fbpx
October 25, 2021

▪️သင်အနေနဲ့ လူတို့ရဲ့ဦးနှောက် အလုပ်လုပ်ပုံများကို အသေးစိတ်လေ့လာလိုပါသလား?

▪️Epilepsy, Schizophrenia နှင့် Alzheimer ကဲ့သိ့သော အာရုံကြောဆိုင်ရာ ရောဂါများ အကြောင်းပိုမိုသိရှိပြီး ကုသသူတစ်ယောက်အဖြစ် အသက်မွေးလိုပါသလား?

▪️ဒါဆိုရင်တော့ ဒီ Neuroscience Bachelor ကသင့်အတွက် အသင့်တော်ဆုံး ဘာသာရပ်ပဲဖြစ်ပါတယ်။

▪️ယခုပြောပြသွားမယ့် Neuroscience Bachelor ကိုသင်ကြားပေးသွားမယ့် University of Nottingham ဟာဆိုရင် UK နိုင်ငံ အလယ်ပိုင်းမှ အစဥ်လာကြီးမားတဲ့ University တစ်ခုဖြစ်ပါတယ်။ UK ranking အဆင့် 16 ရရှိထားပြီး ကျောင်သားပေါင်း 34,000 ကျော်က Faculty 5 မျိုး၏ Major ပေါင်းများစွာကို အသီးသီးတက်ရောက်နေကြပါတယ်။ 🙆‍♂️

▪️ဘာလို့ University of Nottingham မှ ပေးတဲ့ ဒီ Neuroscience Bachelor ကိုမှရွေးသင့်လဲဆိုရင်တော့

  • Britain တော်ဝင်ဇီဝဗေဒအစည်းရုံးမှ အသိမှတ်ပြုချမှတ်ထားတဲ့ သင်ရိုးများနဲ့သာ သင်ကြားပေးခြင်း
  • Practical အနေနဲ့ UK ရဲ့ အကောင်းဆုံးသော Hospital များတွင် Field ဆင်း လေ့လာခွင့်ရရှိခြင်း
  • Neuroscience အကြောင်းကို အခြေခံ Details များမှစ၍သင်ကြားပေးခြင်း
  • ကမ္ဘာလုံးဆိုင်ရာအသိမှတ်ပြုအတွေ့ကြုံရင့် Neuroscience Experts များမှ သင်ကြားပေးခြင်း
  • Subject ranking #11 in United Kingdom တို့ရရှိထားတဲ့ အတွက်ကြောင့် Neuroscience ဘာသာရပ်ကို လေ့လာလိုသူများ အနေဖြင့် ရွေးချယ်သင့်တာပဲ ဖြစ်ပါတယ်။ 💁‍♂️

▪️Annual Tuition fees အနေနဲ့ £ 25,000 ခန့်ရှိပြီး English Requirements အနေနဲ့  IELTS 6.5 အနည်းဆုံးရရှိထားရမှာ ဖြစ်ပါတယ်။ 🧑‍🎓

▪️အသေးစိတ်လေ့လာလိုပါက https://www.nottingham.ac.uk/ugstudy/course/Neuroscience-BSc တွင်ဝင်ရောက်လေ့လာနိုင်ပြိး Page ရဲ့ message box တွင်လည်း အသေးစိတ် ဆက်သွယ်မေးမြန်းနိုင်ပါသည်။ 🙆‍♂️😇

#LetsPlanYourCareerTogether#StudyInUK#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

October 10, 2021

🏫 Rice University

 

Rice University ဟာ Houston, Texas မှ university  တစ်ခုဖြစ်ပြီး ကျောင်းသား စုစုပေါင်းရဲ့ 70% ဟာ ကျောင်း ရဲ့ ကျယ်ဝန်းလှတဲ့ Hostel ဟာမှာပဲနေရင်း ပညာသင်ကြပါတယ်။ Rice University တွင် ဘာသာရပ်နယ်ပယ်ကြီး 6ခု မှ အရည်သွေးမြင့်မားတဲ့ ဘွဲ့ပေါင်း 180 ကျော်ကို နှစ်စဥ်သင်ကြားပို့ချလျက်ရှိပါတယ်။ ကျောင်းသား/သူ ဟောင်းများထဲ တွင် US လွှတ်တော်အမတ် များစွာ ၊ Astronaut 9 ဦး နှင့် ဘာသာရပ်နယ်ပယ်အလိုက် စံပြထူးချွန်သူ များစွာပါဝင်ပါတယ်။

🏫 Stanford University

World Rank-3 University ဖြစ်တဲ့ Stanford University ဟာဆိုရင် ကမ္ဘာကျော် Silicon Valley မှာတည်ရှိပြီး တီထွင်စမ်းသစ်မှုများစွာတို့ အတွက် နာမည်ကြီးလှပါတယ်။ ဧက 8,000 ကျော် Campus ကြီးထဲတွင် ကျောင်းသားပေါင်း 16,000 ကျော် ပညာသင်လျက်ရှိပါတယ်။ နိုဗယ်ဆုရှင် 19 ယောက်တိုကိုမွေးထုတ်ပေးခဲ့တဲ့ University ဖြစ်ပြီး Graduate များမှာလည်း Nike, Netflix, Instagram အပါဝင် ကမ္ဘာ့ထိပ်သီး Company များတွင် အများစု အလုပ်လုပ်ကိုင်လေ့ရှိပါတယ်။

🏫 Massachusetts Institute of Technology (MIT)

MIT လို့ကမ္ဘာကျော်လူသိများတဲ့ ဒီ World Rank 1st University ဟာဆိုရင် လွတ်လပ်မှု၊ ဖန်တီးနိုင်မှု နှင့် လက်တွေ့ဆန်မှု တို့ကြောင့် နာမည်ကျော်ပါတယ်။ Noble ဆုရှင် 85 ယောက်တို့ရဲ့ University ဖြစ်ပြီး ကျောင်းသားပေါင်း 11,000 ကျော်တို့ရဲ့ ပညာရေးသာမက Student life ပါပြည့်ဝစေရန် အားကစားကွင်းများ၊ ပန်းခြံကြီးများစွာ ကို Campus ကြီးထဲမှာထည့်သွင်းထားပါတယ်။ ကျောင်းစထောင်သည်မှစ၍ ကျောင်းဆင်း ပေါင်း 4.5 သန်းကို Company ပေါင်း 3 သောင်း ကျော်တွင် အလုပ်ရရှိနိုင်ရန် ကူညီပေးခဲ့ပြီးဖြစ်ပါတယ်။

🏫 Virginia Polytechnic Institute and State University

Virginia Tech ဟာဆိုရင် ခေါင်းဆောင်များနှင့် ကမ္ဘာ့ပြသာနာများကို အဖြေဖော်ထုတ်သူ များကိုပြင်ဆင်ပေးနေတဲ့ University တစ်ခုဖြစ်ပြီး ကျောင်းသား/သူ ပေါင်း 3 သောင်းကျော်ပညာဆည်းပူးလျက်ရှိပါတယ်။ လှပပြီး ခေတ်မှီလှတဲ့ Campus အဆောက်အုံများကိုပိုင်ဆိုင်ထားပြီး ပြင်ပမှ လုပ်ငန်းကြီများ လုပ်ငန်းသေးများနှင့်ပူးပေါင်းကာ နယ်ပယ်ဘာသာရပ်အလိုက် တီထွင်ဆန်းသစ်မှုများကို အဆက်မပြတ်ဆောင်ရွက် လျက်ရှိပါတယ်။

🏫 Yale University

ကမ္ဘာ့အဆင့် ၁၄ တွင်ရပ်တည်နေသော Yale University ဟာဆိုရင် 1701 ခုနှစ်ကတည်းက စတင်တည်ထောင်လာသော University ကြီးဖြစ်ပြီး Oxford, Cambridge တို့ကဲ့သို့ College အခွဲများစွာဖြင့် သက်ဆိုင်ရာဘာသာများကို ပို့ချလျက်ရှိပါတယ်။ US President 5 ယောက် တက်ရောက်ခဲ့တဲ့ University ကြီးဖြစ်ပြီး Noble Prize, Pulitzer Prize Winner များစွာကိုမွေးထုတ်ပေးခဲ့ပြီး ဖြစ်ပါတယ်။

Reference- https://www.timeshighereducation.com/student/best-universities/most-recommended-universities-united-states

September 26, 2021

▪️ဒီနေ့တော့ အင်္ဂလန်နိုင်ငံတောင်ပိုင်းကမ်းခြေမြို့လေးမှ University of Brighton အကြောင်းကို မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ 🙆‍♂️

 

▪️University of Brighton ဟာ နှစ်ပေါင်း ၁၅၀ ကျော် ပညာရေးဝန်ဆောင်မှုများ ပေးအပ်လာတဲ့ အဖွဲ့စည်းပဲဖြစ်သည်။ 1858 ခုနှစ်တွင် Brighton College of Arts အဖြစ်စတင်ခဲ့ရာမှ 1992 ခုနှစ်တွင် University of Brighton အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့တာပဲဖြစ်ပါတယ်။ ယခုဆိုလျင် QS World Universities Ranking ၏ ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်များထဲတွင် ပါဝင်လာပြီပဲဖြစ်ပါတယ်။ University of Brighton တွင် ကျောင်းသား/သူပေါင်း ၁၉၀၀၀ ခန့်ပညာသင်ကြားနေပြီး 21% မှာ နိုင်ငံတကာမှ ကျောင်းသား/သူများပဲ ဖြစ်ပါတယ်။ 👨‍🎓👩‍🎓

 

▪️University of Brighton တည်ရှိရာ Brighton မြို့လေးဟာဆိုရင်လည်းကမ်းခြေမြို့လေး ဖြစ်တာနှင့်အညီ  top 10 cities to study in UK တွင်လည်းတစ်ခု အပါအဝင်ဖြစ်ပါတယ်။ London မြို့သို့ ရထားဖြင့်သွားမည်ဆိုလျှင်လည်း ၁နာရီခန့်သာသွားရမှာဖြစ်ပါတယ်။ 🏖🏙

 

▪️ပညာသင်ကြားနေစဥ်မှာလည်း ဆရာ၊ ဆရာမများ၏ သီအိုရီများသာမကပဲ လက်တွေ့ဘဝအတွေ့ကြုံများ၊ practical lessons များကိုလည်း ပူးတွဲသင်ကြားပေးသွားမှာပဲ ဖြစ်ပါတယ်။ University of Brighton မှ Bachelor ရရှိပြီး ၆လအတွင်း၌ 92.7% သော ကျောင်းသား/သူများသည် သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်များတွင် အလုပ်လုပ်ကိုင်လျက် ရှိကြပါတယ်။ 👩‍⚕️👩‍🍳

 

▪️University of Brighton တွင် လေ့လာသင်ယူနိုင်သော ဘာသာရပ်နယ်ပယ်များမှာ

  • Arts and architecture
  • Business and law
  • Computing and mathematics
  • Education and teaching
  • Engineering and construction
  • Geography and environment
  • Health
  • Humanities
  • Media
  • Natural sciences
  • Social sciences
  • Sport and exercise တို့ပဲဖြစ်ပါတယ်။

 

▪️နိုင်ငံတကာ ကျောင်းသား/သူများအတွက် လိုအပ်တဲ့ English Requirements များက

🔹Undergraduate Program

📌IELTS – 6 (individuals minimum 5.5)

📌TOFEL – overall 72 ( at least 18 in Writing, 10 in reading, 10 in listening and 17 in Speaking)

 

🔹Postgraduate Program

📌IELTS – 6.5(individuals minimum 5.5)

📌TOFEL – overall 85 ( at least 18 in Writing, 10 in reading, 10 in listening and 17 in Speaking)

 

▪️International students များအတွက် Annual Tuition fees ကတော့ £13,573 – £15,000 အတွင်း ကျသင့်မှာပဲဖြစ်ပါတယ်။

 

▪️Terms တွေအနေနဲ့ Autumn (January) နှင့် Spring (September) Intake များသာမက Summer Intake အဖြစ် May Intake လည်းရှိသွားမှာဖြစ်ပါတယ်။

 

👁‍🗨 အသေးစိတ်ကိုတော့ University of Brighton မှာ၀င်ရောက်ကြည့်ရှုလေ့လာနိုင်ပါတယ်။

#LetsPlanYourCareerTogether#StudyInUK#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

September 21, 2021

▪️နိုင်ငံတကာမှာ ပညာသွားရောက် သင်ယူဖို့စဥ်းစားနေတဲ့ ကျောင်းသား/သူများ အတွက် အဓိကလိုအပ်တဲ့ English Test တွေဖြစ်တဲ့ IELTS နဲ့ TOEFL Test တွေက ဖြေဆိုလို့မရသေးဘူးဆိုတာ ကျောင်းသား/သူတိုင်း သိကြမှာပါ။ ဒါပေမယ့် နိုင်ငံတကာတက္ကသိုလ် အများစုက လက်ခံပေးနေတဲ့ နောက်ထပ် Test option တစ်ခုရှိသေးတာကိုတော့ မေ့နေကြမယ်ထင်ပါတယ်။ အဲ့ Test လေးကတော့ PTE Academic Test ပဲဖြစ်ပါတယ်။ 💁‍♂️

▪️PTE Academic Test သည် UK, Australia, Canada Student Visa များလျှောက်ထားနိုင်တဲ့အပြင် နိုင်ငံတကာတက္ကသိုလ်များစွာကလဲ လက်ခံပေးလျက်ရှိပါတယ်။ 🙆‍♂️

▪️PTE Academic Test အကြောင်းအသေးစိတ်တွေကိုတော့ အရှေ့ကပို့စ်လေးတွေမှာ ပြောပြခဲ့ပြီးပြီဖြစ်တဲ့ အတွက်ကြောင့် ဒီတစ်ခါမှာတော့ “Professional PTE Training” အကြောင်းလေးကို ပြောပြပေးသွားမှာပါ။ PTE Academic Test တွေအကြောင်း ပြန်ဖတ်ချင်တယ်ဆိုရင်တော့ အောက်ကလင့်ခ်တွေမှာ ပြန်ဖတ်ကြည့်နိုင်ပါတယ်။ 

📌 https://www.facebook.com/433298177253835/posts/876242019626113/?d=n

📌 https://www.facebook.com/433298177253835/posts/874309156486066/?d=n

▪️အခု မိတ်ဆက်ပေးမယ့် Professional PTE Training သည် Sydney PTE Study Center နှင့် EEVS Myanmar တို့ မှပူးပေါင်းဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ Professional PTE Training မှာဆိုရင် training period package (၁လ၊၃လ၊၆လ၊၁၂ လ) အမျိုးမျိုးရှိပြီး  package ယူထားတဲ့ကာလအတွင်းမှာတော့ class တွေ feedbacks sessions တွေနဲ့ learning resources တွေကို unlimited access ရရှိသွားမှာဖြစ်ပါတယ်။ 😇

▪️Live class သင်ကြားပေးသွားမှာ ဖြစ်ပြီး ပါဝင်သော training sessions များမှာ- 

📌Live Class portal : Non-stop Live Training 

📌20 PTE Topic Confidence Tracker 

📌Broadcast Video Lectures

📌PTE Materials Portal 

📌AI-aided Practical Portal

📌Intensive Exam Support 

📌24/7 Video Lectures Portal 

📌Daily Q and A Support 

📌Guided Practice Support 

📌Daily Speaking Feedback 

📌Full Mock Test with Automated Scoring 

📌1-on-1 Full Mock Test Feedback 

📌Topicwise 1-on-1 Intensive Feedback တို့ပါဝင်ပါတယ်။ 

▪️Package နှုန်းထားများမှာ- 

🔹 1-Month Package – $315

🔹 3-Month Package – $395

🔹 6-Month Package – $495

🔹 12-Month Package – $695 

▪️သင်တန်းနှင့် ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက page messenger (သို့) အောက်ပါဖုန်းနံပါတ်များမှ တစ်ဆင့်လည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ 💁‍♂️🙆‍♂️

☎️09751871589, 09790839290, 09751871587

#LetsPlanYourCareerTogether#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

September 17, 2021

▪️What is a Top-up Degree? 

▪️Top-up Degree ဆိုတာကတော့ HND သို့မဟုတ် Foundation Degree တစ်ခုပြီးထားသော ကျောင်းသူ/သားများ အတွက် UK University တစ်ချို့တွင် final year ကိုဆက်လက်တက်ရောက်ပြီး B.A. သို့မဟုတ် B.A. (Honours) ကိုရယူနိုင်တဲ့ အခွင့်ရေးတစ်ခုဖြစ်ပါတယ်။ 🙆‍♂️

▪️HND degree ဟာ UK အသိမှတ်ပြု qualification တစ်ခုဖြစ်ပေမယ့် 1နှစ်ခန့် ဆက်လက်ပညာသင်ယူမည်ဆိုလျင် Top-up Bachelor ဘွဲ့ကိုရနိုင်မှာဖြစ်ပါတယ်။ မိမိရဲ့ HND ကို Top-up လိုက်ခြင်းက Career opportunities ပေါင်းများစွာကိုလည်း ရရှိနိုင်မှာဖြစ်ပါတယ်။ 💁‍♂️

▪️UK မှာ 2022 မကုန်ခင်ကျောင်းတတ်နိုင်မည်ဆိုပါလျင် ဘွဲ့ရပြီးသည်နှင့် 2 year work permit ကိုပိုင်ဆိုင်နိုင်မှာဖြစ်ပြီး UK တွင်အခြေချနေထိုင်ရန် အတွက်ပါ အခွင့်ရေးတိုးလာမှာဖြစ်ပါတယ်။ 😇

▪️သက်ဆိုင်ရာ HND များနှင့် ဆက်နွယ်ပြီး ရွေးချယ်နိုင်မယ့် Field များကတော့

📌Applied Biosciences

📌Business Management & Leadership

📌Cloud Computing

📌Early Childhood Development & Learning

📌Electro-Mechanical Engineering

📌Financial Services

📌Health and Wellbeing Practice

📌Law & Practice

📌Marketing & Public Relations

📌Professional Policing

📌Professional Accounting

📌Public Health & Community Studies

📌Tourism & Hospitality Management တို့ပဲဖြစ်ပါတယ်။

▪️Top-up bachelor များကို University of Essex, University of Glasgow, University of Coventry, University of Pembrokeshire,  the University of Edinburgh အပြင်အခြား University ပေါင်းများစွာတွင်လဲ တက်ရောက်နိုင်ပါတယ်။ 🏫👩‍🏫

▪️Fees အနေနဲ့ကတော့ on campus အနေနဲ့ £16,000 ခန့်ကျသင့်ပြီး University of Essex ရဲ့ online Top-up bachelor ကတော့ £6,000 ကျော်သာကျသင့်မှာ ဖြစ်ပါတယ်။ 🙆‍♂️

▪️ဒါကြောင့် Top-up bachelor အကြောင်းစိတ်ဝင်စားတယ်ဆိုရင်တော့ ယခုပဲ EEVS ရဲ့chat box ကိုလာခဲ့ဖို့ဖိတ်ခေါ်လိုက်ရပါတယ်နော်။😇

September 12, 2021

▪️ယနေ့မှာတော့ Nipissing University ၏ The School of Business တွင် တက်ရောက်နိုင်သော Post-Baccalaureate Diploma in Business Administration, International Business ပရိုဂရမ် ၂ ခုကို ဖော်ပြပေးလိုက်ပါတယ်။ 💁‍♂️

▪️Nipissing University သည် ၁၉၆၇ တွင် စတင်တည်ထောင်ခဲ့ပြီး ၁၉၉၂ တွင် Independent University အဖြစ် ကောလိပ်ကျောင်း၊ အထက်တန်း ကျောင်းဆင်း ဒီဂရီများကို ပေးအပ်ခဲ့ပါတယ်။ ၂၀၁၁ တွင် Ontario  အစိုးရ၏ ခွင့်ပြုချက်ဖြင့် Graduate Degree များကို ပေးအပ်လျက်ရှိပါတယ်။👩‍🎓👨‍🎓

▪️The School of Business မှ ပုံမှန် ဒီဂရီ ပရိုဂရမ် များထက် အချိန် သက် သာစွာ သင်ယူလိုသော ကျောင်းသားများအတွက် Certificates, Diplomas ပရိုဂရမ် များကို ဖွင့်လှစ်ပေးထားပါတယ်။ 🙆‍♂️

🔹Post-Baccalaureate Diploma in Business Administration

▪️Intake–January 2022, September 2022 တို့တွင် လျှောက်ထားနိုင်ပါတယ်။ Application fee:$110.00 CAD, Tuition: $19,325.00 CAD/year ကျသင့်မှာ ဖြစ်ပြီး သင်ကြားရမည့် ဘာသာရပ်များမှာ 

•    Business Communication and Case Analysis

•    Operations, Financial, and International Management

•    Change Management and Innovation Leadership

•    Information Systems

•    Entrepreneurship

▫️သင်ကြားရမည့် ပရိုဂရမ် အသေးစိတ်ကို အောက်ပါ Link တွင် ကြည့်ရှုနိုင်ပါတယ်။ 

https://academiccalendar.nipissingu.ca/Catalog/ViewCatalog.aspx?pageid=viewcatalog&catalogid=6&chapterid=570&topicgroupid=2698&loaduseredits=False

🔹Post-Baccalaureate Diploma in International Business

▪️Intake–January 2022, September 2022 တို့တွင် လျှောက်ထားနိုင်ပါတယ်။ Application fee:$110.00 CAD, Tuition: $19,325.00 CAD/year ကျသင့်မှာ ဖြစ်ပြီး သင်ကြားရမည့် ဘာသာရပ်များမှာ

•    Intercultural Management

•    Finance Management, International Management, and International Finance Management

•    Change Management and Innovation Leadership

•    International Marketing

▫️သင်ကြားရမည့် ပရိုဂရမ် အသေးစိတ်ကို အောက်ပါ Link တွင် ကြည့်ရှုနိုင်ပါတယ်။ 

https://academiccalendar.nipissingu.ca/Catalog/ViewCatalog.aspx?pageid=viewcatalog&catalogid=6&chapterid=570&topicgroupid=2701&loaduseredits=False

#LetsPlanYourCareerTogether#StudyInCanada#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

September 6, 2021

USA တွင် ပညာသင်ကြားလိုသူများအတွက် EEVS မှ USA ၏ ထိပ်တန်းတက္ကသိုလ် ၅ခုကိုဖော်ပြပေးလိုက်ပါတယ်။

🏫𝗦𝘁𝗮𝗻𝗳𝗼𝗿𝗱 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆

Stanford University သည် ၁၈၈၅ တွင် တည်ထောင်ခဲ့သော ပုဂ္ဂလိက တက္ကသိုလ်ဖြစ်ပါတယ်။ ဧကပေါင်း ၈၁၈၀ ကျယ်ဝန်းပြီး  quarter-based တက်ရောက်ရပါတယ်။ ကျောင်း ၇ ကျောင်းဖြင့် ဖွဲ့စည်းထားပြီး ထင်ရှားသော ကျောင်းများမှာ School of Education, School of Engineering, School of Law.School of Medicine, Graduate School of Business တို့ဖြစ်ပါတယ်။ နိုင်ငံတွင်း အကောင်းဆုံး တက္ကသိုလ်များတွင် နံပါတ် ၆ ၊ Best Undergraduate Teaching တွင် နံပါတ် ၉ တွင် ရပ်တည်နေပါတယ်။ 🪜

Website-https://www.stanford.edu/

🏫𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 𝗼𝗳 𝗖𝗵𝗶𝗰𝗮𝗴𝗼

University of Chicago သည် ပုဂ္ဂလိက တက္ကသိုလ်ဖြစ်ပြီး ဧကပေါင်း ၂၁၇ ကျယ်ဝန်းပါတယ်။ Tuition Fees- $59,298 ကျသင့်ပြီး quarter-based တက်ရောက်ရပါတယ်။ နိုင်ငံတွင်း ထိပ်တန်း တက္ကသိုလ်များတွင် နံပါတ် ၆ တွင် ရပ်တည်နေပြီး ကျောင်းသားလျှောက်လွှာပေါင်း ၆၈၀၀ ကျော်လက်ခံရရှိပါတယ်။ 

Postgraduate program များကို Booth School of Business, Law School, Pritzker School of Medicine and Harris School of Public Policy Studies တွင် တက်ရောက်နိုင်ပါတယ်။  ကျောင်းသားများအနေဖြင့် Major-50 ,Minor-40 ကျော် ရွေးချယ် တက်ရောက်နိုင်ပါတယ်။ 💁🏼

Website-http://www.uchicago.edu/

🏫𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 𝗼𝗳 𝗣𝗲𝗻𝗻𝘀𝘆𝗹𝘃𝗮𝗻𝗶𝗮

University of Pennsylvania သည် ၁၇၄၀ တွင် စတင်တည်ထောင်ခဲ့ပြီး Undergraduate လျှောက်လွှာပေါင်း ၁၀၀၁၉ လက်ခံရရှိသော ပုဂ္ဂလိက တက္ကသိုလ်ဖြစ်ပါတယ်။ Benjamin Franklin မှ Philadelphia တွင် တည်ထောင်ခဲ့ပြီး Undergraduate,Graduate သင်ကြားမှုများအတွက် ကျောင်း ၅ ကျောင်း၊ Graduate  လ့လာမှု သီးသန့်အတွက် ကျောင်း ၇ ကျောင်း ဖွဲ့စည်းပေးထားပါတယ်။ နိုင်ငံပေါင်း ၅၀ မှ ကျောင်းသားပေါင်း ၂၅၀၀ နှင့် အထက် နှစ်စဉ် နိုင်ငံတကာ ပညာရေး ပရိုဂရမ်များကို တက်ရောက်လျက်ရှိပါတယ်။ 📚

Website-https://www.upenn.edu/ 

🏫𝗖𝗮𝗹𝗶𝗳𝗼𝗿𝗻𝗶𝗮 𝗜𝗻𝘀𝘁𝗶𝘁𝘂𝘁𝗲 𝗼𝗳 𝗧𝗲𝗰𝗵𝗻𝗼𝗹𝗼𝗴𝘆

California Institute of Technology သည် ၁၈၉၁ တွင် တည်ထောင်ခဲ့သော ပုဂ္ဂလိက တက္ကသိုလ် တစ်ခုဖြစ်ပါတယ်။quarter-Based တက်ရောက်ရမှာဖြစ်ပြီး  သိပ္ပံ ပညာရပ်နှင့် အင်ဂျင်နီယာ ဘာသာရပ်များကို အဓိက သင်ကြားပေးသော တက္ကသိုလ်ဖြစ်ပါတယ်🔬။ ဧကပေါင်း ၁၂၄ ကျယ်ဝန်းပြီး ကျောင်းသားနားနေဆောင်ပေါင်း ၁၁ ခုဖြင့် တည်ဆောက်ထားပါတယ်။ နိုင်ငံတွင်း ထိပ်တန်းကျောင်းများတွင် နံပါတ် ၉ တွင် ရှိပါတယ်။

Website-http://www.caltech.edu/

🏫𝗝𝗼𝗵𝗻𝘀 𝗛𝗼𝗽𝗸𝗶𝗻𝘀 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆

Johns Hopkins University သည် ၁၈၇၆ တွင် စတင် တည်ထောင်ခဲ့သော ပုဂ္ဂလိက တက္ကသိုလ်ဖြစ်ပါတယ်။ ကျောင်းပေါင်း ၉ ကျောင်း အနက် ၅ ကျောင်းမှာ Undergraduate,Graduate ကျောင်းသားများကို သင်ကြားပေးလျက်ရှိပါတယ်။ ထင်ရှားသော ကျောင်းများမှာ  Bloomberg School of Public Health ,School of Education, Whiting School of Engineering, School of Medicine တို့ဖြစ်ပါတယ်🗂။ 

Website- http://www.jhu.edu/

Reference-https://www.usnews.com/best-colleges/rankings/national-universities

#LetsPlanYourCareerTogether#StudyInUSA

#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

August 24, 2021
▪️ယနေ့မှာတော့ စက်မှုလုပ်ငန်းနယ်ပယ်ကို လေ့လာလိုသူများအတွက် အမေရိကန်နိုင်ငံရှိ Drexel University တွင် တက်ရောက်နိုင်သော Bachelor of Science in Mechanical Engineering (BSME) ပရိုဂရမ်နှင့် မိတ်ဆက်ပေးလိုက်ပါတယ်။
▪️ခေတ်အလျောက် လူမှုအဖွဲ့အစည်းတွင် ကုန်ထုတ်လုပ်မှု၊ ပို့ဆောင်ဆက်သွယ်ရေး၊ အဆောက်အအုံ တည်ဆောက်မှုလုပ်ငန်းများ ၊ ဆက်သွယ်ရေးနှင့် အခြားသောကွန်ပျူတာနည်း စနစ်များ တိုးတက်လာသဖြင့် စက်မှုအင်ဂျင်နီယာများနှင့် စက်ယန္တားရားဆိုင်ရာ လေ့လာမှု နယ်ပယ်များအတွက် လုပ်ငန်းခွင် အခွင့်အရေးများမြင့်မားလျက် ရှိပါတယ်။
▪️ထို့အတူ ယနေ့ခေတ် စက်မှုနယ်ပယ်များသည် လုပ်ငန်းခွင်အရည်အချင်းတစ်ခုသာမဟုတ်ဘဲ ကျွမ်းကျင်သော စက်မှုအင်ဂျင်နီယာများ၊ စွန့်ဦးတီထွင်မှုများနှင့် အုပ်ချုပ်မှုဆိုင်ရာ စွမ်းရည်များကို အဓိက လိုအပ်လျက်ရှိပါတယ်။
▪️MEM ပရိုဂရမ်တွင် ကျောင်းသားများအနေဖြင့် မော်တော်ကားနှင့်ဆိုင်သော နည်းပညာများ၊ ပို့ဆောင်ရေး၊ ဒီဇိုင်းစီစစ်ချက်၊ အီလက် ထ​ရောနစ်နှင့် စက်မှုဆိုင်ရာ သင်ကြားမှုများကို ခေတ်မီသော နည်းပညာစနစ်များဖြင့် လေ့လာရမှာဖြစ်ပါတယ်။ ထို့ပြင် ဆေးဝါး၊ ဥပဒေ၊ စီးပွားရေးဆိုင်ရာ စည်းမျဉ်းများကိုလဲ လေ့လာသင်ကြားရမှာဖြစ်ပါတယ်။
▪️ဒီပရိုဂရမ်ကို ၄ နှစ် တက်ရောက်ရမှာဖြစ်ပြီး Quarter based တက်ရောက်ရမှာဖြစ်ပါတယ်။
▪️Tuition fees မှာ တစ်နှစ်လျှင် USD 53,868 ကျသင့်မှာဖြစ်ပါတယ်။
▪️Mechanical Engineer များအတွက် ပြည်နယ် အလိုက် ရရှိနိုင်သော လစာများကို ဖော်ပြပေးလိုက်ပါတယ်။
• Virginia: $91,167 per year
• Washington: $91,752 per year
• Louisiana: $92,865 per year
• Maryland: $93,625 per year
• Oklahoma: $93,736 per year
• Washington D.C.: $96,399 per year
• California: $100,722 per year
• Arizona: $107,618 per year

#LetsPlanYourCareerTogether#StudyInUSA

#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

June 24, 2021

EEVSမှ Medical Week အတွက် ဒီနေ့မိတ်ဆက်ပေးချင်တဲ့ အကြောင်းအရာလေးကတော့ အင်္ဂလန်နိုင်ငံရှိ University of Lincolnမှ သင်ကြားပို့ချပေးနေတဲ့ MSc by Research Pharmacy and Pharmaceutical Sciences Program ပဲဖြစ်ပါတယ်။

Pharmaceutical Sciences ဆိုတာကတော့ ကမ္ဘာပေါ်တွင် ရင်ဆိုင်နေရသောကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ စိန်ခေါ်မှုများစွာကိုဖြေရှင်းနိုင်ရန် စိတ်အားထက်သန်သောဆေးဝါးနှင့်ဆေးဝါးသိပ္ပံပညာရှင်များကို ပျိုးထောင်ပေးနေတဲ့  Programပဲဖြစ်ပါတယ်။

ဤ Program သည်  ကျောင်းသားများအား pharmacy, pharmaceutical နှင့် biotechnology လုပ်ငန်းများမှကျွမ်းကျင်သူများနှင့် ဆက်သွယ်နိုင်ခြင်းအပြင် ပြည်တွင်းနှင့်နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများ တိုးတက်စေရန်အခွင့်အလမ်းများပေးပါတယ်။

MSc by Research Pharmacy and Pharmaceutical Sciences Program ကို Full-Time ၁နှစ်တက်ရောက်ရမည်ဖြစ်ပြီး University of Lincoln လက်အောက်ရှိ The School of Pharmacy, Brayford Pool campus တွင်တက်ရောက်ရပါမည်။

Supervisor များနှင့်အပြန်အလှန်ဆွေးနွေးသင်ကြားရမည်ဖြစ်ပြီး postgraduate ကျောင်းသားများအနေနဲ့  သက်ဆိုင်ရာနယ်ပယ်ရှိ  scientific journals များကိုတင်ပြပေးရန်လိုအပ်ပါတယ်။

သုတေသနရှာဖွေတွေ့ရှိချက်များကို ပြည်တွင်းပြည်ပ conference များမှာ တင်ပြပေးရမည်ဖြစ်ပြီး internal research meetings များတွင်လည်း ပါဝင်ရပါမည်။

ဘွဲ့လွန်သုတေသနအစီအစဉ်များ၏ သဘောသဘာဝအရ အချိန်အများစုကို  independent study and research အတွက်ကုန်ဆုံးလေ့ရှိပါတယ်။

ကျောင်းသားများသည် သက်ဆိုင်ရာ supervisor များ နှင့်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရမည်ဖြစ်သော်လည်း တစ် ဦး ချင်းလိုအပ်ချက်များ၊ ဘာသာရပ်နယ်ပယ်၊ ဆရာများ၏ ရရှိနိုင်သောအချိန်၊ programme အဆင့်ပေါ်မူတည်ပြီး အကြိမ်ရေကွဲပြားနိုင်ပါတယ်။

School of Pharmacyမှ အဓိကထားသော သုတေသန နယ်ပယ်များမှာ-

Drug Discovery, Design, and Delivery

Clinical Pharmacy and Practice တို့ဖြစ်ပါတယ်။ 

MSc by Research တွင် course supervisor မှခွင့်ပြုထားသော ခေါင်းစဉ်ဖြင့် ပညာရပ်ဆိုင်ရာဝန်ထမ်းတစ်ဦး ၏ကြီးကြပ်မှုအောက်တွင်  thesis ရေးသားရမည်ဖြစ်ပြီး ကျောင်းသားများ၏  thesis အရည်အသွေးနှင့် ရွေးချယ်ထားသည့်သုတေသနခေါင်းစဉ်အားpresentation နှင့် viva defend လုပ်နိုင်ခြင်းအပေါ် အခြေခံ၍ အကဲဖြတ်အမှတ်ပေးပါမည်။

MSc by Research Pharmacy and Pharmaceutical Sciences Program ကိုတက်ရောက်လိုသော နိုင်ငံတကာမှ ကျောင်းသားများအတွက် အရည်အချင်းသတ်မှတ်ချက်များမှာ-

အသိအမှတ်ပြု တက္ကသိုလ်မှ ဆေးဖက်ဆိုင်ရာ (သို့) ဆက်စပ်ဘာသာရပ်တွင်  honours degree (သို့) Masters ရရှိထားသူဖြစ်ရမည်။

IELTS 6.0 overall, with a minimum of 5.5 in each element ရှိရမည်။ 

Career opportunities များအနေဖြင့်လည်း pharmaceutical, cosmetics, food industries များတွင်သုတေသနပညာရှင်များအဖြစ် ဝင်ရောက်လုပ်ကိုင်နိုင်သလို ပညာရပ်ဆိုင်ရာသုတေသနရာထူးများနှင့်လည်း လုပ်ကိုင်နိုင်ပါတယ်။

Program Link- Pharmacy and Pharmaceutical Sciences | MSc by Research | University of Lincoln

#LetsPlanYourCareerTogether#StudyInUK#BestEducationConsultancyInYangon

 

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

 

September 1, 2020
The University of Newcastle သည် Sydney မြို့နှင့် Newcastle မြို့တို့တွင်တည်ရှိပြီး 2020 QS World Ranking System အရ အဆင့် ၂၀၇ တွင် တည်ရှိပြီး World Top 1% University များထဲတွင် အပါအ၀င်ဖြစ်သည်။
The University of Newcastle ကို 1965ခုနစ်တည်စတင်တည်ထောင်ခဲ့ပြီး နှစ်စဉ်နိုင်ငံတကာကျောင်းသား/သူပေါင်း 30000 ကျော်တက်ရောက်လျက်ရှိပါတယ်။
The University of Newcastel မှ 2020ခုနစ် October Intake အတွက် University Foundation Studies နှင့် Diploma Program များအား 15%Scholarship ပေးအပ်သွားမှာဖြစ်ပါတယ်။
Scholarship ပေးအပ်သွားမည့် Program များမှာ
University Foundation Program အတွက် AUD$3450 Scholarship
Foundation for Medicine Program အတွက် AUD$4132.50 Scholarship
Diploma of Business Program အတွက် AUD$3756 Scholarship
Diploma of Engineering Program အတွက် AUD$4458 Scholarship
Diploma of Information Technology Program အတွက် AUD$4458 Scholarship
Diploma of Media and Communication Program အတွက် AUD$3864 Scholarship
သတ်မှတ်ချက်အနေနဲ့ University Foundation Program အတွက်မိမိ၏ Academic Record (Matriculation Marks)နှင့် Diploma Program အတွက်(University Transcript) ပေါ်မူတည်၍ လျှောက်ထားတက်ရောက်နိုင်မှာ ဖြစ်ပါတယ်။
သင်က သြစတြေးလျနိုင်ငံမှာရှိတဲ့ အကောင်းဆုံး University တွေမှာ Scholarship ဖြင့် တက်ရောက်ခွင့်ရလိုပါသလား?
EEVS ရဲ့ အပြင်းပြဆုံးဆန္ဒဟာ သင့်ရဲ့ပညာရေးလမ်းကြောင်း တစ်ထောင့်တစ်နေရာမှပါဝင် ကူညီပေးဖို့်ပါ။
The University of Newcastle ၏ University Foundation Program Scholarship နှင့်ပတ်သတ်ပြီး EEVS Myanmar ရုံးသို့ ကိုယ်တိုင်လာရောက်၍ဖြစ်စေ ဖုန်းဖြင့် 09790839290,09751871589 သို့ဆက်သွယ်၍ဖြစ်စေ အသေးစိတ်မေးမြန်းလျှောက်ထားနိင်ပါသည်။
1 2 3 5