fbpx
October 10, 2021

Most Recommended Universities by the Students in US (Part 2) 

🏫 Rice University

 

Rice University ဟာ Houston, Texas မှ university  တစ်ခုဖြစ်ပြီး ကျောင်းသား စုစုပေါင်းရဲ့ 70% ဟာ ကျောင်း ရဲ့ ကျယ်ဝန်းလှတဲ့ Hostel ဟာမှာပဲနေရင်း ပညာသင်ကြပါတယ်။ Rice University တွင် ဘာသာရပ်နယ်ပယ်ကြီး 6ခု မှ အရည်သွေးမြင့်မားတဲ့ ဘွဲ့ပေါင်း 180 ကျော်ကို နှစ်စဥ်သင်ကြားပို့ချလျက်ရှိပါတယ်။ ကျောင်းသား/သူ ဟောင်းများထဲ တွင် US လွှတ်တော်အမတ် များစွာ ၊ Astronaut 9 ဦး နှင့် ဘာသာရပ်နယ်ပယ်အလိုက် စံပြထူးချွန်သူ များစွာပါဝင်ပါတယ်။

🏫 Stanford University

World Rank-3 University ဖြစ်တဲ့ Stanford University ဟာဆိုရင် ကမ္ဘာကျော် Silicon Valley မှာတည်ရှိပြီး တီထွင်စမ်းသစ်မှုများစွာတို့ အတွက် နာမည်ကြီးလှပါတယ်။ ဧက 8,000 ကျော် Campus ကြီးထဲတွင် ကျောင်းသားပေါင်း 16,000 ကျော် ပညာသင်လျက်ရှိပါတယ်။ နိုဗယ်ဆုရှင် 19 ယောက်တိုကိုမွေးထုတ်ပေးခဲ့တဲ့ University ဖြစ်ပြီး Graduate များမှာလည်း Nike, Netflix, Instagram အပါဝင် ကမ္ဘာ့ထိပ်သီး Company များတွင် အများစု အလုပ်လုပ်ကိုင်လေ့ရှိပါတယ်။

🏫 Massachusetts Institute of Technology (MIT)

MIT လို့ကမ္ဘာကျော်လူသိများတဲ့ ဒီ World Rank 1st University ဟာဆိုရင် လွတ်လပ်မှု၊ ဖန်တီးနိုင်မှု နှင့် လက်တွေ့ဆန်မှု တို့ကြောင့် နာမည်ကျော်ပါတယ်။ Noble ဆုရှင် 85 ယောက်တို့ရဲ့ University ဖြစ်ပြီး ကျောင်းသားပေါင်း 11,000 ကျော်တို့ရဲ့ ပညာရေးသာမက Student life ပါပြည့်ဝစေရန် အားကစားကွင်းများ၊ ပန်းခြံကြီးများစွာ ကို Campus ကြီးထဲမှာထည့်သွင်းထားပါတယ်။ ကျောင်းစထောင်သည်မှစ၍ ကျောင်းဆင်း ပေါင်း 4.5 သန်းကို Company ပေါင်း 3 သောင်း ကျော်တွင် အလုပ်ရရှိနိုင်ရန် ကူညီပေးခဲ့ပြီးဖြစ်ပါတယ်။

🏫 Virginia Polytechnic Institute and State University

Virginia Tech ဟာဆိုရင် ခေါင်းဆောင်များနှင့် ကမ္ဘာ့ပြသာနာများကို အဖြေဖော်ထုတ်သူ များကိုပြင်ဆင်ပေးနေတဲ့ University တစ်ခုဖြစ်ပြီး ကျောင်းသား/သူ ပေါင်း 3 သောင်းကျော်ပညာဆည်းပူးလျက်ရှိပါတယ်။ လှပပြီး ခေတ်မှီလှတဲ့ Campus အဆောက်အုံများကိုပိုင်ဆိုင်ထားပြီး ပြင်ပမှ လုပ်ငန်းကြီများ လုပ်ငန်းသေးများနှင့်ပူးပေါင်းကာ နယ်ပယ်ဘာသာရပ်အလိုက် တီထွင်ဆန်းသစ်မှုများကို အဆက်မပြတ်ဆောင်ရွက် လျက်ရှိပါတယ်။

🏫 Yale University

ကမ္ဘာ့အဆင့် ၁၄ တွင်ရပ်တည်နေသော Yale University ဟာဆိုရင် 1701 ခုနှစ်ကတည်းက စတင်တည်ထောင်လာသော University ကြီးဖြစ်ပြီး Oxford, Cambridge တို့ကဲ့သို့ College အခွဲများစွာဖြင့် သက်ဆိုင်ရာဘာသာများကို ပို့ချလျက်ရှိပါတယ်။ US President 5 ယောက် တက်ရောက်ခဲ့တဲ့ University ကြီးဖြစ်ပြီး Noble Prize, Pulitzer Prize Winner များစွာကိုမွေးထုတ်ပေးခဲ့ပြီး ဖြစ်ပါတယ်။

Reference- https://www.timeshighereducation.com/student/best-universities/most-recommended-universities-united-states