EEVSမှ Medical Week အတွက် ဒီနေ့မိတ်ဆက်ပေးချင်တဲ့ အကြောင်းအရာလေးကတော့ အင်္ဂလန်နိုင်ငံရှိ University of Lincolnမှ သင်ကြားပို့ချပေးနေတဲ့ MSc by Research Pharmacy and Pharmaceutical Sciences Program ပဲဖြစ်ပါတယ်။
Pharmaceutical Sciences ဆိုတာကတော့ ကမ္ဘာပေါ်တွင် ရင်ဆိုင်နေရသောကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ စိန်ခေါ်မှုများစွာကိုဖြေရှင်းနိုင်ရန် စိတ်အားထက်သန်သောဆေးဝါးနှင့်ဆေးဝါးသိပ္ပံပညာရှင်များကို ပျိုးထောင်ပေးနေတဲ့ Programပဲဖြစ်ပါတယ်။
ဤ Program သည် ကျောင်းသားများအား pharmacy, pharmaceutical နှင့် biotechnology လုပ်ငန်းများမှကျွမ်းကျင်သူများနှင့် ဆက်သွယ်နိုင်ခြင်းအပြင် ပြည်တွင်းနှင့်နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများ တိုးတက်စေရန်အခွင့်အလမ်းများပေးပါတယ်။
MSc by Research Pharmacy and Pharmaceutical Sciences Program ကို Full-Time ၁နှစ်တက်ရောက်ရမည်ဖြစ်ပြီး University of Lincoln လက်အောက်ရှိ The School of Pharmacy, Brayford Pool campus တွင်တက်ရောက်ရပါမည်။
Supervisor များနှင့်အပြန်အလှန်ဆွေးနွေးသင်ကြားရမည်ဖြစ်ပြီး postgraduate ကျောင်းသားများအနေနဲ့ သက်ဆိုင်ရာနယ်ပယ်ရှိ scientific journals များကိုတင်ပြပေးရန်လိုအပ်ပါတယ်။
သုတေသနရှာဖွေတွေ့ရှိချက်များကို ပြည်တွင်းပြည်ပ conference များမှာ တင်ပြပေးရမည်ဖြစ်ပြီး internal research meetings များတွင်လည်း ပါဝင်ရပါမည်။
ဘွဲ့လွန်သုတေသနအစီအစဉ်များ၏ သဘောသဘာဝအရ အချိန်အများစုကို independent study and research အတွက်ကုန်ဆုံးလေ့ရှိပါတယ်။
ကျောင်းသားများသည် သက်ဆိုင်ရာ supervisor များ နှင့်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရမည်ဖြစ်သော်လည်း တစ် ဦး ချင်းလိုအပ်ချက်များ၊ ဘာသာရပ်နယ်ပယ်၊ ဆရာများ၏ ရရှိနိုင်သောအချိန်၊ programme အဆင့်ပေါ်မူတည်ပြီး အကြိမ်ရေကွဲပြားနိုင်ပါတယ်။
School of Pharmacyမှ အဓိကထားသော သုတေသန နယ်ပယ်များမှာ-
Drug Discovery, Design, and Delivery
Clinical Pharmacy and Practice တို့ဖြစ်ပါတယ်။
MSc by Research တွင် course supervisor မှခွင့်ပြုထားသော ခေါင်းစဉ်ဖြင့် ပညာရပ်ဆိုင်ရာဝန်ထမ်းတစ်ဦး ၏ကြီးကြပ်မှုအောက်တွင် thesis ရေးသားရမည်ဖြစ်ပြီး ကျောင်းသားများ၏ thesis အရည်အသွေးနှင့် ရွေးချယ်ထားသည့်သုတေသနခေါင်းစဉ်အားpresentation နှင့် viva defend လုပ်နိုင်ခြင်းအပေါ် အခြေခံ၍ အကဲဖြတ်အမှတ်ပေးပါမည်။
MSc by Research Pharmacy and Pharmaceutical Sciences Program ကိုတက်ရောက်လိုသော နိုင်ငံတကာမှ ကျောင်းသားများအတွက် အရည်အချင်းသတ်မှတ်ချက်များမှာ-
အသိအမှတ်ပြု တက္ကသိုလ်မှ ဆေးဖက်ဆိုင်ရာ (သို့) ဆက်စပ်ဘာသာရပ်တွင် honours degree (သို့) Masters ရရှိထားသူဖြစ်ရမည်။
IELTS 6.0 overall, with a minimum of 5.5 in each element ရှိရမည်။
Career opportunities များအနေဖြင့်လည်း pharmaceutical, cosmetics, food industries များတွင်သုတေသနပညာရှင်များအဖြစ် ဝင်ရောက်လုပ်ကိုင်နိုင်သလို ပညာရပ်ဆိုင်ရာသုတေသနရာထူးများနှင့်လည်း လုပ်ကိုင်နိုင်ပါတယ်။
Program Link- Pharmacy and Pharmaceutical Sciences | MSc by Research | University of Lincoln
#LetsPlanYourCareerTogether#StudyInUK#BestEducationConsultancyInYangon
#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar