fbpx
August 24, 2021
▪️ယနေ့မှာတော့ စက်မှုလုပ်ငန်းနယ်ပယ်ကို လေ့လာလိုသူများအတွက် အမေရိကန်နိုင်ငံရှိ Drexel University တွင် တက်ရောက်နိုင်သော Bachelor of Science in Mechanical Engineering (BSME) ပရိုဂရမ်နှင့် မိတ်ဆက်ပေးလိုက်ပါတယ်။
▪️ခေတ်အလျောက် လူမှုအဖွဲ့အစည်းတွင် ကုန်ထုတ်လုပ်မှု၊ ပို့ဆောင်ဆက်သွယ်ရေး၊ အဆောက်အအုံ တည်ဆောက်မှုလုပ်ငန်းများ ၊ ဆက်သွယ်ရေးနှင့် အခြားသောကွန်ပျူတာနည်း စနစ်များ တိုးတက်လာသဖြင့် စက်မှုအင်ဂျင်နီယာများနှင့် စက်ယန္တားရားဆိုင်ရာ လေ့လာမှု နယ်ပယ်များအတွက် လုပ်ငန်းခွင် အခွင့်အရေးများမြင့်မားလျက် ရှိပါတယ်။
▪️ထို့အတူ ယနေ့ခေတ် စက်မှုနယ်ပယ်များသည် လုပ်ငန်းခွင်အရည်အချင်းတစ်ခုသာမဟုတ်ဘဲ ကျွမ်းကျင်သော စက်မှုအင်ဂျင်နီယာများ၊ စွန့်ဦးတီထွင်မှုများနှင့် အုပ်ချုပ်မှုဆိုင်ရာ စွမ်းရည်များကို အဓိက လိုအပ်လျက်ရှိပါတယ်။
▪️MEM ပရိုဂရမ်တွင် ကျောင်းသားများအနေဖြင့် မော်တော်ကားနှင့်ဆိုင်သော နည်းပညာများ၊ ပို့ဆောင်ရေး၊ ဒီဇိုင်းစီစစ်ချက်၊ အီလက် ထ​ရောနစ်နှင့် စက်မှုဆိုင်ရာ သင်ကြားမှုများကို ခေတ်မီသော နည်းပညာစနစ်များဖြင့် လေ့လာရမှာဖြစ်ပါတယ်။ ထို့ပြင် ဆေးဝါး၊ ဥပဒေ၊ စီးပွားရေးဆိုင်ရာ စည်းမျဉ်းများကိုလဲ လေ့လာသင်ကြားရမှာဖြစ်ပါတယ်။
▪️ဒီပရိုဂရမ်ကို ၄ နှစ် တက်ရောက်ရမှာဖြစ်ပြီး Quarter based တက်ရောက်ရမှာဖြစ်ပါတယ်။
▪️Tuition fees မှာ တစ်နှစ်လျှင် USD 53,868 ကျသင့်မှာဖြစ်ပါတယ်။
▪️Mechanical Engineer များအတွက် ပြည်နယ် အလိုက် ရရှိနိုင်သော လစာများကို ဖော်ပြပေးလိုက်ပါတယ်။
• Virginia: $91,167 per year
• Washington: $91,752 per year
• Louisiana: $92,865 per year
• Maryland: $93,625 per year
• Oklahoma: $93,736 per year
• Washington D.C.: $96,399 per year
• California: $100,722 per year
• Arizona: $107,618 per year

#LetsPlanYourCareerTogether#StudyInUSA

#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

August 23, 2021

🇺🇸 USA တွင် ပညာသင်ကြားလိုသူများအတွက် EEVS မှ USA ၏ ထိပ်တန်းကျောင်းများကို ဖော်ပြပေးလိုက်ပါတယ်။ 😇

🔹Princeton University သည် ၁၇၄၆ တွင် စတင်တည်ထောင်ခဲ့ပြီး Undergraduate လျှောက်လွှာပေါင်း ၅၄၂၂ နှစ်စဉ် ရရှိပါတယ်။ Campus မှာ ဧက ၆၀၀ ကျယ်ဝန်းပါတယ်။ Semester-based စာသင်နှုစ် သတ်မှတ်ထားပြီး ၂၀၂၁ နိုင်ငံတွင်း အကောင်းဆုံး ကောလိပ်စာရင်းတွင် နံပါတ် ၁ နေရာတွင် ရပ်တည်နေပြီး Tuition Fees မှာ $53,890 ဝန်းကျင် ကျသင့်ပါတယ်။ U.S ၏ သက်တမ်းအရင့်ဆုံး တက္ကသိုလ်များတွင် တစ်ခုအပါအဝင် ဖြစ်ပြီး Princeton, New Jersey တွင် တည်ရှိပါတယ်။ 📍Website – https://www.princeton.edu/

🔹Harvard University သည် ၁၆၃၆ တွင် စတင်တည်ထောင်ခဲ့သော ပုဂ္ဂလိက တက္ကသိုလ်ဖြစ်ပါတယ်။ Undergraduate လျှောက်လွှာပေါင်း ၆၇၅၅ လက်ခံရရှိပြီး ဧကပေါင်း ၅၀၇၆ ကျယ်ဝန်းပါတယ်။ ကျောင်း ၁၃ ကျောင်းနှင့် ဖွဲ့စည်းထားပြီး ထိပ်တန်း ကျောင်းများမှာ  Business School, Medical School , Graduate Education School, School of Engineering and Applied Sciences, Law School,John F. Kennedy School of Government တို့ဖြစ်ပါတယ်။ 

နိုင်ငံတွင်း တက္ကသိုလ်များတွင် နံပါတ် ၂ နေရာတွင် ရပ်တည်နေပြီး Best Undergraduate Teaching တွင် နံပါတ် ၁၂ တွင် ရှိပါတယ်။ 

📍Website – https://www.harvard.edu/

🔹Columbia University သည် ၁၇၅၄ တွင် စတင် တည်ထောင်ခဲ့ပြီး Private Institution ဖြစ်ပါတယ်။ Undergraduate လျှောက်လွှာပေါင်း ၆၂၄၅ လက်ခံလျက်ရှိပြီး ၃၆ ဧက ကျယ်ဝန်းပါတယ်။ Semester-based တက်ရောက်ရပြီး  Undergraduate ကျောင်း ၃ ကျောင်း- Columbia College, The Fu Foundation School of Engineering and Applied Science and the School of General Studies ဖြစ်ပြီး  Graduate and Professional ကျောင်း များ Business School, Teachers College, Law School and College of Physicians and Surgeons ဖြင့် ဖွဲ့စည်းထားပါတယ်။ ၉၀% သော ကျောင်းသားများသည် ကျောင်းအဆောင်များတွင် နေထိုင်ကြပါတယ်။ 

📍Website – http://www.columbia.edu/

🔹Massachusetts Institute of Technology သည်  Boston တွင် တည်ရှိပြီး ၁၈၆၁ တွင် စတင်တည်ထောင်ခဲ့ပါတယ်။ စာသင်နှစ်ကို 4-1-4 based ဖြင့် တက်ရောက်ရပြီး  သိပ္ပံပညာရပ်နှင့် နည်းပညာ သုတေသန လုပ်ငန်းများကို အဓိက သင်ကြားပေးပြီး ကျောင်း ၅ ကျောင်းဖြင့် ဖွဲ့စည်းထားပါတယ်။ နိုင်ငံတွင်း တက္ကသိုလ်များစာရင်းတွင် နံပါတ် ၄ ၊ သင်ကြားမှု တွင် နံပါတ် ၁၈ တွင် ရပ်တည်နေပါတယ်။ 

📍Website – https://web.mit.edu/

🔹Yale University သည် ပုဂ္ဂလိက တက္ကသိုလ် ဖြစ်ပြီး ၁၇၀၁ တွင် တည်ထောင်ခဲ့ပါတယ်။ တေးဂီတ ပရိုဂရမ်များ၊ ထူးခြားသော ပြဇာတ်များ ကြောင့် နာမည်ကြီးသော New Haven, Connecticut တွင် တည်ရှိပါတယ်။ College,Graduate School of Arts and Sciences, Professional School -၁၂ ကျောင်းဖြင့် ဖွဲ့စည်းထားပါတယ်။ ထင်ရှားသော ကျောင်းများမှာ – School of Management, School of Medicine,School of Art , School of Nursing တို့ဖြစ်ပါတယ်။ 

📍Website – https://www.yale.edu/

August 21, 2021

▪️သင်က Australia 🇦🇺 နိုင်ငံမှာ ပညာသင်ကြားဖို့စဥ်းစားနေသူလား?

▪️ဒါဆိုရင်တော့ အခုပြောပြပေးမဲ့ The University of Adelaide အကြောင်းကို ဖတ်ကြည့်သင့်တယ်နော်။

▪️The University of Adelaide က Australia နိုင်ငံရဲ့ private university တစ်ခုဖြစ်ပြီး Group of Eight အဖွဲ့ဝင်တက္ကသိုလ်တစ်ခုပဲဖြစ်ပါတယ်။ Group of Eight ဆိုတာက သြစတေးလျနိုင်ငံရဲ့ သုတေသနလုပ်ငန်းများကိုဦးဆောင်ကြတဲ့ တက္ကသိုလ်တွေပေါင်းထားတဲ့ သက်တမ်းအရှည်ဆုံး အဖွဲ့အစည်းပဲ ဖြစ်ပါတယ်။

▪️The University of Adelaide ကနေတက်ရောက်နိုင်တဲ့ ဘာသာရပ်တွေကတော့ –
📌Agriculture, Food and Wine
📌Architecture
📌Business
📌Energy, Mining and Resources
📌Health and Medical Sciences
📌Mathematical Sciences
📌Mental Health and Wellbeing
📌Psychology
📌Technology
📌Allied Health
📌Arts
📌Defence, Cyber and Space
📌Engineering
📌Humanities and Social Sciences
📌Media
📌Music
📌Science
📌Animal and Veterinary Sciences
📌Biomedical Sciences and Biotechnology
📌Dentistry and oral Health
📌Environmental and Sustainability
📌Law
📌Medicine
📌Nursing
📌Teaching and Education

▪️International Students တွေအတွက်လိုအပ်တဲ့ Program Requirements တွေကတော့ –
🔹IELTS – Overall band score of 6.5 AND Band score of 6.0 in all bands)
🔹TOEFL – Internet based and paper based (Paper-based: total score of 577 with a minimum of 4.5 in the Test of Written English (TWE) OR Internet-based: total score of 79 with a minimum of 21 in Writing, 18 in Speaking and 13 in Reading and Listening)
🔹Pearson Test of English – Overall score of 58 AND Skills profile of no less than 50 in all skills
🔹CAE (Cambridge English: Advanced) – Overall score of 176 AND Individual score of 169 in all skills

▪️Tuition Fees အနေနဲ့ 23,282 USD/year အထိကျသင့်နိုင်ပါတယ်။

#LetsPlanYourCareerTogether#StudyInAustralia#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

 

August 21, 2021

🔹ရှေ့ရက်တွေက Duolingo English Test အကြောင်းပြောပြပြီးပြီဆိုတော့ ဒီနေ့တော့ Duolingo English Test ဖြေဖို့ ဘယ်လိုတွေပြင်ဆင်ရမလဲဆိုတာ ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ 💁‍♂️

🔹Duolingo English Test မှာက တစ်ခြား English Test တွေလိုပဲ reading, writing, listening နဲ့ speaking တွေကိုပဲဖြေရမှာဖြစ်ပါတယ်။ 

🔹Duolingo English Test က ၈မိနစ်စာ sample test ကို free ဖြေလို့ရပါတယ်။ ဒါကြောင့် Duolingo ဖြေဖို့စဥ်းစားနေတဲ့လူဆိုရင် sample test ကိုဖြေကြည့်ဖို့ အကြံပေးချင်ပါတယ်။ Sample Test ကိုဖြေချင်းအားဖြင့် ကိုယ့်ရဲ့ level ကို ချိန်ဆနိုင်သလို test ရဲ့မေးခွန်းပုံစံနဲ့လဲ ရင်းနှီးနိုင်မှာပဲဖြစ်ပါတယ်။ Sample Test က free ဖြစ်တဲ့အတွက် ကို​ယ်ကြိုက်သလောက်အထိ ဖြေဆိုလို့ရပါတယ်။ Sample Test ကိုဖြေချင်တယ်ဆိုရင်တော့ ဒီ link လေးကနေ https://englishtest.duolingo.com/readiness သွားဖြေလို့ရပါတယ်။

🔹နောက်တစ်ချက်အနေနဲ့ ကိုယ်က Duolingo English Test ရဲ့ rules တွေကိုနားလည်အောင်လုပ်ထားဖို့ လိုအပ်ပါတယ်။ ကိုယ်က test ဖြေနေစဥ်အတွင်းမှာ earphones တပ်ထားတာမျိုး၊ တစ်ယောက်ယောက်နဲ့ စကားပြောလိုက်တာမျိုး၊ ဖုန်းသုံးလိုက်တာမျိိုးတို့ဆိုရင်တော့ တစ်ခါထဲ reject ဖြစ်သွားမှာပါ။ ဒါကြောင့်​ ဒီအချက်တွေကိုလဲ သတိထားဖို့လိုပါတယ်။

🔹Duolingo English Test မှာ video interview လဲပါတာမို့လို့ ကိုယ့်ရဲ့ speaking skill ကိုလဲ မြှင့်တင်ထားဖို့လိုအပ်ပါတယ်။ နောက်ထပ်လေ့လာလို့ရမဲ့ websites လေးတွေကိုလဲ အောက်မှာထည့်ပေးထားပါတယ်။

🔹Self Study လုပ်မဲ့သူတွေအနေနဲ့ YouTube မှာလဲ Teacher Luke Channel ကနေ test အကြောင်း သိသင့်သိထိုက်တဲ့အကြောင်းအရာတွေနဲ့ tips & tricksတွေအများကြီးကိုလေ့လာနိုင်မှာပါ

#LetsPlanYourCareerTogether#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

August 18, 2021
The University of Adelaide College – Foundation Program
ဒီနေ့တော့ Australia နိုင်ငံမှာဘဲ​ Foundation တက်ရောက်ချင်သူတွေအတွက် The University of Adelaide College က Foundation Program အကြောင်းကိုပြောပြပေးမှာဘဲဖြစ်ပါတယ်။ ဒီ Foundation Program က ၉လကျော်ကြာမြင့်မှာဖြစ်ပြီး university အတွက်လိုအပ်တဲ့ အခြေခံပညာရပ်တွေကို သင်ကြားပေးမှာပဲဖြစ်ပါတယ်။ ဒီ program ပြီးမြောက်သွားပြီဆို University ကို တိုက်ရိုက်တက်ရောက်လို့ရမှာဘဲဖြစ်ပါတယ်။
သင်ကြားရမဲ့ ဘာသာရပ်တွေကတော့ –
  • Accounting
  • Australian Studies^
  • Biology
  • Chemistry
  • Computing And Information Systems
  • Critical Thinking
  • Design Studies^
  • Economics
  • English For Academic Purposes
  • General Mathematics
  • Mathematical Methods
  • Music Appreciation And Practice*~
  • Musicianship *~
  • Nutrition *~
  • Physics
  • Special Mathematics တို့ပဲဖြစ်ပါတယ်။
မြန်မာကျောင်းသား/ ကျောင်းသူတွေအတွက်လိုအပ်တဲ့ Program Requirements တွေကတော့ –
  • Completion of Year 1 International Baccalaureate (IB) with a score of 20pts; or
  • *O Levels with ‘C’ grade average (grade 4 per subject) (သို့မဟုတ်)
  • အခြေခံပညာအထက်တန်းစာမေးပွဲကိုပျမ်းမျှ ၆၅ ရာခိုင်နှုန်းနဲ့ အောင်မြင်ထားရမှာပဲဖြစ်ပါတယ်။
Tuition Fees အနေနဲ့ A$29,800 ကျသင့်မှာပါ။
အသေးစိတ်ကို ဒီ link မှာ https://college.adelaide.edu.au/…/foundation-studies/… ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

#LetsPlanYourCareerTogether#StudyInAustralia#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

August 17, 2021
▪️ဒီနေ့တော့ Australia 🇦🇺  နိုင်ငံမှာရှိတဲ့ World Class University တစ်ခုဖြစ်တဲ့ Western Sydney University အကြောင်းလေးကို မိတ်ဆက်ပေးသွားမှာပါ။ 💁
▪️Western Sydney University ကို 1st January 1989 မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး World Class University တစ်ခုဖြစ်တဲ့အပြင် သူ့ရဲ့ သုတေတနလုပ်ငန်းတွေနဲ့ တမူထူးခြားတဲ့ သင်ကြားမူပုံစံတွေကြောင့် ပိုပြီးလူသိများတဲ့ တက္ကသိုလ်တစ်ခုပဲဖြစ်ပါတယ်။ ဒါ့အပြင် world university ranking အနေနဲ့လဲ 251-300 ကြားရရှိထားပါသေးတယ်။ Campus အနေနဲ့လဲ စုစုပေါင်း ၆ခုရှိပြီး တစ်ခုနဲ့တစ်ခုကိုသွားလာနိုင်ဖို့အတွက် free shuttle bus တွေလဲစီစဥ်ပေးထားပါသေးတယ်။
▪️Undergraduate Programs, Postgraduate Programs, Research Programs, College နဲ့ Advanced Courses ဆိုပြီး International Students တွေအတွက် ရွေးချယ်စရာ Programs များစွာရှိပါတယ်။ လေ့လာသင်ယူနိုင်တဲ့ဘာသာရပ်တွေအနေနဲ့ကတော့ –
✔️Law
✔️Arts & Humanities
✔️Life Science
✔️Engineering & Technology
✔️Psychology
✔️Business & Economics
✔️Social Sciences
✔️Physical Sciences
✔️Clinical, Pre-Clinical & Health
✔️Computer Sciences
✔️Education တို့ပဲဖြစ်ပါတယ်။
▪️International Students တွေအနေနဲ့လိုအပ်တဲ့ Program Requirement တွေကတော့
⏺IELTS – Overall 6.5 (minimum 6.0 in each subtest)
⏺TOFEL – Total score 82 (Writing 21, Speaking 18, Reading 13, Listening 13)
⏺Pearson (PTE) – 58 overall; No communication skills less than 50 တို့လိုအပ်ပါတယ်။
▪️Student Services and Amenities Fee အနေနဲ့ တစ်နှစ်ကို AUD $308.00 နှင့် Tuition Fees – AUD $26,240 – $34,000 ထိ Programs အပေါ်မူတည်ပြီးကုန်ကျနိုင်ပါတယ်။
▪️အသေးစိတ်ပိုမိုသိရှိချင်ရင် ဒီ link လေးကနေ https://www.westernsydney.edu.au/international/home ဝင်ကြည့်လို့ရပါတယ်။

#LetsPlanYourCareerTogether#StudyInAustralia#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

August 16, 2021
🇸🇬 Curtin Singapore သည် Australia’s Curtin University ရဲ့ Campus အခွဲတစ်ခုပဲဖြစ်ပြီး နိုင်ငံတကာအဆင့်မှီပညာရေး Program တွေကို ဝေးဝေးလံလံ သွားရောက်သင်ယူစရာမလိုပဲ အိမ်နီးချင်းနိုင်ငံတွေမှာပဲ သင်ယူစေနိုင်ဖို့အတွက် ရည်ရွယ်ဖွင့်လှစ်ထားတဲ့ ကမ္ဘာ့အဆင့်မှီ တက္ကသိုလ်တစ်ခုပဲဖြစ်ပါတယ်။ Curtin University က 2022 အတွက် QS World University Rankings မှာလဲ ကမ္ဘာ့အဆင့် 194th ရရှိထားပြီး QS Star Ratings မှာလဲ 5 stars အပြည့်ရရှိထားတဲ့ တက္ကသိုလ်ပဲဖြစ်ပါတယ်။
ဒါတွေတင်မကသေးပဲ Curtin Singapore က စင်ကာပူနိုင်ငံရဲ့ ပုဂ္ဂလိကပညာရေးကော်မတီ Singapore (CPE) မှာ register လုပ်ထားတဲ့ကျောင်းတစ်ကျောင်းပဲဖြစ်ပါတယ်။ Curtin Singapore Campus က ကျောင်းသား၊ ကျောင်းသူများအတွက် student lounge, library, computer labs, mac lab, basketball court နဲ့ gym တို့ကိုပြုလုပ်ပေးထားပါတယ်။ Curtin Singapore မှာ တက်ရောက်သင်ယူနိုင်မဲ့ course တွေကတော့ Diploma, Undergraduate, Postgraduate, Study Abroad နဲ့ English Language Course တို့ပဲဖြစ်ပါတယ်။ ၏
လေ့လာလို့ရမယ့် ဘာသာရပ်နယ်ပယ်တွေကတော့ –
* Diploma of Arts and Creative Industries
* Diploma of Commerce
* Bachelor of Commerce
* Bachelor of Communication
* Bachelor of Science (Health, Safety and Environment)
* Bachelor of Science (Nursing)
* Master of International Business
* Master of Supply Chain Management
* English Language Course
Curtin Singapore တွင်တက်ရောက်လိုသော နိုင်ငံတကာကျောင်းသားများအတွက် လိုအပ်သော သတ်မှတ်ချက်အချို့မှာ-
Diploma Program အတွက်
IELTS : 5.5 (no band below 5.0)
TOEFL(iBT) : 54 (R7, L6, S15, W17)
PTE : 42 (no score below 36)
CAE :162 (No skill below 154)
Bachelor Program အတွက်
IELTS : 6.5 (no band below 6.0)
TOEFL(iBT) : 79 (R13, L13, S18, W21)
PTE : 58 (no score less than 50)
CAE :176 (No skill below 169)
Master Program အတွက်
IELTS : 6.5 (no band below 6.0)
TOEFL(iBT) : 79 (R13, L13, S18, W21)
PTE : 58 (no score less than 50)
CAE :176 (No skill below 169)
Application Fees မှာ S$600 ကျသင့်မှာဖြစ်ပြီး Tuition Fees အနေနဲ့ S$31,880 မှ S$33,434 အထိ ကုန်ကျမှာပဲဖြစ်ပါတယ်။
အသေးစိတ်ကို ဒီ link http://curtin.edu.sg မှာကြည့်ရှုနိုင်ပါတယ်။

#LetsPlanYourCareerTogether#StudyInSingapore#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

August 15, 2021
ယနေ့မှာတော့ မှုခင်း ဘာသာရပ်ကို စိတ်ဝင်စားသူများအတွက် Arizona State University ၏ School of Criminology and Criminal Justice တွင် တက်ရောက်နိုင်သော BS in Criminology and Criminal Justice ဘာသာရပ်နှင့် မိတ်ဆက်ပေးလိုက်ပါတယ်။
Arizona State University ၏ School of Criminology and Criminal Justice တွင် တက်ရောက်နိုင်သော ပရိုဂရမ်များသည် U.S News and World Report အရ နိုင်ငံတွင်း နံပါတ် ၅ တွင် ရပ်တည်နေပါတယ်။ ၂၀၁၉-၂၀ ပညာသင်နှစ်အတွင်း Undergraduate ကျောင်းသားပေါင်း ၂၅၃၀၊ Graduate ကျောင်းသားပေါင်း ၂၈၇ ယောက်နှင့် PhD ကျောင်းသားပေါင်း ၃၈ ယောက် တက်ရောက်လျက်ရှိပါတယ်။
BS in Criminology and Criminal Justice ဘာသာရပ်သည် ပြစ်မှု ဖြစ်စဉ် ကို နားလည် ရန်၊ တရားဥပဒေ၏ အခန်းကဏ္ဍ ၊ ပြစ်မှု ထိန်းချုပ်မှုနှင့် ပြစ်မှု အကျိုးဆက်များကို လေ့လာလိုသူများအတွက် တက်ရောက်သင့်သော ပရိုဂရမ် ဖြစ်ပါတယ်။ ကျောင်းသားများအနေဖြင့် လူမှုဗေဒ၊ စိတ်ပညာ၊ ဇီဝဗေဒနှင့် တစ်ဦးချင်းစီ၏ အကြောင်းပြချက်များကို လေ့လာရမှာဖြစ်ပါတယ်။ သမိုင်းကြောင်း၊ ဥပဒေ အချက်အလက်၊ တရားရုံး ၊ အကျဉ်းသားများနှင့် ခံဝန်ချက်ဖြင့် လွှတ်မြောက်ထားသူများ စသည်တို့ကို လဲ သင်ယူရမှာဖြစ်ပါတယ်။
၄ နှစ် တက်ရောက်ရမှာဖြစ်ပြီး Tuition fees- USD 32,188 ကျသင့်မှာ ဖြစ်ပါတယ်။
ဘွဲ့ရပြီးပါက အေဂျင်စီ ၂၀၀ တွင် အလုပ်သင်အဖြစ် လုပ်ကိုင်နိုင်သော အခွင့်အလမ်းကို ရရှီမှာဖြစ်ပြီး လုပ်ကိုင်နိုင်သော နယ်ပယ်အချို့ကို ဖော်ပြပေးလိုက်ပါတယ်။
• bank fraud
• corrections
• courts
• domestic terrorism
• federal agencies
• homeland security
• law enforcement
• legal offices
• parole offices
• private security
• probation offices
• victim advocate agencies

#LetsPlanYourCareerTogether#StudyInUSA

#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

August 15, 2021

ယနေ့မှာတော့ ဂီတ ပညာရပ်ကို လေ့လာလိုသူများအတွက် The University of Connecticut ၏ School of Fine Arts တွင် တက်ရောက်နိုင်သော Bachelor of Arts in Music ဘာသာရပ်ကို ဖော်ပြပေးလိုက်ပါတယ်။ 

Bachelor of Arts in Music ဘာသာရပ်သည် ဂီတ အနုပညာကို ကျယ်ပြန့်စွာလေ့လာလိုသော ကျောင်းသားများအတွက် အထူးသင့်လျော်သော ဘာသာရပ်ဖြစ်ပါတယ်။ ဂီတ သမိုင်း၊ သီအိုရီ ၊ သောတရုံ စွမ်းရည်၊ ကိရိယာများ အသုံးပြုပုံ သင်ခန်းစာများ၊ တူရိယာ အသုံးအဆောင်များ စသည် တို့ကို သင်ကြားပို့ချ ပေးလျက်ရှိပါတယ်။ Bachelor အောင်မြင်ပြီးလျင်လည်း Graduate program များကို The University of Connecticut ၏ School of Fine Arts တွင် ဆက်လက်တက်ရောက်နိုင်ပါတယ်။

၄ နှစ် တက်ရောက်ရမှာဖြစ်ပြီး Tuition fees- USD 37,698 ကျသင့်ပါတယ်။ English proficiency အနေဖြင့် IELTS-6.5 လိုအပ်ပါတယ်။ 

သင်ခန်းစာ အသေးစိတ်ကို အောက်ပါ Link တွင် ကြည့်ရှုနိုင်ပါတယ်။ 

https://music.uconn.edu/wp-content/uploads/sites/2451/2018/12/BA-Sample-Sequence.pdf

Website- https://music.uconn.edu/programs/undergrad/ba-music/

#LetsPlanYourCareerTogether#StudyInUSA

#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

 

August 13, 2021

ဒီနေ့တော့ ဩစတေးလျနိုင်ငံမှာ ပညာသင်ကြားမဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် ဩစတေးလျနိုင်ငံရဲ့ နေထိုင်၊စားသောက်စရိတ်တွေက ဘယ်လိုရှိလဲဆိုတာကို ပြောပြပေးသွားမှာပါ။ အခုပြောပြပေးမဲ့ စရိတ်တွေက average cost တွေဖြစ်တဲ့အတွက် မြို့တစ်မြို့နဲ့ တစ်မြို့တော့ စျေးတွေတူမှာမဟုတ်ပါဘူး။ ဒါကြောင့် ကိုယ်သွားမဲ့မြိုရဲ့ စျေးနှုန်းလေးတွေကို ထပ်လေ့လာဖို့ အကြံပေးချင်ပါတယ်။

Accommodation

  • Hostels and Guesthouses – $90 to $150 per week 
  • Shared Rental – $95 to $215 per week
  • On campus – $110 to $280 per week 
  • Homestay – $235 to $325 per week 
  • Rental – $185 to $440 per week 
  • Boarding schools – $11,000 to $22,000 a year

Other living expenses

  • Groceries and eating out – $140 to $280 per week 
  • Gas, electricity – $10 to $20 per week 
  • Phone and Internet – $15 to $30 per week 
  • Public transport – $30 to $60 per week 
  • Car (after purchase) – $150 to $260 per week 
  • Entertainment – $80 to $150 per week 

Education costs

  • School – $7,800 to $30,000
  • English language studies – Around $300 per week depending on course length
  • Vocational Education and Training (Certificates I to IV, Diploma and Advanced Diploma) – $4,000 to $22,000
  • Undergraduate Bachelor Degree – $20,000 to $45,000*
  • Postgraduate Masters Degree – $22,000 to $50,000*
  • Doctoral Degree – $18,000 to $42,000*

Note; အထက်ဖော်ပြပါ စရိတ်တွေအကုန်လုံးက ပျမ်းမျှဖော်ပြထားတာဖြစ်တဲ့အတွက်ကြောင့် ကိုယ်သွားမဲ့နှစ်နဲ့ မြို့ပေါ်ကိုလိုက်ပြီးကွာခြားမှုရှိနိုင်ပါတယ်။

Reference Link – https://www.studyinaustralia.gov.au/english/live-in-australia/living-costs

#LetsPlanYourCareerTogether#StudyInAustralia#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar