fbpx
June 21, 2021

St.Lawrence College ကို 1967တွင်  Applied Arts နှင့်Technology ကောလိပ်အဖြစ် စတင်တည်ထောင်ခဲ့ပြီး  2020 Webometrics data များအရ Canadaနိုင်ငံရှိ ထိပ်တန်းကောလိပ်များစာရင်းတွင် ranking #116 ရရှိထားပါတယ်။

St.Lawrence College သည် Canadaနိုင်ငံ Ontarioပြည်နယ်တွင်တည်ရှိပြီး Kingston,Brockville, Cornwall ဟူ၍ campus သုံးခုရှိပါတယ်။ Campus များသည် Canada နိုင်ငံ၏အဓိကမြို့များဖြစ်သော Toronto, Montreal, Ottawa တို့နှင့်နီးပြီး Canada နိုင်ငံ၏ လူမှုအသိုက်အဝန်းများနှင့် ယဉ်ကျေးမှုများကို လေ့လာရန်အတွက်အကောင်းဆုံးနေရာဖြစ်ပါတယ်။

Campusသုံးခုလုံးတွင် full-time undergraduate နှင့် postgraduate programsပေါင်း၁၀၀ကျော်ကို ပို့ချပေးလျက်ရှိပြီး on-campus သာမက online ကပါသင်ကြားပေးလျက်ရှိပါတယ်။

ထင်ရှားသော ဘာသာရပ်များမှာ- 

  • Applied Arts
  • Community Services
  • Business
  • Computer and Engineering Technology
  • Justice Studies
  • Health Sciences
  • Skilled Trades and Apprenticeships
  • Hospitality and Culinary Arts
  • Languages
  • Graphic Design တို့ဖြစ်ပါတယ်။ 

programs အသေးစိတ်ကို https://bit.ly/2S5f9oK တွင်ကြည့်နိုင်ပါတယ်။

St.Lawrence Collegeတွင် ပညာသင်ကြားလိုသော ကျောင်းသားများအတွက် လိုအပ်သော အရည်အချင်းသတ်မှတ်ချက်များမှာ-

TOEFL – 78- IBT, 213-CBT (for UG)

                 83- IBT, 220-CBT (for PG)

IELTS  –  6.0, with no band below 5.5  (for UG) / 6.5, with no band below 6.0   (for PG)

MELAB – 80  (for UG)

                  82   (for PG)

CAEL   – 60(both UG and PG)

PTE      – 56(for UG)

                66(for PG)

Cambridge Certificate of Advanced English -173 (for UG), 180  (for PG)

Application Fee: 100 CAD ဖြစ်ပြီး non-refundable ဖြစ်ပါတယ်။ 

Intake sessions    – Fall and winter

နိင်ငံတကာမှကျောင်းသားများအတွက် Financial aid နှင့် Scholarship များလည်းပေးလျက်ရှိပြီးပြီးခဲ့သည့်နှစ်အတွက် ကျောင်းသားပေါင်း၅၀၀ကျော်အတွက် Scholarship 350,000 CAD ထောက်ပံ့ပေးခဲ့ပါတယ်။ အသေးစိတ်ကို https://www.stlawrencecollege.ca/fees/bursaries-and-scholarships တွင်ကြည့်နိုင်ပါတယ်။

Career Services များထားရှိပေးပြီး internship (သို့) program-related employment များ လျှောက်ထားလိုသူများအတွက် Job Portal များထားရှိကာ  employer များနှင့်ချိတ်ဆက်ပေးထားပါတယ်။

#LetsPlanYourCareerTogether#StudyInCanada#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar