IELTS ဆိုတာဘာလဲ?
IELTS ဆိုတာ International English Language Testing system ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးဆိုင်ရာ 10,000 ကျော် organizations များမှလက်ခံထားပြီး နိုင်ငံပေါင်း ၁၄၀ မှာ test center ပေါင်း ၉၀၀ ကျော်ရှိပါတယ်။ တစ်နှစ်မှာ လူပေါင်း ၂သန်းခန့်၀င်ရောက်ဖြေဆိုနေကြသော နိုင်ငံတကာ အသိအမှတ်ပြု အင်္ဂလိပ်စာ အရည်အချင်းစစ် စာမေးပွဲတစ်ခုဖြစ်ပါတယ်။
IELTS စာမေးပွဲနှစ်မျိုး
IELTS မှာ Academic နဲ့ General Training ဆိုပြီး 2မျိုး ရှိပါတယ်။
Academic ကတော့ နိုင်ငံခြားမှာ ကျောင်းသွားတက် သူများ ဖြေဆိုလေ့ရှိသောစာမေးပွဲတစ်ခုဖြစ်ပါတယ်။
General Training ကိုတော့ ရွေ့ပြောင်းအခြေချနေထိုင်လိုသူများ၊ UK Visa တို့အတွက် ဖြေဆိုနိုင်ပါတယ်။ အသေးစိတ်ကို ဤနေရာတွင် ၀င်ရောက်ဖတ်ရူနိုင်ပါတယ်။
IELTS ကဘယ်လိုဖြေရမှာလဲ?
On paper နှင့် ဖြေဆိုလို့ရသလို Computer Based Test လည်းရှိပါတယ်။ ယခုအခါ IELTS indicator လို့ခေါ်တဲ့ Test System ကို Covid-19 Lock down အချိန်တွင် ကျောင်းသားများအနေဖြင့် အလွယ်တကူ အိမ်မှ ဖြေဆိုနိုင်ရန် စီစဉ်ထားရှိပါတယ်။ သို့ပေမယ့် တစ်ချို့သော Universities များနှင့် College များအနေဖြင့် IELTS indicator အမှတ်အား အသိမှတ်ပြုလက်ခံထားချင်းမရှိသေးတာကို တွေ့ရှိရပါတယ်။
IELTS ကို ဘယ်သူတွေက ဘာအတွက် ပြင်ဆင်သင့်သလဲ ?
IELTS ကို နိုင်ငံခြားမှာ ကျောင်းသွားတက်မည့် ကျောင်းသားကျောင်းသူတွေအဓိက လုပ်သင့်ပါတယ်။
ဒီနေရာ မှာတော့ အကြောင်းအရင်း၂ ချက်ရှိပါတယ်။ IELTS ကကျောင်းအတွက်လိုတာလား? Visa အတွက်လိုတာလား ?
ဟုတ်ကဲ့။၂ခု လုံးအတွက်လိုအပ်ပါတယ်။ နိုင်ငံခြားမှာ ကျောင်းသွားတက်ဖို့ ရည်ရွယ်ထားတဲ့ သူတစ်ယောက်အနေနဲ့ IELTS ကိုဖြေထားသင့်ပါတယ်။ နိုင်ငံခြားမှာ ပညာသင်မယ့်သူတစ်ယောက် အနေနဲ့ တစ်ခြားနိုင်ငံကိုရောက်သွားရင် အကုန်လုံး က English လိုသင်ကြားရမှာပါ။အဲ့အတွက်လည်း ကျောင်းတွေက သတ်မှတ် ထားတဲ့ English စာ Level တစ်ခု ရှိပြီးသားပါ၊ ဘယ် Degree ၊ ဘယ် Subject အတွက် English စာ ဘယ်လောက် တော့လိုမယ် ဆိုတာ သတ်မှတ်ပြီးသားပါ။ လိုအပ်တဲ့ Level ကို လည်း IELTS နဲ့ပဲတိုင်းတာပါတယ်။ မိမိမှာသာ IELTS အမှတ်ရှိနေပြီဆိုရင် မိမိ၏ English စာ Level နဲ့ ဘယ် ကျောင်း ဘယ် Degree ကိုမဆို တက်ရောက်နိုင်မလဲဆိုတာကို အလွယ် တကူဆန်းစစ်လို့ရပါတယ်၊
Master တို့ PhDတို့လုပ်ရင်ရော IELTS လိုလား
ဟုတ်ကဲ့ ! Higher Academic programs တွေမှာ IELTS bandscore 6-6.5 နှင့်အထက် လိုအပ်လေ့ရှိပါတယ်။
IELTS score ရှိရုံနဲ့ ကျောင်း၀င်ခွင့် အဆင်ပြေနိုင်လား။
IELTS Score က အများကြီး အထောက်အကူ ပေးနိုင်ပါတယ်။ ဒါ့အပြင် မိမိ အနေနဲ့ IELTS score ကောင်းကောင်းရရှိထားပါက scholarship များကို ကျောင်းများမှ တောင်းဆိုနိုင်ပါတယ်။ IELTS ဖြေဆို ထားပြီးသူအနေနဲ့ ကျောင်း၀င်ကြေး တစ်၀က် (partial) သို့ အပြည့် (fully funded) scholar များရရှိနိုင်ပါတယ်။
IELTS ကအရမ်းခက်ပါသလား?
Internationally Recognized ဖြစ်တဲ့ အင်္ဂလိပ်စာအရည်အချင်းစစ် စာမေးပွဲ၊ကမ္ဘာ့အဆင့်မှီ စာမေးပွဲကို ဖြေဆိုရတာဖြစ်တဲ့အတွက် ကြိုးစားအားထုတ်မှုတော့လိုအပ်ပါတယ်။ “Practice makes Perfect” ပါပဲ။
IELTS က အအောင်အရူံးရှိလား ?
IELTS ကအအောင်အရူံးမရှိပါဘူး။ IELTSမှာ 4 skills စစ်ပါတယ်။ Listening, Reading, writing နှင့် Speaking တို့စစ်ပါတယ်။
Listening ဖြေဆိုချိန် – 30 minutes
Reading ဖြေဆိုချိန် – 60 minutes
Writing ဖြေဆိုချိန် – 60 minutes
Speaking ဖြေဆိုချိန် – 11-14 minutesတို့ ဖြစ်ပါတယ်။
IELTS က Visa ရတာနဲ့ဆိုင်လို့လား။ IELTS မပါဘဲနဲ့ရော Visa လျှောက်လို့မရဘူးလား?
IELTS အမှတ်ရှိထားရုံနှင့် Visa လျှောက်ထားခြင်းမှာ များစွာ အထောက်အကူပြုနိုင်ပါတယ်။ Visa လုပ်ငန်းစဉ်ပိုမို ချောမွေ့မြန်ဆန်စေနိုင်ပါတယ်။ တစ်ချို့သောကျောင်းများတွင် ELICOS ယူခြင်းဖြင့် IELTS မပါလည်းကျောင်း၀င်ခွင့်ရှိနိုင်ပါတယ်။ သို့ပေမယ့် Australiaနိုင်ငံတွင် အသစ်ထုတ်ပြန်ထားသော Student Visa Frame Workတွင် IELTS သည် visa ရရှိရေးအတွက် အဓိက mandatory ဖြစ်လာပါတယ်။
Australia က English language test ဘယ်နှစ်မျိုးလက်ခံသလဲ။
ဟုတ်ကဲ့ ! အများစု လက်ခံတဲ့ test များကတော့
• International English Language Testing System (IELTS)
• Test of English as a Foreign Language (TOEFL) internet-based test (paper-based test is accepted from limited countries)
• Cambridge English: Advanced (CAE)
• Pearson Test of English (PTE) Academic
• Occupational English Test (OET)တို့ဖြစ်ပါတယ်။
EEVS တွင် IELTS class များဖွင့်လှစ်ထားပါသလား?
Expert Education and Visa Services Myanmar ရုံးမှလည်း Australiaကျောင်း၀င်ခွင့်များ Visa လျှောက်ထားပေးခြင်းများနှင့်အတူ Experiencedရှိ IELTS mentor များနှင့် IELTS classများကို ဖွင့်လှစ်ပေးထားပါသည်။
EEVS Myanmar ရုံးရှိ IELTS mentor များသည် စာသင်နှစ် ၁၀နှစ်ကျော် Experienced Mentor များဖြစ်ပြီး မိမိ၏ Skills နှင့် လေ့လာနိုင်စွမ်းပေါ်မူတည်၍ Band Score ကောင်းမွန်စွာဖြင့် နိုင်ငံခြားပညာသင်တန်းသားပေါင်းများစွာ မွေးထုတ်ပေးလျက်ရှိနေပါသည်။
တက်ရောက်နိုင်သည့် အတန်းများမှာ-
IELTS Foundation
IELTS Preparation
IELTS Practice သင်တန်းတို့ ဖြစ်ပါတယ်။
IELTS Class များနှင့် ပတ်သက်၍အသေးစိတ်သိရှိလိုပါက Ph number- 09751871587 သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။
#LetsPlanYourCareerTogether
#RelyOnExperts