fbpx
June 21, 2021

Montserrat College of Art

Montserrat College of Art သည် Visual Arts ကို အထူးပြု သင်ကြားပေးသော ပုဂ္ဂလိက ကောလိပ်ဖြစ်ပါတယ်။ ၁၉၇၀ တွင် စတင်တည်ထောင်ခဲ့ပြီး Montserrat School of Visual Arts နာမည်ဖြင့် Diploma program များကို တက်ရောက်နိုင်ပါတယ်။ Campus မှာ Beverly, Massachusetts, US တွင် ရှိပါတယ်။ 

Montserrat College သည် QS world university Ranking အရ နံပါတ် ၃၅၁ တွင် ရှိပါတယ်။  North Shore Community Arts Foundation မှ တည်ထောင်ခဲ့ပြီး North Shore Music Theatre  ၏ civic group မှ စီမံ ခန့်ခွဲပါတယ်။

Montserrat College of Art သည် ကျောင်းသားများအတွက် Experiential Learning, studio practice, Liberal arts, Professional preparation အစရှိသော ပရိုဂရမ်များထောက်ပံ့ပေးထားပါတယ်။ ကျောင်းသားပေါင်း ၃၇၀ ဖြင့် Major ၁၀ ခု၊ Minor ၅ ခုနှင့် အထက်တက်ရောက်နိုင်ပါတယ်။ ထင်ရှားသော ဘာသာရပ်များမှာ Art, Design တို့ဖြစ်ပါတယ်။

အခြားတက်ရောက်နိုင်သော ဘာသာရပ်များမှာArt Education, Animation + Interactive media, Book Arts, Graphic Design, Interdisciplinary Arts, Illustration, Painting, Photo media + Film, Printmaking, Sculpture, Minors, Travel Programs  စသော ပရိုဂရမ်များကို တက်ရောက်နိုင်ပါတယ်။

ထို့အပြင် Summer program, Youth program, Pre-college residential program, Online Liberal Arts Courses စသည်တို့ကိုလဲ ထောက်ပံ့ပေးထားပါတယ်။ English Proficiency အဖြစ် TOEFL – WBT -520 ,TOEFL-CBT -190, TOEFL-IBT-79, IELTS – 6.0, TOEFL IBT – 61 ပြပေးရန် လိုအပ်ပါတယ်။

Tuition fees မှာ တစ်နှစ်လျှင် ခန့်မှန်းခြေ $ 31,116 ကုန်ကျပြီး တက်ရောက်သော ယောကျ်ားလေးနှင့် မိန်းကလေးအချိုးမှာ ၂၅:၇၅ ဖြစ်ပါတယ်။ Montserrat College တွင် တက်ရောက်နိုင်သော အမြင့်ဆုံးဒီဂရီမှာ Bachelor degree ဖြစ်ပါတယ်။College campus များတွင် Library, Book store, Health center များထားရှိပေးထားပြီး ကျောင်းသား ၇၇% သည် campus အဆောင်များတွင် နေထိုင်ကြပါတယ်။

College website- https://www.montserrat.edu/

Reference – https://collegedunia.com/usa/college/997-montserrat-college-of-art-beverly

#LetsPlanYourCareerTogether#StudyInUSA

#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar