EEVSမှ Medical Week အတွက် ဒီနေ့မိတ်ဆက်ပေးချင်တဲ့ အကြောင်းအရာလေးကတော့ Australia နိုင်ငံရှိ University of Newcastleမှ သင်ကြားပို့ချပေးနေတဲ့ Master of Clinical Epidemiology Program ပဲဖြစ်ပါတယ်။
Master of Clinical Epidemiology သည်ကျန်းမာရေးစောင့်ရှောက်မှုသုတေသနအပေါ်အဓိကထားပြီး ကူးစက်ရောဂါဆိုင်ရာနည်းလမ်းများကို အသုံးပြု၍ ကျန်းမာရေးစောင့်ရှောက်မှုသုတေသနပြုခြင်း၊ ရရှိလာသည့် သုတေသနသက်သေအထောက်အထားများကို လက်တွေ့လေ့ကျင့်မှုများနှင့်ကျန်းမာရေးစောင့်ရှောက်မှုတွင်မည်သို့အသုံးချရမည်ကို လေ့လာနိုင်ပါတယ်။
Master of Clinical Epidemiology Program ကို Full-Time ၁နှစ်တက်ရောက်ရမည်ဖြစ်ပြီးအဓိကသင်ကြားပေးမည့် ဘာသာရပ်များမှာ-
Biostatistics
Clinical Statistics
Epidemiology
Health Economics
Randomised Control Trials
Research Protocol Design
Applied Research တို့ဖြစ်ပါတယ်။
Master of Clinical Epidemiology Program ကိုတက်ရောက်လိုသော နိုင်ငံတကာမှ ကျောင်းသားများအတွက် အရည်အချင်းသတ်မှတ်ချက်များမှာ-
Biomedical science, Applied science, Nursing, Medicine, Pharmacy, Allied health, Psychology, Sociology and social/ Behavioural science စသောဘာသာရပ်နယ်ပယ်များတွင် အနည်းဆုံး၄နှစ် undergraduate degree ရရှိထားသူဖြစ်ရမည်။
Undergraduate degree ၃နှစ် ရှိသော လျှောက်ထားသူများအနေဖြင့် Honours degree (သို့) postgraduate qualifications များဖြစ်သော Graduate Certificate , Graduate Diploma (သို့) သက်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံ တစ်နှစ်ရှိရမည်။
IELTS – 6.5
PTE – 56
TOEFL iBT – 77
Start dates -Semester 1 (21 Feb 2022)
Scholarships အမျိုးအစားများစွာကိုပေးလျက်ရှိပြီး အသေးစိတ်ကို https://www.newcastle.edu.au/scholarships တွင်ကြည့်နိုင်ပါတယ်။
Career opportunities များအနေဖြင့် clinical epidemiologist အဖြစ် ကူးစက်ရောဂါများကို လျော့ချခြင်းနှင့် ထိန်းချုပ်ခြင်းအတွက် လက်တွေ့ကျသော နည်းလမ်းများကို ရှာဖွေလုပ်ဆောင်ရာတွင်လုပ်ကိုင်နိုင်ပါတယ်။ Epidemiology research, Academia, Policy advisor, Health related industriesများတွင်လည်း career path ကိုစတင်နိုင်ပါတယ်။
#LetsPlanYourCareerTogether#StudyInAustralia#BestEducationConsultancyInYangon
#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar