပ်နိုင်တယ်။ငါအကောင်းဆုံးဖြေမယ်ဆိုတဲ့ စိတ်ကိုသာထည့်ထားပါ။ Your positive thinking and action can lead the success.
ကဲ ဒီအချက် ၃ ချက်ကို စာမေးပွဲ မဖြေခင်မှာ လုပ်ကြည့်ဖို့မမေ့နဲ့နော်။
IELTS Exam ကို Band scores ကောင်းကောင်းနဲ့ အောင်မြင်အောင်ဖြေဆိုနိင်ကြပါစေလို့ EEVSမှ ဆုတောင်းလျက်
09751871587,09751871588,09751871589
Expert Education and Visa Services Myanmar
#Let‘s_plan_your_career_together