ဒီတစ်ခါ EEVS မှတင်ဆက်ပေးချင်တဲ့ အကြောင်းအရာလေးကတော့ Poland နိုင်ငံမှာသွားရောက်ပညာသင်ကြားမည့် ကျောင်းသားများအတွက် Part-Time jobs နှင့်ပတ်သက်ပြီး သိထားဖို့လိုအပ်တဲ့ အချက်လေးတွေပဲဖြစ်ပါတယ်။
Poland အစိုးရ၏ စည်းမျဉ်းသစ်အရ နိုင်ငံတကာကျောင်းသားများအတွက်အချိန်ပိုင်းအလုပ်များရဖို့ ပိုမိုလွယ်ကူလာသလို နိုင်ငံတကာ ကျောင်းသား တွေအနေနဲ့လည်း part-time jobs တွေပိုရှာဖွေလာကြပါတယ်။
နိုင်ငံတကာ ကျောင်းသားများအနေဖြင့် Poland နိုင်ငံတွင် ပညာသင်ကြားနေစဉ်ကာလအတွင်း Part-Time jobs လုပ်ကိုင်ခွင့်ရှိပြီး EU အဖွဲ့ဝင်နိုင်ငံများမှ မဟုတ်သော ကျောင်းသားများသည် residency permit ရှိရန်လိုအပ်ပါတယ်။
တက္ကသိုလ် ပထမနှစ် program တွင်တက်ရောက်နေသူများသာမက Full-Time language school တက်ရောက်နေသော ကျောင်းသားများပါ part-time လုပ်ကိုင်နိုင်ပါတယ်။
အလုပ်လုပ်ရန်သတ်မှတ်ထားသော အချိန်မှာ ကျောင်းတက်နေစဉ်ကာလအတွင်း နာရီ ၂၀ အလုပ်လုပ်နိုင်ပြီး ကျောင်းပိတ်ရက်အားလပ်ရက်များတွင် Full Time ၃လ လုပ်ကိုင်နိုင်ပါတယ်။ Residence Cards ကိုင်ဆောင်သူများသာ Full-Time လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။
EU အဖွဲ့ဝင်နိုင်ငံများမှ မဟုတ်သော ကျောင်းသားများသည် July, August, September လများတွင်အလုပ်လုပ်ကိုင်နိုင်ပါတယ်။
Poland နိုင်ငံရှိ နိုင်ငံတကာကျောင်းသားများအတွက် Part-Time jobs များသာမက Internship အခွင့်အရေးတွေပါ ပေးအပ်နေပါတယ်။ Part-Time နှင့် Full-Time Internship များဆင်းနိုင်ပြီး များသောအားဖြင့် Part-Time Internshipတွေများပါတယ်။ အများစုမှာ Unpaid Internship ဖြစ်ပြီး Paid Internship များလည်းရှိပါတယ်။
Poland နိုင်ငံတွင် နိုင်ငံတကာကျောင်းသားများ ဝင်ရောက်လုပ်ကိုင်နိုင်သော Part-Time Jobs အများစုမှာ-
Customer services jobs
Booksellers at a bookshop
Delivery boy
Library assistant
Teacher assistant
Language teacher
Translator
Freelancer
Volunteer
Restaurant job
Waiter job
Gas shop jobs
Marketing jobs
Jobs in bars တို့ပဲဖြစ်ပါတယ်။
Poland နိုင်ငံမှာ Part-Time Jobs တွေဘယ်လိုရှာမလဲ?
လက်ရှိတက်ရောက်နေသော college (သို့) university ရှိ supporting department နှင့်ဆက်သွယ်ပြီး On-campus (သို့) Off-campus opportunities များရှာဖွေခြင်း
Job portals များအသုံးပြုခြင်း
Seniors များထံမှ suggestion များရယူခြင်း အပြင်
Warsaw, Krakow, Wroclaw မြို့များက ကျောင်းသားတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ အများကြီးရှိသောကြောင့် ထိုမြို့များမှ တစ်မြို့တွင် မိမိ destination ကိုသတ်မှတ်နိုင်လျှင် ပိုအဆင်ပြေပါတယ်။
Part-Time Jobs နှင့် Internships များဝင်ရောက်လုပ်ကိုင်ခြင်းအားဖြင့် budget planning တွေပိုအားကောင်းစေရုံသာမက employer များနှင့် အဆက်အသွယ်တွေရရှိနိုင်ပြီး ကျောင်းမပြီးခင်ကာလတည်းက လက်တွေ့လုပ်ငန်းအတွေ့အကြုံတွေ ရရှိနိုင်မှာဖြစ်ပါတယ်။
#LetsPlanYourCareerTogether#StudyInPoland#BestEducationConsultancyInYangon
#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar
#Part-TimeJobsInPoland