fbpx
July 2, 2021

Singapore နိုင်ငံတွင် ပညာသင်ယူသင့်သော အကြောင်းအရင်းများ

Singapore နိုင်ငံမှာရှိတဲ့ တက္ကသိုလ်တွေက Business ဘာသာရပ်တွေအကြောင်းကို အရှေ့post တွေမှာ ပြောပြခဲ့ပြီးပြီဆိုတော့ ဒီတစ်ခါမှာတော့ ဘာကြောင့် Singapore နိုင်ငံမှာ ပညာသင်ယူသင့်လဲဆိုတာကို ပြောပြပေးမှာဖြစ်ပါတယ်။ 

ကမ္ဘာ့အဆင့်မီပညာရေး၊ နိုင်ငံတကာအသိအမှတ်ပြုတက္ကသိုလ်များနှင့် ပညာရေးကုန်ကျစရိတ်များ သင့်တင့်ခြင်းကြောင့် Singapore နိုင်ငံသည် နိုင်ငံတကာကျောင်းသားများအတွက် study destination တစ်ခုဖြစ်လာပါတယ်။

 Singapore နိုင်ငံမှာ ပညာသင်ယူသင့်တဲ့ အကြောင်းတွေကတော့- 

အကောင်းဆုံးသော ပညာရေးစနစ်များရှိခြင်း 

 မူလတန်းအဆင့်မှစပြီး တက္ကသိုလ်ပညာရေးအထိ အဆင့်မြင့်ပညာရေးစနစ်ကို ကျင့်သုံးလျက်ရှိပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတက္ကသိုလ် ၅ ခုသည်ကမ္ဘာတစ်ဝှမ်းတွင် ထိပ်တန်းအဆင့်သတ်မှတ်ချက်ဝင်ထားပြီးအခြားပုဂ္ဂလိကအဆင့်မြင့်ပညာရေးတက္ကသိုလ် (PEIs) များအားပုဂ္ဂလိကပညာရေးကောင်စီ (CPE) ကထိန်းချုပ်ပါတယ်။ 

UK, USA, Australia နိုင်ငံများထက် စရိတ်သက်သာခြင်း 

Singaporeနိုင်ငံမှာ ပညာသင်ယူရတာက UK, USA, Australia နိုင်ငံများထက် ဈေးအများကြီး ပိုသက်သာပါတယ်။ ကျောင်းစရိတ်ကစလို့ Living cost တွေ Transportation cost တွေက အစ အရာရာသက်သာပါတယ်။ တစ်နှစ်လျှင် tuition fees USD 11,800 လောက်ပဲ ကုန်ကျပါတယ်။ 

Language barrier မရှိခြင်း 

Singapore နိုင်ငံရဲ့ တရားဝင် ဘာသာစကားတွေက Malay, Mandarin, Tamil & English တို့ဖြစ်ပြီး English  ကို အကျယ်တဝင့် ပြောဆိုတာဖြစ်လို့ နိုင်ငံတကာကျောင်းသားတွေအတွက် ပြင်ပ လူမှုဆက်ဆံရေးတွေမှာပါ အခက်အခဲမရှိ အဆင်ပြေစေနိုင်ပါတယ်။ စီးပွားရေးလုပ်ငန်းများတွင်လည်း English ဘာသာကိုပဲ အဓိက အသုံးပြုတာကြောင့် ကျောင်းသားတွေအနေနဲ့ အခက်အခဲမရှိ ဆက်သွယ်ပြောဆိုနိုင်မှာဖြစ်ပါတယ်။ 

Singapore မှ degree များကို အလုပ်ရှင်များက အသိအမှတ်ပြုခြင်း 

Singapore မှ degree များကို  နိုင်ငံတကာမှ လုပ်ငန်းရှင်များက အသိအမှတ်ပြုကြပါတယ်။ Global Employability University Ranking  စာရင်းများအရ Singapore မှ ထိပ်တန်းတက္ကသိုလ်များဖြစ်သော National University of Singapore (NUS) သည် ranking 17th ရရှိထားပြီး Nanyang Technological University သည်  ranking 117th ရရှိထားပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် Singapore နိုင်ငံရှိ တက္ကသိုလ်များကို global employers  တွေက အသိအမှတ်ပြုတာကို သိနိုင်ပါတယ်။

အလုပ်အကိုင် အခွင့်အလမ်းများပေါများခြင်း 

နိုင်ငံတကာကျောင်းသားတွေအတွက်လည်း ကျောင်းတက်နေစဉ် part-time လုပ်ကိုင်နိုင်ဖို့ အကောင်းဆုံးသော working policy တွေကိုချမှတ်ပေးထားပါတယ်။ နိုင်ငံတကာ ကျောင်းသားတွေအနေနဲ့ ပညာသင်ကြားနေစဉ်ကာလအတွင်း တစ်ပတ်တွင် ၁၆နာရီ  အလုပ်လုပ်နိုင်မှာဖြစ်ပြီး ကျောင်းပိတ်သည့်ကာလများတွင် အချိန်အကန့်အသတ်မရှိ လုပ်ကိုင်နိုင်ပါတယ်။ Degree Program ပြီးဆုံးသွားသည့်အခါတွင်လည်း နိုင်ငံတကာကျောင်းသားများအနေဖြင့်  Long-Term Visit Pass လျှောက်ထားနိုင်မှာဖြစ်ပါတယ်။

#LetsPlanYourCareerTogether#StudyInSingapore#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar