fbpx
October 28, 2021

ယခုပြောပြပေးမှာက နိုင်ငံတကာ ကျောင်းသား/သူများအကြားတွင် ပညာသင်ယူဖို့ အကောင်းဆုံးဟု သတ်မှတ်ခံထားရသော အမေရိကန်ရှိ မြို့များကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

  1. Boston

Boston မြို့သည် အမေရိကန်နိုင်ငံတွင် အကောင်းဆုံး ကျောင်းသားမြို့တော်အဖြစ် အသိအမှတ်ပြုခံထားရပြီး ကမ္ဘာပေါ်ရှိ ထိပ်တန်းတက္ကသိုလ်ကျောင်းများတွင် ပါဝင်သော Massachusetts Institute of Technology (MIT) နှင့် Harvard University တို့တည်ရှိရာမြို့ ဖြစ်ပါတယ်။ Boston မြို့တွင် အဖွဲ့အစည်းများစုက ကျောင်းသားများအတွက် အထူးလျှော့ဈေးရှိသော metro pass များကို စီမံပေးထားသောကြောင့် သက်သာလွယ်ကူစွာ သွားလာနိုင်ပါတယ်။

  1. New York

နယူးယောက်မြို့သည် အမေရိကန်နိုင်ငံတွင် ဒုတိယ အကောင်းဆုံး မြို့တော်ဖြစ်ပြီး World Ranking အရ 19th နေရာတွင် တည်ရှိသော မြို့ ဖြစ်ပါတယ်။ လူဦးရေ ၂သန်းကျော်ရှိပြီး 1.5% သည် ကျောင်းသား/သူများ ဖြစ်ကြပါတယ်။ Columbia University, University of New York, Cornell University များတည်ရှိရာ NYမြို့သည် Brooklyn Bridge, Empire State Building, Central Park, Liberty စသည့် ထင်ရှားသော အဆောက်အအုံများကြောင့် ဗဟုသုတများစွာ ရှာဖွေနိုင်သော မြို့ပဲဖြစ်ပါတယ်။

  1. Los Angeles

Los Angeles မြို့သည် ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်များကြီးများဖြစ်သော California Institute of Technology, University of California, Los Angeles (UCLA), University of Southern California ကျောင်းကြီးများတည်ရှိပြီး business, technology, science, fashion, medicine, sports စသည့် အမျိုးမျိုးသော နယ်ပယ်များတွင် အလုပ်အကိုင် အခွင့်အလမ်းများစွာ ရရှိနိုင်သော မြို့လဲဖြစ်ပါတယ်။ နေရောင်ခြည်ကောင်းစွာ ရရှိပြီး နေထိုင်လို့ကောင်းသော မြို့ပဲဖြစ်ပါတယ်။

  1. San Francisco

San Francisco သည် အမေရိကန်နိုင်ငံတွင် လည်ပတ်မှု အများဆုံး မြို့ဖြစ်ပြီး ကမ္ဘာ့အကြီးဆုံးတက္ကသိုလ်များ ဖြစ်ကြသော Stanford University, University of California, Berkeley ကျောင်းများတည်ရှိရာ မြို့လည်း ဖြစ်ပါတယ်။ နှစ်သက်ဖွယ် လူနေထိုင်မှုပုံစံ၊ ဖော်ရွေတတ်မှု၊ လှပသော ရာသီဥတုများရှိခြင်းကြောင့် နိုင်ငံတကာကျောင်းသားများအကြား ရေပန်းစား ကြော်ကြားခြင်းဖြစ်ပြီး Google, Facebook, Apple စသည့် ကုမ္ပဏီများနှင့် နည်းပညာ ဖွံ့ဖြိုးသော မြို့ဖြစ်တာကြောင့် အတွေ့အကြုံနှင့် နည်းပညာ ဗဟုသုတများ ရှာမှီးလိုသူများအတွက် အကောင်းဆုံး ဖြစ်ပါတယ်။

#LetsPlanYourCareerTogether#StudyInUSA

#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

October 26, 2021

▪️ EEVS မှ ဒီနေ့မိတ်ဆက်ပေးချင်တဲ့ အကြောင်းအရာလေးကတော့ Kaplan Singapore တွင် တက်ရောက်နိုင်သော Diploma in Accountancy ဘာသာရပ် ဖြစ်ပါတယ်။ 💁‍♂️

▪️Diploma in Accountancy ပရိုဂရမ်တွင် ယူနစ် ၈ ခုပါဝင်ပြီး Term ၄ ခုဖြင့် ၈ လတက်ရောက်ရပါမယ်။ ယူနစ်တစ်ခုဆီတွင် အကဲဖြတ်ခြင်း၊ ဆွေးနွေးခြင်း နှင့် နည်းပညာဘက်ပေါင်းစုံဖြင့် သင်ကြားပေးလျက်ရှိပါတယ်။ 🙆‍♂️

▪️တစ်ပတ်လျှင် ၅ ရက် တက်ရောက်ရပြီး တစ်နေ့လျှင် ၃ နာရီကြာတက်ရောက် ရပါမယ်။ ယူနစ် တစ်ခုစီတွင် သင်ကြားမှုကြာချိန်မှာ ၄၂ နာရီ ဖြစ်ပါတယ်။ အကဲဖြတ်ရာတွင် အတန်းတွင်း ပါဝင်မှု၊ Assignment ရေးသားခြင်း၊ အဖွဲ့လိုက် ပရောဂျက်များ ဆောင်ရွက်ခြင်း နှင့် စာမေးပွဲ ဖြေဆိုခြင်းတို့ပါဝင်ပါတယ်။ 🧑‍🎓👨‍🎓

▪️Tuition fees – S$ 13,268 ကုန်ကျနိုင်ပြီး Application fees-S$ 492.20, Administration fees- S$ 963 ကျသင့် ပါတယ်။ Intake အနေဖြင့် ဖေဖော်ဝါရီ၊ ဧပြီ၊ သြဂုတ်၊ အောက်တိုဘာ၊ ဒီဇင်ဘာ လများတွင် လျှောက်ထားနိုင်ပါတယ်။ 🗓

🔹Diploma in Accountancy Program တွင်သင်ကြားပေးသော ဘာသာရပ်များမှာ- 

• Principles of Management (PMGT)

• Business Statistics and Data-Driven Decision Making (BSDDDM) 

• Principles of Economics (POE)

• Commercial Law (CL)

• Financial Accounting (FA)

• Cost and Management Accounting (CMA)

• Corporate Finance & Planning (CFP)

• Financial Reporting Analysis (FRA)

▪️တက်ရောက်လိုသူများအနေဖြင့် Year 12 အောင်မြင်ထားရပါမယ်။ English proficiency အနေဖြင့်  GCE O-Level English (Grade 1 to 7) ,Kaplan English Placement Test; IELTS 6.0 ရှိရပါမယ်။ 📈

▪️ဘွဲ့ရပြီးပါက လုပ်ကိုင်နိုင်သော နယ်ပယ်များမှာ Financial Accountant, Accounting Officer,Tax Practitioner, Tax Consultant, Assistant Manager, Management Accountant စသော Career အခွင့်အများ ရှိပါတယ်။ 😇

📚 Program Link – https://www.kaplan.com.sg/course/diploma/accounting-and-finance/diploma-in-accountancy-studies/?versionb=1#full-time

#LetsPlanYourCareerTogether#StudyInSingapore#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

October 24, 2021

ယခုပြောပြပေးမှာက UK နိုင်ငံ၏ Top 10 Demanding Jobs များဖြစ်ပါတယ်။

1️⃣ Delivery Driver

📌 Annual Average salary – £ 20,500

📌 Job vacancies ~ 4,200

📌 Top employers – ASDA, Abel & Cole , Just Eat

📌 Necessary Qualification –  Eyesight and a license

📌 Function – Delivery ပစ္စည်းများကိုစစ်ဆေးခြင်း၊ ပို့ဆောင်ခြင်း၊ လက်ခံရယူခြင်း

2️⃣ Project Manager

📌 Annual Average Salary – £43,000

📌 Job vacancies ~ 22,700

📌 Top Employers – Mace, GSK, Syngenta

📌 Necessary Qualification – Business နှင့်သက်ဆိုင်သော Degree or Master

📌 Function – Plan, Organise, Control and Deliver the projects in time

3️⃣ Store Manager

📌 Annual Average Salary – £29,000

📌 Job vacancies ~ 4,500

📌 Top Employers – EE, Morrison Supermarket, The Body Shop

📌 Necessary Qualification – Good Communication and Management skills and a degree

📌 Function – လုပ်သားများအား ခေါ်ယူပေးခြင်း၊ Motivate ပေးခြင်း၊ သက်မှတ်ထားသော Budget ကိုကောင်းမွန်စွာ စီမံခန့်ခွဲအသုံးချနိုင်ခြင်း

4️⃣ Customer Assistance

📌 Annual Average Salary – £16,000

📌 Job vacancies ~ 5,900

📌 Top Employers – TESCO, Wickes, Lidl

📌 Necessary Qualification – must be friendly and willing to communicate

📌 Function – Customer များအား သက်ဆိုင်ရာ ကုန်ပစ္စည်းကို (လူချင်းဖြစ်စေ၊ ဖုန်းထဲမှဖြစ်စေ၊ Online မှဖြစ်စေ) ပိုင်နိုင်စွာရှင်းပြခြင်း

5️⃣ Store Assistant

📌 Annual Average Salary – £ 18,000

📌 Job vacancies ~ 2,700

📌 Top Employers – Burberry, ALDI, Vision Express

📌 Necessary Qualification – Good High School GPA and Good Personal Skills

📌 Function – Similar to Customer Assistance (helping customers)

6️⃣ Software Engineer

📌 Annual Average Salary – £55,00

📌 Job vacancies ~ 11, 816

📌 Top Employers – Betway Group, Nandos, National Grid

📌 Necessary Qualification – A degree from related fields eg. Maths , IT , Software and Computer Science

📌 Function – Software များကို အစဥ်မပြတ် စစ်ဆေး၊ ပြင်ဆင် ၊ အရည်သွေး မြှင့်ပေးခြင်း ၊ Customer လိုအပ်ချက် နှင့် အခက်ခဲများကို ရှာဖွေခြင်း

7️⃣ Sales Assistant

📌 Annual Average Salary – £16,977

📌 Job vacancies ~ 3,063

📌 Top Employers – WH Smith, Travis Perkins, Nandy’s

📌 Necessary Qualification – (no precise need)

📌 Function – Customer အား မိမိ၏ ရောင်းကုန်များ အကြောင်း ရှင်းပြခြင်းနှင့် ဝယ်ယူစေရန် ဆွဲဆောင်ခြင်း

8️⃣ Customer Service Adviser

📌 Annual Average Salary – £18,801

📌 Job vacancies ~ 3,309

📌 Top Employers – Lego, Shell Energy, The Range

📌 Necessary Qualification – (no precise need)

📌 Function – ဖိအားများ အောက်တွင် ကိုယ်တိုင် တီထွင်ကြံဆမှုများနှင့် ကောင်းမွန်စွာ စီမံညွန်ကြားခြင်း

9️⃣ Operation Manager

📌 Annual Average Salary – £42,500

📌 Job vacancies ~ 10,958

📌 Top Employers – Vodafone, TikTok, KPMG

📌 Necessary Qualification – A degree  business related degree is more preferable by employers) with some industry experiences

📌 Function – Organization ရဲ့ ဋ္ဌာနများအားလုံး Project တစ်ခုအောက်တွင် ကောင်းမွန်စွာ လည်ပတ်နိုင်ရန် စီမံခြင်း

🔟 Business Analyst

📌 Annual Average Salary – £42,000

📌 Job vacancies ~ 7,748

📌 Top Employers – Betway Group, Save the Children, NRG

📌 Necessary Qualification – business related degree (IT related degrees are more preferable)

📌 Function – IT နှင့် Software ဆိုင်ရာများအပြင် Financial နှင့် Recruitment ပိုင်းများတွင် 📌 Organization ရဲ့ လက်ရှိအခြေနေကိုတင်ပြပေးနိုင်ခြင်း နှင့် Future Suggestions များပေးနိုင်ခြင်း

ref: https://www.glassdoor.co.uk/blog/most-in-demand-jobs-2019/ 

 

#LetsPlanYourCareerTogether#StudyInUK#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

October 21, 2021

10. University of Warwick

Established year –  1965

World Ranking (QS) – 61

International Student percentage- 22.5%

Russell group ရဲ့ အဖွဲ့ဝင် University တစ်ခုဖြစ်ပြီး Business နှင့် Law major တက်ရောက်လိုသူများအတွက် အကောင်းဆုံးကျောင်းများထဲမှ တစ်ခုဖြစ်ပါတယ်။ England အလယ်ပိုင်း Coventry မြို့လေးတွေတည်ရှိပြီး ဘွဲ့ရသူများထဲမှ 92% မှာ ကျောင်းပြီးပြီးချင်း ၆လအတွင်း အလုပ်ရနိုင် (သို့) ကျောင်းဆက်တက်နိုင်ကြောင်း တွေ့ရပါတယ်။

9. University of Bath

Established year- 1966

World ranking (QS) – 166

International Student Percentage- 21.9%

ကောင်းမွန်သော Student Life နှင့် Gold Tire Teaching Standard ရှိသော University of Bath ဟာ MBA နှင့် Engineering Major များအတွက် ထင်ရှားပါတယ်။ မြင့်မားသော အခြေခံလစာ နှင့် လုပ်ငန်းခွင်အချိတ်ဆက်များကြောင့်လည်း International Student များ၏ စိတ်ဝင်စားခြင်းကို ခံရပါတယ်။

8. University College London (UCL)

Established year- 1826

Working Ranking (QS) – 8

International Student Percentage- 53%

UK ရဲ့ အကောင်းဆုံး University များထဲမှ International Student အများဆုံးရှိသော University ဖြစ်ပြီး Medicine, Science နှင့် Law ဘာသာရပ်များအတွက် ထင်ရှားပါတယ်။ UCL ၏ ကျောင်းသားဟောင်းများမှာ Noble Prize စုစုပေါင်း 30 အထိဆွတ်ခူးထားကြပြီး London တွင် ကျောင်းတက်လိုသူများအတွက် Opition ကောင်းတစ်ခုလည်းဖြစ်ပါတယ်။

7. Loughborough University

Established year- 1909

World Ranking( QS) – 231

International Student Percentage- 10%

လန်ဒန်မြို့မြောက်ဘက် မိနစ် ၉၀ ခန့်အကွာတွင်တည်ရှိသော Loughborough University ဟာ 5 Star Teaching Standard ရှိသော University တစ်ခုဖြစ်ပြီး Times Magazineရဲ့ University of the year ဆုကိုပိုင်ဆိုင်ထားတဲ့ University လည်းဖြစ်ပါတယ်။ ကြီးမားကျယ်ဝန်းတဲ့ Campus ကြီးရှိတာနဲ့ အညီ Student Experience Survey အရ Score အကောင်းဆုံး ရထားသော University လည်းဖြစ်ပါတယ်။ ထင်ရှားတဲ့ ဘာသာရပ်နယ်ပယ်များကတေ့ Business, Sports နှင့် Engineering တို့ပဲဖြစ်ကြပါတယ်။

6. Durham University

Established year- 1832

World Ranking (QS) – 82

International Student Percentage- 27%

Durham University ဟာ Research University တစ်ခုဖြစ်တဲ့ အပြင် အလုပ်ကိုင်ရှာဖွေပေးရာတွင်လည်း နာမည်ကြီးပါတယ်။ Durham ဟာ ဆိတ်ညိမ်လှတဲ့ monumental မြို့လေးတစ်မြို့ ဖြစ်ပြီး ယင်း University ရဲ့ ရဲတိုက်နှင့် ဘုရားကျောင်းတို့မှာ ကမ္ဘာ့အမွေနှစ်များ စာရင်းဝင်တွေဖြစ်ပါတယ်။ ထင်ရှားတဲ့ ဘာသာရပ်များကတော့ Law, Business နှင့် Engineering တို့ပဲဖြစ်ပါတယ်။

Reference: https://www.studyin-uk.com/uk-study-info/university-rankings/

#LetsPlanYourCareerTogether#StudyInUK#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

October 20, 2021

EEVS မှ ယခုတစ်ခါ ပြောပြပေးချင်တာကတော့ UK မှာ ပညာသင်ယူသင့်တဲ့ အကြောင်းလေးတွေပဲဖြစ်ပါတယ်။

UK နိုင်ငံသည် နိုင်ငံတကာကျောင်းသားများ ပညာသင်ယူမှုအများဆုံး ဒုတိယနေရာမှာရှိဖြီး နိုင်ငံတကာကျောင်းသားပေါင်း လေးသိန်းကျော်တက်ရောက် ပညာသင်ကြားလျက်ရှိပါတယ်။

၁. နိုင်ငံတကာအသိအမှတ်ပြု ထိပ်တန်းပညာရေးစနစ်များရှိခြင်း

UK နိုင်ငံ၏ အဆင့်မြင့်ပညာရေးမှ Degree များသည် နိုင်ငံတကာမှ အသိအမှတ်ပြုခြင်းခံရပြီး

လေ့လာနိုင်တဲ့ ဘာသာရပ်နယ်ပယ်တွေကလည်း ကျယ်ပြန့်ပါတယ်။ British Higher Education Providers များသည် နိုင်ငံတကာတွင် အသိအမှတ်ပြုခံရပြီး ကျောင်းသားများကို အကောင်းဆုံးဖြစ်စေရန် ပံ့ပိုးပေးပါတယ်။

အခြားနိုင်ငံများနှင့်ယှဉ်လျှင် ပညာသင်ကာလတိုခြင်း

UK နိုင်ငံရဲ့ Degree Program များသည် အမေရိကန် နှင့် အခြားနိုင်ငံများနှင့်ယှဉ်လျှင် တက်ရောက်ရတဲ့ အချိန်နည်းတာကြောင့် အချိန်ကုန်ပိုသက်သာစေတဲ့အပြင် cost လည်းပိုသက်သာနိုင်ပါတယ်။ လေးနှစ်တက်ရောက်ရတဲ့ Program တွေက ခေတ်စားလာသော်လည်း UK မှာတော့ Degree Program အများစုက သုံးနှစ်ဖြစ်ပြီး Master Program များက တစ်နှစ်သာကြာမြင့်ပါတယ်။

အလုပ်အကိုင်အခွင့်အလမ်းများ ပေါများခြင်း

UK တွင် နိုင်ငံတကာကျောင်းသားများ အနေဖြင့် ကျောင်းတက်နေစဉ်ကာလတွင် တစ်ပတ်လျှင် နာရီ ၂၀ အလုပ်လုပ်နိုင်ပါတယ်။ ပညာသင်နေစဉ်ကာလအတွင်းမှာ Part-Time Jobs (သို့) Internships များလုပ်ကိုင်နိုင်ပါတယ်။ အလုပ်သင်ဆင်းသည့် အစီအစဉ်တွေကိုလည်း တက္ကသိုလ်မှ ချိတ်ဆက် ဆောင်ရွက်ပေးတာမျိုးလဲရှိပါတယ်။ QS Graduate Employability Rankings 2019 အရ UK တက္ကသိုလ်များမှ graduate များအလုပ်ရရှိမှုသည် ထိပ်တန်းအဆင့်တွင် ပါဝင်လျက်ရှိပါတယ်။ UK Government သည်  ၂၀၂၁ နွေရာသီတွင် ဘွဲ့ရခဲ့သော နိုင်ငံတကာကျောင်းသားများအား နောက်ထပ် ၂ နှစ်ကြာ နေထိုင်အလုပ်လုပ်ရန် ခွင့်ပြုသည့် ဗီဇာအသစ်ကိုကြေညာခဲ့ပါတယ်။ 

နိုင်ငံတကာကျောင်းသားများအတွက် Scholarship အခွင့်အလမ်းများစွာရှိခြင်း

UK နိုင်ငံသည် နိုင်ငံတကာကျောင်းသားများအတွက် အကောင်းဆုံးသော Scholarship အခွင့်အလမ်းများနှင့် ပတ်သက်ပြီးကျော်ကြားပါတယ်။ Scholarship များကို တက္ကသိုလ်များ၊ အစိုးရနှင့် ပြင်ပလုပ်ငန်းအဖွဲ့အစည်းတွေက ပေးအပ်လျက်ရှိပါတယ်။ လူသိများ ထင်ရှားတဲ့ Scholarship option တွေကတော့

  • Great Scholarship
  • Charles Wallace India trust
  • Hornby Scholarships
  • Commonwealth Scholarships & Fellowships Plan
  • Scotland Saltire Scholarship
  • Goa Education Trust (GET) Scholarship အစရှိတာတွေပဲဖြစ်ပါတယ်။

#LetsPlanYourCareerTogether#StudyInUK#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

 

October 11, 2021

▪️ဒီတစ်ခါမှာတော့ EEVS ရဲ့ Partner Organization တစ်ခုဖြစ်တဲ့ INTO မှ မြန်မာနိုင်ငံမှ Fashion ဒီဇိုင်း နှင့် ရုပ်ရှင်အနုပညာ ဘာသာရပ်များကို စိတ်ဝင်စားတဲ့ ၁၀ တန်းအောင် ကျောင်းသား/သူ တို့အတွက် Manchester မြို့မှ Manchester Metropolitan University တွင် Year 1 တက်ရောက်နိုင်အောင် ပြင်ဆင်ပေးတဲ့ Foundation course လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ 💁‍♂️

▪️ဘာလို့ Manchester Metropolitan University ကိုရွေးချယ်သင့်သလဲဆိုရင်တော့ University Teaching နှင့် Student Life Facilities များကောင်းမွန်မူ၊ UK ရဲ့ Fashion ပိုင်းဆိုင်ရာ Major ရွေးချယ်ခွင့် အများဆုံးရှိမှု နှင့် ကျောင်းမှစီစဥ်ပေးသော အလုပ်ခွင်ကြီးများ တွင် Work-placement year အဖြစ် ဝင်ရောက်လုပ်ကိုင်နိုင်ခွင့် တို့ကိုရရှိမှာဖြစ်ပါတယ်။ 🙆‍♂️

▪️INTO Foundation ကိုတက်ရောက်နေသည့် ကျောင်းသား/သူ များမှာ ကျောင်းတက်နေစဥ် Manchester School of Arts တွင်ပညာဆည်းပူးခွင့်ရရှိမှာဖြစ်ပြီး ထိုကျောင်း၏ Workshop များ Studio များ library များကိုဝင်ထွက်သွားလာအသုံးပြုခွင့်ရရှိမှာဖြစ်ပါတယ်။ အတွေ့ကြုံရင့် Professor များနှင့် Professional များ၏အနီးကပ်သင်ကြားပေးမူအပြင် လုပ်ငန်းခွင်ကြီးများကို ကိုယ်တိုင် သွားရောက်လေ့လာနိုင်မှာပါဖြစ်ပါတယ်။ 👩‍🎓👨‍🎓

🔹Foundation course ပြီးပါက ရွေးချယ်ခွင့်ရှိတဲ့ Major များကတော့

📌Animation-BA (Hons)

📌Fashion Art Direction-BA (Hons)

📌Fashion Design and Technology: Menswear-BA (Hons)

📌Fashion Design and Technology: Sportswear-BA (Hons)

📌Fashion Design and Technology: Womenswear-BA (Hons)

📌Fashion-BA (Hons)

📌Filmmaking-BA (Hons)

📌Fine Art-BA (Hons)

📌Graphic Design-BA (Hons)

📌Illustration with Animation-BA (Hons) ဟူ၍ Option များစွာရှိမှာဖြစ်ပါတယ်။

▪️ဒီ Foundation course  ဟာ ဆိုရင် 1 နှစ် (3 trimesters) တက်ရောက်ရမှာဖြစ်ပြီးFees အနေနဲ့ကတော့ £16,000 ဝန်းကျင် ကျသင့်မှာဖြစ်ပါတယ်။ 💁‍♂️

▪️ENGLISH REQUIREMENT အနေနဲ့ကတော့ IELTS 5.0 ( no band less than 5.0) သာလိုအပ်မှာဖြစ်ပါတယ်။ 😇

▪️အသေးစိတ်လော့လာလိုပါက https://partnerportal2.intoglobal.com/en/catalog/universities/manchester-metropolitan-university/courses/international-foundation-in-art-and-design တွင် ဝင်ရောက်လေ့လာနိုင်သလို Page Messenger ကိုလည်းလာရောက်မေးမြန်းနိုင်ပါတယ်နော်။ 🙆‍♂️💁‍♂️

#LetsPlanYourCareerTogether#StudyInUK#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

October 8, 2021

▪️EEVS မှဒီတစ်ခါပြောပြပေးချင်တာကတော့ UK နိုင်ငံမှာ ပညာသင်ယူလိုတဲ့ ကျောင်းသားတွေအနေနဲ့  UK မှာ Part-Time Jobs လုပ်ကိုင်တာနဲ့ပတ်သက်ပြီး သိထားသင့်တဲ့ အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။ 👨‍🎓👩‍🎓

▪️နိုင်ငံတကာကျောင်းသားများကြား Part-Time Jobs လုပ်ကိုင်လာတာတွေက ပိုမိုရေပန်းစားလာပါတယ်။ အပိုငွေရှာဖို့တစ်ခုတည်းအတွက်သာမက အလုပ်အတွေ့အကြုံ တွေရရှိဖို့အတွက်ပါ Part-Time Jobs တွေ လုပ်ကိုင်လာကြပါတယ်။ ကဲ ဒါဆို UK မှာ Part-Time Jobs လုပ်တာနဲ့ ပတ်သက်ပြီး သိချင်ရင်တော့ ပို့စ်လေးကို အဆုံးထိဖတ်ကြည့်နော်။ 🙆‍♂️

▪️UK အစိုးရသည် နိုင်ငံတကာကျောင်းသားများအတွက် အလုပ်အကိုင်၊ လုပ်ခလစာနှင့်

ပတ်သက်သည့် ညွှန်ကြားချက်များကို ရှင်းလင်းစွာချမှတ်ထားပါတယ်။ ကျောင်းသားများအနေဖြင့် ထို ညွှန်ကြားချက်များကို လိုက်နာရမည်ဖြစ်ပြီး ကန့်သတ်ထားတဲ့ အလုပ်တွေကို မလုပ်ဖို့လည်း သတိပြုရပါမယ်။ 💁‍♂️

▪️တက္ကသိုလ်များတွင် Full Time ပညာသင်ကြားရန်စာရင်းသွင်းထားသည့်ကျောင်းသားများသည် တစ်ပတ်လျှင် နာရီ ၂၀ အလုပ်လုပ်ခွင့်ရှိပါတယ်။ 🏫

▪️Degree Program များအပြင် အခြား Program များတွင် စာရင်းသွင်းထားသည့် ကျောင်းသား/သူများသည် တစ်ပတ်လျှင် ၁၀ နာရီအလုပ်လုပ်ခွင့်ရှိပါတယ်။ 👨‍💻

▪️UK ရှိနိုင်ငံတကာကျောင်းသားတွေအနေနဲ့ Part-Time Jobs  တွေဘယ်လိုရှာနိုင်လဲ?

  • Local newspaper တွေက အလုပ်ခေါ်စာတွေ
  • Online Job Portal တွေ
  • တက္ကသိုလ်မှာရှိတဲ့ Career Team တွေမှာ guideline တွေရယူနိုင်ပါတယ်။

▪️On-Campus Part Time Job တွေကတော့ ကောလိပ်ကျောင်း အတွင်း အားလပ်ချိန်များတွင် အလုပ်လုပ်နိုင်ပြီးအပို ဝင်ငွေများရရှိနိုင်တာကြောင့် နိုင်ငံတကာကျောင်းသားတွေအတွက် အကောင်းဆုံးဖြစ်ပါတယ်။ 😇

▪️On-campus jobs အများစုကတော့ libraries, bookstores, laboratories, computer labs,  gym, receptions, cafeteria, campus guide အစရှိတာတွေမှာလုပ်ကိုင်ရတာဖြစ်ပါတယ်။ ကျောင်းတက်နေစဉ်ကာလမှာ တစ်ပတ်ကိုနာရီ ၂၀ အလုပ်လုပ်နိုင်ပြီး ကျောင်းပိတ်တဲ့ကာလတွေမှာ  တစ်ပတ်ကိုနာရီ ၄၀ အလုပ်လုပ်နိုင်ပါတယ်။

▪️Off-Campus Part-Time Jobs  တွေကတော့ အလုပ်အခွင့်အလမ်းရှာဖွေရတာ ပိုမိုလွယ်ကူတာကြောင့် ကျောင်းသားအများစုလုပ်ကိုင်လျက်ရှိပါတယ်။ Off-Campus Jobs အများစုကတော့ delivery boy, cashier, bookstore helper, grocery store helper, data entry operator, waiters/waitresses, call centers executive, swimming pool maintenance အစရှိတာတွေပဲဖြစ်ပါတယ်။

▪️Job roles တွေအလိုက်  တစ်နာရီလျှင် ရရှိနိုင်တဲ့ လုပ်ခလစာများမှာ-

📌Helper at Retailer Shop – 8 to 9 Pound

📌Cashier – 8 to 10 Pound

📌Delivery Boy – 4 to 6 Pound per delivery

📌Clerk – 12 to 14 Pound

📌Library Assistant – 10 to 12 Pound

📌Waiters/waitresses -18 to 10 Pounds

▪️အသုံးများသော Job finding website တွေကတော့ https://www.studentjob.co.uk/part-time-job

💡https://uk.indeed.com/m/jobs?q=Student+Part+Time&l=London 

💡https://uk.linkedin.com/jobs/part-time-jobs တို့ပဲဖြစ်ပါတယ်။

#LetsPlanYourCareerTogether#StudyInUK#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

September 26, 2021

▪️ဒီတစ်ခါမှာတော့ Ranking ကောင်းကောင်း University များကိုသာတက်ရောက်လိုတဲ့ ကျောင်းသား၊ကျောင်းသူများအတွက် Australia နိုင်ငံမှအကောင်းဆုံး university တစ်ခုနဲ့မိတ်ဆက်ပေးလိုပါတယ်။ 🙆‍♂️

▪️ဒီ University ကတော့ Brisbane မြို့မှ University of Queensland ပဲဖြစ်ပါတယ်။ University of Queensland ဟာဆိုရင် 1909 ခုနှစ်မှစတင်ကာ ပညာရေးဝန်ဆောင်မူများကို ပေးအပ်လာတဲ့ သက်တမ်းရာကျော်ရှိတဲ့ University ကြီးတစ်ခုပဲဖြစ်ပြီး ကမ္ဘာ့ပညာရေးလောကတွင် အရှိန်ဝါကြီးမားလှသည့် Group of Eight ကိုစတင်တည်ထောင်ခဲ့သော university လည်းဖြစ်ပါတယ်။ 💁‍♂️

▪️University of Queensland ဟာ 2022 QS University Ranking အရ  World’s 47th Best University ဖြစ်ပြီး သြစတေးလျနိုင်ငံ၏ တက္ကသိုလ်များတွင် rankings အဆင့် 5 ရရှိထားတာပဲဖြစ်ပါတယ်။ 😇

▪️University of Queensland တွင် campus ကြိး 3 ခုရှိပြီး ကျောင်းသားပေါင်း 53600 ကျော် ပညာသင်ယူလျက်ရှိကာ ထိုကျောင်းသား/သူများထဲမှ 30% မှာ နိုင်ငံပေါင်း 130 ကျော်မှ International student များဖြစ်ပါတယ်။ ကျောင်းသား/သူများအတွက် ကျောင်းပြင်ပ school activities များအတွက် society နဲ့ clubs ပေါင်း 220 ကျော်ရှိပြီး စာအုပ်ပေါင်း 2.17 million ရှိသော library ကြီးကိုလည်း ပိုင်ဆိုင်ထားပါတယ်။ 🏫

▪️စစ်တမ်းများအရ University of Queensland မှဘွဲ့ရသူများ၏ 78.2% သော ကျောင်းသား/သူများသည် ဘွဲ့ရပြီးနောက် သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်များတွင် လုပ်ငန်းခွင်သို့ တိုက်က်ရိုက်ဝင်ရောက်နိုင်ကြောင်း တွေ့ရှိရပါတယ်။ 👩‍🎓👨‍🎓

▪️University of Queensland တွင်တက်ရောက်သင်ကြားနိုင်သောဘာသာရပ်နယ်ပယ်များမှာ

  • Agriculture and Environment
  • Architecture, Planning and Design
  • Arts, Humanities and Social Sciences
  • Business and Economics
  • Education
  • Engineering and Computing
  • Health and Behavioural Sciences
  • Law
  • Medicine
  • Science and Mathematics တို့ပဲဖြစ်ပါတယ်။

🔹 Intakes တွေအနေနဲ့တော့ February နဲ့ July intake ဆိုပြီး intake 2 ခုရှိမှာပဲဖြစ်ပါတယ်။

🔹 2021-2022 အတွက် Average international tuition fees (for both undergraduate and postgraduate) ကတော့ AUD 33,000 မှ AUD 46,000 အတွင်းကျသင့်နိုင်ပါတယ်။

🔹 English Requirements for (both undergraduate and postgraduate undergraduate and postgraduate)

IELTS- 6.5 ( no bands less than 6)

🔸 အသေးစိတ်ကို အောက်ပါလင့်ခ်တွင် လေ့လာနိုင်ပါသည်။

👁‍🗨 https://www.uq.edu.au/

#LetsPlanYourCareerTogether#StudyInAustralia#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

September 20, 2021

▪️2008 ခုနှစ်တွင် စတင်ခဲ့သော Kaplan Business School သည် Australia အဆင့်မြင့်ပညာရေးစနစ်ကိုဖော်ဆောင်သော institution ဖြစ်ပြီး  Tertiary Education Quality and Standards Agency မှ အသိအမှတ်ပြုထားပါတယ်။ 🏫🙆‍♂️

▪️1993ခုနှစ်တွင် Kaplan ၏ ပထမဆုံးသော International centerကို Londonတွင်ဖွင့်လှစ်ခဲ့ပြီး 2008ခုနှစ် Adelaideတွင် institutionကိုစတင်ခဲ့ကာ  Sydney နှင့် Melbourneတို့တွင် campusများ တိုးချဲ့ဖွင့်လှစ်ခဲ့ပါတယ်။ 💁‍♂️

▪️Undergraduate နှင့်  Postgraduate course များစွာကိုသင်ကြားပေးလျက်ရှိပြီး ထင်ရှားသော ဘာသာရပ်များမှာ- 

📚Business

📚Accounting 

📚Business analytics

📚Management

📚Marketing

🏫Hospitality and Tourism Management

▪️အသေးစိတ်ကိုhttps://www.kbs.edu.au/courses တွင်ကြည့်နိုင်ပါတယ်။

▪️Kaplan Business Schoolတွင်ပညာသင်ကြားလိုသော ကျောင်းသားများအတွက် လိုအပ်သော English Language အရည်အချင်းသတ်မှတ်ချက်များမှာ-

▪️For Undergraduate ‐ Diploma and PQP

📌Academic IELTS – Overall 5.5, no individual band score under 5.0

📌PTE – Academic Score of 42

📌TOEFL iBT – 46

📌KITE (Kaplan International Test of English) – Score greater than 396 Overall for listening, reading and grammar, and B2 for speaking and writing

📌CAE (Cambridge English: Advanced from Cambridge ESOL) – 162

📌Cambridge Proficiency – 162

📌Duolingo English Test – Overall score of 90

📌General Certificate of Education (GCE) – GCE Ordinary Level – Grade C in English Language or English Literature

▪️For Undergraduate ‐ Bachelor and Postgraduate

📌Academic IELTS – Overall 6.0, with not less than 6.0 for Speaking and Writing and 5.5 for Listening and Reading

📌PTE – Academic Score of 50

📌TOEFL iBT – 60

📌KITE (Kaplan International Test of English) – Score greater than 426 Overall for listening, reading and grammar, and B2 for speaking and writing;

📌CAE (Cambridge English: Advanced from Cambridge ESOL) – 169

📌Cambridge Proficiency – 169

📌Duolingo English Test – Overall score of 100

📌General Certificate of Education (GCE) – GCE Ordinary Level – Grade C in English Language or English Literature GCE Advanced Subsidiary Level – Grade C in English Language or English Literature GCE Advanced Level – Grade D in English Language or English Literature

▪️Kaplan institute သည် Sydney Swans နှင့် Davidson တို့ရှိ companies များနှင့် လက်တွဲပူးပေါင်းကာ ကျောင်းသားများအတွက် internship အခွင့်အလမ်းများဖန်တီးပေးပြီး ဘွဲ့ရပြီးသောအခါတွင် Australia-based companies များတွင်လုပ်ငန်းခွင်ဝင်ရန် လိုအပ်သော skillများရရှိစေရန်လည်း ပြင်ဆင်ပေးလျက်ရှိပါတယ်။ 🙆‍♂️

▪️High Achievers Scholarship, Dean’s Award, Alumni Scholarship, Regional Scholarship စသော Scholarship အမျိုးအစားများစွာကို ပေးအပ်လျက်ရှိပြီး အသေးစိတ်ကို https://www.kbs.edu.au/admissions/scholarships တွင်ကြည့်နိုင်ပါတယ်။ 💁‍♂️😇

#LetsPlanYourCareerTogether#StudyInAustralia#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

 

September 16, 2021

▪️စီးပွားရေး နှင့် ဈေးကွက်ဆိုင်ရာ  အတတ်ပညာနှင့် နည်းပညာများကို လေ့လာလိုသူများအတွက် PSB Academy ၏ ပူးတွဲ Coventry University တွင် Bachelor of Arts with Honors in Business and Marketing ဘာသာရပ်ကို တက်ရောက်နိုင်ပါတယ်။ Business Manager, Digital Marketing, Marketing Research, Business Strategy နှင့် ယနေ့ခေတ် ကမ္ဘာ့စီးပွားရေးအကြောင်းကို အသေးစိတ် လေ့လာနိုင်မှာဖြစ်ပါတယ်။ 💁‍♂️

▪️Coventry University အသိအမှတ်ပြု Diploma အောင်မြင်ပြီးပါက Bachelor ကို စာသင်နှစ် ဒုတိယနှစ်မှ စတင် တက်ရောက်နိုင်ပါတယ်။ 👩‍🏫

▪️Bachelor တက်ရောက်သူများသည် သင်ရိုး ၃ ခု သို့ ၄ ခု ကို semester ၃ ခုအတွင်း သင်ယူရမှာဖြစ်ပြီး ၂၈ လကြာမြင့်မှာဖြစ်ပါတယ်။ ပထမနှစ်မှ စတင်တက်ရောက်သော ကျောင်းသားများအတွက် S$32,356.80 ကျသင့်ပြီး ဒုတိယနှစ်မှ တက်ရောက်သော ကျောင်းသားများ၏ Tuition fees မှာ S$21,571.20 ဖြစ်ပါတယ်။  Application fees – S$ 450 ကျသင့်မှာဖြစ်ပါတယ်။ 💵

▪️အကဲဖြတ်မှု ရမှတ်များသည် Assignment တင်ခြင်း၊ ပရောဂျက် နှင့် စာမေးပွဲဖြေဆိုမှုများ အပေါ်မူတည်ပါတယ်။ Intake များမှာ 22 March 2021, 26 July 2021 နှင့် 22 November 2021 များတွင် လျှောက်ထားနိုင်ပါတယ်။ 🗓

▪️ပညာသင်နှစ် ပထမနှစ် နှင့် ဒုတိယနှစ်ဝင်ခွင့် အတွက် အင်္ဂလိပ်လိုအပ်ချက်များမှာ

📌GCE ‘O’ level English (Grade C6) or equivalent;

📌IELTS score of at least 6.0; 

📌PSB Academy’s Certificate in English Proficiency course;

📌PSB Academy’s Certificate in Academic English course; 

📚သင်ယူရမည့်သင်ရိုးများမှာ-

▪️Academic Year 1

·        Marketing Research I

·        Marketing Principles and Practice

·        Academic Study Skills

·        Communications for Marketing and 🔹Advertising

·        Organising for Business

·        Accounting for Business Managers

·        Academic Writing: Developing Critical 🔹Thinking Skills

▪️Academic Year 2

·        Marketing Research II

·        Contemporary Issues in HR Service 🔹Delivery

·        Digital Marketing

·        Career Preparation

·        Effective Communication Skills II

·        Marketing Management

·        Managing Business

 ▪️Academic Year 3

·        Advanced Marketing Study (Project)

·        Brand and Corporate   🔹Communications

·        Global Marketing

·        Corporate Marketing Strategy

·        Contemporary Marketing Issues

·        Innovation and Change

🔍Course link – https://www.psb-academy.edu.sg/coventry-university/bachelor-of-arts-with-honours-in-business-and-marketing#overview 

#LetsPlanYourCareerTogether#StudyInSingapore#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

1 2 3 6