International Medical Graduate (IMG) တစ်ယောက်အနေနဲ့ သြစတြေးလျနိုင်ငံမှာ Medical Practice ပြုလုပ်ဖို့ သူရထားတဲ့ ဘွဲ့ဒီဂရီက Australian Medical Council (AMC) နဲ့ WDMS (World Directory of Medical Schools) နှစ်ခုလုံးကနေ Recognize ဖြစ်ဖို့လိုတယ်။ AMC က WDMS မှ အသိအမှတ်ပြုမှ တစ်ဆင့် Recognize လုပ်တာ ဖြစ်ပါတယ်။
WDMS မှာ ၀င်ကြည့်တော့ မြန်မာနိုင်ငံက အသိအမှတ်ပြုတဲ့ ဆေးကျောင်းတွေအနေနဲ့
Defence Services Medical Academy (Mingalardon )
University of Medicine 1 (Yangon)
University of Medicine 2 (Yangon)
University of Medicine Magway
University of Medicine Mandalay
University of Medicine Taunggyi
တို့ ရှိနေပါတယ်။
Australia နိုင်ငံမှာ International Medical Graduate တစ်ယောက်အနေနဲ့ Registration ရရှိဖို့ ဘယ်လို Step တွေ ရှိနိုင်မလဲ??
Competent Authority Pathway (Part A)
1. ပထမဆုံးအနေနဲ့ ကိုယ့်ဒီဂရီက Directory of World Medical Schools နဲ့ Australian Medical Council က အသိအမှတ်ပြုဖြစ်ဖို့လိုပါတယ်။ (https://search.wdoms.org) ဒီထဲမှာ သွားကြည့်လို့ရပါတယ်။
2. ECFMG ( Educational Commission for Foreign Medical Graduates ) မှတစ်ဆင့် လျှောက်ထားဖို့ EPIC Account ဖွင့်ထားရပါမယ်။ ( https://www.ecfmgepic.org/physicians-getting-started.html)
3. Reason to Apply မှာ “Australia Medical Council” လို့ရွေးချယ်ပေးရပါမယ်။
4. မိမိရဲ့ Qualification နှင့် Identity Documentsများနှင့် အခြား ဆက်စပ်သော Documents များကို EPIC အကောင့်အတွင်း Upload လုပ်ရပါမယ်။ (AUD 125 ကျသင့်ပါတယ်။)
5. သင်တက်ရောက်ခဲ့တဲ့ College သို့မဟုတ် University က World Medical Directory အောက်မှာ Registered ဖြစ်ရပါမယ်။ မြန်မာနိုင်ငံမှ စာရင်းသွင်းထားသော University စာရင်းများ ပေးထားပါတယ်။
6. ECFMG မှ သင်တက်ရောက်ခဲ့တဲ့ College သို့မဟုတ် University ကို Post (not mail) မှ တစ်ဆင့် ဆက်သွယ်ပြီး သင်တက်ရောက်ခဲ့ခြင်းရှိမရှိ သင့်ရဲ့ စာရွက်စာတမ်းတွေနဲ့ ပတ်သက်ပြီး confirmation လုပ်ပါမယ်။ Confirmation Letter ကို တာ၀န်ရှိသူမှ DHL မှ တစ်ဆင့် ECFMG မှ စာတမ်းတွင် သတ်မှတ်ထားသော လိပ်စာသို့ ပြန်လည် Delivery လုပ်ပေးရပါမယ်။
7. သင် တက်ရောက်ထားတဲ့ College သို့မဟုတ် University မှ Delivery ပြုလုပ်ပေးရန် မအားပါက သင်ကိုယ်တိုင် Delivery ပြုလုပ်ရန် တောင်းဆိုနိုင်ပါတယ်။
Examination (Part B)
စာမေးပွဲအတွက် အပိုင်းနှစ်ပိုင်းခွဲခြားထားပါတယ်။ စာမေးပွဲနှစ်ပိုင်းလုံးကို Australian Medical Council မှ စစ်ဆေးမှာ ဖြစ်ပါတယ်။ Part 1 အောင်မြင်မှ Part 2 ကို ဆက်လက်ဖြေဆိုခွင့်ရှိပါတယ်။
1. Part 1 – Multiple Choice Question ( အချိန် – ၁၈၀ မိနစ် ) စာမေးပွဲကြေး – Approx AUD $3000
IELTS ကို Each Band 7 ရရှိဖို့လိုအပ်ပါတယ် သို့ PTE – 65 each or OET B in each ရရှိဖို့လိုအပ်ပါတယ်။ ဒီအချိန်ကာလအတွင်းမှာ အလုပ်လျှောက်ထားနိုင်မှာ ဖြစ်ပေမယ့် မိမိအနေနဲ့ တရား၀င် Registered ဖြစ်သေးမှာတော့ မဟုတ်ပါဘူး။ Provisional Assessment ရရှိဖို့အတွက် သင့်အနေနဲ့ Hospital သို့ Clinic တစ်ခုကနေ Job Offer ရရှိဖို့ လိုအပ်ပါတယ်။ တစ်ချို့ Hospital နှင့် Clinic များမှ လိုအပ်ချက်နှင့် relationship အရ စပွန်ဆာပေးတာမျိုး ရှိပါတယ်။
2. Part- 2 – Clinical Behavior
အားလုံးလက်တွေ့ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ စာမေးပွဲကြေး 3800$ ကျသင့်မှာ ဖြစ်ပါတယ်။ လျှောက်ထားသူမှာ medical stations 16 ခုမှာ မတူညီသော လူနာများနှင့် assign ချထားခံရမှာ ဖြစ်ပါတယ်။ Assigned ချခံထားရသော လူနာနှင့် ပတ်သက်ပြီး အမေးအဖြေများ ရှိမှာ ဖြစ်ပါတယ်။ လျှောက်ထားသူအနေနဲ့ လူနာရဲ့ အခြေအနေကို ရှစ်မိနစ်အတွင်း Analyze ပြုလုပ်ပြီး Test Taker သို့ အဖြေပို့ပေးရမှာ ဖြစ်ပါတယ်။ သင့်အနေနဲ့ အောင်မြင်ဖို့ 16 Station အနက် 11 Station တွင် အောင်မြင်ဖို့လိုအပ်ပါတယ်။ ( အောင်ချက်သတ်မှတ်နှုန်း နှစ်စဉ်နှစ်တိုင်း အပြောင်းအလဲ ရှိပါတယ်။ )
Part 2 စာမေးပွဲလည်း ပြီးဆုံးပါက သင့်အနေနဲ့ full general registration ရရှိဖို့ အနည်းဆုံး full-time တစ်နှစ် အလုပ်လုပ်ရမှာ ဖြစ်ပါတယ်။ Full Registration ရရှိပါက သင့်နာမည်ကို AHPRA (Australian Health Practitioner Regulation Agency) တွင် ဖော်ပြသွားမှာ ဖြစ်ပါတယ်။
Part 1 အတွက် သင့်အနေနဲ့ သြစတြေးလျနိုင်ငံတွင် ကျောင်းသားဗီဇာအနေနဲ့ ရှိထားပါက အလုပ်ဗီဇာ နှစ်နှစ်တိတိ ရရှိနိုင်သောောကာင့် ပိုပြီးလွယ်ကူစေပါတယ်။ Part 1 အတွက်လည်း Preparation စာမေးပွဲများရှိပါတယ်။
အထက်ပါ အချက်အလက်အားလုံးမှာ AMC နှင့် AHPRA တို့၏ Policies များပေါ်မူတည် ၍ နှစ်စဉ်အပြောင်းအလဲ ရှိနိုင်ပါတယ်။