fbpx
September 1, 2020
မိမိတက်ရောက်ထားသော ဘာသာရပ်နှင့် မြို့အလိုက် မိမိရရှိတဲ့ ဗီဇာနှုန်းထားက ကွာခြားမှု ရှိပါတယ်။
Post-Graduate Program (Bachelor, Master or Doctorate) ပြီးထားတဲ့ နိုင်ငံတကာကျောင်းသားတွေအနေနဲ့ Sydney, Melbourne, Brisbane တို့မှာ ဆိုရင် နှစ်နှစ်ကြာ အလုပ်ဗီဇာ ရရှိပြီး Canberra, Perth, Adelaide, Hobart တို့မှာဆိုရင် ၃ နှစ် အထိ ရရှိကြပြီး အခြားသော Regional State ကို သွားရောက်ပါက လေးနှစ်အထိ ရရှိနိုင်ပါတယ်။
နောက်တစ်ခုဖြစ်တဲ့ Graduate Work Stream (skills and qualifications က specific occupation list ထဲပါ၀င်သူ ဥပမာ – Early Childhood, Commercial Cookery) တို့လို ဘာသာရပ်တွေ ပညာသင်ယူသူတွေအနေနဲ့ ဆိုရင်တော့ နှစ်နှစ်ကြာ Certificate နှင့် Diploma ပြီးရုံနှင့် ၁၈လကြာ အလုပ်ဗီဇာ
ရရှိနိုင်ပါတယ်။
ဒီဗီဇာ နှစ်ခုလုံးကို Subclass – 485 လို့ခေါ်ပါတယ်။
သင်ကော လက်ရှိ သြစတြေးလျမှာ ပညာသင်ယူနေပြီလား ??
အခုမှ သင်ယူဖို့ စဉ်းစားနေတုန်းလား ??
သင်သင်ယူချင်တဲ့ ဘာသာရပ်နဲ့ သင်ပညာသွားရောက်မယ့် မြို့နဲ့ဆိုရင် သင့်အနေနဲ့ ဘယ်လို အခွင့်အရေးတွေကို ရရှိနိုင်သလဲဆိုတာကို သိရှိလိုပါက 09790839290 ကို ဆက်သွယ်ပြီး EEVS ရဲ့ Qualified Education Counselor များထံမှ အခမဲ့
အကြံဥာဏ်များ ရယူနိုင်ပါပြီ။
September 1, 2020

၁။ Plagiarism is not allowed

Plagiarism သည် သူတစ်ပါး၏ Idea သို့ ဖန်တီး
ထားသော အရာတစ်ခုကို မိမိ Idea ယောင်ယောင် ဖြန့်ဝြေခင်းကို ဆိုလိုပါသည်။ လူတစ်ယောက်က တီထွင်ဖန်တီးထားသော ဘယ်လို အရာမျိုးကို မဆို မိမိအနေနဲ့ ပိုင်ဆိုင်သူ၏ ခွင့်ပြုချက် ရယူ၍ ဖြစ်စေ သို့မဟုတ် reference ပေး၍ ဖြစ်စေ အသုံးပြုသင့်ပါသည်။
၂။ Referencing

ကျောင်းသားများအနေနဲ့ Assignment များပြုလုပ်ပါက အင်တာနက်ပေါ်မှာ ဖြစ်စေ သို့မဟုတ် အခြားတစ်နေရာမှာ ဖြစ်စေ အချက်အလက်များကို ရှာဖွေပြုစုရပါသည်။ Assignment တင်ပါကလည်း မိမိရှာဖွေ ရယူထားသော Data ကို ဘယ်ကနေ ရယူထားကြောင်းကို reference ပေးရန်မှာ အင်မတန် အရေးကြီးပါသည်။
၃။ Working In Groups

သြစတြေးလျနိုင်ငံ ပညာရေးသည် team work ကို အင်မတန် ဦးစားပေးသည့်အတွက် မိမိအနေဖြင့် မည့်သည့် ဘာသာရပ်ကို မဆို လေ့လာနေသည် ဖြစ်စေ Group Presentation, Group Work ကို ပြုလုပ်ရသည့် အခန်းများပါ၀င်ပါသည်။ အခုလို Group Assignments များ ပြုလုပ်ရသည့် အခါ မိမိရရှိမည့် အမှတ်မှာ မိမိတစ်ယောက်တည်း၏ Skills တစ်ခုတည်းမှာပဲ မမူတည်ပဲ အသင်းလိုက်စွမ်းဆောင်ရည်ပေါ်မှာ မူတည်သောကြောင့် မိမိအနေဖြင့် အသင်းတစ်သင်းကို manage ဘယ်လောက်ထိ ပြုလုပ်နိုင်သလဲ အစရှိသည်ပေါ်မှာလည်း မူတည်ပါသည်။

၄။ Independent Thinking

သြစတြေးလျပညာရေးသည် လူတိုင်း၏ ပင်ကိုယ် အတွေးအခေါ်ကို အင်မတန် အလေးထားသော နိုင်ငံဖြစ်သည်။ ကျောင်းသား အခြေပြု ပညာရေးစနစ် ဖြစ်သည့်အလျောက် ဆရာ/ဆရာမများသည် Interactive Learning Style မျိုးဖြင့် သင်ကြားလေ့ရှိပြီး အတန်းထဲမှာလည်း ဘာသာရပ်တစ်ခုခု သင်ကြားပါက ကျောင်းသားများ၏ တစ်ဦး တစ်ယောက်ချင်းစီ အတွေးအခေါ်ကို မှန်သည် ဖြစ်စေ မှားသည် ဖြစ်စေ အင်မတန် အလေးထားသော နိုင်ငံဖြစ်သည်။ မေးခွန်းများများ မေးသည့် ကျောင်းသား/သူမျိုးကို ဆရာများမှ အင်မတန် သဘောကျလေ့ရှိသည်။

၅။ Assignment not Exams

ကျောင်းများမှာ တစ်ပတ်ကို နာရီ နှစ်ဆယ်သာ တက်ရောက်ရပြီး သြစတြေးလျကျောင်း များ၏ ပညာရေး အမှတ်ပေးပုံ နည်းစနစ်မှာ Assignment နှင့် Essay Base ပိုများသောကြောင့် မိမိအနေဖြင် ပညာသင်ကြားနေစဉ်ကာလ အတွင်း ပုံမှန်လေး ပြုလုပ်သွားဖို့ လိုအပ်ပါသည်။

Reference : Insiderguide

EEVS မှ တစ်ဆင့် သြစတြေးလျနိုင်ငံရဲ့ ထ်ိပ်တန်း College, Institute နှင့် University များသို့ တိုက်ရိုက် ၀င်ခွင့် လျှောက်ထားနိုင်ပါပြီ။

EEVS လျှောက်ထားခြင်းရဲ့ အကျိုးကျေးဇူးတွေက ဘာတွေ ဖြစ်မလဲ ??

• မိမိနှစ်သက်ရာ ကောလိပ်၊ တက ္ကသိုလ်များကို စိတ်တိုင်းကျ လျှောက်ထားနိုင်ခြင်း။

• ကျောင်းလျှောက်သည်မှ စတင်ပြီး ဗီဇာ ကိစ ္စအ၀၀ကို အခမဲ့ လျှောက်ထားပေးခြင်း

• လေဆိပ်သို့ လာရောက်ကြိုဆိုပေးခြင်း

• နေထိုင်စရာနေရာ အသေးစိတ် စီစဉ်ပေးခြင်း

• မိမိ Budget နှင့် ကိုက်ညီသော ကျောင်းများကို ရှာဖွေနိုင်ရန် ကူညီပေးခြင်း

• အရစ်ကျစနစ်ဖြင့် ပေးသွင်းနိုင်ရန် စီစဉ်ပေးခြင်း

• အချိန်ပိုင်း အလုပ်အကိုင်များနှင့် ပတ်သက် ၍ Training များ ပေးခြင်း

• ကျောင်းပြီးသွားလျှင်လည်း အလုပ်အကိုင်ဗီဇာနှင့် ပတ်သက်ပြီး ၀န်ဆောင်မှုရယူနိုင်ခြင်း

• သြစတြေးလျနိုင်ငံတွင်လည်း လိုအပ်သော အကူအညီများ ထပ်မံရယူနိုင်ခြင်း
နှင့် အခြားသော အခွင့်အရေးများကို ရရှိနိုင်ပါသည်။

သင်လည်း သြစတြေးလျမှာ ပညာသင်ယူဖို့ အိပ်မက်မက်နေပါသလား ?? EEVS ရဲ့ အပြင်းပြဆုံး ဆန္ဒက သင့်ရဲ့ အိပ်မက်ခရီးလမ်းကြောင်းမှာ ထောင့်တစ်နေရာကနေ ပါ၀င်ကူညီပေးဖို့ပါ။

သင့်အတွက် ကျောင်းလျှောက်သည်မှ စတင်၍ ဗီဇာ ကိစ္စ ,လေယာဉ်လက်မှတ်ဖြတ်ခြင်း , နေထိုင်စရာနေရာရှာဖွေခြင်း , အချိန်ပိုင်းအလုပ် ရှာဖွေနည်း၊ လေဆိပ်အကြို
ကိစ္စအ၀၀ကို ၀န်ဆောင်ခအခမဲ့ဖြင့် ဆောင်ရွက်ပေးနေပါပြီ။

သြစတြေးလျပညာရေးနှင့် ပတ်သက်၍ Expert အားဆက်သွယ်နိုင်သော ဖုန်းနံပါတ်များမှာ –
09751871587,09751871588 တို့ကို ဆက်သွယ်နိုင်ပါတယ် ။

Location: No.(270), Lucky Nice Tower,( Same Building With JDonuts), Pyay Road, Myay Ni Gone, Sanchaung
Let’s Plan Your Career Together
myanmar@experteducation.com.au

#SaturdayFacts
#DontSettleForSecondBest
#RelyOnExpert

September 1, 2020
International Medical Graduate (IMG) တစ်ယောက်အနေနဲ့ သြစတြေးလျနိုင်ငံမှာ Medical Practice ပြုလုပ်ဖို့ သူရထားတဲ့ ဘွဲ့ဒီဂရီက Australian Medical Council (AMC) နဲ့ WDMS (World Directory of Medical Schools) နှစ်ခုလုံးကနေ Recognize ဖြစ်ဖို့လိုတယ်။ AMC က WDMS မှ အသိအမှတ်ပြုမှ တစ်ဆင့် Recognize လုပ်တာ ဖြစ်ပါတယ်။
WDMS မှာ ၀င်ကြည့်တော့ မြန်မာနိုင်ငံက အသိအမှတ်ပြုတဲ့ ဆေးကျောင်းတွေအနေနဲ့
Defence Services Medical Academy (Mingalardon )
University of Medicine 1 (Yangon)
University of Medicine 2 (Yangon)
University of Medicine Magway
University of Medicine Mandalay
University of Medicine Taunggyi
တို့ ရှိနေပါတယ်။
Australia နိုင်ငံမှာ International Medical Graduate တစ်ယောက်အနေနဲ့ Registration ရရှိဖို့ ဘယ်လို Step တွေ ရှိနိုင်မလဲ??
Competent Authority Pathway (Part A)
1. ပထမဆုံးအနေနဲ့ ကိုယ့်ဒီဂရီက Directory of World Medical Schools နဲ့ Australian Medical Council က အသိအမှတ်ပြုဖြစ်ဖို့လိုပါတယ်။ (https://search.wdoms.org) ဒီထဲမှာ သွားကြည့်လို့ရပါတယ်။
2. ECFMG ( Educational Commission for Foreign Medical Graduates ) မှတစ်ဆင့် လျှောက်ထားဖို့ EPIC Account ဖွင့်ထားရပါမယ်။ ( https://www.ecfmgepic.org/physicians-getting-started.html)
3. Reason to Apply မှာ “Australia Medical Council” လို့ရွေးချယ်ပေးရပါမယ်။
4. မိမိရဲ့ Qualification နှင့် Identity Documentsများနှင့် အခြား ဆက်စပ်သော Documents များကို EPIC အကောင့်အတွင်း Upload လုပ်ရပါမယ်။ (AUD 125 ကျသင့်ပါတယ်။)
5. သင်တက်ရောက်ခဲ့တဲ့ College သို့မဟုတ် University က World Medical Directory အောက်မှာ Registered ဖြစ်ရပါမယ်။ မြန်မာနိုင်ငံမှ စာရင်းသွင်းထားသော University စာရင်းများ ပေးထားပါတယ်။
6. ECFMG မှ သင်တက်ရောက်ခဲ့တဲ့ College သို့မဟုတ် University ကို Post (not mail) မှ တစ်ဆင့် ဆက်သွယ်ပြီး သင်တက်ရောက်ခဲ့ခြင်းရှိမရှိ သင့်ရဲ့ စာရွက်စာတမ်းတွေနဲ့ ပတ်သက်ပြီး confirmation လုပ်ပါမယ်။ Confirmation Letter ကို တာ၀န်ရှိသူမှ DHL မှ တစ်ဆင့် ECFMG မှ စာတမ်းတွင် သတ်မှတ်ထားသော လိပ်စာသို့ ပြန်လည် Delivery လုပ်ပေးရပါမယ်။
7. သင် တက်ရောက်ထားတဲ့ College သို့မဟုတ် University မှ Delivery ပြုလုပ်ပေးရန် မအားပါက သင်ကိုယ်တိုင် Delivery ပြုလုပ်ရန် တောင်းဆိုနိုင်ပါတယ်။
Examination (Part B)
စာမေးပွဲအတွက် အပိုင်းနှစ်ပိုင်းခွဲခြားထားပါတယ်။ စာမေးပွဲနှစ်ပိုင်းလုံးကို Australian Medical Council မှ စစ်ဆေးမှာ ဖြစ်ပါတယ်။ Part 1 အောင်မြင်မှ Part 2 ကို ဆက်လက်ဖြေဆိုခွင့်ရှိပါတယ်။
1. Part 1 – Multiple Choice Question ( အချိန် – ၁၈၀ မိနစ် ) စာမေးပွဲကြေး – Approx AUD $3000
IELTS ကို Each Band 7 ရရှိဖို့လိုအပ်ပါတယ် သို့ PTE – 65 each or OET B in each ရရှိဖို့လိုအပ်ပါတယ်။ ဒီအချိန်ကာလအတွင်းမှာ အလုပ်လျှောက်ထားနိုင်မှာ ဖြစ်ပေမယ့် မိမိအနေနဲ့ တရား၀င် Registered ဖြစ်သေးမှာတော့ မဟုတ်ပါဘူး။ Provisional Assessment ရရှိဖို့အတွက် သင့်အနေနဲ့ Hospital သို့ Clinic တစ်ခုကနေ Job Offer ရရှိဖို့ လိုအပ်ပါတယ်။ တစ်ချို့ Hospital နှင့် Clinic များမှ လိုအပ်ချက်နှင့် relationship အရ စပွန်ဆာပေးတာမျိုး ရှိပါတယ်။
2. Part- 2 – Clinical Behavior
အားလုံးလက်တွေ့ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ စာမေးပွဲကြေး 3800$ ကျသင့်မှာ ဖြစ်ပါတယ်။ လျှောက်ထားသူမှာ medical stations 16 ခုမှာ မတူညီသော လူနာများနှင့် assign ချထားခံရမှာ ဖြစ်ပါတယ်။ Assigned ချခံထားရသော လူနာနှင့် ပတ်သက်ပြီး အမေးအဖြေများ ရှိမှာ ဖြစ်ပါတယ်။ လျှောက်ထားသူအနေနဲ့ လူနာရဲ့ အခြေအနေကို ရှစ်မိနစ်အတွင်း Analyze ပြုလုပ်ပြီး Test Taker သို့ အဖြေပို့ပေးရမှာ ဖြစ်ပါတယ်။ သင့်အနေနဲ့ အောင်မြင်ဖို့ 16 Station အနက် 11 Station တွင် အောင်မြင်ဖို့လိုအပ်ပါတယ်။ ( အောင်ချက်သတ်မှတ်နှုန်း နှစ်စဉ်နှစ်တိုင်း အပြောင်းအလဲ ရှိပါတယ်။ )
Part 2 စာမေးပွဲလည်း ပြီးဆုံးပါက သင့်အနေနဲ့ full general registration ရရှိဖို့ အနည်းဆုံး full-time တစ်နှစ် အလုပ်လုပ်ရမှာ ဖြစ်ပါတယ်။ Full Registration ရရှိပါက သင့်နာမည်ကို AHPRA (Australian Health Practitioner Regulation Agency) တွင် ဖော်ပြသွားမှာ ဖြစ်ပါတယ်။
Part 1 အတွက် သင့်အနေနဲ့ သြစတြေးလျနိုင်ငံတွင် ကျောင်းသားဗီဇာအနေနဲ့ ရှိထားပါက အလုပ်ဗီဇာ နှစ်နှစ်တိတိ ရရှိနိုင်သောောကာင့် ပိုပြီးလွယ်ကူစေပါတယ်။ Part 1 အတွက်လည်း Preparation စာမေးပွဲများရှိပါတယ်။
အထက်ပါ အချက်အလက်အားလုံးမှာ AMC နှင့် AHPRA တို့၏ Policies များပေါ်မူတည် ၍ နှစ်စဉ်အပြောင်းအလဲ ရှိနိုင်ပါတယ်။
September 1, 2020

သြစတြေးလျနိုင်ငံတွင် Higher Education ၌ Accounting, IT, Engineering တက်ရောက်နေပြီး မကြာခင် အလုပ်ဗီဇာလျှောက်ပြီး အလုပ်ခွင်၀င်တော့မည့် ကျောင်းသား/သူများအနေဖြင့် အလုပ်အကိုင်အတွေ့အကြုံပိုမို ရရှိစေရန် Professional Year ပြုလုပ်ရန် လိုအပ်ပါသည်။

Professional Year ဆိုတာဘာလဲ ??

Professsional Year သည် Accounting, IT နှင့် Engineering နယ်ပယ်တွင် Bachelor သို့ Master ပြီးမြောက်ပြီး အလုပ်ဗီဇာ ရရှိသော ကျောင်းသား/သူများအနေဖြင့် သြစတြေးလျနိုင်ငံတွင် အလုပ်အကိုင်အခွင့်အလမ်းနှင့် အတွေ့အကြုံ ပိုမို ရရှိစေရန် ၁၀လ ကြာမျှ ပြုလုပ်ရသော course တစ်ခုလည်း ဖြစ်သည်။

ဒီ course တက်ရောက်ခြင်းရဲ့ အကျိုးကျေးဇူးတွေက ဘာတွေဖြစ်မလဲ ?
• သင့်အနေနဲ့ လက်တွေ့လုပ်ငန်းခွင်နဲ့ ပတ်သက်ပြီး ပိုမို သိရှိလာမယ်။
• အနည်းဆုံး 3 months Internship အခွင့်အရေးရပါမယ်။
• အမြဲတမ်းနေထိုင်ခွင့် လျှောက်ထားလိုပါက လိုအပ်တဲ့ ၅ မှတ် အပိုရပါမယ်။

ကုန်ကျစရိတ် ဘယ်လောက်ရှိပါသလဲ ??

Accounting နှင့် ပြီးထားသူများအတွက် $ 6000 မှ $ 8000 ကြား ကုန်ကျနိုင်ပါသည်။
IT နှင့် ပြီးထားသူများအတွက် $8000 မှ $ 10500 ကြား ကုန်ကျနိုင်ပါသည်။
Engineering နှင့် ပြီးထားသူများအတွက် $ 13000 မှ $ 15500 ကြား ကုန်ကျနိုင်ပါသည်။

ဘယ်မှာ လျှောက်လို့ ရနိုင်ပါသလဲ ??

သြစတြေးလျနိုင်ငံ EEVS ၏ သက်ဆိုင်ရာ ပြည်နယ်တိုင်းမှာ ရှိတဲ့ ရုံးများသို့ သွားရောက်ပြီး လျှောက်ထားနိုင်ပါသည်။

ဘယ်မြို့တွေမှာ ရုံးခွဲတွေ ရှိပါသလဲ ?

Sydney, Melbourne, Brisbane, Adelaide, Paramatta, Perth, Gold Coast, Canberra, Tasmania တို့မှာ ရှိပါတယ်။

ဘယ်လို ၀န်ဆောင်မှုတွေကို ရယူနိုင်ပါသဲ ?

Visa Extension, Professsional Year, PTE Preparation, Migration, Graduate Work Visa, Tax Return တို့နှင့် ပတ်သက်ပြီး ရယူနိုင်ပါတယ်။

ဘယ်ဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါသလဲ ??

09790839290, 045724021 တို့ကို ဆက်သွယ်ပြီး အသေးစိတ် စုံစမ်းမေးမြန်းနိုင်ပါတယ်။

#LetsPlanYourCareerTogether
#RelyOnExpert

September 1, 2020

ဩစတေးလျနိုင်ငံမှာ လက်ရှိ ကျောင်းတက်နေပြီး အနည်းဆုံး (၁၂) လ အချိန်ပိုင်းအလုပ်လုပ်နေသူတွေအတွက် ကိုယ့်ရဲ့ Superannuation Fund ကနတစ်ဆင့် AUD 10,000 အထိ ထုတ်လို့ ရနိုင်ပါတယ်နော်…

Superannuation Fund ဟာ တစ်သက်မှာ တစ်ခါတည်း ထုတ်လို့ရတာ ဖြစ်ပေမယ့်လည်း COVID-19 အခြေအနေ ဆုံးရှုံးမှုတွေအတွက် ဩစတေးလျ အစိုးရက ကြိုတင်ထုတ်ခွင့် ပေးလိုက်တာပါ။ (သတ်မှတ်ထားတဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီရင်)

Superannuation ဆိုတာ ဘာလဲ?

Superannuation ဆိုတာကတော့ ဩစတြေးလျမှာ အလုပ်လုပ်ကြတဲ့ သူတိုင်း ရရှိကြတဲ့ ပင်စင်စား ရပိုင်ခွင့် သဘောမျိူး ဖြစ်ပါတယ်။ ဘယ်အလုပ်အကိုင်နယ်ပယ် မှာပဲ လုပ်လုပ် ကိုယ့်အလုပ်ရှင်က ကိုယ့်လုပ်အားခရဲ့ တစ်စိတ်တစ်ပိုင်းကို (၂၀၂၀ သတ်မှတ်ချက်အရ ၉.၅၀ % ) ကို လစဉ် (လုပ်အားခအပြင် အပိုထပ်ဆောင်း) စုဆောင်းပေးရပါတယ်။ နှစ်တွေ ကြာလာလို့ အလုပ်တွေ ပြောင်းရင်လည်း ကိုယ့်ရဲ့ super က ရပ့်တန့်သွားခြင်း မရှိပါဘူး။

ဩစတေးလျနိုင်ငံမှာ ကျောင်းတက်ရင်း အလုပ်လုပ်ခြင်းရဲ့ အကျိူးကျေးဇူး တစ်ခုပေါ့။

အသေးစိတ်ကိုတော့ အောက်က လင့်ကနေ တစ်ဆင့် လေ့လာနိုင်ပါတယ်။

https://www.ato.gov.au/individuals/super/withdrawing-and-using-your-super/early-access-to-your-super/?fbclid=IwAR1t6UnW4DeeSFlxSvkMZoS4D2WT2lZNAuTBOdEqec2iGZ7XDeXHewMlDN8

Keep Safe! ဒီလိုကာလအတွင်းမှာ မြန်မာကျောင်းသားတွေအနေနဲ့ တစ်ခုခု တိုင်ပင်ဆွေးနွေးချင်တာပဲဖြစ်ဖြစ်၊ အကူအညီတစ်စုံ လိုအပ်တာပဲ ဖြစ်ဖြစ် အခမဲ့ ဖုန်းခေါ်ပြီး ဆွေးနွေးနိုင်ပါတယ်။

Superannuation နှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက

EEVS (Sydney) – 0426169738
EEVS (Myanmar) – 09790839290 ကို ဆက်သွယ်ပြီး မေးမြန်းနိုင်ပါတယ်။

#LetsPlanYourCareerTogether
#RelyOnExpert

August 31, 2020
Sydney, Melbourne, Brisbane, Adelaide, Paramatta, Perth, Gold Coast, Canberra, Tasmania တို့မှာ ရှိတဲ့ သင်နဲ့ နီးစပ်တဲ့ EEVS ရုံးကို သွားရောက်ပြီး
• Visa Extension • Tax Return • Temporary Graduate Visa • General Skilled Migration • Skills Assessment • Employer Sponsored Visas • Partner Visa • Visitor Visa • Post Graduate Work Visa နှင့် Diploma ပြီးမြောက်သူများအနေနဲ့ Bachelor, Bachelor ပြီးမြောက်သူမျာအနေနဲ့ Master တက်ရောက်ဖို့အတွက် အခမဲ့ Consultation ကို ရယူနိုင်ပါသည်။
သြစတြေးလျနိုင်ငံတွင် ရှိသော EEVS ၏ ရုံးခွဲ လိပ်စာများမှာ –
Expert Education and Visa Services Sydney (Head Quarter) Level 6, 263 Clarence Street (5042.54 mi), Sydney, Australia 2000 Contact No. +61 415724021
Expert Education and Visa Services Melbourne Level 3, 313 Flinders Lane (4931.61 mi), Melbourne, Victoria, Australia 3000 Contact No. +61396420138
Expert Education and Visa Services Canberra Unit 7, Level 1, Cretonia House 32-36, Nettleford Street, Belconnen (4998.66mi), Canberra, Australian Capital Territory 2617 Contact No.+61452400026
Expert Education and Visa Services Adelaide Level 2, 90 King William Street (4535.63mi), Adelaide, South Australia 5000 Contact No. +61871202667
Expert Education and Visa Services Perth Level 1, 26 Milligan Street (3616.84mi), Perth, Western Australia 6000 Contact No. +61862619870
Expert Education and Visa Services Brisbane Solace Financial House, Level 7, 97 Creek Street, (4889.71mi), Brisbane, Queensland, Australia 4000 Contact No.+61730756756
Expert Education and Visa Services Gold Coast (Opposite of TAFE QLD) Go1, 89 Scarborough Street, Southport (4928.06mi), Gold Coast, Queensland 4215 Contact No. + 61414076399
Expert Education and Visa Services Hobart Ground Floor, 73 Murray Street (5252,67mi) Hobart, Tasmania 7000 +61450480131 တို့ကို သွားရောက် ဆက်သွယ်ပြီး အခမဲ့ Consultation ကို ရယူနိုင်ပါတယ်။
#RelyOnExpert