fbpx
August 31, 2020

Australian Qualifications Framework (AQF) ဆိုတာ သြစတြေးလျနိုင်ငံမှာ ရှိတဲ့ ပညာရေးဝန်ဆောင်မှု ပေးသူတွေ ကို ကွပ်ကဲဖို့၊ ပညာရေးရပ်ဝန်းတစ်ခုလုံးကို ထိန်းကျောင်းဖို့နဲ့ အရည်အသွေး ထိန်းသိမ်းမြှင့်တင်ဖို့ စတာတွေအတွက် သြစတြေးလျအစိုးရက ပြ ဋ္ဌာန်းထားတဲ့ national policy တစ်ခု ဖြစ်ပါတယ်။

AQF ကို ၁၉၉၅ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့ပြီး သြစတြေးလျနိုင်ငံ တစ်နိုင်ငံလုံးမှာ ရှိတဲ့ Secondary Education မှ စပြီး Higher Educaiton, Doctorate Studies (Research) အဆုံး Education Framework တစ်ခုလုံးကို ကိုယ်စားပြုပါတယ်။

 AQF Level အရ သြစတြေးလျနိုင်ငံမှာ ရှိတဲ့ Diploma ၊ Degreee များကို အောက်ပါအတိုင်း Level သတ်မှတ်ထားပါတယ်။ တစ်ချိူ့ဘွဲ့တွေဟာ ကျောင်းသားတွေရဲ့ ပညာအရည်အချင်း၊ accrediated parthway နဲ့ university/college တွေပေါ် မူတည်ပြီး Level ထပ်တူတာတွေ တွေရှိပေမယ့်လို့ ဘွဲ့အားလုံးဟာ AQF Framework ရဲ့ တိုက်ရိုက်ကွပ်ကဲမှု အောက်မှာ ရှိကြပါတယ်။

Secondary Education
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️

1. Secondary High School
2. Certificate I
3. Certificate II

Vocational Education Training (VET)
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️

1. Certificate I
2. Certificate II
3. Certificate III
4. Certificate IV
5. Diploma
6. Advanced Diploma

Higher Education Sector
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️

7. Associate Degree = Advanced Diploma
8. Bachelor
9. Bachelor Honours Degree
10. Graduate Certificate
11. Graduate Diploma
12. Master
13. Doctorate
14. Research

Australian Qualitifications Framework ထဲ မ၀င်သော Certificate နှင့် Degree များကို သြစတြေးလျအစိုးရမှ အသိအမှတ်ပြုခြင်း မရှိပါဘူး။

EEVS မှာလည်း တရားဝင် (RTO) လိုင်စင်ရ ကျောင်းတွေနဲ့ AQF အသိအမှတ်ပြု ဘွဲ့တွေကိုသာ ကျောင်းသား၊ကျောင်းသူတွေအတွက် လျောက်ပေးပါတယ်။

#LetsPlanYourCareerTogether
#RelyOnExperts

Image may contain: 1 person, text that says 'EEVS EXPERT &I AUSTRAILIA သို့ ပညာသင်သွားရောက်မည့်သူများ သိထားသင့်သောအရာများ အပိုင်း(၃) www.experteducation.com.au'
August 31, 2020

ဒီဆောင်းပါးလေးရဲ့ ရည်ရွယ်ချက်တော့ ဩစတေးလျနိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့် ရဖို့ဆိုရင် ဘယ်လိုအချက်တွေအပေါ် မူတည်နေသလဲ ဆိုတာကို ဗဟုသုတ အဖြစ်သာ မျှဝေပေးဖို့ ဖြစ်ပါတယ်။ point အတက်အကျတွေက မကြာခဏ ရှိတတ်ပါတယ်။

ဩစတေးလျနိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့်ကို ဒီ အချက်တွေအပေါ်မှာ မူတည်ပြီး ပေးလေ့ရှိပါတယ်။

၁။ အသက်
၂။ လုပ်ငန်းအတွေ့အကြုံ
၃။ ပညာရေး (အတန်းပညာ)
၄။ အင်္ဂလိပ်စာ ကျွမ်းကျင်ပိုင်နိုင်မှု
၅။ ကိုယ့်ရဲ့ Martial Status
၆။ အခြားသော ပညာရေး (အတတ်ပညာ)

2018 မတိုင်ခင်အထိ ဆိုလျှင် PR ရဖို့အတွက် အမှတ် ၆၀ သာ လိုအပ်ပြီး 2018 ကနေ စပြီးတော့ ၆၅ ဖြစ်သွားပါတယ်။

ပထမဆုံးအနေနဲ့ PR အတွက် အောက်ပါအတိုင်း အမှတ်တွက်ပါတယ်။

၁။ အသက်
18-24 years 25points
25-32 years 30points
33-39 years 25points
40-44 years 15points

၂။ အင်္ဂလိပ်

English Competent Proficient Superior
IELTS – 6 7 8
PTE – 50 65 79
OET – C B A
Toefl iBT – L-12, R-13, W-21, S-18 L-24, R-24, W-27,S-23 L-28, R-29, W-30, S-26
CAE – 169 185 200
Points – 0 10 20

၃။ လုပ်ငန်းအတွေ့အကြုံ ( သြစတြေးလျ ပြင်ပ )

Less than 3 years – 0 Points
3-4 years 5points
5-7 years 10points
8-10 years 15points
၄။ လုပ်ငန်း အတွေ့အကြုံ ( သြစတြေးလျပြည်တွင်း )
Less than 1 year 0
1-2 years 5 points
3-4 years 10 points
5-7 years 15 points
8-10 years 20 points

၅။ ပညာရေး

သြစတြေးလျမှ ရရှိသော သို့မဟုတ် သြစတြေးလျက အသိအမှတ်ပြု လက်ခံသော ကျောင်းတစ်ကျောင်းမှ ရရှိသော Doctorate Degree ရှိပါက – 20 points
Bachelor or Master Degree – 15 points
Diploma or Trade Qualification in Australia – 10 points
မိမိတက်မြောက်ထားသော skills တစ်ခုခုအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းတစ်ခုခုမှ အသိအမှတ်ပြုထားသော လက်မှတ် တစ်ခုခု – 10 points

အထက်ပါ ဒီဂရီများသည် သြစတြေးလျမှာ ပညာသင်ကြားသည်ဖြစ်စေ မသင်ကြားထားသည် ဖြစ်စေ သြစတြေးလျက အသိအမှတ်ပြုထားသော နိုင်ငံများ သို့ Standard တစ်ခုမှီပါက ရသည်။

၆။ သြစတြေးလျတွင် ပညာသင်ကြားထားမှု
သြစတြေးလျရှိ အစိုးရမှ အသိအမှတ် ပြုထားသော institution တစ်ခုခုတွင် တက်ရောက်ပြီး Degree, Diploma or Trade Qualification ရှိထားပါက – 5 Points

၇။ Niche Skills Education

Research မှ master degree or academic year အနည်းဆုံးနှစ်နှစ်ပါ၀င်သော Australia Institution မှ ရရှိသော Doctorate Degree ( 5 points )

၈။ Spouse Skills Point ( 5 points )

မိမိအနေနဲ့ ပညာသင်ကာလအတွင်း ခင်ပွန်း သို့ ဇနီးကိုပါ Dependent Student Visa အနေနဲ့ခေါ်ထားလို့ ရပြီး အကယ် ၍ ကိုယ်က Bachelor ဒီဂရီ တက်နေတယ်ဆိုရင်တော့ သူလည်း မိမိနဲ့အတူတူ တစ်ပတ်ကို နာရီ ၂၀ အလုပ်လုပ်ခွင့် ရပါတယ်။ ကျောင်းသား/သူက master တက်နေပါက spouse အနေနဲ့ Full-Time အထိပါ အလုပ်လုပ်ခွင့် ရှိပါတယ်။ Spourse Skills Point ကတော့ မိမိ ခင်ပွန်းသို့ဇနီးအနေနဲ့ အသက်က ၄၅ နှစ်အောက် English Test မှာ သတ်မှတ်ထားတဲ့ Basic Score နဲ့ သတ်မှတ်ထားတဲ့ Occupation List ထဲက အလုပ်ကို လုပ်နေတယ်ဆိုရင်လည်း ရရှိမှာ ဖြစ်ပါတယ်။

Single (Un-married) – 10 Marks
Spouse is Australian Citizen or PR holder – 10 Marks
Spouse has Positive Skill Assessment and competent English – 10 Marks
Spouse has no Skill Assessment but competent English – 5 Marks
Other Cases – 0 Marks

၉။ အခြားအမှတ်များ ( အများဆုံး ၁၅ မှတ် )

သြစတြေးလျ ဒေသသုံး အခြားသော ဘာသာစကား တတ်မြောက်မှု ( ၅ မှတ် ) ဒီအတွက် NAATI test ယူလို့ရပါတယ်။
သြစတြေးလျက သတ်မှတ်ထားသော ပညာရေး စံနှုန်းမှီသော Regional မြို့များတွင် နေထိုင်ပညာသင်ကြားပါက ( ၅ မှတ် )
Professional Year In Australia ( E.g. Professional Training Like ACSP Year Training ( ၅မှတ် )
State Nomination 190 Visa ( ၅မှတ် )
တို့ဖြစ်ပါတယ်။
အထက်ပါ အမှတ်များအနက် မိမိအမှတ်မှာ ၆၅ သို့ ဒီထက်အထက် ရှိနေပြီဆိုပါက PR စလျှောက်လို့ ရပါပြီ။

မေး – PR လျှောက်ပြီးရင် ကျဖို့ ဘယ်လောက်ကြာ
သလဲ ??

ဒါက ကိုယ်ဘယ်နှစ်မှတ် ရထားသလဲပေါ်မှာ မူတည်ပါတယ်။ ပုံမှန်အတိုင်း သြစတြေးလျက သတ်မှတ်ထားတဲ့ ကြာချိန်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

80 points 1-2 months
75 points 4-5 months
70 points 8-10 months for pro-rata, 4-5 months for non-pro-rata
65 points no realistic chance of invitation

ဆိုတော့ ၆၅ မှတ်နဲ့လည်း PR ရနိုင်ပေမယ့် မိမိအနေနဲ့ အကောင်းဆုံးက အမှတ်ကို တတ်နိုင်သမျှ အများဆုံး ရအောင် ကြိုးစားထားဖို့ ဖြစ်ပါတယ်။

Expert Education and Visa Services သည် လွန်ခဲ့သည့် ၂၀၀၃ ခုနှစ်မှစ၍ သြစတြေးလျနိုင်ငံရှိ မြို့ကြီး ရှစ်မြို့နှင့် နိုင်ငံပေါင်း ၁၁ နိုင်ငံတွင် ကျောင်းသားပေါင်း ၅၀၀၀၀ ကျော်ကို ပညာရေး ၊ အလုပ်အကိုင်ဗီဇာ ၊ ပီအာ ရရှိရေး အစရှိသော ၀န်ဆောင်မှုများကို ကူညီ ဆောင်ရွက်လာခဲ့သည်။ Expert ၏ ပွင့်လင်းမြင်သာပြီး တိကျသေချာသော ၀န်ဆောင်မှုများကြောင့် ကျောင်းသားနှင့် ကျောင်းသားမိဘများ၏ ယုံကြည်အားကိုးခြင်းကို ခံရခြင်းသာမက သြစတြေးလျ၏ ထိပ်တန်း တက ္ကသိုလ်များမှလည်း ယုံကြည်စိတ်ချစွာဖြင့် တရား၀င် ကိုယ်စားလှယ်အဖြစ် နှစ်ပေါင်းများစွာ လက်တွဲ လုပ်ကိုင်လာခဲ့ကြသည်။

အကယ်၍ မိမိအနေနဲ့ သြစတြေးလျ သွားရောက်ပြီး ပညာသင်ယူဖို့ စဉ်းစားနေတယ် သို့မဟုတ် သြစတြေးလျ ပညာရေးအကြောင်းကို အသေးစိတ် မေးမြန်းလိုပါက အောက်ပါ ဖုန်းနံပါတ်များကို ဖုန်းဆက် ၍ ဖြစ်စေ Expert ၏ရုံးသို့ ကိုယ်တိုင် လာရောက်၍ ဖြစ်စေ အခမဲ့ ဆွေးနွေးနိုင်ပါသည်။

မိဘများအနေနဲ့လည်း မိမိသားသမီး၏ ပညာရေးအတွက် ဆွေးနွေးလိုပါက လာရောက်ဆွေးနွေးနိုင်ပါသည်။

☎️09751871589, 09790839290, 09751871587
🏢 No. (270), Lucky Nice Tower, ဒဂုံစင်တာအနီး ၊ ပြည်လမ်း
မြေနီကုန်း ၊ စမ်းချောင်းမြို့နယ်

Let’s Plan Your Career Together
#RelyOnExperts