Australia နိုင်ငံမှာ သွားရောက်ပညာသင်ယူလိုတဲ့ နိုင်ငံတကာကျောင်းသားတွေအတွက် Australia နိုင်ငံမှာ Part-Time jobs နဲ့ ပတ်သက်ပြီး သိထားသင့်သောအကြောင်းအရာတွေကို တင်ဆက်ပေးချင်ပါတယ်။
Australia ပညာရေးကုန်ကျစရိတ်သည် US, UK နိုင်ငံများနှင့်ယှဉ်လျှင် ပိုမိုသက်သာသော်လည်း living cost အနည်းငယ်မြင့်မားတာကြောင့် နိုင်ငံတကာကျောင်းသားအများစုက Part-Time jobs တွေလုပ်ကိုင်လျက်ရှိပါတယ်။
နိုင်ငံတကာကျောင်းသားတွေအနေနဲ့ Australia မှာ ကျောင်းတက်နေစဉ်ကာလအတွင်းတစ်ပတ်ကို နာရီ၂၀ အလုပ်လုပ်နိုင်ပြီးကျောင်းပိတ်အားလပ်ရက်ကာလအတွင်းမှာအချိန်အကန့်အသတ်မရှိ အချိန်ပိုင်းလုပ်နိုင်ပါတယ်။ကျောင်းသားများသည် Overseas Student Health Cover (OSHC) ကိုထိန်းသိမ်းထားရန်လိုအပ်ပါတယ်။
Australia နိုင်ငံရှိ တက္ကသိုလ်တော်တော်များများမှာ နိုင်ငံတကာကျောင်းသားတွေအတွက်on-campus နှင့် off-campus part-time job opportunities တွေအများကြီးရှိပါတယ်။
နိုင်ငံတကာကျောင်းသားအများစုဝင်ရောက်လုပ်ကိုင်လေ့ရှိသော part-time jobs တွေကတော့-
Retail sales jobs in supermarkets,
departmental stores
Food and Beverage (waiter, bartender and etc.)
Hospitality (both in the kitchens and administration and housekeeping)
Agricultural work (fruit picking)
Sales and telemarketing (call centre)
Administration
Tutor; skill or language exchange အစရှိတာတွေပဲဖြစ်ပါတယ်။
Pay Rate တွေကတော့ specific skills တွေမလိုတဲ့ အခြေခံအလုပ်အတွက် တစ်နာရီလျှင် A$18.93
ရရှိနိုင်မှာဖြစ်ပြီး additional skillsလိုအပ်သော အလုပ်များအတွက် တစ်နာရီလျှင် A$50 – 80ရနိုင်မှာဖြစ်ပါတယ်။
ကျောင်းသားတွေအနေနဲ့ မိမိတက်ရောက်မည့် Program မစခင်မှာတော့ Part-Time လုပ်လို့မရပါဘူး။
ဘွဲ့လွန်ကျောင်းသားတွေအနေနဲ့ research work (သို့) doctoral thesis စတင်တဲ့အချိန်မှာ
၁၄ရက်ကို နာရီ၄၀အလုပ်လုပ်နိုင်မှာဖြစ်ပါတယ်။
#LetsPlanYourCareerTogether#StudyInAustralia#BestEducationConsultancyInYangon