fbpx
September 29, 2021

▪️PSB Academy ကို ၁၉၆၄ တွင် စတင်တည်ထောင်ခဲ့ပြီး  ယနေ့ခေတ်တွင် ‘The Future Academy’ ဟု လူသိများလှပါတယ်။ PSB Academy သည် Singapore Education for Private Education Singapore (CPE) လက်အောက်တွင် registered လုပ်ထားခြင်းဖြစ်ပြီး School of Foundation Studies, School of Business and Management, School of Engineering and Technology, School of Life and Physical Science, School of Postgraduate Studies and Digital Academy စသည့် ကျောင်း (၆)ကျောင်းဖြင့် ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ယခု လက်ရှိ PSB Academy တွင် နိုင်ငံပေါင်း ၅၀ကျော် မှ ကျောင်းသားပေါင်း ၁၂၀၀၀ ကျော်တက်ရောက်လျက်ရှိပါတယ်။ 💁‍♂️

▪️PSB Academy သည် APAC Insider အရ ‘Best Education Institute – Singapore’ ဟု အသိအမှတ်ပြုခံခဲ့ရပြီး ၂၀၁၇၊ ၁၈ တွင် SBR National Business Award ကို ၂နှစ် ဆက်တိုက် ရရှိခဲ့ပါတယ်။ 🏫✨

🔹အခြားဆုတံဆိပ်များအနေဖြင့်

  • Best Educational Institute – Singapore

(APAC Insider, Singapore Business Awards 2019)

  • National Business Award Winner (Education)

(Singapore Business Review National Business Awards 2017, 2018)

  • Winner: Accounting, Computer Science, Engineering, Languages, Sciences & Hospitality

(JobsCentral Learning T.E.D. Awards 2019)

  • Provider of Largest MBA Programmes Award

(Singapore Business Review Business Rankings Awards 2018)

  • EC-Council Academia Best New Comer Award

(EC-Council Global Awards 2018)

▪️PSB Academy တွင် Certificates, Diploma, Undergraduate , Postgraduate Degree ပရိုဂရမ်များကို တက်ရောက်နိုင်ပါတယ်။ တက်ရောက်နိုင်သော ဘာသာရပ်များမှာ

  • Business Management Courses
  • Cyber Security Courses
  • Engineering Courses
  • Hospitality & Tourism Courses
  • Human Resources Courses
  • IT & Computer Science Courses
  • Languages Courses
  • Life Sciences Courses
  • Logistics & Supply Chain Management Courses
  • Marketing Courses
  • Media & Communications Courses
  • Sport Science Courses စသော ဘာသာရပ်များကို ရွေးချယ်တက်ရောက်နိုင်ပါတယ်။

🔹ဘာသာရပ် အသေးစိတ်ကို https://www.psb-academy.edu.sg/courses#find-a-course တွင် ကြည့်ရှုနိုင်ပါတယ်။ 🙆‍♂️

▪️International Students များအတွက် English Proficiency Test အနေဖြင့်

📌IELTS (Undergraduate – 6, Postgraduate – 6.5)

📌TOEFL (Undergraduate – 60, Postgraduate – 84 ) အနည်းဆုံး ပြပေးရန် လိုအပ်ပါတယ်။

🏫 School Website – https://www.psb-academy.edu.sg

#LetsPlanYourCareerTogether#StudyInSingapore#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

September 27, 2021

▪️ဒီနေ့ မိတ်ဆက်ပေးချင်တဲ့ Program လေးကတော့ UK နိုင်ငံရှိ  The University of Manchester တွင် သင်ကြားပို့ချပေးနေတဲ့  MSc Clinical Dentistry (Paediatric Dentistry) program ပဲဖြစ်ပါတယ်။ 🙆‍♂️

▪️The University of Manchester သည် UK နိုင်ငံတွင်းရှိ အကောင်းဆုံး တက္ကသိုလ်များတွင် အဆင့် ၅ တွင်ရှိပြီး 2021 QS World University Ranking အရ ကမ္ဘာပေါ်ရှိသွားဖက်ဆိုင်ရာ ဘာသာရပ်တွင် အဆင့် ၃၁ အနေဖြင့် ရပ်တည်လျက် ရှိပါတယ်။ 😇

▪️MSc Clinical Dentistry (Paediatric Dentistry) သည် ကလေးသွားဖက်ဆိုင်ရာနှင့် ဆေးကုသမှု နည်းပညာများကို အဓိက သင်ကြားပေးသော ဘာသာရပ်ဖြစ်ပါတယ်။ Tuition Fees မှာ တစ်နှစ်လျှင်  £47,000 ကျသင့်မှာဖြစ်ပြီး ၃၆ လ ကြာ တက်ရောက်ရပါမယ်။ 💁‍♂️

▪️English Proficiency အနေဖြင့် IELTS: Overall 6.5 (with no less than 6.0 in all components), TOEFL: 90(Minimum: Listening 20; Writing 20; Reading 20 and Speaking 20) လိုအပ်ပါတယ်။ 🧾

▪️သင်ကြားရာတွင်  Lectures, Seminars, Practical skill sessions, Online learning စသဖြင့် ကလေး သွားဖက်ဆိုင်ရာ Specialist အရည်အသွေးများကို ပို့ချပေးသွားမှာဖြစ်ပါတယ်။ သွားဖက်ဆိုင်ရာ ထူးခြားချက်များ၊ အနာတရ နှင့် သွားပိုးစားခြင်း စသော ဆေးဝါးကုသမှု လက်တွေ့ နည်းများကိုလည်း The University Dental Hospital of Manchester တွင် လက်တွေ့ သင်ယူရမှာပါ။ 👩‍⚕️👨‍⚕️

▪️သွားဖက်ဆိုင်ရာ ဗဟုသုတများဖြစ်သော အကိုက်အခဲပျောက်ဆေးသုံးထားသော လူနာကို ကုသပုံ၊ စိတ်ငြိမ်ဆေး နှင့် ထုံဆေးများ စသော သင်ကြားမှုများနှင့် အတွေး အခေါ်များကို လက်တွေ့အပြင် နှုတ်ဖြင့် ဆွေးနွေးခြင်းများကိုပါ သင်ကြားပေးပါတယ်။ နှစ်အလိုက် တက်ရောက်ရသော Course unit များမှာ-

🔹Year 1

• Research Methods

• Biostatistics

• Guidelines Development and Implementation

• CPD

• Clinical treatment and consultation sessions at University Dental Hospital of Manchester

• Clinical Skills Teaching

• Seminars

• Research Project

🔹Year 2

• Continued Clinical Training

• Seminars

• Research Project

🔹Year 3

• Seminars

• Continued Clinical Training

• Research Project

▪️အလုပ်အကိုင်အခွင့်အလမ်းအနေဖြင့် ပုဂ္ဂလိက သို့ သွားဖက်ဆိုင်ရာ ဆေးရုံများ၊ သုတေသနနှင့် သင်ကြားရေးပိုင်းများ ၊ သွားဖက်ဆိုင်ရာ ဆွေးနွေးပေးခြင်း  လုပ်ကိုင်နိုင်နိုင်ပါတယ်။

Program Link – https://www.manchester.ac.uk/study/masters/courses/list/11762/msc-clinical-dentistry-paediatric-dentistry/all-content/#course-profile

#LetsPlanYourCareerTogether#StudyInUK#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

September 25, 2021

နိုင်ငံတကာမှာပဲဖြစ်စေ၊ မြန်မာနိုင်ငံပြန်ပြီးပဲ Service industry ထဲဝင်ရောက်၍ဖြစ်စေ အလုပ်လုပ်ကိုင်လိုသူများအတွက် Canada နိုင်ငံ St.Lawrence College ကပေးအပ်မယ့် Ontario College Diploma (Hospitality) နဲ့မိတ်ဆက်ပေးချင်ပါတယ်။ 

 

အဆိုပါ Diploma ကို သက်တမ်းရင့် Professor ကြီးများအပြင် လက်တွေ့လုပ်ငန်းခွင်၌ ဦးစီးလုပ်ကိုင်နေသော Supervisor, Manger များက စာတွေ့နှင့် လက်တွေ့ပူးပေါင်း၍ Accommodations Management, Food and Beverage Management, Specialized Marketing, Conferencing and Banqueting, and Financial Management အစရှိသောဘာသာရပ်များကို workplace ready ဖြစ်အောင်သင်ကြားပေးမှာဖြစ်ပါတယ်။

 

ကျောင်းသား/သူများအနေနဲ့ Diploma ကိုအောင်မြင်ပြီးပါက ကျောင်းနှင့် ချိတ်ဆက်ထားသော လုပ်ငန်းများ တွင်အလုပ်ရရှိနိုင်ရန်လျောက်ထားနိုင်ပါတယ်။ 

အလုပ်ရရှိနိုင်သောအလုပ်နယ်ပယ်များမှာ-

Airlines

Cruise Ships

Casinos

Hotels, Inns, Clubs, Spas and Resorts

Convention and Conference Centres

Catering Companies

Bed and Breakfasts

Restaurants, Bars, Cafes

Hospitality Management Facilities တို့မှာပဲဖြစ်ပါတယ်။ 

 

အလုပ်မလုပ်လိုပဲ Bachelor ကိုဆက်လက်တက်ရောက်လိုသူများအတွက်လည်း College GPA 3.0 ရရှိပါက Victoria ပြည်နယ်၏ အဆင့် 2 University ဖြစ်သော Royal Roads University တွင် B.A (International Hotel Management) နှင့် B.A (Global Tourism Management) တို့တွင် Year 3 ကို တိုက်ရိုက်တက်ရောက်ခွင့် ရရှိမှာလည်းဖြစ်ပါတယ်။ 

 

ဤ Hospitality Diploma သည် 2 နှစ်တက်ရောက်ရမှာဖြစ်ပြီး Intakes များအနေနဲ့ ကတော့ May နှင့် September ဟူ၍နှစ်ခုရှိမှာပါ။ International Students များအတွက် Annual Tuition Fees ကတော့ CA$ 16,958 ကျသင့်မှာပါ။

 

တက်ရောက်လိုသော နိုင်ငံတကာကျောင်းသား/သူများအတွက် လိုအပ်သည့် English Requirements များကတော့

(IELTS) – Academic (Overall 6.0 with no band less than 5.5)

TOEFL Internet-based Test (iBT) or Home Edition – Overall 78

TOEFL Computer-based Test – Overall 213

Pearson English Test (PTE) – 55

Duolingo – 105 

တို့ကိုရရှိထားဖို့တော့လိုပါတယ်။ 

#LetsPlanYourCareerTogether#StudyInCanada#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

 

September 24, 2021

▪️Civil Engineering ဘာသာရပ်ကို တက်ရောက်လိုသူများအတွက် အမေရိကန်နိုင်ငံရှိ University of Massachusetts,Lowell တွင် တက်ရောက်နိုင်သော M.Sc Civil Engineering Program ကို ဖော်ပြပေးလိုက်ပါတယ်။ 😇

▪️M.Sc Civil Engineering ဘာသာရပ် ကို University of Massachusetts Lowell မှ  ခေတ်မီ နည်းပညာများဖြင့် ပို့ချပေးလျက်ရှိသော Intensive program ဖြစ်ပါတယ်။ ထို ပရိုဂရမ်တွင် ကျောင်းသားများ၏ အလုပ်အကိုင်အခွင့်အလမ်းများနှင့် ကိုက်ညီသော သင်ကြားရေးနည်းစနစ် များကို အသုံးပြုထားပါတယ်။ 🙆‍♂️

▪️သင်ကြားရမည့် ဘာသာရပ်များမှာ

📚Physical and Chemical Treatment Processes

📚Physical and Chemical Hydrogeology

📚Environmental Aquatic Chemistry

📚Environmental Fate and Transport

📚Biological Wastewater Treatment တို့ဖြစ်ပါတယ်။

▪️Tuition Fees မှာ $29,841 USD/per year ကျသင့်နိုင်ပြီး တစ်နှစ်ကြာမြင့် မှာဖြစ်ပါတယ်။ Intake များအနေဖြင့် Sep -2022, January-2023 တွင် လျှောက်ထားနိုင်မှာဖြစ်ပါတယ်။  🗓🙆‍♂️

▪️အင်္ဂလိပ်စာ လိုအပ်ချက်အနေဖြင့် IELTS-6.5 or TOEFL-80 ပြပေးရန် လိုအပ်ပါတယ်။ အခြားသော လိုအပ်ချက်များအနေဖြင့် တက္ကသိုလ် အောင်လက်မှတ်နှင့် အမှတ်စာရင်းများ၊ Bank Statement, CV တို့ကို ပြပေးရန် လိုအပ်ပါတယ်။ 🧾📋

🔍 Website- https://www.uml.edu/about/

#LetsPlanYourCareerTogether#StudyInUSA

#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

September 22, 2021
👨‍🎓သြစတေးလျနိုင်ငံတွင် ပညာသင်ကြားဖို့ စဥ်းစားနေသော ကျောင်းသား/သူများအတွက် Australian Catholic University မှ ပေးအပ်မယ့် scholarship အကြောင်း မျှဝေပေးသွားပါမယ်။
🏫Australian Catholic University သည် သြစတေးလျနိုင်ငံ၏ အစိုးရတက္ကသိုလ်တစ်ခုဖြစ်ပြီး campus ၇ ခုဖြင့် ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ဒါ့အပြင် Rome တွင်လည််း campus တစ်ခုကို ယခုတိုင် ထိန်းသိမ်းထားပါသေးတယ်။ 📈Times Higher Education Impact Rankings အရ top 101–200 universities များတွင် ပါဝင်ပါတယ်။ Faculties လေးခုဖြင့် ဖွဲ့စည်းထားပြီး Bachelor, Master နှင့် Doctoral Degrees များကို သင်ကြားပို့ချလျက်ရှိပါသည်။
💸ယခုလိုမျိုး ကမ္ဘာ့အဆင့်မှီတက္ကသိုလ်တစ်ခုကနေ 2022, Semester 1 Intake အတွက် Tuition Fee 50% လျှော့ပေးသွားမှာဖြစ်ပါတယ်။ Scholarship က Undergraduate နှင့် Postgraduate ကိုတက်ရောက်မယ့် ကျောင်းသား/သူအားလုံး လျှောက်ထားနိုင်ပါတယ်။ International Student Scholarship က နှစ်စဥ် scholarships အခု ၂၀ ကိုပေးအပ်လျက်ရှိပါတယ်။ ဒီ Scholarship က အချိန်ကန့်သတ်ထားတဲ့ အတွက် လျှောက်ထားလိုသူများအနေနဲ့ စက်တင်ဘာ ၃၀ ရက်မတိုင်ခင် လျှောက်ထားဖို့တော့ လိုအပ်ပါတယ်။ ⏰
🕵️Scholarship နှင့် ပတ်သက်ပြီး စုံစမ်းမေးမြန်းချင်တယ်ဆိုရင်တော့ အောက်ပါ ဖုန်းနံပါတ်များမှ တစ်ဆင့်လည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
☎️09751871589, 09790839290, 09751871587
September 21, 2021

▪️နိုင်ငံတကာမှာ ပညာသွားရောက် သင်ယူဖို့စဥ်းစားနေတဲ့ ကျောင်းသား/သူများ အတွက် အဓိကလိုအပ်တဲ့ English Test တွေဖြစ်တဲ့ IELTS နဲ့ TOEFL Test တွေက ဖြေဆိုလို့မရသေးဘူးဆိုတာ ကျောင်းသား/သူတိုင်း သိကြမှာပါ။ ဒါပေမယ့် နိုင်ငံတကာတက္ကသိုလ် အများစုက လက်ခံပေးနေတဲ့ နောက်ထပ် Test option တစ်ခုရှိသေးတာကိုတော့ မေ့နေကြမယ်ထင်ပါတယ်။ အဲ့ Test လေးကတော့ PTE Academic Test ပဲဖြစ်ပါတယ်။ 💁‍♂️

▪️PTE Academic Test သည် UK, Australia, Canada Student Visa များလျှောက်ထားနိုင်တဲ့အပြင် နိုင်ငံတကာတက္ကသိုလ်များစွာကလဲ လက်ခံပေးလျက်ရှိပါတယ်။ 🙆‍♂️

▪️PTE Academic Test အကြောင်းအသေးစိတ်တွေကိုတော့ အရှေ့ကပို့စ်လေးတွေမှာ ပြောပြခဲ့ပြီးပြီဖြစ်တဲ့ အတွက်ကြောင့် ဒီတစ်ခါမှာတော့ “Professional PTE Training” အကြောင်းလေးကို ပြောပြပေးသွားမှာပါ။ PTE Academic Test တွေအကြောင်း ပြန်ဖတ်ချင်တယ်ဆိုရင်တော့ အောက်ကလင့်ခ်တွေမှာ ပြန်ဖတ်ကြည့်နိုင်ပါတယ်။ 

📌 https://www.facebook.com/433298177253835/posts/876242019626113/?d=n

📌 https://www.facebook.com/433298177253835/posts/874309156486066/?d=n

▪️အခု မိတ်ဆက်ပေးမယ့် Professional PTE Training သည် Sydney PTE Study Center နှင့် EEVS Myanmar တို့ မှပူးပေါင်းဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ Professional PTE Training မှာဆိုရင် training period package (၁လ၊၃လ၊၆လ၊၁၂ လ) အမျိုးမျိုးရှိပြီး  package ယူထားတဲ့ကာလအတွင်းမှာတော့ class တွေ feedbacks sessions တွေနဲ့ learning resources တွေကို unlimited access ရရှိသွားမှာဖြစ်ပါတယ်။ 😇

▪️Live class သင်ကြားပေးသွားမှာ ဖြစ်ပြီး ပါဝင်သော training sessions များမှာ- 

📌Live Class portal : Non-stop Live Training 

📌20 PTE Topic Confidence Tracker 

📌Broadcast Video Lectures

📌PTE Materials Portal 

📌AI-aided Practical Portal

📌Intensive Exam Support 

📌24/7 Video Lectures Portal 

📌Daily Q and A Support 

📌Guided Practice Support 

📌Daily Speaking Feedback 

📌Full Mock Test with Automated Scoring 

📌1-on-1 Full Mock Test Feedback 

📌Topicwise 1-on-1 Intensive Feedback တို့ပါဝင်ပါတယ်။ 

▪️Package နှုန်းထားများမှာ- 

🔹 1-Month Package – $315

🔹 3-Month Package – $395

🔹 6-Month Package – $495

🔹 12-Month Package – $695 

▪️သင်တန်းနှင့် ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက page messenger (သို့) အောက်ပါဖုန်းနံပါတ်များမှ တစ်ဆင့်လည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ 💁‍♂️🙆‍♂️

☎️09751871589, 09790839290, 09751871587

#LetsPlanYourCareerTogether#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

September 19, 2021

▪️Torrens University Australia ရဲ့ Bachelor of Health Science in Aesthetics က အလှအပနဲ့ အရေပြားဆရာဝန်ဖြစ်ချင်သူများအတွက် ရွေးချယ်သင့်တဲ့ program တစ်ခုပဲဖြစ်ပါတယ်။ ဒီ program ကနေ ကျောင်းသား/သူများကို clinical knowledge and skills, focusing on preventative skin health and anti-ageing dermal therapies တွေကို သင်ကြားပြသပေးသွားမှာဖြစ်ပါတယ်။ 👩‍🏫👨‍🏫

▪️ဒါတွေတင်မကသေးဘဲ Esthetics Doctor တစ်ယောက်အတွက် လိုအပ်တဲ့ theoretical foundation in health science, in-depth aesthetic course covers advanced skin health protocols နဲ့ appropriate applications of techniques and therapies using the most up-to-date aesthetic technology and products ဘာသာရပ်တွေပါ သင်ယူရမှာဖြစ်ပါတယ်။ 📚🧑‍⚕️

▪️စာတွေ့သင်ခန်းစာများသာမက လက်တွေ့အတွေ့အကြုံများပါ ပြည့်ဝစေဖို့အတွက် ဆေးဝါးကုသမှုပိုင်းများ၊ နောက်ဆုံးပေါ်နည်းပညာရပ်များနှင့် အလုပ်ခွင်ပြင်ပ ပေါင်းသင်းဆက်ဆံမှု နည်းစနစ်များကိုပါ သင်ကြားပေးမှာပဲဖြစ်ပါတယ်။ 💁‍♂️

▪️အလုပ်ခွင်ဝင်ရောက်ဖို့ အတွေ့အကြုံများရရှိစေရန် ရည်ရွယ်၍ ပြင်ပဆေးခန်းများတွင် (၆၅) နာရီ အလုပ်သင်ဆင်းရမှာဖြစ်ပြီး ကျောင်း၏ student-led clinic တွင်လည်း နာရီ (၅၀) လေ့လာရမှာဖြစ်ပါတယ်။ Torrens University Australia နဲ့ partnership လုပ်ထားတဲ့ အဖွဲ့အစည်းတွေကတော့ Australian Society of Dermal Clinicians နဲ့ Dermalogica တို့ပဲဖြစ်ပါတယ်။ 🙆‍♂️🏫

▪️ဒီလိုမျိုးပြည့်စုံလှတဲ့ သင်ကြားမှုပုံစံတွေနဲ့  Bachelor of Health Science in Aesthetics Program က သင့်ကို beauty industry မှာ အရည်အချင်းအပြည့်နဲ့ ယုံကြည်ချက်ရှိရှိလျှောက်လှမ်းနိုင်ဖို့ ကူညီပေးသွားမှာပါ။ 🧑‍⚕️👨‍⚕️

▪️Program ကိုတက်ရောက်ဖို့ စိတ်ဝင်စားတဲ့ International Students တွေအနေနဲ့  IELTS 6.0 (no band less than 5.5) or equivalent လိုအပ်ပါတယ်။ 💁‍♂️

▪️Tuition Fees အနေနဲ့ AUD$ 78,600 ကျသင့်နိုင်ပြီး February Intake နဲ့ May Intake ဆိုပြီး intake season ၂ခုရှိပါတယ်။ 🗓

🗂 Program Link – https://www.torrens.edu.au/courses/health/bachelor-of-health-science-aesthetics 

🏫 School Website – https://www.torrens.edu.au 

#LetsPlanYourCareerTogether#StudyInAustralia#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

September 16, 2021
🧑‍💻ယနေ့မှာတော့ Canada နိုင်ငံ Nipissing University တွင် တက်ရောက်နိုင်သော Science ပရိုဂရမ် များထဲမှ BSc in Data Science ပရိုဂရမ်နှင့် မိတ်ဆက်ပေးလိုက်ပါတယ်။
📚Nipissing University တွင် တက်ရောက်နိုင်သော Bachelor of Science ပရိုဂရမ်များမှာ
• Biology
• Computer Science
• Environment and Physical Geography
• Environmental Biology and Technology
• Liberal Science
• Mathematics
• Psychology တို့ဖြစ်ပါတယ်။ ဖော်ပြပါ ပရိုဂရမ်များထဲမှ BSc in Data Science ပရိုဂရမ်ကို ဖော်ပြပေးလိုက်ပါတယ်။
💻📈The Bachelor of Science (BSc) in Data Science ပရိုဂရမ်သည် Graduate ဒီဂရီတွင် လိုအပ်သော သင်္ချာနှင့် ဆိုင်သော တွက်ချက်မှုများနှင့် ဒေတာ ပညာရှင် တစ်ယောက်အနေဖြင့် သိထားသင့်သော ကွန်ပျူတာ အချက်အလက်များကို ထောက်ပံ့ပေးထားပါတယ်။
🧐သုတေသန စာရွက်စာတမ်းများ၊ လက်တွေ့လုပ်ဆောင်ချက်များနှင့် အလုပ်သင် အတွေ့အကြုံများဖြင့် စမ်းသပ်သင်ကြားခြင်းများကို ပေါင်းစပ်ထားသော ဒီဂရီ ဖြစ်ပါတယ်။ ကျောင်းသားများအနေဖြင့် စီးပွားရေး စီမံမှုများတွင် သုံးသော ဒေတာများ၊ ရှုပ်ထွေးသော နည်းစနစ်များနှင့် အသုံးပြု ပုံ၊ ပြသာနာ ဖြေရှင်းနည်းများကို သင်ကြားရမှာ ဖြစ်ပါတယ်။
⏰၄ နှစ်တက်ရောက်ရမှာဖြစ်ပြီး 💸Tuition Fees – CAD 19,325 ကျသင့်မှာ ဖြစ်ပါတယ်။
🏴󠁧󠁢󠁥󠁮󠁧󠁿Language လိုအပ်ချက်များမှာ
• 60% in senior secondary
• IELTS 6.5 (no less than 6)
• PTE- 56 each and overall 58 and above
• TOFEL minimum score of 83 (iBT) with a minimum score of 20 in reading, listening and writing and a minimum score of 22 in speaking
တို့ဖြစ်ပါတယ်။
🕵️ပရိုဂရမ် အသေးစိတ်ကို အောက်ပါ Link တွင် ကြည့်ရှုနိုင်ပါတယ်။
September 15, 2021

▪️1951 ခုနှစ်မှစတင်၍စတင်တည်ထောင်ခဲ့သော Cape Breton University ဟာဆိုရင် Atlantic Universities၊ Commonwealth Universities စသော association များတွင် Associate University တစ်ခုဖြစ်ပါတယ်။ ယင်း University တည်ရှိရာ Norfolk ပြည်နယ်ဟာ Canada ရဲ့ အေးချမ်းဆုံးသော ပြည်နယ်တစ်ခုဖြစ်ပြီး အခြား Providence များနှင့်ယှဥ်လျင် နေထိုင်စားသောက်စရိတ် 15% ခန့်သက်သာတာကို တွေ့ရပါတယ်။ 💁‍♂️

▪️Cape Breton University တွင် နိုင်ငံပေါင်း 40 ကျော်မှ ကျောင်းသား/သူပေါင်း 5,500 ခန့် ပညာသင်ယူနေပြီး Students များအတွက် ကြီးမားသော Library, Sport Facilities နှင့် Reading Rooms အစရှိသည့် Facilities များကိုပေးထားပါတယ်။ International Student များအတွက် အခြေချရာတွင် အကူညီပေးသော support service နှင့် health care service များလည်းပေးသွားမှာဖြစ်ပါတယ်။ 🙆‍♂️

▪️ပညာရပ်များကိုသင်ကြားရာတွင်လည်းစာသင်ခန်း မှ အလုပ်ခွင်သို့ အဆင်ပြေစွချောမွေ့စွာ ပြောင်းနိုင်ရန် Practical Lecture များစွာ ကိုထည့်သွင်းထားတာဖြစ်တဲ့အပြင် Graduates များအလုပ်ရရှိမှုလွယ်ကူစေရန် ရည်ရွယ်ပြီး workplacement နှင့် internship program များဖြင့်လည်းကူညီပေးလျက်ရှိပါတယ်။ 😇

▪️Cape Breton Universityရဲ့ Recommend အကောင်းဆုံး Subject Field များမှာ

📚 Business

📚 Liberal Art

📚 Science

📚 Technology

📚 Education

📚 Health & Wellness တို့ဖြစ်ပါတယ်။ 

▪️Annual Tuition fees အနေနဲ့ CA$ 18,000 ဝန်းကျင်ကျသင့်မှာဖြစ်ပြီး intake အနေနဲ့ February နဲ့ October ဟူ၍ 2 ခုရှိမှာပါ။🗓🗂

▪️International Students များအတွက် Minimum English Requirements အနေနဲ့ 

📌TOEFL score of 550 (paper test), 213 (computer test), or 80 (internet test)

📌IELTS Academic (and IELTS Indicator) score of 6.5 with no band below 6.0

📌Pearson PTE (Academic) score of 59

📌Duolingo English Test score of 115 တို့ကိုရရှိရန်တော့လိုအပ်ပါတယ်။ 

🔍 အသေးစိတ်ကိုတော့ https://www.cbu.ca မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ 

#LetsPlanYourCareerTogether#StudyInCanada#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

September 12, 2021

▪️ယနေ့မှာတော့ Nipissing University ၏ Post-baccalaureate Diploma & Certificate ပရိုဂရမ်များနှင့် မိတ်ဆက်ပေးလိုက်ပါတယ်။ 🙆‍♂️

▪️Post-baccalaureate diploma, certificate ဆိုသည်မှာ Master program  တက်ရောက်လိုသူများနှင့် Bachelor degree ရရှိထားသူများအနေဖြင့် 20 credits ထပ်မံရရှိလိုသည့် အခါ တက်ရောက်နိုင်သော ပရိုဂရမ်ဖြစ်ပါတယ်။ တက်ရောက်လိုသူများအနေဖြင့် 3-4 year ဒီဂရီ အောင်မြင်ထားသူဖြစ်ရပါမယ်။ 💁‍♂️

▪️Nipissing University သည် North Bay, Ontario, Canada တွင် တည်ရှိသော Public University ဖြစ်ပါတယ်။ ၂၀၁၁ တွင် Ontario  အစိုးရ၏ ခွင့်ပြုချက်ဖြင့် Graduate degree များကို ပေးအပ်ခဲ့ပါတယ်။ Personal teaching သင်ကြားရေးဖြင့် student-focused သင်ကြားရေး စနစ်များကို အသုံးပြုသင်ကြားပေးတဲ့ တက္ကသိုလ်တစ်ခုပဲဖြစ်ပါတယ်။ 🏫

▪️Nipissing University တွင် တက်ရောက်နိုင်သည့် Post-baccalaureate ပရိုဂရမ်များနှင့် သင်ကြားရမည့် သင်ရိုးများကို အောက်ပါ Link တွင် ကြည့်ရှုနိုင်ပါတယ်။ 👩‍🎓🧑‍🎓

▪️Post-Baccalaureate Certificates

•    Post-Baccalaureate Certificate in Human Resource Management

https://academiccalendar.nipissingu.ca/~/Catalog/ViewCatalog.aspx?pageid=viewcatalog&catalogid=8&topicgroupid=3334

•    Post-Baccalaureate Certificate in General Management

https://academiccalendar.nipissingu.ca/~/Catalog/ViewCatalog.aspx?pageid=viewcatalog&catalogid=8&topicgroupid=3335

▪️Post-Baccalaureate Diplomas

•    Post-Baccalaureate Diploma in Business Administration

https://academiccalendar.nipissingu.ca/~/Catalog/ViewCatalog.aspx?pageid=viewcatalog&catalogid=8&topicgroupid=3336

•    Post-Baccalaureate Diploma in Finance

https://academiccalendar.nipissingu.ca/~/Catalog/ViewCatalog.aspx?pageid=viewcatalog&catalogid=8&topicgroupid=3337

•    Post-Baccalaureate Diploma in Human Resource Management

https://academiccalendar.nipissingu.ca/~/Catalog/ViewCatalog.aspx?pageid=viewcatalog&catalogid=8&topicgroupid=

•    Post-Baccalaureate Diploma in International Business

https://academiccalendar.nipissingu.ca/~/Catalog/ViewCatalog.aspx?pageid=viewcatalog&catalogid=8&topicgroupid=3339

•    Post-Baccalaureate Diploma in Marketing

https://academiccalendar.nipissingu.ca/~/Catalog/ViewCatalog.aspx?pageid=viewcatalog&catalogid=8&topicgroupid=3340

#LetsPlanYourCareerTogether#StudyInCanada#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar