သင်ဟာ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူဖြစ်ပြီး ဆေးပညာနယ်ပယ်ကို World Ranking ကောင်းကောင်းရထားတဲ့ ကျောင်းမှာ တက်ရောက်ချင်ပါသလား
ဒါဆိုရင်တော့ ပိုလန်နိုင်ငံမှာရှိတဲ့ World Ranking QS#801 ရှိပြီးTop-5 စာရင်းဝင် Nicolaus Copernicus University ကတော့ သင့်ရဲ့ပညာရေးအိမ်မက်တွေကို အကောင်အထည်ဖော်ပေးဖို့ ဖြစ်ပါတယ်နော်။
1945 တွင်တည်ထောင်ခဲ့သော Nicolaus Copernicus University သည် ပိုလန်နိုင်ငံ Toruń တွင်တည်ရှိပြီး ကျောင်းသားပေါင်း 30,000 ကျော်ပညာသင်ယူလျက်ရှိပါတယ်။ ပိုလန်ရှိ ထိပ်တန်းတက္ကသိုလ်များတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ဆေးဘက်ဆိုင်ရာဌာန ၃ ခုအပါအဝင် ပညာရပ်ဆိုင်ရာ ဌာနပေါင်း ၁၆ ခုဖြင့် ဖွဲ့စည်းထားပါတယ်။
နိုင်ငံတကာကျောင်းသားများအတွက် ၂၀၀၉ ခုနှစ်တွင် ၆ နှစ်တက်ရောက်ရသော Full-degree Medical program ကိုစတင်ဖွင့်လှစ်ပေးခဲ့ပြီး ထိုအချိန်မှစ၍ လူကြိုက်များခဲ့ပါတယ်။
သင်ရိုးညွှန်းတမ်းတွင် ဆေးဘက်ဆိုင်ရာနယ်ပယ်များစွာအတွက် ကျွမ်းကျင်မှုရှိစေရန် လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး သူနာပြု၊ ပြင်ပလူနာကျန်းမာရေးပြုစုစောင့်ရှောက်မှု၊ မိသားစုဆေးပညာ၊ ခွဲစိတ်ကုသမှု၊ အရေးပေါ်ဆေးပညာ၊ သားဖွားမီးယပ် အစရှိသောနယ်ပယ်မျိုးစုံကို သင်ကြားပေးပါတယ်။ Program အစ ပထမတစ်လတွင် biology, physics, chemistry, basics of Polish အစရှိသည်များကို preparatory course အဖြစ်သင်ကြားပေးပါတယ်။
ဆေးဘက်ဆိုင်ရာ၊ ကျန်းမာရေးနှင့်အားကစားသိပ္ပံနယ်ပယ်များတွင် ကျွမ်းကျင်ပညာရှင်များကို
မွေးထုတ်ပေးပြီး ရောဂါရှာဖွေခြင်း၊ လူနာကုသမှု၊ ကြိုတင်ကာကွယ်ရေးကျန်းမာရေးနှင့်ကျန်းမာရေးကာကွယ်စောင့်ရှောက်မှုတို့နှင့်သက်ဆိုင်သည့်လက်တွေ့ကျသောကျွမ်းကျင်မှုများရရှိစေနိုင်ပါတယ်။
Program တက်ရောက်ဖို့အတွက် လိုအပ်ချက်တွေကတော့-
အထက်တန်းအောင်မြင်ပြီးကြောင်းလက်မှတ်မူရင်း
အမှတ်စာရင်းမူရင်း
IELTS 5.5
ကျောင်းဝင်ခွင့်ရရန်အတွက် နှုတ်ဖြေ ဖြေဆိုရန်လိုအပ်ပြီး Biology, Physics, Chemistry ဘာသာရပ်တွေကို ဖြေဆိုရမှာဖြစ်ပါတယ်။ A level မေးခွန်းများနှင့် ခန္ဓာဗေဒ ဆိုင်ရာ မေးခွန်းများ ကို ဖြေဆိုရမှာဖြစ်ပါတယ်။
နောက်ဆုံးပေါ်ခေတ်မှီ နည်းပညာများနှင့် သင်ထောက်ကူပစ္စည်းများရှိခြင်း၊ အခြားနိုင်ငံများနှင့် ယှဉ်လျှင် ကုန်ကျစရိတ်သက်သာခြင်း၊ အစိုးရဆေးရုံများတွင် လက်တွေ့ အလုပ်သင်ဆင်းရခြင်း၊ဥရောပနှင့် နိုင်ငံတကာမှ အသိအမှတ်ပြုထားခြင်းတို့ကြောင့် ဆေးကျောင်းတက်ဖို့ စိတ်အားထက်သန်နေသူတွေအတွက် လက်မလွှတ်သင့်တဲ့ တက္ကသိုလ်ဖြစ်ပါတယ်။
မြန်မာကျောင်းသားများကို 2021 October Intake အတွက်စတင်လက်ခံပေးနေပြီဖြစ်လို့ EEVS မှတစ်ဆင့် အမြန်ဆုံးဆက်သွယ်လျှောက်ထားလိုက်တော့နော်။
#LetsPlanYourCareerTogether#StudyInPoland#BestEducationConsultancyInYangon
#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar