fbpx
June 25, 2021

Poland နိုင်ငံတွင် ပညာသင်ကြားရန် အကောင်းဆုံးမြို့များ

EEVSမှ ယနေ့မှာတော့ Poland နိုင်ငံတွင် ပညာသင်ကြားရန် အကောင်းဆုံးမြို့များကို ဖော်ပြပေးလိုက်ပါတယ်။ 

Warsaw

Poland နိုင်ငံ၏ မြို့တော် Warsaw မြို့သည် WW-II ပြီးနောက် ပြန်လည်ထူထောင်ပြီး တိုးတက်လာသော မြို့တော်အဖြစ် ကျော်ကြားပါတယ်။ Warsaw မြို့တွင် အဆင့်မြင့် တက္ကသိုလ်ပေါင်း ၆၀ နှင့်အထက်ရှိပြီး MS ေလ့လာလိုသူများကို ဆွဲဆောင်လျက်ရှိသော မြို့ဖြစ်ပါတယ်။ ကမ္ဘာပေါ်ရှိ အကောင်းဆုံး မြို့များစာရင်းတွင် နံပါတ် ၆၃ တွင် ရှိပြီး ထင်ရှားသော တက္ကသိုလ်များမှာ University of Warsaw, Warsaw University of Technology တို့ဖြစ်ပါတယ်။ Computer Science ဘာသာရပ်အတွက် Poland နိုင်ငံ၏ ထိပ်တန်း တက္ကသိုလ် ၅ ခု ရှိပါတယ်။ 

o Warsaw University of Technology,

o Wroclaw University of Science and Technology,

o Lodz University of Technology, 

o Gdańsk University of Technology,

o Polish-Japanese Institute of Information Technology

တက္ကသိုလ် တစ်ခုစီ၏ ဘာသာရပ် အသေးစိတ်ကို https://msinpoland.com/top-5-computer-science-universities-poland/ တွင် ကြည့်ရှုနိုင်ပါတယ်။

ထို့အတူ စီးပွားရေးတွင် ဥရောပတွင် ၉ ခုမြောက် တိုးတက်သော နိုင်ငံဖြစ်ပြီး နိုင်ငံ၏ အဓိက စီးပွားရေး မြို့ ဖြစ်ပါတယ်။ Warsaw မြို့တွင် Citi Banks, Johnson & Johnson, Procter & Gamble, Samsung Electronics, Deputy Synthes, Tata Consultancy Services  စသော ကုမ္ပဏီများစွာ ရှိသဖြင့် အလုပ်အကိုင်အခွင့် အလမ်းများစွာရှိပါတယ်။ 

Krakow

Krakow မြို့သည် Poland  နိုင်ငံတွင် ဒုတိယ အကြီးဆုံးမြို့ဖြစ်ပြီး Poland နိုင်ငံ၏ ယခင် မြို့တော်ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး ရှေး အသုံးအဆောင်များနှင့် ယဉ်ကျေးမှု ဗိသုကာ ပညာ ကြွယ်ဝသော မြို့ဖြစ်ပါတယ်။ 

တက္ကသိုလ်ပေါင်း ၄၀ ကျော်ရှိပြီး Public university ၂ ခုသာ ရှိပြီး ကျန်သော တက္ကသိုလ်များသည် ပုဂ္ဂလိက တက္ကသိုလ်များဖြစ်ပါတယ်။ Poland နိုင်ငံ၏ ထိပ်တန်းကျောင်းဖြစ်သော Jagiellonian University သည် Krakow မြို့တွင် သာ ရှိပါတယ်။

 Luxoft, Cisco Systems, Capgemini ,UBS, Sabre, Sii Poland, Nokia,Heineken စသော ကုမ္ပဏီများရှိသဖြင့် ကျောင်းသားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ပါတယ်။ 

Lodz

Lodz မြို့သည် Poland နိုင်ငံ၏ အလယ်ဗဟိုတွင် တည်ရှိပြီး တတိယ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ပိုလန်နိုင်ငံတွင်း ထိပ်တန်း Public တက္ကသိုလ် ၄ ခုရှိပြီး ပုဂ္ဂလိက တက္ကသိုလ်များစွာရှိပါတယ်။ Lodz မြို့တွင် Mechanical Engineering ဘာသာရပ် ကျော်ကြားပြီး တက်ရောက်နိုင်သော ထိပ်တန်း တက္ကသိုလ်များမှာ-

o Warsaw University of Technology

o Gdańsk University of Technology

o Lodz University of Technology

o Poznan University of Technology

o Wrocław University of Science and Technology

တက္ကသိုလ် တစ်ခုချင်းစီ၏ ဘာသာရပ် အသေးစိတ်ကို  https://msinpoland.com/top-5-mechanical-engineering-universities-poland/ကြည့်ရှုနိုင်ပါတယ်။ 

Wroclaw 

Wroclaw မြို့သည် Poland နိုင်ငံ၏ အနောက်ဘက်ခြမ်းတွင် ရှိပြိး နိုင်ငံ တကာကျောင်းသားများတွက် ပညာသင်ကြားရန် ရွေးချယ်သင့်သော မြို့များတွင် တစ်ခုအပါအဝင်ဖြစ်ပါတယ်။ နိုင်ငံတကာ ကျောင်းသားအရေအတွက် ၄၀% နှင့် အထက်ရှိပြီး ကုန်သွယ်မှု တွင် တိုးတက်မှု မြန်သော မြို့တစ်မြို့ဖြစ်ပါတယ်။  The University of Wroclaw သည် Poland တွင် ငါးခုမြောက် ကျော်ကြားသော တက္ကသိုလ်ဖြစ်ပြီး တက္ကသိုလ်ကောင်းများစွာရှိသဖြင့်  ‘‘University City ‘‘ ဟူ၍လဲ သတ်မှတ်ကြပါတယ်။ 

Poland နိုင်ငံတွင် Business ဘာသာရပ်ကို လေ့လာချင်သူများသည် Wroclaw မြို့ကို ရွေးချယ်သင့်ပါတယ်။ 

o SGH Warsaw School of Economics

o Poznan University of Technology

o AGH University of Science and Technology

o University of Warsaw

o Gdańsk University of Technology

https://msinpoland.com/top-5-management-university-mba/

စက်မှု နည်းပညာပိုင်းကျော်ကြားပြီး McKinsey & Company, IBM, Credit Suisse, Google စသော ကုမ္ပဏီများစွာ ရှိပါတယ်။ 

Poznan

Poznan မြို့သည် Poland နိုင်ငံ၏ အနောက်ခြမ်းတွင် တည်ရှိပြီး တက္ကသိုလ်ပေါင်း ၂၅ ခု နှင့် အထက်ရှိပါတယ်။ ၈ ခုမှာ Public တက္ကသိုလ်ဖြစ်ပြီး အစိုးရမှ  ထောက်ပံ့ပေးထားပါတယ်။ Poznan မြို့၏ ထိပ်တန်း တက္ကသိုလ်များမှာ- 

  • Poznan University of Technology
  • Poznan University of Economics
  • Poznan University of Medical Sciences
  • Poznan University of Fine Arts
  • Adam Mickiewicz University

#LetsPlanYourCareerTogether#StudyInPoland#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar