EEVS မှဒီတစ်ခါပြောပြပေးချင်တာကတော့ UK နိုင်ငံမှာ ပညာသင်ယူလိုတဲ့ ကျောင်းသားတွေအနေနဲ့ UK မှာ Part-Time Jobs လုပ်ကိုင်တာနဲ့ပတ်သက်ပြီး သိထားသင့်တဲ့ အကြောင်းအရာတွေပဲဖြစ်ပါတယ်။
နိုင်ငံတကာကျောင်းသားများကြား Part-Time Jobs လုပ်ကိုင်လာတာတွေက ပိုမိုရေပန်းစားလာပါတယ်။ အပိုငွေရှာဖို့တစ်ခုတည်းအတွက်သာမက အလုပ်အတွေ့အကြုံတွေရရှိဖို့အတွက်ပါ Part-Time Jobs တွေလုပ်ကိုင်လာကြပါတယ်။ ကဲ ဒါဆို UK မှာ Part-Time Jobs လုပ်တာနဲ့ ပတ်သက်ပြီး သိချင်ရင်တော့ ပို့စ်လေးကို အဆုံးထိဖတ်ကြည့်နော်။
UK အစိုးရသည် နိုင်ငံတကာကျောင်းသားများအတွက် အလုပ်အကိုင်နှင့် လုပ်ခလစာနှင့် ပတ်သက်သည့် ညွှန်ကြားချက်များကို ရှင်းလင်းစွာချမှတ်ထားပါတယ်။ ကျောင်းသားများအနေဖြင့် ထို ညွှန်ကြားချက်များကို လိုက်နာရမည်ဖြစ်ပြီး ကန့်သတ်ထားတဲ့ အလုပ်တွေကို မလုပ်ဖို့လည်း သတိပြုရပါမယ်။
တက္ကသိုလ်များတွင် Full Time ပညာသင်ကြားရန်စာရင်းသွင်းထားသည့်ကျောင်းသားများသည်တစ်ပတ်လျှင်နာရီ ၂၀ အလုပ်လုပ်ခွင့်ရှိပါတယ်။
Degree Program များအပြင် အခြား Program များတွင် စာရင်းသွင်းထားသည့်ကျောင်းသားများသည်တစ်ပတ်လျှင် ၁၀ နာရီအလုပ်လုပ်ခွင့်ရှိပါတယ်။
UK ရှိနိုင်ငံတကာကျောင်းသားတွေအနေနဲ့ Part-Time Jobs တွေဘယ်လိုရှာနိုင်လဲ?
Local newspaper တွေက အလုပ်ခေါ်စာတွေ
Online Job Portal တွေ
တက္ကသိုလ်မှာရှိတဲ့ Career Team တွေမှာ guideline တွေရယူနိုင်ပါတယ်။
On-Campus Part Time Job တွေကတော့ ကောလိပ်ကျောင်းအတွင်းတွင်အားလပ်ချိန်များတွင်အလုပ်လုပ်နိုင်ပြီးအပို ဝင်ငွေများရရှိနိုင်တာကြောင့် နိုင်ငံတကာကျောင်းသားတွေအတွက် အကောင်းဆုံးဖြစ်ပါတယ်။
On-campus jobs အများစုကတော့ libraries, bookstores, laboratories, computer labs, gym, receptions, cafeteria, campus guide အစရှိတာတွေမှာလုပ်ကိုင်ရတာဖြစ်ပါတယ်။ ကျောင်းတက်နေစဉ်ကာလမှာ တစ်ပတ်ကိုနာရီ ၂၀ အလုပ်လုပ်နိုင်ပြီး ကျောင်းပိတ်တဲ့ကာလတွေမှာ တစ်ပတ်ကိုနာရီ ၄၀ အလုပ်လုပ်နိုင်ပါတယ်။
Off-Campus Part-Time Jobs တွေကတော့ အလုပ်အခွင့်အလမ်းရှာဖွေရတာ ပိုမိုလွယ်ကူတာကြောင့် ကျောင်းသားအများစုလုပ်ကိုင်လျက်ရှိပါတယ်။ Off-Campus Jobs အများစုကတော့ delivery boy, cashier, bookstore helper, grocery store helper, data entry operator, waiters/waitresses, call centres executive, swimming pool maintenance အစရှိတာတွေပဲဖြစ်ပါတယ်။
Job roles တွေအလိုက် တစ်နာရီလျှင် ရရှိနိုင်တဲ့ လုပ်ခလစာများမှာ-
Helper at Retailer Shop – 8 to 9 Pound
Cashier – 8 to 10 Pound
Delivery Boy – 4 to 6 Pound per delivery
Clerk – 12 to 14 Pound
Library Assistant – 10 to 12 Pound
Waiters/waitresses -18 to 10 Pounds
#LetsPlanYourCareerTogether#StudyInUK#BestEducationConsultancyInYangon
#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar