သြစတြေးလျနိုင်ငံတွင် Higher Education ၌ Accounting, IT, Engineering တက်ရောက်နေပြီး မကြာခင် အလုပ်ဗီဇာလျှောက်ပြီး အလုပ်ခွင်၀င်တော့မည့် ကျောင်းသား/သူများအနေဖြင့် အလုပ်အကိုင်အတွေ့အကြုံပိုမို ရရှိစေရန် Professional Year ပြုလုပ်ရန် လိုအပ်ပါသည်။
Professional Year ဆိုတာဘာလဲ ??
Professsional Year သည် Accounting, IT နှင့် Engineering နယ်ပယ်တွင် Bachelor သို့ Master ပြီးမြောက်ပြီး အလုပ်ဗီဇာ ရရှိသော ကျောင်းသား/သူများအနေဖြင့် သြစတြေးလျနိုင်ငံတွင် အလုပ်အကိုင်အခွင့်အလမ်းနှင့် အတွေ့အကြုံ ပိုမို ရရှိစေရန် ၁၀လ ကြာမျှ ပြုလုပ်ရသော course တစ်ခုလည်း ဖြစ်သည်။
ဒီ course တက်ရောက်ခြင်းရဲ့ အကျိုးကျေးဇူးတွေက ဘာတွေဖြစ်မလဲ ?
• သင့်အနေနဲ့ လက်တွေ့လုပ်ငန်းခွင်နဲ့ ပတ်သက်ပြီး ပိုမို သိရှိလာမယ်။
• အနည်းဆုံး 3 months Internship အခွင့်အရေးရပါမယ်။
• အမြဲတမ်းနေထိုင်ခွင့် လျှောက်ထားလိုပါက လိုအပ်တဲ့ ၅ မှတ် အပိုရပါမယ်။
ကုန်ကျစရိတ် ဘယ်လောက်ရှိပါသလဲ ??
Accounting နှင့် ပြီးထားသူများအတွက် $ 6000 မှ $ 8000 ကြား ကုန်ကျနိုင်ပါသည်။
IT နှင့် ပြီးထားသူများအတွက် $8000 မှ $ 10500 ကြား ကုန်ကျနိုင်ပါသည်။
Engineering နှင့် ပြီးထားသူများအတွက် $ 13000 မှ $ 15500 ကြား ကုန်ကျနိုင်ပါသည်။
ဘယ်မှာ လျှောက်လို့ ရနိုင်ပါသလဲ ??
သြစတြေးလျနိုင်ငံ EEVS ၏ သက်ဆိုင်ရာ ပြည်နယ်တိုင်းမှာ ရှိတဲ့ ရုံးများသို့ သွားရောက်ပြီး လျှောက်ထားနိုင်ပါသည်။
ဘယ်မြို့တွေမှာ ရုံးခွဲတွေ ရှိပါသလဲ ?
Sydney, Melbourne, Brisbane, Adelaide, Paramatta, Perth, Gold Coast, Canberra, Tasmania တို့မှာ ရှိပါတယ်။
ဘယ်လို ၀န်ဆောင်မှုတွေကို ရယူနိုင်ပါသဲ ?
Visa Extension, Professsional Year, PTE Preparation, Migration, Graduate Work Visa, Tax Return တို့နှင့် ပတ်သက်ပြီး ရယူနိုင်ပါတယ်။
ဘယ်ဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါသလဲ ??
09790839290, 045724021 တို့ကို ဆက်သွယ်ပြီး အသေးစိတ် စုံစမ်းမေးမြန်းနိုင်ပါတယ်။