fbpx
August 22, 2021

▪️Australian National University (ANU) သည် သြစတြေးလျနိုင်ငံ၏ မြို့တော် Canberra မြို့တွင် တည်ရှိသော Public Research University ဖြစ်ပါတယ်။ ၁၉၄၆ တွင် စတင်တည်ထောင်ခဲ့ပြီး Parliament of Australia မှ တည်ထောင်ခဲ့သော တစ်ခုတည်းသော တက္ကသိုလ်ဖြစ်ပါတယ်။ Canberra University College ဟု စတင်ခေါ်ဝေါ်ခဲ့ပြီး ၁၉၆၀ တွင် ANU ဟူ၍ ပြောင်းလဲခဲ့ပါတယ်။ 

▪️ANU သည် ကမ္ဘာ့စံပြ သုတေသန တက္ကသိုလ်များထဲတွင် တစ်ခုအပါအဝင် ဖြစ်ပြီး QS World University Ranking 2022 အရ  ကမ္ဘာ့ထိပ်တန်းကျောင်းများတွင် နံပါတ် ၂၇ ရရှိထားပါတယ်။

▪️2020 Times Higher Education တွင် အလုပ်အကိုင်ရရှိမှု၊ ဘွဲ့ရမှုနှုန်းများအရ ကမ္ဘာ့ တက္ကသိုလ်များ စာရင်းတွင် နံပါတ် ၁၅ တွင် ရပ်တည်ပြီး သြစတြေးလျတွင် နံပါတ် တစ် တက္ကသိုလ်ဖြစ်ပါတယ်။ Times Higher Education 2021 အရ ကမ္ဘာပေါ်ရှိ တက္ကသိုလ်များတွင် နံပါတ် ၅၉၊ သြစတြေးလျတွင် နံပါတ် ၃ နေရာတွင် ရှိပါတယ်။2020 QS World University by Subject အရ ထိပ်တန်းဘာသာရပ် ၁၀ ခုတွင် Anthropology, Earth and Marine Sciences, Geography, Geology, Philosophy, Politics, Sociology စသော ဘာသာရပ်များ ပါဝင်ပါတယ်။ 

▪️တက်ရောက်နိုင်သော ဘာသာရပ်များမှာ ✔️Business, Economics, Finance, ✔️International Studies, ✔️Mathematics ,Politics, Statistics, ✔️Ceramics, Creative design, Film and ✔️Photography, Graphic Design, Music, ✔️Visual Arts, Woodwork, Biology, ✔️Computing, Creative Design, ✔️Engineering, Environmental Studies, ✔️Physics, Robotics, Software design, ✔️Criminology, Debating, Journalism, ✔️Legal Studies, Psychology, Chemistry, ✔️Human movement စသော ဘာသာရပ်များအပါအဝင် ၁၂၀ ကျော်ကို Foundation မှ PHD  အထိ ရွေးချယ်တက်ရောက်နိုင်ပါတယ်။

▪️Undergraduate Program လျှောက်ထားလိုသူများအတွက် University Average GPA score 4 to 6 လိုအပ်ပြီး IGCSE အောင်မြင်ထားသူများအတွက် University Foundation Program များကို လျှောက်ထားနိုင်ပါတယ်။ Postgraduate တွက် IELTS အနည်းဆုံး 6.5 လိုအပ်ပါတယ်။

▪️ANU မှ နှစ်စဉ်နှစ်တိုင်း နိုင်ငံတကာကျောင်းသားများအတွက် ANU Global Diversity Scholarship 

များကိုပေးအပ်လျက်ရှိပြီး ကျောင်းလျှောက်လိုက်တဲ့ application တွေကိုကြည့်ပြီး လိုအပ်ချက်များ ကိုက်ညီမှုရှိပါက တစ်နှစ်လျှင် $18,750 scholarship ကိုပညာသင်နှစ် လေးနှစ်စာအတွက် 

ပေးအပ်မှာဖြစ်ပါတယ်။ 

▪️အသေးစိတ်ကို https://www.anu.edu.au/study/scholarships/find-a-scholarship/anu-global-diversity-scholarship

 တွင်ကြည့်နိုင်ပါတယ်။

🔹ANU website-  https://www.anu.edu.au

#LetsPlanYourCareerTogether#StudyInAustralia#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

August 21, 2021

▪️သင်က Australia 🇦🇺 နိုင်ငံမှာ ပညာသင်ကြားဖို့စဥ်းစားနေသူလား?

▪️ဒါဆိုရင်တော့ အခုပြောပြပေးမဲ့ The University of Adelaide အကြောင်းကို ဖတ်ကြည့်သင့်တယ်နော်။

▪️The University of Adelaide က Australia နိုင်ငံရဲ့ private university တစ်ခုဖြစ်ပြီး Group of Eight အဖွဲ့ဝင်တက္ကသိုလ်တစ်ခုပဲဖြစ်ပါတယ်။ Group of Eight ဆိုတာက သြစတေးလျနိုင်ငံရဲ့ သုတေသနလုပ်ငန်းများကိုဦးဆောင်ကြတဲ့ တက္ကသိုလ်တွေပေါင်းထားတဲ့ သက်တမ်းအရှည်ဆုံး အဖွဲ့အစည်းပဲ ဖြစ်ပါတယ်။

▪️The University of Adelaide ကနေတက်ရောက်နိုင်တဲ့ ဘာသာရပ်တွေကတော့ –
📌Agriculture, Food and Wine
📌Architecture
📌Business
📌Energy, Mining and Resources
📌Health and Medical Sciences
📌Mathematical Sciences
📌Mental Health and Wellbeing
📌Psychology
📌Technology
📌Allied Health
📌Arts
📌Defence, Cyber and Space
📌Engineering
📌Humanities and Social Sciences
📌Media
📌Music
📌Science
📌Animal and Veterinary Sciences
📌Biomedical Sciences and Biotechnology
📌Dentistry and oral Health
📌Environmental and Sustainability
📌Law
📌Medicine
📌Nursing
📌Teaching and Education

▪️International Students တွေအတွက်လိုအပ်တဲ့ Program Requirements တွေကတော့ –
🔹IELTS – Overall band score of 6.5 AND Band score of 6.0 in all bands)
🔹TOEFL – Internet based and paper based (Paper-based: total score of 577 with a minimum of 4.5 in the Test of Written English (TWE) OR Internet-based: total score of 79 with a minimum of 21 in Writing, 18 in Speaking and 13 in Reading and Listening)
🔹Pearson Test of English – Overall score of 58 AND Skills profile of no less than 50 in all skills
🔹CAE (Cambridge English: Advanced) – Overall score of 176 AND Individual score of 169 in all skills

▪️Tuition Fees အနေနဲ့ 23,282 USD/year အထိကျသင့်နိုင်ပါတယ်။

#LetsPlanYourCareerTogether#StudyInAustralia#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

 

August 18, 2021
The University of Adelaide College – Foundation Program
ဒီနေ့တော့ Australia နိုင်ငံမှာဘဲ​ Foundation တက်ရောက်ချင်သူတွေအတွက် The University of Adelaide College က Foundation Program အကြောင်းကိုပြောပြပေးမှာဘဲဖြစ်ပါတယ်။ ဒီ Foundation Program က ၉လကျော်ကြာမြင့်မှာဖြစ်ပြီး university အတွက်လိုအပ်တဲ့ အခြေခံပညာရပ်တွေကို သင်ကြားပေးမှာပဲဖြစ်ပါတယ်။ ဒီ program ပြီးမြောက်သွားပြီဆို University ကို တိုက်ရိုက်တက်ရောက်လို့ရမှာဘဲဖြစ်ပါတယ်။
သင်ကြားရမဲ့ ဘာသာရပ်တွေကတော့ –
  • Accounting
  • Australian Studies^
  • Biology
  • Chemistry
  • Computing And Information Systems
  • Critical Thinking
  • Design Studies^
  • Economics
  • English For Academic Purposes
  • General Mathematics
  • Mathematical Methods
  • Music Appreciation And Practice*~
  • Musicianship *~
  • Nutrition *~
  • Physics
  • Special Mathematics တို့ပဲဖြစ်ပါတယ်။
မြန်မာကျောင်းသား/ ကျောင်းသူတွေအတွက်လိုအပ်တဲ့ Program Requirements တွေကတော့ –
  • Completion of Year 1 International Baccalaureate (IB) with a score of 20pts; or
  • *O Levels with ‘C’ grade average (grade 4 per subject) (သို့မဟုတ်)
  • အခြေခံပညာအထက်တန်းစာမေးပွဲကိုပျမ်းမျှ ၆၅ ရာခိုင်နှုန်းနဲ့ အောင်မြင်ထားရမှာပဲဖြစ်ပါတယ်။
Tuition Fees အနေနဲ့ A$29,800 ကျသင့်မှာပါ။
အသေးစိတ်ကို ဒီ link မှာ https://college.adelaide.edu.au/…/foundation-studies/… ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

#LetsPlanYourCareerTogether#StudyInAustralia#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

August 17, 2021
▪️ဒီနေ့တော့ Australia 🇦🇺  နိုင်ငံမှာရှိတဲ့ World Class University တစ်ခုဖြစ်တဲ့ Western Sydney University အကြောင်းလေးကို မိတ်ဆက်ပေးသွားမှာပါ။ 💁
▪️Western Sydney University ကို 1st January 1989 မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး World Class University တစ်ခုဖြစ်တဲ့အပြင် သူ့ရဲ့ သုတေတနလုပ်ငန်းတွေနဲ့ တမူထူးခြားတဲ့ သင်ကြားမူပုံစံတွေကြောင့် ပိုပြီးလူသိများတဲ့ တက္ကသိုလ်တစ်ခုပဲဖြစ်ပါတယ်။ ဒါ့အပြင် world university ranking အနေနဲ့လဲ 251-300 ကြားရရှိထားပါသေးတယ်။ Campus အနေနဲ့လဲ စုစုပေါင်း ၆ခုရှိပြီး တစ်ခုနဲ့တစ်ခုကိုသွားလာနိုင်ဖို့အတွက် free shuttle bus တွေလဲစီစဥ်ပေးထားပါသေးတယ်။
▪️Undergraduate Programs, Postgraduate Programs, Research Programs, College နဲ့ Advanced Courses ဆိုပြီး International Students တွေအတွက် ရွေးချယ်စရာ Programs များစွာရှိပါတယ်။ လေ့လာသင်ယူနိုင်တဲ့ဘာသာရပ်တွေအနေနဲ့ကတော့ –
✔️Law
✔️Arts & Humanities
✔️Life Science
✔️Engineering & Technology
✔️Psychology
✔️Business & Economics
✔️Social Sciences
✔️Physical Sciences
✔️Clinical, Pre-Clinical & Health
✔️Computer Sciences
✔️Education တို့ပဲဖြစ်ပါတယ်။
▪️International Students တွေအနေနဲ့လိုအပ်တဲ့ Program Requirement တွေကတော့
⏺IELTS – Overall 6.5 (minimum 6.0 in each subtest)
⏺TOFEL – Total score 82 (Writing 21, Speaking 18, Reading 13, Listening 13)
⏺Pearson (PTE) – 58 overall; No communication skills less than 50 တို့လိုအပ်ပါတယ်။
▪️Student Services and Amenities Fee အနေနဲ့ တစ်နှစ်ကို AUD $308.00 နှင့် Tuition Fees – AUD $26,240 – $34,000 ထိ Programs အပေါ်မူတည်ပြီးကုန်ကျနိုင်ပါတယ်။
▪️အသေးစိတ်ပိုမိုသိရှိချင်ရင် ဒီ link လေးကနေ https://www.westernsydney.edu.au/international/home ဝင်ကြည့်လို့ရပါတယ်။

#LetsPlanYourCareerTogether#StudyInAustralia#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

July 30, 2021
သင်ဟာစီမံခန့်ခွဲမှုဘာသာရပ်တွေကို လေ့လာလိုသူဖြစ်ပြီး လုပ်ငန်းခွင်မှာ ခေါင်းဆောင်မှုနေရာကို တာဝန်ယူရမည့်သူတစ်ဦးလား
ဒါဆိုရင်တော့ အခုပြောပြပေးမယ့် ကနေဒါနိုင်ငံ Crandall Universityမှာ သင်ကြားပေးနေတဲ့ Master of Organizational Management program အကြောင်းကို အပြီးထိဖတ်ကြည့်လိုက်ပါနော်။
Crandall University သည် Canada နိုင်ငံ Monctonတွင်တည်ရှိပြီး Department of Post-Secondary Education, Training and Labour, New Brunswick မှ အသိအမှတ်ပြုထားပါတယ်။ Master of Organizational Management (MOrgM) သည် people-focused program ဖြစ်ပြီး စီးပွားရေးလုပ်ငန်းတွေမှာရှိတဲ့ စီမံခန့်ခွဲမှုနှင့်ခေါင်းဆောင်မှုနေရာများအတွက် professional များကို မွေးထုတ်ပေးနေတာဖြစ်ပါတယ်။
Master of Business Administration (MBA) degree နဲ့ကွာခြားတဲ့အချက်ကတော့ business administration ရှုထောင့်တွေထက်စာရင် ဒီ program မှာကတော့ လူတွေနဲ့အတူတကွ ဘယ်လိုအလုပ်ပြီးမြောက်အောင်လုပ်မလဲဆိုတာတွေရယ် လူတွေကိုဘယ်လိုစီမံခန့်ခွဲအုပ်ချုပ်မလဲဆိုတာတွေရယ်ကို လေ့လာရမှာဖြစ်ပါတယ်။
Program ကို 12 လ 30 credit-hour တက်ရောက်ရမှာဖြစ်ပြီး ဒီ program ပြီးတဲ့ကျောင်းသားတွေအနေနဲ့ ကနေဒါအစိုးရထံမှ Post-Graduation Work Permit ကို လျှောက်ထားနိုင်မှာဖြစ်ပါတယ်။ သင်ကြားပေးမည့် ဘာသာရပ်များမှာ-
Managing Organizations in Social Change
Managing Organizations across Borders and Cultures
Non-Profit Issues and Management
Vision and Management
Leading Organizational Change
Corporate Social Responsibility and Managerial Ethics
Financial Management in Organizations
Strategic Organizational Management
Organizational Behaviour
Organizational Culture and Communication တို့ပဲဖြစ်ပါတယ်။
တက်ရောက်လိုသော ကျောင်းသားများအတွက် လိုအပ်သော သတ်မှတ်ချက်များမှာ-
undergraduate Bachelor’s degree with a minimum grade point average of 3.0
သက်ဆိုင်ရာ လုပ်ငန်းခွင်အတွေ့အကြုံ ၂နှစ်
a rĂŠsumĂŠ and a cover letter
IELTS – Academic: minimum 6.5 overall, minimum 6.0 in each area
TOEFL-IBT: minimum 90 overall, minimum 21 in each area
PTE (Pearson) Academic: minimum score of 56
Duolingo English Test results (minimum score of 105)

#LetsPlanYourCareerTogether#StudyInCanada#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

July 23, 2021

📣Australia နိုင်ငံမှာရှိတဲ့ World Ranking ကောင်းကောင်းရထားတဲ့ တက္ကသိုလ်မှာ
medicine, engineering, business အစရှိတဲ့ ဘာသာရပ်တွေကို လေ့လာသင်ယူလိုသော ကျောင်းသားများအတွက် Flinders University အကြောင်းကို မိတ်ဆက်ပေးချင်ပါတယ်။

📌1966 တွင်စတင်တည်ထောင်ခဲ့သော Flinders University သည် သြစတြေးလျတောင်ပိုင်း Adelaide တွင် တည်ရှိပြီး ဆန်းသစ်တီထွင်မှုရှိသော သုတေသနများ၊ နည်းစနစ်ကျသော သင်ကြားမှု ပုံစံများနှင့်
student support များကြောင့် သြစတြေးလျတွင် နံပါတ်တစ်အဖြစ်ရပ်တည်လျက်ရှိပါတယ်။

📌Times Higher Education (THE) မှ 2021 World University Rankings တွင် #251-300 ရရှိထားပြီး
နိုင်ငံပေါင်း ၉၀ကျော်မှ နိုင်ငံတကာကျောင်းသားပေါင်း ၅၄၀၀ကျော်ကို မွေးထုတ်ပေးလျက်ရှိပါတယ်။

📌နိုင်ငံတကာကျောင်းသားများအတွက် Research Programs, Undergraduate Programs, Postgraduate Programs များစွာကို ပို့ချပေးလျက်ရှိပြီး လေ့လာနိုင်သော ဘာသာရပ်နယ်ပယ်များမှာ-

Clinical, pre-clinical & health
Business & economics
Engineering & technology
Computer science
Arts & humanities
Social sciences
Physical sciences
Life sciences
Psychology
Education
Law တို့ဖြစ်ပါတယ်။

📌တက်ရောက်လိုသော ကျောင်းသားများအတွက် Program အလိုက်လိုအပ်သောသတ်မှတ်ချက်များမှာ-

MBBS
IELTS: 7 and above
TOEFL: 96 and above
PTE: 65 and above

BSc
IELTS: 6-6.5
TOEFL: 72-80
PTE: 50-58

MS
IELTS: 6-6.5
TOEFL:72-80
PTE: 50-58

BBA
IELTS: 6 and above
TOEFL: 72 and above
PTE: 50 and above

BE/Btech
IELTS: 6 and above
TOEFL: 72 and above
PTE: 50 and above

MBA
IELTS: 6.5 and above
TOEFL: 80 and above
PTE: 58 and above

📌Application Fees မှာ Undergraduate များအတွက် AUD 60 ကျမှာဖြစ်ပြီး Postgraduate များအတွက် AUD 100 ကုန်ကျမှာဖြစ်ပါတယ်။

Tuition Fees – AUD 33,000 – AUD 42,000

📌Undergraduate နှင့် Postgraduate Program များတက်ရောက်သော နိုင်ငံတကာကျောင်းသားများအတွက် Academic Scholarships, Pathways Scholarships, Alumni Scholarships အစရှိသော Scholarships များပေးအပ်လျက်ရှိပြီး လက်ရှိတွင် 50% အထိ Go Beyond Scholarship ကို လျှောက်ထားနိုင်ပါတယ်။ အသေးစိတ်ကို https://www.flinders.edu.au/international/apply/scholarships/gobeyond?utm_source=Email&utm_medium=Signature&utm_campaign=FI-GoBeyond-Scholarships တွင်ကြည့်နိုင်ပါတယ်။

#LetsPlanYourCareerTogether#StudyInAustralia#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

July 17, 2021

📣သင့်ရဲ့ ပညာရေးအိမ်မက်ကို US, UK, Australia နိုင်ငံတွေရှိ ထိပ်တန်းတက္ကသိုလ်တွေမှာအကောင်အထည်ဖော်ချင်သူတစ်ဦးလား?

ဒါဆိုရင်တော့ အခုမိတ်ဆက်ပေးမယ့် Kaplan International Pathways Programs တွေက သင့်အတွက်ပဲဖြစ်ပါတယ်။

Kaplan International Pathway Programs တွေကတော့ Bachelor’s preparation(Foundation Certificate), Accelerated bachelor’s preparation (International Year One), Master’s preparationဖြစ်ပြီး မိမိရဲ့ ပညာရေးလိုအပ်ချက်အလိုက် ရွေးချယ်တက်ရောက်နိုင်မှာဖြစ်ပါတယ်။

Arizona State University, University of Connecticut, University of Liverpool, City, University of London, University of Newcastle, University of Adelaide အစရှိသော တက္ကသိုလ်များအပါအဝင် US, UK, Australia ရှိတက္ကသိုလ်ပေါင်း ၄၀ကျော်နှင့် ချိတ်ဆက်ထားပြီး Degree Program ပေါင်း ၄၁၀၀ကျော်ကို သင်ကြားပို့ချပေးနေပါတယ်။

Pathway program တွေ အတွက် တက်ရောက်နိုင်တဲ့ ဘာသာရပ်နယ်ပယ်တွေကတော့-
Art and Design
Business and Finance
Computing
Education
Engineering
Environmental and Agriculture
Hospitality and Tourism
Law
Marketing and Media
Science and Health
Social Sciences တို့ပဲဖြစ်ပါတယ်။

UK Foundation Program တက်ရောက်ရန်အတွက် လိုအပ်ချက်များမှာ-

ပညာရေး – အနည်းဆုံး ၁၁ နှစ်ပညာရေး
English language: UKVI IELTS 4.0 to 5.5 or accepted equivalent

Preparation course များသည် ၅လမှ ၁၅လအတွင်းကြာမြင့်နိုင်ပါတယ်။ သင်တန်းအချိန်ကာလသည် ကျောင်းသား၏ လိုအပ်ချက်နှင့် English level ပေါ်မူတည်ပြီး အမျိုးမျိုးကြာမြင့်နိုင်ပါတယ်။

US Foundation Program တက်ရောက်ရန်အတွက် လိုအပ်ချက်များမှာ-

အထက်တန်းအဆင့်ပြီးမြောက်ရမည်ဖြစ်ပြီး အနည်းဆုံး GPA 2.00 to 2.75 အထိရှိဖို့လိုအပ်ပါတယ်။
English language: minimum TOEFL 55 to 74

Preparation course များသည် ကျောင်းသား၏ လိုအပ်ချက်နှင့် English level ပေါ်မူတည်ပြီး
၄လမှ ၁၂လအတွင်းကြာမြင့်နိုင်ပါတယ်။

Australia Foundation Program တက်ရောက်ရန်အတွက် လိုအပ်ချက်များမှာ-

အထက်တန်းအဆင့်ပြီးမြောက်ရမည်ဖြစ်ပြီး IELTS 5.5 အထိရှိဖို့လိုအပ်ပါတယ်။Preparation course များသည် ၈လမှ ၁၀လအတွင်းကြာမြင့်နိုင်ပါတယ်။

သင့်ရဲ့ နိုင်ငံတကာ ပညာရေးအိမ်မက်တွေ အကောင်အထည်ဖော်နိုင်ဖို့အတွက်ဆိုရင်
EEVS မှာ အမြန်ဆုံးလာရောက်ဆက်သွယ်စုံစမ်းလိုက်တော့နော်။

#LetsPlanYourCareerTogether#StudyInUK#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

 

July 13, 2021

EEVS မှဒီနေ့ပြောပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ Australia နိုင်ငံမှာရှိတဲ့ ထိပ်တန်း Business Schools တွေအကြောင်းပဲဖြစ်ပါတယ်။

Australia သည် အဆင့်မြင့်တက္ကသိုလ်များ များစွာတည်ရှိခြင်းနှင့် စီးပွားရေးအင်အားတောင့်တင်းခြင်းတို့ကြောင့် နိုင်ငံတကာကျောင်းသားများအတွက် ideal study destination တစ်ခုဖြစ်လာပါတယ်။

Australia ရှိ business courses များကို နိုင်ငံတကာမှ အသိအမှတ်ပြုထားပြီး ကျောင်းသားများအတွက် စာတွေ့သာမက လက်တွေ့လုပ်ငန်းခွင်အတွေ့အကြုံများကိုပါ ရရှိနိုင်အောင် စီစဉ်ပေးထားပါတယ်။ 

Australia မှာရှိတဲ့ ထိပ်တန်းစီးပွားရေးတက္ကသိုလ်တွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။ 

University of Melbourne

University of Melbourne သည် မဲလ်ဘုန်းမြို့ရှိ  အစိုးရသုတေသနတက္ကသိုလ်တစ်ခုဖြစ်ပါတယ်။ economics, finance, human resources and actuarial science အစရှိသော ဘာသာရပ်နယ်ပယ်များအတွက် Bachelor နှင့် Master Program များစွာရှိပါတယ်။ undergraduate ကျောင်းသားများအတွက် bachelor of commerce  သည်  career နှင့် ရေရှည်လေ့လာသင်ယူမှုအတွက် အခြေခံကောင်းတစ်ခု ဖြစ်ပါတယ်။  accounting, actuarial studies, economics, finance, management and marketing စသည့်ဘာသာရပ်နယ်ပယ်များကို မိမိစိတ်ဝင်စားရာနယ်ပယ်ပေါ်မူတည်ပြီး  ရွေးချယ်နိုင်ပါတယ်။ 

The University of Queensland

University of Queensland သည် Queensland ပြည်နယ်၏မြို့တော် Brisbane တွင်အဓိကတည်ရှိသည့် public သုတေသနတက္ကသိုလ်တစ်ခုဖြစ်ပါတယ်။ UQ Business School  တွင် accounting, business information systems, finance, management, marketing, strategy and tourism စသောဘာသာရပ်နယ်ပယ်များအတွက် MBA  courses တွေကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါတယ်။ business school သည်  Startup နှင့် Social Entrepreneurship academies များတည်ရှိရာနေရာဖြစ်ပြီး ကျောင်းသားများအား သူတို့၏စီးပွားရေးအတွေးအခေါ်များနှင့်လူမှုရေးဆိုင်ရာစီးပွားရေးလုပ်ငန်းများကို ကူညီရန် အလုပ်ရုံဆွေးနွေးပွဲများနှင့် လမ်းညွှန်သင်ကြားခြင်းသင်တန်းများပေးပါတယ်။ undergraduate  ကျောင်းသားများအတွက် သင်ကြားပေးသည့် bachelor course များတွင် guest lectures  များဖြင့်ပါထည့်သွင်း သင်ကြားပေးပြီး အလုပ်အကိုင်အခွင့်အရေးတွေ ရရှိနိုင်အောင် internship များပါစီစဉ်ပေးထားပါတယ်။ 

Australian National University

Australian National University (ANU) သည် သြစတြေးလျ၏မြို့တော် Canberra တွင်တည်ရှိသော အမျိုးသားသုတေသနတက္ကသိုလ်တစ်ခုဖြစ်ပါတယ်။  ANU College of Business and Economics တွင် accounting; economics; finance, actuarial studies and statistics; and management စသောဘာသာရပ်နယ်ပယ်များအတွက် သင်ကြားပေးပါတယ်။ ကျောင်းသားများသည် extracurricular clubs နှင့်  programmes များတွင်ပါဝင်ပြီး ကျောင်းသားများအချင်းချင်းချိတ်ဆက်ပြီး ကိုယ်ပိုင်စီးပွားရေးစတင်ရန်အကြံဉာဏ်များရယူနိုင်ပါတယ်။ အလုပ်သင်အစီအစဉ်နှင့်အပြည်ပြည်ဆိုင်ရာအလုပ်အကိုင်ဘုတ်အဖွဲ့သည်  ကျောင်းသားများအားကမ္ဘာအနှံ့အခွင့်အလမ်းများကို လေ့လာစေနိုင်မှာဖြစ်ပါတယ်။ 

#LetsPlanYourCareerTogether#StudyInAustralia#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

 

July 12, 2021

🇦🇺 ဆယ်တန်းအောင်မြင်ပြီးသော ကျောင်းသားများအနေဖြင့် Australia နိုင်ငံရှိ ထိပ်တန်းတက္ကသိုလ်ဖြစ်တဲ့ The University of Sydney တွင် Foundation Program ကို Scholarship ဖြင့်တက်ရောက်နိုင်မည့်အခွင့်အရေးလေးကိုပြောပြပေးမယ်နော်။ 

The University of Sydney Foundation Program ဆိုတာက နိုင်ငံတကာ ကျောင်းသားများအတွက် အထူးသီးသန့်ပြုလုပ်ပေးထားသော pre-university program ဖြစ်ပါတယ်။ The University of Sydney foundation  ကို အောင်မြင်စွာ ပြီးဆုံးသွားသော ကျောင်းသားများသည် The University of Sydney မှ Law, Science, Music, Visual arts, Commerce, Architecture, Civil Engineering, Electrical Engineering, Medical အစရှိသော မိမိကြိုက်နှစ်သက်ရာ Program များကိုရွေးချယ်တက်ရောက်နိုင်ပါတယ်။

University of Sydney Foundation Program မှ မြန်မာ ကျောင်းသားများအတွက် AUD 7,5000 ပညာသင်ဆုများကို ပေးအပ်လျက်ရှိပါတယ်။ လျှောက်ထားနိုင်သော foundation program များမှာ- Standard Foundation, Extended Foundation, HAPP, Intensive Foundation တို့ဖြစ်ပါတယ်။

Program ကို Taylor College Perth မှ စီမံခန့်ခွဲပြီး Intensive, standard ,extended စသဖြင့် ကျောင်းသားများနှင့် သင့်တော်ရာ academic level အလိုက် ရွေးချယ် တက်ရောက်နိုင်ပါတယ်။ ၂၀၁၉ တွင် program တက်ရောက်ပြီးနောက် The University of Sydney မှ ကျောင်းသား ၉၇% သည် ကျောင်းဝင်ခွင့် ရရှိထားပါတယ်။

Foundation program များတွင်သင်ကြားပေးလျက်ရှိသော ဘာသာရပ်အချို့မှာ –

English

Accounting 

Australian Studies 

Biology 

Chemistry 

Economics  

Foundations of Social Science 

Foundations of Visual Arts and Design

Government and Law

Information Technology 

International Studies

Mathematics 

Media Studies and Communication စသည်တို့ဖြစ်ပါတယ်။ 

တက်ရောက်လိုသော ကျောင်းသားများအတွက် လိုအပ်ချက်များမှာ –

တက္ကသိုလ်ဝင်တန်း (သို့) IGCSE ပြီးမြောက်ထားသူများ

Diploma ပြီးထားသူများ 

HND ဘွဲ့လက်မှတ်ကိုင်ဆောင်ထားသူများ

IELTS –  5.5-6

TOEFL –  62-69

PTE –  46-54

#LetsPlanYourCareerTogether#StudyInAustralia#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

 

July 11, 2021

နိုင်ငံတကာတွင် ဆေးပညာ၊ သူနာပြုနှင့် Public Healthဘာသာရပ်နယ်ပယ်များစွာအတွက် ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး သြစတြေးလျနိုင်ငံသည်လည်း ဆေးပညာနယ်ပယ်တွင် ထိပ်တန်းကရပ်တည်လျက်ရှိပါတယ်။

သြစတြေးလျသည် ပညာရေးအဆင့်အတန်းမြင့်မားခြင်း၊ အကောင်းဆုံးသော သင်ကြားရေးနည်းစနစ်များရှိခြင်း၊ ပညာသင်စရိတ် သင့်တင့်မျှတခြင်းတို့ကြောင့် ဆေးပညာကိုလေ့လာရန်အတွက်ကမ္ဘာ့အကောင်းဆုံးနိုင်ငံများထဲမှတစ်ခု အပါအဝင်ဖြစ်ပါတယ်။ 

သြစတြေးလျနိုင်ငံမှာရှိတဲ့ ထိပ်တန်းဆေးကျောင်းများတွင် ပို့ချပေးလျက်ရှိတဲ့ ကျောင်းသားအများဆုံး စိတ်ဝင်စားသည့် course များမှာ-

Bachelor of Medicine and Bachelor of Surgery (MBBS)

Doctor of Medicine

Nursing Courses

Public Health Courses

Postgraduate Research Courses အစရှိတာတွေပဲဖြစ်ပါတယ်။ 

သြစတြေးလျနိုင်ငံမှာရှိတဲ့ ထိပ်တန်း medical schools များမှာ-

The University of Melbourne

၁၈၅၃ ခုနှစ်တွင်တည်ထောင်ခဲ့သော တက္ကသိုလ်ဖြစ်ပြီး နိုင်ငံပေါင်း၂၀၀ကျော်မှ ကျောင်းသားများ ပညာသင်ယူလျက်ရှိပါတယ်။ တက္ကသိုလ်ရှိ ထိပ်တန်းဘွဲ့လွန်သင်တန်းများကိုဆေးပညာဌာနအောက်တွင် အောက်ပါအတိုင်းခွဲခြားထားပါတယ်။ 

Melbourne Medical School

Melbourne Dental School

Melbourne School of Health Sciences

School of Biomedical Sciences

Melbourne School of Psychological Sciences

Melbourne School of Population and Global Health

Doctor of Medicine, Master of Clinical Research, Master of Surgical Science and Master of Surgery စသော Program များသည် ဆေးကျောင်းသားများကြားတွင် ရေပန်းစားသောကြောင့်သြစတြေးလျတွင်ရှာဖွေမှုအများဆုံးနှင့်ထိပ်တန်းဆေးကောလိပ်များအနက်မှတစ်ခုဖြစ်ပါတယ်။

2021 အတွက် QS Rankings 41 ရရှိထားပြီး THE Rankings 31 ရရှိထားပါတယ်။

University of Sydney

University of Sydney သည် ကမ္ဘာပေါ်ရှိ ထိပ်တန်းတက္ကသိုလ်၅၀စာရင်းတွင် ပါဝင်ပြီး ပညာရေး၊သုတေသန၊ ကျောင်းသားအတွေ့အကြုံ၊ ဘွဲ့ရပြီးအလုပ်ခန့်အပ်မှုတို့နှင့်ပတ်သက်ပြီး နိုင်ငံတကာတွင် ထိပ်တန်းမှရပ်တည်လျက်ရှိပါတယ်။ Sydney Medical School သည် သြစတြေးလျနိုင်ငံ၏ ထိပ်တန်းဆေးဘက်ဆိုင်ရာကောလိပ်များအနက်မှတစ်ခုဖြစ်ပါတယ်။ တက္ကသိုလ်အောက်တွင် School of Medical Sciences နှင့် Sydney School of Public Healthတို့ကိုပါဖွင့်လှစ်ပေးထားပါတယ်။ သင်ရိုးညွှန်းတမ်းသည်ဘွဲ့လွန်ကျောင်းသားများအတွက် ရည်ရွယ်၍ မေ့ဆေး၊ စိတ်ရောဂါကုသမှု၊အထွေထွေလေ့ကျင့်မှုနှင့်ခွဲစိတ်ကုသမှုစသည့်ဆေးဘက်ဆိုင်ရာနယ်ပယ်များတွင်အထူးပြုဘာသာရပ်များဖြင့်သင်ကြားပေးလျက်ရှိပါတယ်။

2021 အတွက် QS Rankings 40  ရရှိထားပြီး THE Rankings 51 ရရှိထားပါတယ်။ 

Monash University

Monash University သည် သြစတြေးလျနိုင်ငံရှိ ထိပ်တန်းဆေးတက္ကသိုလ်တစ်ခုတွင် အပါအဝင်ဖြစ်ပြီး အကြီးမားဆုံးပညာရေးဌာနတစ်ခုဖြစ်ပါတယ်။ ၁၂တန်းကျောင်းပြီးသွားသော ကျောင်းသားများအတွက် ဆေးပညာဆိုင်ရာ Program များကို တိုက်ရိုက်ဝင်ခွင့်ပြုထားပြီး Bachelor of Health Sciences နှင့် Bachelor of Public Health Program များအတွက်တော့ AMSAT exam ဖြေဆိုရန် လိုအပ်ပါတယ်။ကျောင်းသားအများစု bachelor ရပြီးနောက် ဆက်လက်လေ့လာလျက်ရှိတဲ့ course များမှာ-

Master of Medicine

Master of Public Health

Master of Clinical Medicine

Master of Advanced Nursing တို့ပဲဖြစ်ပါတယ်။

2021 အတွက် QS Rankings 55  ရရှိထားပြီး THE Rankings 64  ရရှိထားပါတယ်။ 

#LetsPlanYourCareerTogether#StudyInAustralia#BestEducationConsultancyInYangon