၁။ Plagiarism is not allowed
Plagiarism သည် သူတစ်ပါး၏ Idea သို့ ဖန်တီး
ထားသော အရာတစ်ခုကို မိမိ Idea ယောင်ယောင် ဖြန့်ဝြေခင်းကို ဆိုလိုပါသည်။ လူတစ်ယောက်က တီထွင်ဖန်တီးထားသော ဘယ်လို အရာမျိုးကို မဆို မိမိအနေနဲ့ ပိုင်ဆိုင်သူ၏ ခွင့်ပြုချက် ရယူ၍ ဖြစ်စေ သို့မဟုတ် reference ပေး၍ ဖြစ်စေ အသုံးပြုသင့်ပါသည်။
၂။ Referencing
ကျောင်းသားများအနေနဲ့ Assignment များပြုလုပ်ပါက အင်တာနက်ပေါ်မှာ ဖြစ်စေ သို့မဟုတ် အခြားတစ်နေရာမှာ ဖြစ်စေ အချက်အလက်များကို ရှာဖွေပြုစုရပါသည်။ Assignment တင်ပါကလည်း မိမိရှာဖွေ ရယူထားသော Data ကို ဘယ်ကနေ ရယူထားကြောင်းကို reference ပေးရန်မှာ အင်မတန် အရေးကြီးပါသည်။
၃။ Working In Groups
သြစတြေးလျနိုင်ငံ ပညာရေးသည် team work ကို အင်မတန် ဦးစားပေးသည့်အတွက် မိမိအနေဖြင့် မည့်သည့် ဘာသာရပ်ကို မဆို လေ့လာနေသည် ဖြစ်စေ Group Presentation, Group Work ကို ပြုလုပ်ရသည့် အခန်းများပါ၀င်ပါသည်။ အခုလို Group Assignments များ ပြုလုပ်ရသည့် အခါ မိမိရရှိမည့် အမှတ်မှာ မိမိတစ်ယောက်တည်း၏ Skills တစ်ခုတည်းမှာပဲ မမူတည်ပဲ အသင်းလိုက်စွမ်းဆောင်ရည်ပေါ်မှာ မူတည်သောကြောင့် မိမိအနေဖြင့် အသင်းတစ်သင်းကို manage ဘယ်လောက်ထိ ပြုလုပ်နိုင်သလဲ အစရှိသည်ပေါ်မှာလည်း မူတည်ပါသည်။
၄။ Independent Thinking
သြစတြေးလျပညာရေးသည် လူတိုင်း၏ ပင်ကိုယ် အတွေးအခေါ်ကို အင်မတန် အလေးထားသော နိုင်ငံဖြစ်သည်။ ကျောင်းသား အခြေပြု ပညာရေးစနစ် ဖြစ်သည့်အလျောက် ဆရာ/ဆရာမများသည် Interactive Learning Style မျိုးဖြင့် သင်ကြားလေ့ရှိပြီး အတန်းထဲမှာလည်း ဘာသာရပ်တစ်ခုခု သင်ကြားပါက ကျောင်းသားများ၏ တစ်ဦး တစ်ယောက်ချင်းစီ အတွေးအခေါ်ကို မှန်သည် ဖြစ်စေ မှားသည် ဖြစ်စေ အင်မတန် အလေးထားသော နိုင်ငံဖြစ်သည်။ မေးခွန်းများများ မေးသည့် ကျောင်းသား/သူမျိုးကို ဆရာများမှ အင်မတန် သဘောကျလေ့ရှိသည်။
၅။ Assignment not Exams
ကျောင်းများမှာ တစ်ပတ်ကို နာရီ နှစ်ဆယ်သာ တက်ရောက်ရပြီး သြစတြေးလျကျောင်း များ၏ ပညာရေး အမှတ်ပေးပုံ နည်းစနစ်မှာ Assignment နှင့် Essay Base ပိုများသောကြောင့် မိမိအနေဖြင် ပညာသင်ကြားနေစဉ်ကာလ အတွင်း ပုံမှန်လေး ပြုလုပ်သွားဖို့ လိုအပ်ပါသည်။
Reference : Insiderguide
EEVS မှ တစ်ဆင့် သြစတြေးလျနိုင်ငံရဲ့ ထ်ိပ်တန်း College, Institute နှင့် University များသို့ တိုက်ရိုက် ၀င်ခွင့် လျှောက်ထားနိုင်ပါပြီ။
EEVS လျှောက်ထားခြင်းရဲ့ အကျိုးကျေးဇူးတွေက ဘာတွေ ဖြစ်မလဲ ??
• မိမိနှစ်သက်ရာ ကောလိပ်၊ တက ္ကသိုလ်များကို စိတ်တိုင်းကျ လျှောက်ထားနိုင်ခြင်း။
• ကျောင်းလျှောက်သည်မှ စတင်ပြီး ဗီဇာ ကိစ ္စအ၀၀ကို အခမဲ့ လျှောက်ထားပေးခြင်း
• လေဆိပ်သို့ လာရောက်ကြိုဆိုပေးခြင်း
• နေထိုင်စရာနေရာ အသေးစိတ် စီစဉ်ပေးခြင်း
• မိမိ Budget နှင့် ကိုက်ညီသော ကျောင်းများကို ရှာဖွေနိုင်ရန် ကူညီပေးခြင်း
• အရစ်ကျစနစ်ဖြင့် ပေးသွင်းနိုင်ရန် စီစဉ်ပေးခြင်း
• အချိန်ပိုင်း အလုပ်အကိုင်များနှင့် ပတ်သက် ၍ Training များ ပေးခြင်း
• ကျောင်းပြီးသွားလျှင်လည်း အလုပ်အကိုင်ဗီဇာနှင့် ပတ်သက်ပြီး ၀န်ဆောင်မှုရယူနိုင်ခြင်း
• သြစတြေးလျနိုင်ငံတွင်လည်း လိုအပ်သော အကူအညီများ ထပ်မံရယူနိုင်ခြင်း
နှင့် အခြားသော အခွင့်အရေးများကို ရရှိနိုင်ပါသည်။
သင်လည်း သြစတြေးလျမှာ ပညာသင်ယူဖို့ အိပ်မက်မက်နေပါသလား ?? EEVS ရဲ့ အပြင်းပြဆုံး ဆန္ဒက သင့်ရဲ့ အိပ်မက်ခရီးလမ်းကြောင်းမှာ ထောင့်တစ်နေရာကနေ ပါ၀င်ကူညီပေးဖို့ပါ။
သင့်အတွက် ကျောင်းလျှောက်သည်မှ စတင်၍ ဗီဇာ ကိစ္စ ,လေယာဉ်လက်မှတ်ဖြတ်ခြင်း , နေထိုင်စရာနေရာရှာဖွေခြင်း , အချိန်ပိုင်းအလုပ် ရှာဖွေနည်း၊ လေဆိပ်အကြို
ကိစ္စအ၀၀ကို ၀န်ဆောင်ခအခမဲ့ဖြင့် ဆောင်ရွက်ပေးနေပါပြီ။
သြစတြေးလျပညာရေးနှင့် ပတ်သက်၍ Expert အားဆက်သွယ်နိုင်သော ဖုန်းနံပါတ်များမှာ –
09751871587,09751871588 တို့ကို ဆက်သွယ်နိုင်ပါတယ် ။
Location: No.(270), Lucky Nice Tower,( Same Building With JDonuts), Pyay Road, Myay Ni Gone, Sanchaung
Let’s Plan Your Career Together
myanmar@experteducation.com.au
သြစတြေးလျနိုင်ငံတွင် Higher Education ၌ Accounting, IT, Engineering တက်ရောက်နေပြီး မကြာခင် အလုပ်ဗီဇာလျှောက်ပြီး အလုပ်ခွင်၀င်တော့မည့် ကျောင်းသား/သူများအနေဖြင့် အလုပ်အကိုင်အတွေ့အကြုံပိုမို ရရှိစေရန် Professional Year ပြုလုပ်ရန် လိုအပ်ပါသည်။
Professional Year ဆိုတာဘာလဲ ??
Professsional Year သည် Accounting, IT နှင့် Engineering နယ်ပယ်တွင် Bachelor သို့ Master ပြီးမြောက်ပြီး အလုပ်ဗီဇာ ရရှိသော ကျောင်းသား/သူများအနေဖြင့် သြစတြေးလျနိုင်ငံတွင် အလုပ်အကိုင်အခွင့်အလမ်းနှင့် အတွေ့အကြုံ ပိုမို ရရှိစေရန် ၁၀လ ကြာမျှ ပြုလုပ်ရသော course တစ်ခုလည်း ဖြစ်သည်။
ဒီ course တက်ရောက်ခြင်းရဲ့ အကျိုးကျေးဇူးတွေက ဘာတွေဖြစ်မလဲ ?
• သင့်အနေနဲ့ လက်တွေ့လုပ်ငန်းခွင်နဲ့ ပတ်သက်ပြီး ပိုမို သိရှိလာမယ်။
• အနည်းဆုံး 3 months Internship အခွင့်အရေးရပါမယ်။
• အမြဲတမ်းနေထိုင်ခွင့် လျှောက်ထားလိုပါက လိုအပ်တဲ့ ၅ မှတ် အပိုရပါမယ်။
ကုန်ကျစရိတ် ဘယ်လောက်ရှိပါသလဲ ??
Accounting နှင့် ပြီးထားသူများအတွက် $ 6000 မှ $ 8000 ကြား ကုန်ကျနိုင်ပါသည်။
IT နှင့် ပြီးထားသူများအတွက် $8000 မှ $ 10500 ကြား ကုန်ကျနိုင်ပါသည်။
Engineering နှင့် ပြီးထားသူများအတွက် $ 13000 မှ $ 15500 ကြား ကုန်ကျနိုင်ပါသည်။
ဘယ်မှာ လျှောက်လို့ ရနိုင်ပါသလဲ ??
သြစတြေးလျနိုင်ငံ EEVS ၏ သက်ဆိုင်ရာ ပြည်နယ်တိုင်းမှာ ရှိတဲ့ ရုံးများသို့ သွားရောက်ပြီး လျှောက်ထားနိုင်ပါသည်။
ဘယ်မြို့တွေမှာ ရုံးခွဲတွေ ရှိပါသလဲ ?
Sydney, Melbourne, Brisbane, Adelaide, Paramatta, Perth, Gold Coast, Canberra, Tasmania တို့မှာ ရှိပါတယ်။
ဘယ်လို ၀န်ဆောင်မှုတွေကို ရယူနိုင်ပါသဲ ?
Visa Extension, Professsional Year, PTE Preparation, Migration, Graduate Work Visa, Tax Return တို့နှင့် ပတ်သက်ပြီး ရယူနိုင်ပါတယ်။
ဘယ်ဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါသလဲ ??
09790839290, 045724021 တို့ကို ဆက်သွယ်ပြီး အသေးစိတ် စုံစမ်းမေးမြန်းနိုင်ပါတယ်။
ဩစတေးလျနိုင်ငံမှာ လက်ရှိ ကျောင်းတက်နေပြီး အနည်းဆုံး (၁၂) လ အချိန်ပိုင်းအလုပ်လုပ်နေသူတွေအတွက် ကိုယ့်ရဲ့ Superannuation Fund ကနတစ်ဆင့် AUD 10,000 အထိ ထုတ်လို့ ရနိုင်ပါတယ်နော်…
Superannuation Fund ဟာ တစ်သက်မှာ တစ်ခါတည်း ထုတ်လို့ရတာ ဖြစ်ပေမယ့်လည်း COVID-19 အခြေအနေ ဆုံးရှုံးမှုတွေအတွက် ဩစတေးလျ အစိုးရက ကြိုတင်ထုတ်ခွင့် ပေးလိုက်တာပါ။ (သတ်မှတ်ထားတဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီရင်)
Superannuation ဆိုတာ ဘာလဲ?
Superannuation ဆိုတာကတော့ ဩစတြေးလျမှာ အလုပ်လုပ်ကြတဲ့ သူတိုင်း ရရှိကြတဲ့ ပင်စင်စား ရပိုင်ခွင့် သဘောမျိူး ဖြစ်ပါတယ်။ ဘယ်အလုပ်အကိုင်နယ်ပယ် မှာပဲ လုပ်လုပ် ကိုယ့်အလုပ်ရှင်က ကိုယ့်လုပ်အားခရဲ့ တစ်စိတ်တစ်ပိုင်းကို (၂၀၂၀ သတ်မှတ်ချက်အရ ၉.၅၀ % ) ကို လစဉ် (လုပ်အားခအပြင် အပိုထပ်ဆောင်း) စုဆောင်းပေးရပါတယ်။ နှစ်တွေ ကြာလာလို့ အလုပ်တွေ ပြောင်းရင်လည်း ကိုယ့်ရဲ့ super က ရပ့်တန့်သွားခြင်း မရှိပါဘူး။
ဩစတေးလျနိုင်ငံမှာ ကျောင်းတက်ရင်း အလုပ်လုပ်ခြင်းရဲ့ အကျိူးကျေးဇူး တစ်ခုပေါ့။
အသေးစိတ်ကိုတော့ အောက်က လင့်ကနေ တစ်ဆင့် လေ့လာနိုင်ပါတယ်။
Keep Safe! ဒီလိုကာလအတွင်းမှာ မြန်မာကျောင်းသားတွေအနေနဲ့ တစ်ခုခု တိုင်ပင်ဆွေးနွေးချင်တာပဲဖြစ်ဖြစ်၊ အကူအညီတစ်စုံ လိုအပ်တာပဲ ဖြစ်ဖြစ် အခမဲ့ ဖုန်းခေါ်ပြီး ဆွေးနွေးနိုင်ပါတယ်။
Superannuation နှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက
EEVS (Sydney) – 0426169738
EEVS (Myanmar) – 09790839290 ကို ဆက်သွယ်ပြီး မေးမြန်းနိုင်ပါတယ်။