fbpx
September 28, 2021

▪️Blockchain ဆိုတာကတော့ မိမိရဲ့ Information တွေကိုတခြားလူ hack, cheat, stole မရအောင် ထိန်းသိန်းပေးတဲ့ system တစ်ခုအနေနဲ့ အကြမ်းဖျင်း သိရှိနိုင်ပါတယ်။ Blockchain ကိုဒီထက်ပိုပြီး အသေးစိတ် ပြောရမယ်ဆိုလျင် ၎င်း၏ အသွင်းအထုတ်ဖြစ်စဥ် အားလုံးနှင့် network တည်ရှိရာနေရာ အားလုံးကိုအသိပေးနိုင်သော Digital Ledger တစ်ခုအဖြစ်လည်းသိရှိနိုင်ပါတယ်။ 

▪️တစ်ဦးတစ်ယောက်တည်းက စာရင်းများကို ချုပ်ကိုင်ထားခြင်း မဟုတ်ပဲ ဖြန့်ဝေချုပ်ကိုင် ထားတာကြောင့် Decentralised Ledger Technology အဖြစ်လူသိများပြီး Transitions များကို Harsh လိုခေါ်တဲ့ Cryptographic Signature တစ်ခုနဲ့သိမ်းထားလေ့ရှိပါတယ်။ 

▪️ဒါကြောင့် မသမာသူများအနေနှင့် အချက်အလက်များကို ခိုးယူလိုပါက မရိပ်မိစေရန် သိန်းသန်းချီသော Network  များကိုပါ လိုက်ပြောင်းရမှာ ဖြစ်တဲ့အတွက်ကြောင့် ခိုးယူခံရရန် မဖြစ်နိုင်ခြင်းဖြစ်ပါတယ်။  ကမ္ဘာကျော် Cryptocurrency brand များဖြစ်တဲ့ Bitcoin နှင့် Ethereum တို့ဟာလည်း ၎င်းတို့၏ Block များကို Chain ထဲထည့်ထားနိုင်တာကြောင့် လုံခြုံရေးကို စိတ်ချသွားနိုင်ကြတာ ဖြစ်ပါတယ်။ 

▪️ဘာလို့ blockchain ဟာလူအတော်များများစိတ်ဝင်စား အသုံးပြုခြင်းခံရသလဲဆိုရင် Blockchain ကဲ့သို့ Digital Curreny တစ်ခုဖြစ်နိုင်ဖို့ အရင်ကလည်းကြိုးပမ်းမှုတွေရှိခဲ့ပါတယ်။ ဒါပေမယ့် လူတွေရဲ့ယုံကြည်မှုကိုရရှိအောင် မစွမ်းဆောင်နိုင်ခဲ့တာကြောင့် ပျက်စီးရှုံးနိမ့်ခဲ့ရပါတယ်။ ဥပမာ- လူတစ်ဦးကမိမိရဲ့ ဒေါ်လာတစ်ထောင်ကို Currency တစ်ခုရဲ့ တစ်ထောင် နဲ့လဲရန်မှာ ၎င်းပေးရသည့်တန်ဖိုးနှင့် ညီမျှသော အရာကိုမရမည် နှင့် လိမ်ခံရနိုင်မည် ဟူသောယူဆချက်များရှိနိုင်ပါတယ်။ 

▪️Bitcoin အနေဖြင့် ထိုပြသာနာကို တစ်ဦးတည်းချုပ်ကိုင်သော SQL နည်းကိုမသုံးတော့ပဲ ခေါင်းဆောင်မရှိသော သုံးစွဲသူများနှင့်သာ လည်ပတ်သော Blockchain technology ကိုအသုံးပြုလိုက်နိုင်တာကြောင့် ပိုင်ဆိုင်ထားသောတန်ဖိုးမှာလည်း အမြဲတစ်ပြေးထဲတည်ရှိမှာဖြစ်တာကြောင့် သုံးစွဲသူများရဲ့ ယုံကြည်မှုကို တစ်ခဲနက်ရရှိလာခြင်းဖြစ်ပါတယ်။ 

#LetsPlanYourCareerTogether

#RelyOnExperts

#StudyAbroadWithEEVS

September 25, 2021

Drexel University သည် ပုဂ္ဂလိကတက္ကသိုလ်တစ်ခုဖြစ်ပြီး Philadelphia, Pennsylvania တွင်တည်ရှိပါတယ်။  ၁၈၉၁ ခုနှစ်တွင် Drexel Institute of Art, Science and Industry အဖြစ်စတင်တည်ထောင်ခဲ့ပြီး ၁၉၃၆ တွင် Drexel Institute of Technology ဟူ၍ ပြောင်းလဲ ခေါ်ဝေါ်ခဲ့ပါတယ်။ Drexel University အဖြစ်ကိုတော့ ၁၉၇၀ ခုနှစ်တွင်သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

Drexel University သည် အမေရိကန်နိုင်ငံတွင်းရှိ ထိပ်တန်း ပုဂ္ဂလိက ၁၅ ခုတွင်လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ကျောင်းသား/သူပေါင်း ၂၄၀၀၀ ကျော်သည် undergraduate programs ပေါင်း ၇၀ ကျော်နှင့် master’s, doctoral နှင့် professional programs ပေါင်း ၁၀၀ ကျော်တွင် တက်ရောက် ပညာသင်ကြားလျက်ရှိပါတယ်။ ဒါ့အပြင် ကျောင်းသား/သူများ၏ degree program များအလိုက် paid, full-time နှင့် part-time job များကို စီစဥ်ပေးလျက်ရှိပါတယ်။

Drexel University ကို

  • College Of Arts and Sciences, 
  • School of Biomedical Engineering,
  • Science and Health Systems, 
  • Lebow College of Business,
  • College of Computing & Informatics,
  • School of Education, and
  • College of Engineering တို့ဖြင့် ဖွဲ့စည်းထားပြီး ထင်ရှားသော ဘာသာရပ်များမှာ Mechanical Engineering, Accounting, Nursing စသော ဘာသာရပ်များဖြစ်ပါတယ်။ 

Tuition Fees အနေနဲ့ Undergraduate – 54,615 USD, Graduate – 36,021 USD ကျသင့်နိုင်မှာပဲ ဖြစ်ပါတယ်။ Intake များအနေဖြင့် Fall Intake, Winter Intake နှင့် Spring Summer Intake စသဖြင့် စာသင်နှစ်များကို သတ်မှတ်ထားပါတယ်။ 

Drexel University Ranking ၏ rankings များမှာ

#133-National University Ranking – US News & World Report 2021

#387-Global Universities – US News & World Report 2021

#351-400-University Ranking – THE (Times Higher Education) 2021

#601-650 -World University Ranking – QS 2021

#301-400 Universities Rankings – ARWU (Shanghai Ranking) 2020

 

University Website Link – https://drexel.edu 

တက်ရောက်နိုင်သော Degree program များကို အောက်ပါ Link တွင် ကြည့်ရှုနိုင်ပါတယ်။ 

https://drexel.edu/search/?q=course is&t=web& 

#LetsPlanYourCareerTogether#StudyInUSA

#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

September 9, 2021

▪️1949 ခုနှစ်ကစတင်ပြီးတည်ထောင်ခဲ့တဲ့ George Mason University ဟာ Times University ranking အရ အဆင့် 250 – 300 ကြားတွင်တည်ရှိပါတယ်။ 💁‍♂️

▪️Campus အနေနဲ့ ကတော့ Virginia States ထဲတွင် ဧက 600 ကျော်ကျယ်ပြန့်သော Woodland Main Campus ကြီးနှင့် Campus 3 ခုရှိပြီး Korea နိုင်ငံတွင် Campus 1 ခုဖွင့်လှစ်ထားပါတယ်။ Main Campus မှ အမေရိကန်နိုင်ငံရဲ့ မြို့တော်ဖြစ်သော Washington, D.C. သို့ 15 မိနစ်ခန့်သာ သွားလာရသောကြောင့် Company Headquarters များတွင်အလုပ်လုပ်ကိုင်နိုင်ရန် အခွင့်ရေးများ များစွာရှိနေပါတယ်။ George Mason University ၏အလုပ်ရနိုင်နှုန်းမှာ 80% ထိရှိပြီး ဘွဲ့ရသူများမှာ Virginia ပြည်နယ်မှ Graduates များထဲတွင်ဝင်ငွေအကောင်းဆုံးရရှိထားကြသူများလည်း ဖြစ်ပါတယ်။ 🙆‍♂️

▪️နိုင်ငံပေါင်း 130 ကျော်မှကျောင်းသား/သူ ပေါင်း 26000 ကျော်တက်ရောက်လျက်ရှိပြီး Undergraduate ကျောင်းသား/သူ များအနေနဲ့ရွေးချယ်စရာ major ပေါင်း 76 ခုအထိရှိပါတယ်။ Student life ခံစားနိုင်ရန် Student clubs ပေါင်း 500 ကျော်ရှိပြိး မြို့တော်နှင့်နီးစပ်သောကြောင့် Internship နှင့် Part-Time Opportunities များစွာရှိနေတာကိုလည်းတွေ့ရပါတယ်။ 😇

▪️International Students များအတွက် Annual fees အနေနဲ့ကတော့ $31000 ပတ်ဝန်းကျင် ခန့်ကျသင့်မှာဖြစ်ပါတယ်။ 💵

▪️International Student များအတွက် English Requirements အနေနဲ့ကတော့ 

📌IELTS – 6.5 ( no Band less than 6) 

📌TOFEL- 80 ( no band less than 18)

📌Duolingo- 110

📌Pearson Test of English- 59 တို့ကိုအနည်းဆုံးရရှိရန်လိုအပ်ပါတယ်။ 

🔍အသေးစိတ်လေ့လာလိုပါက https://www2.gmu.edu မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

#LetsPlanYourCareerTogether#StudyInUSA

#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

August 31, 2021
▪️ ယနေ့မှာတော့ အမေရိကန်နိုင်ငံ၏ SUNY Old Westbury တွင် တက်ရောက်နိုင်သော Media and Communication, B.A ဘာသာရပ်ကို ဖော်ပြပေးလိုက်ပါတယ်။ 💁‍♂️
▪️ ပရိုဂရမ်တွင် မတူညီသော မီဒီယာနယ်ပယ်များဖြစ်သော ရေဒီယို၊ ရုပ်မြင်သံကြား ၊ သတင်းစာ စသော နယ်ပယ်များကို သီအိုရီနှင့် လက်တွေ့လေ့ကျင့်များကို သင်ကြားရမှာဖြစ်ပါတယ်။ ထို့ပြင် စာအရေးအသားများ ၊ တင်ပြခြင်းများနှင့် ဆက်ဆံရေး နယ်ပယ်တွင် တိုးတက်လာစေရန် ဝေဖန်မှု ရှုထောင့်များ၊ ခေတ်ပြိုင် အမေရိကန် လူမှု မီဒီယာများဖြင့် သင်ကြားရမှာဖြစ်ပါတယ်။ 🧑‍🏫
▪️ ပညာရပ် နယ်ပယ် တစ်ခုမက သော သီအိုရီ၊ သမိုင်းနှင့် စမ်းသပ်မှု များကို အဓိကထားသင်ကြားပေးပြီး သင်ရိုးညွှန်းတမ်းတွင် စီးပွားရေး၊ လူမှုရေး။ လူမှု ဗေဒနှင့် ပညာရှင်များ၏ သမိုင်းကြောင်းများကို လေ့လာမှာ ဖြစ်ပါတယ်။ 🙆‍♂️
▪️ Intakes တွေက Fall (Aug), Spring (Jan) တွင် ရွေးချယ်တက်ရောက်နိုင်ပြီး Application Deadline ကတော့ Fall (Aug): 15 Mar, Spring (Jan): 01 Nov ဖြစ်ပါတယ်။ 👨‍🎓👩‍🎓
▪️ Tuition Fees- $16320 တစ်နှစ်လျှင်ကျသင့်ပြီး ၄၈ လကြာတက်ရောက် ရမှာဖြစ်ပါတယ်။ 💵
▪️Entry requirement – GPA: 3.0 လိုအပ်ပြီး English Proficiency အနေဖြင့်
📌IELTS – Overall6
📌TOEFL iBT – Overall61
📌ACT -Score22
📌SAT -Score1000
▪️ Course နှင့် ပတ်သက်၍ အသေးစိတ်ကို အောက်ပါ Link တွင် ကြည့်ရှုနိုင်ပါတယ်။ 🔽

#LetsPlanYourCareerTogether#StudyInUSA

#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

August 29, 2021

▪️ ယနေ့မှာတော့ EEVS တွင် တက်ရောက်နိုင်သော အင်္ဂလိပ်စာ သင်တန်းများနှင့် မိတ်ဆက်ပေးချင်ပါတယ်။ 😇

▪️ EEVS က English Class တွေမှာဘယ်သူတွေ တက်ရောက်သင့်သလဲ?

🔹 အင်္ဂလိပ်စာကို အခြေခံမှ စ လေ့လာချင်သူများ ၊  နိုင်ငံခြား ပညာသင်သွားရန် မရှိမဖြစ်လိုအပ်သော IELTS အမှတ်ကောင်း ရလိုသူများ တက်ရောက်သင့်ပါတယ်။ 

▪️ ဘယ်လို အတန်းမျိုးတွေ ဖွင့်လှစ်ထားသလဲ?

🔹 Level Classes

•    Beginner

•    Elementary

•    Pre-Intermediate

•    Intermediate 

🔹 IELTS Classes

•    IELTS Foundation

•    IELTS Preparation

 စတဲ့ အတန်းများအပြင် Speaking Only Class, Grammar Only အတန်းများကို ဖွင့်လှစ်ပေးထားပါတယ်။ 💁🏻‍♂️

▪️ အတန်းတွေကို ဘယ်လိုမျိုး တက်ရမှာလဲ? 

🔹 အတန်းတစ်တန်းလျှင်  ၂ လကြာမြင့်မှာ ဖြစ်ပြီး Zoom Application မှ တဆင့် Face to Face သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ 

ကျောင်းသား အရေအတွက် ၁၀ ယောက် ထက်ပိုပြီး မထားရှိသလို IELTS အတန်းတစ်တန်းကိုလဲ ကျောင်းသား အရေအတွက် ၅ ဦးသာ လက်ခံပေးလျက်ရှိပါတယ်။ Facebook Messenger Group လဲ အတန်းအလိုက် ဖွဲ့ပေးထားတာမို့ မိမိ အတန်းဖော် နှင့် စာဆွေးနွေးခြင်းများ ၊သိလိုသမျှများအား ဆရာမကို အချိန်မရွေး မေးမြန်းနိုင်မှာ ဖြစ်ပါတယ်။ 👩‍🏫

▪️EEVS ဆရာ၊ မ များ၏ English Language’s Knowledge Sharing video များကိုလဲ အောက်ပါ Link တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။ 

🔹Tr.Julie       – General English Teacher

https://www.facebook.com/433298177253835/posts/685411455375838/

🔹Tr.Grace     – English Instructor

https://www.facebook.com/433298177253835/posts/692196018030715/

🔹Tr.Ronny    – English Instructor

https://www.facebook.com/433298177253835/posts/683243262259324/

🔹Tr.Barani    – IELTS Lecturer

https://www.facebook.com/433298177253835/posts/684474752136175/

▪️ သင်တန်း မတက်ရောက်မီ မိမိ Level ကို သိရှိနိုင်ရန် Placement Test ဖြေဆိုနိုင်သလို IELTS Foundation, Preparation တက်ရန် ဝေခွဲ မရသူများအတွက် Speaking Test ကို စစ်ဆေးပြီး ရလဒ်အလိုက် အတန်းရွေးချယ်နိုင်ပါတယ်။ 📚

▪️ Placement Test ဖြေဆိုဖို့ အောက်ကလင့်ခ်မှာ စာရင်းပေးသွင်းနိုင်ပါတယ်။ 🔽

https://docs.google.com/forms/d/e/1FAIpQLScdz7oNcZx2-UX-BfnDTGBJmKaqT3Ev24yo4CeBVkva19Fbwg/viewform

▪️ သင်တန်း အချိန် ဇယား နှင့် ပတ်သက်ပြီး အသေးစိတ် ဆွေးနွေးလိုပါက 09751871587 ကို ဆက်သွယ်နိုင်သလို Page Messenger မှ လဲ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ 📞

▪️ကျောင်းသားများ တက်ရောက်လိုသည့် အချိန် နှင့် ရုံးချိန် လွတ်အတန်းများကို လဲ  ဆွေးနွေး ဖွင့်လှစ်ပေးလျက်ရှိပါတယ်။ 

#LetsPlanYourCareerTogether

#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

 

September 1, 2020
The University of Newcastle သည် Sydney မြို့နှင့် Newcastle မြို့တို့တွင်တည်ရှိပြီး 2020 QS World Ranking System အရ အဆင့် ၂၀၇ တွင် တည်ရှိပြီး World Top 1% University များထဲတွင် အပါအ၀င်ဖြစ်သည်။
The University of Newcastle ကို 1965ခုနစ်တည်စတင်တည်ထောင်ခဲ့ပြီး နှစ်စဉ်နိုင်ငံတကာကျောင်းသား/သူပေါင်း 30000 ကျော်တက်ရောက်လျက်ရှိပါတယ်။
The University of Newcastel မှ 2020ခုနစ် October Intake အတွက် University Foundation Studies နှင့် Diploma Program များအား 15%Scholarship ပေးအပ်သွားမှာဖြစ်ပါတယ်။
Scholarship ပေးအပ်သွားမည့် Program များမှာ
University Foundation Program အတွက် AUD$3450 Scholarship
Foundation for Medicine Program အတွက် AUD$4132.50 Scholarship
Diploma of Business Program အတွက် AUD$3756 Scholarship
Diploma of Engineering Program အတွက် AUD$4458 Scholarship
Diploma of Information Technology Program အတွက် AUD$4458 Scholarship
Diploma of Media and Communication Program အတွက် AUD$3864 Scholarship
သတ်မှတ်ချက်အနေနဲ့ University Foundation Program အတွက်မိမိ၏ Academic Record (Matriculation Marks)နှင့် Diploma Program အတွက်(University Transcript) ပေါ်မူတည်၍ လျှောက်ထားတက်ရောက်နိုင်မှာ ဖြစ်ပါတယ်။
သင်က သြစတြေးလျနိုင်ငံမှာရှိတဲ့ အကောင်းဆုံး University တွေမှာ Scholarship ဖြင့် တက်ရောက်ခွင့်ရလိုပါသလား?
EEVS ရဲ့ အပြင်းပြဆုံးဆန္ဒဟာ သင့်ရဲ့ပညာရေးလမ်းကြောင်း တစ်ထောင့်တစ်နေရာမှပါဝင် ကူညီပေးဖို့်ပါ။
The University of Newcastle ၏ University Foundation Program Scholarship နှင့်ပတ်သတ်ပြီး EEVS Myanmar ရုံးသို့ ကိုယ်တိုင်လာရောက်၍ဖြစ်စေ ဖုန်းဖြင့် 09790839290,09751871589 သို့ဆက်သွယ်၍ဖြစ်စေ အသေးစိတ်မေးမြန်းလျှောက်ထားနိင်ပါသည်။
September 1, 2020

ကျောင်းတက်ရင်းနဲ့ အလုပ်လုပ်လို့ ရပါသလား

ရပါတယ်။ သြစတြေးလျ အစိုးရက နိုင်ငံတကာ ကျောင်းသားတွေကို ကျောင်းတက်ရင်းနဲ့ တစ်ပတ်ကို နာရီ ၂၀ အထိ အလုပ်လုပ်ခွင့် ပေးထားပါတယ်။

ဘယ်လို အလုပ်မျိုးတွေ လုပ်ခွင့်ရသလဲ

အများအားဖြင့်သော Retail Shop တွေ စူပါမားကတ်တွေ , Hospitality Industries, Hotel, Restaurant, Petrol Stations, Cinemas, Call Center တွေမှာ အလုပ်လုပ်ခွင့် ရကြပါတယ်။ မိမိအနေနဲ့ ကံကောင်းရင် ကောင်းသလို ကိုယ်လေ့လာနေတဲ့ ဘာသာရပ်နဲ့ ပတ်သက်တဲ့ Industry မှာပါ လုပ်ခွင့် ရပါတယ်။

အလုပ် ဘယ္လိုရွာလို႕ ရပါသလဲ

မိမိအနေနဲ့ အလုပ်မရှာခင် မိမိရဲ့ CV ကိုကောင်းမွန်စွာ ကြိုတင် ပြုပြင်ထားသင့်ပါတယ်။ အင်တာဗျူးအတွက် ကြိုတင်ပြင်ဆင်ပြီးလျှင် စူပါမားကတ်, စားသောက်ဆိုင်တို့မှာ သွားပြီး အလုပ်ခေါ်ထားတာ ရှိပါသလားဆိုပြီး မေးနိုင်ပါတယ်။ နောက်ထပ် Job Agency တွေဖြစ်တဲ့ Seek, MyCareer, CareerOne and ApplyDirect တို့မှာလည်း ရှာဖွေနိုင်ပါတယ်။ အကောင်းဆုံးကတော့ မိမိအနေနဲ့ အလုပ်မလျှောက်ခင် ကိုယ်လုပ်မယ့် အလုပ်အကြောင်းကို သေချာ လေ့လာပြီးသွားမယ် ဆိုရင် ပိုပြီးတော့ အလုပ်ရဖို့များပါတယ်။ ဘယ်အလုပ်ရှင်မဆို ကိုယ့်လုပ်ငန်း အကြောင်းကို သိထားတဲ့လူမျိုးကို ခန့်ချင်တာပါပဲ သူတို့ အတွက် အချိန်ကုန်လည်း သက်သာတယ်လေ။ ဒီတော့ အလုပ်မရှာခင် ဒီအချက်လေးတွေကို ပြင်ထားပြီးသွားရင် ပိုကောင်းပါတယ်။ အလုပ်ရဖို့ဆိုတာ မိမိကိုယ်တိုင်က ၁၀၀% တာ၀န်ယူရမှာ ဖြစ်ပါတယ်။

တစ်နာရီကို ၀င်ငွေ ဘယ်လောက် ရပါသလဲ

ဒါကတော့ ကိုယ်လုပ်ရမယ့် အလုပ်ပေါ်လည်း မူတည်တယ်ဆိုပေမယ့် သြစတြေးလျမှာ အနိမ့်ဆုံးအနေနဲ့ 16$ မှ 25$ အထိရကြပါတယ်။ လစာကိုတော့ လုပ်ငန်းရှင်အများစုက နှစ်ပတ်တစ်ခါ ရှင်းတာမျိုး ရှိပါတယ်။

လစာကို ဘယ်လို လက်ခံမလဲ

သြစတြေးလျမှာ အများအားဖြင် လစာတွေ ပေးချေရာမှာ Cashless System သွားတဲ့အတွက် မိမ်ိအနေနဲ့ လုပ်အားခ လက်ခံဖို့ရာ ဘဏ်အကောင့်တစ်ခု ရှိထားမှ အဆင်ပြေမှာ ဖြစ်ပါတယ်။ ဘဏ်အကောင့်တစ်ခု ဖွင့်ဖို့ဆိုရင်
A copy of your welcome letter, passport, student ID or proof of enrolment, Australia mobile number အစရှိသဖြင့် ပေးရပါတယ်။

သြစတြေးလျမှာ Transportation ကို တစ်လ ဘယ်လောက် ကုန်ကျနိုင်သလဲ

Transportation အနေနဲ့ ဘက်စ်ကား, ရထား, သံလမ်းရထား, ဖယ်ရီ အစရှိသဖြင့် ရှိပါတယ်။ ဘယ် Transportation က ကိုယ့်အတွက် အဆင်ပြေမလဲဆိုတာကတော့ ကိုယ်နေထိုင်တဲ့ နေရာပေါ်မှာလည်း မူတည်ပါတယ်။

Public Transportation တွေရဲ့ စရိတ်ကလည်း မိမိနေထိုင်တဲ့ နေရာပေါ်မှာ မူတည်ပြီး အနည်းနှင့်အများ ကွားခြားမှုရှိပါတယ်။ ဒါတွေကတော့ မြို့တစ်မြို့ချင်းစီရဲ့ အကြမ်းအားဖြင့် တစ်ပတ်စာ Transportation Cost ဖြစ်ပါတယ်။
ပျမ်းမျှ ဘက်စ်ကား လက်မှတ် ကုန်ကျငွေ = 3.3 AUD
ဆစ်ဒနီ လေဆိပ်ကနေ ဘက်စ်ကားခ ကုန်ကျငွေ = 14 AUD
မဲလ်ဘုန်း လေဆိပ်ကနေ ဘက်စ်ကားခ ကုန်ကျငွေ = 16 AUD
ဆစ်ဒနီ ဖယ်ရီ ပျမ်းမျှ လက်မှတ်စျေး = 5.5 AUD nearest zone
ဘက်စ်ကားဖြင့် သွားလာစရိတ် တစ်ရက်တာ ပျမ်းမျှ ကုန်ကျငွေ= 7.8 AUD
သံလမ်းရထား ပျမ်းမျှ လက်မှတ်စျေး ( one way ) = 2.2 AUD
ရိုးရိုး ရထား ပျမ်းမျှ လက်မှတ်စျေး = 1.8 AUD

တစ်လချင်းကို ပျမ်းမျှဆိုရလျှင်

Sydney = Average 180$ AUD ( per month )
Melbourne = 147 $ AUD
Brisbane = 150$ AUD
Perth = 130 $ AUD
Adelaide = 121 $ AUD
Canberra = 100$ AUD
Gold Coast = 70$ AUD
Newcastle = 100$ AUD
Darwin = 80$ AUD
Hobart = 40$ AUD
တို့ဖြစ်ပါတယ်။

စားသောက်တာ ပျမ်းမျှ ကုန်ကျစရိတ် ဘယ်လောက်ရှိနိုင်မလဲ

ဒါကတော့ ကိုယ်နေတဲ့ နေရာ မြို့အနေအထားမှာ မူတည်သလို ကိုယ်ကိုယ်တိုင်ကလည်း အစားအသောက်ပေါ်မှာ ငွေဘယ်လောက်ထိ သုံးသလဲပေါ်မှာလဲ မူတည်ပါတယ်။ဒီတော့ တစ်ယောက်နဲ့ တစ်ယောက်ဘယ်လောက် ကုန်ကျနိုင်မလဲဆိုတာ မတူပေမယ့် ပျမ်းမျှတွက်ထားတာလေိးကုတော့ ပြောပြပေးသွားမယ်နော်။ အျပင္မွာ စားမယ္ဆိုရင်တော့

Sydney – $15 – $30 per person
Melbourne – $15 – $ 30 per person
Brisbane – $17 – $30 per person
Perth – $20 – $50 per person
Adelaide – $18 – $40 per person
Gold Coast – $15 – $35 per person
New Castle – $23 – $45 per person
Canberra – $16 – $40 per person

အစရှိသဖြင့် ပျှမ်းမျ ကုန်ကျစရိတ် ရှိပါတယ်။ ကိုယ်တိုင် ချက်စားမယ်ဆိုရင်တော့ ၅၀%နီးနီး သက်သာနိုင်ပါတယ်။ သူငယ်ချင်းတွေနဲ့ ပေါင်းနေပြီး ပေါင်းချက်စားရင်တော့ ပိုပြီးတော့ သက်သာနိုင်ပါတယ်။

သြစတြေးလျမှာအိမ်၊ တိုက်ခန်း၊အဆောင်ငှားတာ ကုန်ကျငွေ ဘယ်လောက်ရှိသလဲ

ဖြေ – အကယ်၍ ကိုယ်က သြစတြေးလျကို ပညာသင် သွားတဲ့အချိန်မှာ အသက် ၁၈ နှစ်ပြည့်ပြီးပြီဆိုရင်တော့ မိမိ ငွေကြေးတတ်နိုင်သလို ကွန်ဒို ၊ တိုက်ခန်း ၊ အဆောင် အစရှိသဖြင့် ငှားရမ်းနေထိုင်လို့ရပါတယ်။ ကုန်ကျစရိတ်ကလည်း ကိုယ်နေတဲ့ တိုက်အမျိုးအစား ၊ မြို့ ၊ နေရာအနေအထားပေါ်မှာ မူတည်ပါတယ်။ ကျောင်းသားအများစုကတော့ အဆောင်တွေကို စပ်တူငှားနေထိုင်တာမျိုးများပြီး တစ်ချို့ကလည်း ကိုယ်တက်ရောက်နေတဲ့ ကျောင်းမှာပဲ အဆောင်တွေ ငှားနေလို့ ရတာမျိုး ရှိပါတယ်။ ငွေကြေးကောင်းကောင်း တတ်နိုင်တဲ့သူတွေကတော့ တိုက်ခန်း ၊ ကွန်ဒို အစရှိသဖြင့် ကိုယ်တိုင် ငှားနေကြပါတယ်။

ဒါကတော့ မြို့အလိုက် ပျမ်းမျှ ကုန်ကျစရိတ် ဖြစ်ပါတယ်။

Sydney: Starts at $350 per week.
Melbourne: starts at $290 per week.
Brisbane, Perth: Starts at $270 per week.
Adelaide, Gold Coast, Newcastle & Wollongong: starts at $260 per week

စျေးကြီးတဲ့နေရာမှာဆိုရင် တစ်လကို (900 Sqft) furnished accommodation AU$2,523
ပုံမှန်နေရာလောက်မှာဆိုရင် (900 Sqft) furnished accommodation AU$2,014
နှစ်ယောက်ပေါင်းနေရင် တစ်လစာ ရေ၊ လျှပ်စစ်မီးခ AU$240
စျေးကြီးတဲ့နေရာမှာ တစ်လကို (480 Sqft) furnished studio AU$1,940
ပုံမှန်နေရာမှာဆိုရင် (480 Sqft) furnished studio AU$1,364 အစရှိသဖြင့် ရှိပါတယ်။

ခြုံပြောရမယ်ဆိုရင် တစ်လကို နေထိုင် စားသောက်စားရိတ် AUD 1000 မှ 1200 ကြားရှိပါတယ်။

ကျောင်းတွေကို ဘယ်လို လျှောက်လို့ရမလဲ

အကယ်၍ မိမိဘက်ကနေ တက်ရောက်ချင်တဲ့ ဘာသာရပ်ကို ရွေးချယ်ပြီးသွားပြီ ဆိုတာနဲ့ တက်ချင်သောကျောင်း ဗီဇာအစရှိသဖြင့် ကိစ္စအ၀၀ကို သင်သြစတြေးလျ မရောက်မချင်း Expertမှ အခမဲ့ ကူညီပေးမှာ ဖြစ်ပါတယ်။

သြစတြေးလျကို ထွက်လာခါနီး ဘာတွေ ပြင်ဆင်ထားရမှာလဲ

မိမိအနေနဲ့ ပညာသင်ထွက်လာခါနီးဆိုရင် အရေးကြီးတဲ့ စာရွက်စာတမ်းတွေ ဖြစ်တဲ့ passport, မိမိတက်ရောက်မည့် university သို့ institution မှ လက်ခံရရှိထားသော COE ( Confirmation Of Enrolment ) Letter, ကျောင်းအောင်လက်မှတ်, သြစတြေးလျရောက်ရင် မိမိနေထိုင်မည့် နေရာလိပ်စာ , အစရှိသဖြင့် အရေးကြီးတဲ့ စာတမ်းတွေကို ယူခဲ့ဖို့ မမေ့ဖို့ရယ် မိမိသွားရောက်မည့် နေရာဒေသရဲ့ ရာသီဥတုကို အင်တာနက်ကနေ ကြည့်ပြီး သင့်လျော်မယ့် အ၀တ်အစား, ငွေကြေးအနည်းငယ် အစရှိသဖြင့် ပြင်ဆင် ထားသင့်ပါတယ်။

သြစတြေးလျမှာ ပညာသင်ရင်း ၊ အလုပ်လုပ်ရင်းနဲ့ PR ကော လျှောက်လို့ရပါသလား

ရပါတယ်လို့ပဲ ပြောရပါမယ်။ သြစတြေးလျမှာ ပညာသင်လာတဲ့ နိုင်ငံခြားသား ကျောင်းသား/သူတစ်ယောက်အနေနဲ့ တစ်ပတ်ကို နာရီ ၂၀ အလုပ်လုပ်ခွင့် ရတာကိုတော့ အရင်က ပို့စ်တွေ ဖတ်ဖူးတဲ့ တော်တော်များများ သိကြမှာပါ။ ဒါပြီးရင်ကိုယ်က ဟိုမှ နေတာ နှစ်နှစ် အထက်လည်း ရှိပြီ Bachelor Degree လည်းရထားပြီဆိုရင်တော့ နောက်ထပ်နှစ်နှစ် အလုပ်လုပ်ခွင့်ရပြီး ဒီအတောအတွင်း ကိုယ်က PR ရဖို့အထိ မျှော်မှန်းထားတယ်ဆိုရင် PR ပေးရာမှာ လိုအပ်တဲ့ အမှတ်တွေကို စုဆောင်းနေဖို့လည်း တိုက်တွန်းချင်ပါတယ်။
သြစတြေးလျနိုင်ငံဟာ ဧရိယာ အကျယ်အ၀န်းအနေနဲ့ 7 692 024 ကီလိုမီတာ ရှိပြီး ( မြန်မာနိုင်ငံထက် ပိုကြီး ) လူဦးရေအနေနဲ့ ၂၄ သန်းကျော်သာ ရှိတာကြောင့် migration ပိုင်းကိုလည်း US , UK တို့လိုမျိုး တင်းကြပ်ထားတာမျိုး မရှိပါဘူး။ 2018 ဒေတာအရ သြစတြေးလျမှာ ၇.၃သန်းသော လူတွေမှာ အခြားနိုင်ငံမှ ပြောင်းလာသူများဖြစ်ပြီး ဒါဟာ လူဦးရေရဲ့ ၂၉%ထိ ရှိတယ်လို့ဆိုပါတယ်။

သြစတြေးလျရဲ့ အဓိက လုပ်ငန်းများအနေနဲ့ Construction, Mining, Finance Services အစရှိသောလုပ်ငန်းများရပ်တည်နေပြီး မိမိအနေနဲ့ သြစတြေးလျက သတ်မှတ်ထားတဲ့ လူနေမှု အဆင့်အတန်း ( ပညာရေး ၊ စီးပွားရေး ၊ လူမှုရေး ) အစရှိသဖြင့် အဆင့်အတန်းတစ်ခုကို မှီနေအောင် ကြိုးစားထားဖို့ လိုပါတယ်။ ကိုယ် သြစတြေးလျမှာ ရှိနေတဲ့အချိန် ပုံမှန်လေး လုပ်သွားရင် ရပါတယ်။

Expert Education and Visa Services သည် လွန်ခဲ့သည့် ၂၀၀၃ ခုနှစ်မှစ၍ သြစတြေးလျနိုင်ငံရှိ မြို့ကြီး ရှစ်မြို့နှင့် နိုင်ငံပေါင်း ဆယ်နိုင်ငံတွင် ကျောင်းသားပေါင်း ၂၅၀၀၀ ကျော်ကို ပညာရေး ၊ အလုပ်အကိုင်ဗီဇာ ၊ ပီအာ ရရှိရေး အစရှိသော ၀န်ဆောင်မှုများကို ကူညီ ဆောင်ရွက်လာခဲ့သည်။ Expert ၏ ပွင့်လင်းမြင်သာပြီး တိကျသေချာသော ၀န်ဆောင်မှုများကြောင့် ကျောင်းသားနှင့် ကျောင်းသားမိဘများ၏ ယုံကြည်အားကိုးခြင်းကို ခံရခြင်းသာမက သြစတြေးလျ၏ ထိပ်တန်း တက ္ကသိုလ်များမှလည်း ယုံကြည်စိတ်ချစွာဖြင့် တရား၀င် ကိုယ်စားလှယ်အဖြစ် နှစ်ပေါင်းများစွာ လက်တွဲ လုပ်ကိုင်လာခဲ့ကြသည်။

အကယ်၍ မိမိအနေနဲ့ သြစတြေးလျ သွားရောက်ပြီး ပညာသင်ယူဖို့ စဉ်းစားနေတယ် သို့မဟုတ် သြစတြေးလျ ပညာရေးအကြောင်းကို အသေးစိတ် မေးမြန်းလိုပါက အောက်ပါ ဖုန်းနံပါတ်များကို ဖုန်းဆက် ၍ ဖြစ်စေ Expert ၏ရုံးသို့ ကိယ်တိုင် လာရောက်၍ ဖြစ်စေ အခမဲ့ ဆွေးနွေးနိုင်ပါသည်။

မိဘများအနေနဲ့လည်း မိမိသားသမီး၏ ပညာရေးအတ်ွက ဆွေးနွေးလိုပါက လာရောက်ဆွေးနွေးဖို့ ကြိုဆိုပါသည်။

09751871588, 09790839290, 09751871587

No. (270), Lucky Nice Tower, ဒဂုံစင်တာအနီး ၊ ပြည်လမ်း

မြေနီကုန်း ၊ စမ်းချောင်းမြို့နယ်

Let’s Plan Your Career Together
#RelyOnExpert

September 1, 2020
September 1, 2020

1️⃣ UK နှင့် USA တို့ပြီးလျှင် နိုင်ငံတကာ ကျောင်းသားအများစု အများစု လာရောက်တက်ရောက်ခြင်း

သြစတြေးလျတွင် လာရောက်တက်ရောက်သော နိုင်ငံတကာကျောင်းသားဦးရေမှာ နှစ်စဉ်နှစ်တိုင်း တိုးပွားလာလျက် ရှိပြီး နိုင်ငံပေါင်းစုံ လူမျိုးပေါင်းစုံ ဘာသာစကားပေါင်းစုံတွေကြား မိမိအနေနဲ့ မတူညီကွဲပြားမှုတွေကြားမှာ သင်ယူခွင့် ပိုရရှိနိုင်ပါတယ်။

2️⃣ ကမာ ္ဘ့အဆင့်မီ University နှင့် College များတည်ရှိခြင်း

သြစတြေးလျတွင် ရှိသည့် University နှင့် College အများစုမှာ ကမ ္ဘ္ဘာမှ လက်ခံအသိအမှတ်ပြုခံရပြီး QS World Ranking Top 2% ၀င် ကျောင်းများအပါအ၀င် လက်ရှိ
ကမ ္ဘ္ဘာ့အကောင်းဆုံးသော research institute များလည်း တည်ရှိသောကြောင့် ကမ ္ဘ္ဘာ့အဆင့်မှီ ပညာရေးနှင့် ထိတွေ့ခွင့် ရရှိနိုင်ပါသည်။

3️⃣ ကျောင်းတက်ရင်းနဲ့ အလုပ်လုပ်ခွင့်ရခြင်း

သြစတြေးလျနိုင်ငံတွင် ကျောင်းတက်နေစဉ်ကာလအတွင်း နိုင်ငံတကာမှ ကျောင်းသားများအနေနဲ့လည်း တစ်ပတ်ကို နာရီ၂၀ တိတိ အလုပ်လုပ်နိုင်ပြီး တစ်နာရီကို 15$ မှ 25$ ကြားရရှိနိင်သောကြောင့် တစ်လလျှင် နာရီရှစ်ဆယ်မျှ Part Time လုပ်ရုံဖြင့် ၀င်ငွေ 1500$ နှင့် 2000$ ကြားကောင်းကောင်း ရှာဖွေနိုင်ပါသည်။မိမိသာ အသုံးအဖြုန်းမကြီးပဲ သေချာစုဆောင်း လုပ်ကိုင်မည်ဆိုပါက မိမိ၏နေထိုင်စားသောက်စရ်ိတ်ကို အသာလေး ရှာဖွေ စုဆောင်းနိုင်ပါသည်။

4️⃣ Visa ရရှိရန် အခက်အခဲ မရှိခြင်း

မိမိအနေနဲ့ လိုအပ်တဲ့ Standard တွေ ပြည့်နေရုံနှင့် Visa ရရှိရန် အင်မတန် လွယ်ကူပြီး အခြားသောနိုင်ငံများနှင့် ယှဉ်လျှင် ထင်သလောက် ခက်ခဲမှု မရှိပေ။

5️⃣ Bachelor Degree ထိ ပညာသင်ယူပြီးပါက နောက်ထပ်နှစ်နှစ် work visa ရရှိနိုင်ခြင်း

သြစတြေးလျသည် မိမိနိုင်ငံတွင် Bachelor Degree ထိ ပညာသင်ပြီးပါက နောက်ထပ်နှစ်နှစ် ထပ်နေခွင့်ပေးပြီး အဆိုပါကာလအတွင်း မိမိအနေနဲ့ တစ်ဖက်တစ်လမ်းကနေ အလုပ်လုပ်ရင်း ပညာသင်ယူလို့ ရနိုင်သလို Permanent Resident (PR) လျှောက်ထားလိုပါကလည်း PR အတွက် သတ်မှတ်ထားသော အမှတ်များ မှီနေပါက ဆက်လက်လျှောက်ထားနိုင်ပါသည်။

6️⃣ Technology

သြစတြေးလျသည် Technologically အလွန် ဖွံ့ဖြိုးသည့်နိုင်ငံ ဖြစ်ပြီး မိမိအနေနဲ့ IT နှင့်ပတ်သက်သော ဘာသာရပ်များ သင်ယူမည်ဆိုပါကလည်း သြစတြေးလျသည် အလွန်ပင် သင့်တော်ပါသည်။

Expert Education and Visa Services သည် လွန်ခဲ့သည့် 2003 ခုနှစ်မှစ၍ သြစတြေးလျနိုင်ငံရှိ မြို့ကြီး ရှစ်မြို့နှင့် နိုင်ငံပေါင်း ဆယ်နိုင်ငံတွင် ကျောင်းသားပေါင်း ၂၅၀၀၀ ကျော်ကို ၀န်ဆောင်မှု ပေးခဲ့ပြီး သူ၏ တိကျသေချာပြီး ယုံကြည်စိတ်ချရသော ၀န်ဆောင်မှုများကြောင့် သြစတြေးလျရှိ ထိပ်တန်း University နှင့် College များမှ တရား၀င် ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုခံထားရသည်။

အကယ်၍ မိမိအနေနဲ့ သြစတြေးလျ သွားရောက်ပြီး ပညာသင်ယူဖို့ စဉ်းစားနေတယ် သို့မဟုတ် သြစတြေးလျ ပညာရေးအကြောင်းကို အသေးစိတ် မေးမြန်းလိုပါက အောက်ပါ ဖုန်းနံပါတ်များကို ဖုန်းဆက်၍ ဖြစ်စေ Expert ၏ ရုံးသို့ ကိုယ်တိုင် လာရောက်၍ ဖြစ်စေ အခမဲ့ ဆွေးနွေးနိုင်ပါသည်။

09751871588, 09790839290, 09751871587

 No. (270), Lucky Nice Tower, ဒဂုံစင်တာအနီး , ပြည်လမ်း ၊ မြေနီကုန်း ၊ စမ်းချောင်းမြို့နယ်

#Let‘sPlanYourCareerTogether
#RelyOnExpert

September 1, 2020
ဒီတစ်ပတ်ကတော့ PR ရဖို့အတွက် ဘာတွေလိုအပ်သလဲဆိုတာကို ပြောပြသွားမှာ ဖြစ်ပါတယ်။
2018 မတိုင်ခင်အထိ ဆိုလျှင် PR ရဖို့အတွက် အမှတ် ၆၀ သာ လိုအပ်ပြီး 2018 ကနေ စပြီးတော့ ၆၅ ဖြစ်သွားပါတယ်။
ပထမဆုံးအနေနဲ့ PR အတွက် အောက်ပါအတိုင်း အမှတ်တွက်ပါတယ်။
၁။ အသက်
18-24 years 25points
25-32 years 30points
33-39 years 25points
40-44 years 15points
၂။ အင်္ဂလိပ်
English Competent Proficient Superior
IELTS 6 7 8
PTE 50 65 79
OET C B A
Toefl iBT L-12, R-13, W-21, S-18 L-24, R-24, W-27,S-23 L-28, R-29, W-30, S-26
CAE 169 185 200
Points 0 10 20
၃။ လုပ်ငန်းအတွေ့အကြုံ ( သြစတြေးလျ ပြင်ပ )
Less than 3 years 0
3-4 years 5points
5-7 years 10points
8-10 years 15points
၄။ လုပ်ငန်း အတွေ့အကြုံ ( သြစတြေးလျပြည်တွင်း )
Less than 1 year 0
1-2 years 5 points
3-4 years 10 points
5-7 years 15 points
8-10 years 20 points
၅။ ပညာရေး
သြစတြေးလျမှ ရရှိသော သို့မဟုတ် သြစတြေးလျက အသိအမှတ်ပြု လက်ခံသော ကျောင်းတစ်ကျောင်းမှ ရရှိသော Doctorate Degree ရှိပါက – 20 points
Bachelor or Master Degree – 15 points
Diploma or Trade Qualification in Australia – 10 points
မိမိတက်မြောက်ထားသော skills တစ်ခုခုအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းတစ်ခုခုမှ အသိအမှတ်ပြုထားသော လက်မှတ် တစ်ခုခု – 10 points
အထက်ပါ ဒီဂရီများသည် သြစတြေးလျမှာ ပညာသင်ကြားသည်ဖြစ်စေ မသင်ကြားထားသည် ဖြစ်စေ သြစတြေးလျက အသိအမှတ်ပြုထားသော နိုင်ငံများ သို့ standard တစ်ခုမှီပါက ရသည်။
၆။ သြစတြေးလျတွင် ပညာသင်ကြားထားမှု
သြစတြေးလျရှိ အစိုးရမှ အသိအမှတ် ပြုထားသော institution တစ်ခုခုတွင် တက်ရောက်ပြီး Degree, Diploma or Trade Qualification ရှိထားပါက – 5 Points
၇။ Niche Skills Education
Research မှ master degree or academic year အနည်းဆုံးနှစ်နှစ်ပါ၀င်သော Australia Institution မှ ရရှိသော Doctorate Degree ( 5 points )
၈။ Spouse Skills Point ( 5 points 0
မိမိအနေနဲ့ ပညာသင်ကာလအတွင်း ခင်ပွန်း သို့ ဇနီးကိုပါ Dependent Student Visa အနေနဲ့ခေါ်ထားလို့ ရပြီး အကယ် ၍ ကိုယ်က Bachelor ဒီဂရီ တက်နေတယ်ဆိုရင်တော့ သူလည်း မိမိနဲ့အတူတူ တစ်ပတ်ကို နာရီ ၂၀ အလုပ်လုပ်ခွင့် ရပါတယ်။ ကျောင်းသား/သူက master တက်နေပါက spouse အနေနဲ့ Full-Time အထိပါ အလုပ်လုပ်ခွင့် ရှိပါတယ်။ Spourse Skills Point ကတော့ မိမိ ခင်ပွန်းသို့ဇနီးအနေနဲ့ အသက်က ၄၅ နှစ်အောက် English Test မှာ သတ်မှတ်ထားတဲ့ Basic Score နဲ့ သတ်မှတ်ထားတဲ့ Occupation List ထဲက အလုပ်ကို လုပ်နေတယ်ဆိုရင်လည်း ရရှိမှာ ဖြစ်ပါတယ်။ ၂၀၁၉ နို၀င်ဘာမှာ အမှတ်ပုံစံအောက်ပါအတိုင်း ပြောင်းလဲမယ်လို့လည်း သိရပါတယ်။
Single (Un-married) 10
Spouse is Australian Citizen or PR holder 10
Spouse has Positive Skill Assessment and competent English 10
Spouse has no Skill Assessment but competent English 5
Other Cases 0
စာတော်တော်ရှည်သွားပါတယ် နောက်တစ်ပိုဒ်မှာပဲ ဆက်လက်ရေးပေးပါမယ်။
Expert Education and Visa Services သည် လွန်ခဲ့သည့် ၂၀၀၃ ခုနှစ်မှစ၍ သြစတြေးလျနိုင်ငံရှိ မြို့ကြီး ရှစ်မြို့နှင့် နိုင်ငံပေါင်း ဆယ်နိုင်ငံတွင် ကျောင်းသားပေါင်း ၂၅၀၀၀ ကျော်ကို ပညာရေး ၊ အလုပ်အကိုင်ဗီဇာ ၊ ပီအာ ရရှိရေး အစရှိသော ၀န်ဆောင်မှုများကို ကူညီ ဆောင်ရွက်လာခဲ့သည်။ Expert ၏ ပွင့်လင်းမြင်သာပြီး တိကျသေချာသော ၀န်ဆောင်မှုများကြောင့် ကျောင်းသားနှင့် ကျောင်းသားမိဘများ၏ ယုံကြည်အားကိုးခြင်းကို ခံရခြင်းသာမက သြစတြေးလျ၏ ထိပ်တန်း တက ္ကသိုလ်များမှလည်း ယုံကြည်စိတ်ချစွာဖြင့် တရား၀င် ကိုယ်စားလှယ်အဖြစ် နှစ်ပေါင်းများစွာ လက်တွဲ လုပ်ကိုင်လာခဲ့ကြသည်။
အကယ်၍ မိမိအနေနဲ့ သြစတြေးလျ သွားရောက်ပြီး ပညာသင်ယူဖို့ စဉ်းစားနေတယ် သို့မဟုတ် သြစတြေးလျ ပညာရေးအကြောင်းကို အသေးစိတ် မေးမြန်းလိုပါက အောက်ပါ ဖုန်းနံပါတ်များကို ဖုန်းဆက် ၍ ဖြစ်စေ Expert ၏ရုံးသို့ ကိယ်တိုင် လာရောက်၍ ဖြစ်စေ အခမဲ့ ဆွေးနွေးနိုင်ပါသည်။
မိဘများအနေနဲ့လည်း မိမိသားသမီး၏ ပညာရေးအတ်ွက ဆွေးနွေးလိုပါက လာရောက်ဆွေးနွေးဖို့ ကြိုဆိုပါသည်။
09751871588, 09790839290, 09751871587
 No. (270), Lucky Nice Tower, ဒဂုံစင်တာအနီး ၊ ပြည်လမ်း
မြေနီကုန်း ၊ စမ်းချောင်းမြို့နယ်
Let’s Plan Your Career Together