fbpx
October 26, 2021

▪️အင်ဂျင်နီယာ နယ်ပယ်သည် ကြီးမားကျယ်ပြန့်သော လုပ်ငန်းနယ်ပယ်တစ်ခုဖြစ်ပြီး လေ့လာစရာ ဘာသာရပ်တွေလဲ များပြားလှပါတယ်။ အခုလို လေ့လာစရာများပြားလှတဲ့ အင်ဂျင်နီယာ နယ်ပယ်များထဲမှ Chemical Engineering ဆိုတဲ့ Major ကို ဒီနေ့မှာ ကျွန်တော်တို့ EEVS မှ ပြောပြပေးသွားမှာပါ။ 

▪️Chemical Engineering ဆိုသည်မှာ​ ဓာတုစက်ရုံများလည်ပတ်နိုင်ရေး၊ ဓာတုစက်ရုံများအတွက် ဒီဇိုင်းရေးဆွဲခြင်းများနှင့် ဓာတုပစ္စည်းများ ထုတ်လုပ်ခြင်းအပြင် ထုတ်လုပ်မှုတိုးတက်ရေး နည်းလမ်းများကို လေ့လာရသော အင်ဂျင်နီယာနယ်ပယ်ကို ဆိုလိုတာပဲဖြစ်ပါတယ်။ 

▪️Chemical Engineers များသည် ကုန်ကြမ်းပစ္စည်းများကို စီးပွားရေးလုပ်ငန်းနယ်ပယ်များတွင် ပြန်လည်အသုံးပြုနိုင်ရေးအတွက် ကုန်ချောအဆင့်သို့ ပြောင်းလဲထုတ်လုပ်ခြင်း လုပ်ငန်းစဥ်များကို လုပ်ဆောင်ကြပါတယ်။ ၄င်းလုပ်ငန်းစဥ်များတွင် ကုန်ကြမ်းများအား သန့်စင်ခြင်း၊ သန့်စင်ပြီး ကုန်ကြမ်းများအား ဓာတုပစ္စည်းများနှင့် ရောစပ်ခြင်း၊ ပေါင်းစပ်ခြင်းများပြုလုပ်ပြီး တန်ဖိုးရှိသော ထုတ်ကုန်များအဖြစ် ထုတ်လုပ်ခြင်း၊ ဒီဇိုင်းရေးဆွဲခြင်းများ ပါဝင်ပါတယ်။

▪️Chemical Engineers များသည် ဓာတုဗေဒ၊ ဇီဝဗေဒ၊ ရူပဗေဒ၊ သင်္ချာနှင့် စီးပွားရေး အခြေခံသဘောတရားများကို အခြေခံ၍ ဆေးဝါးများ၊ လူသုံးကုန်ပစ္စည်းများ၊ အစားအစာနှင့် စက်သုံးဆီများ၊ ဓာတုပစ္စည်းများအပါအဝင် အခြားသောထုတ်ကုန်များစွာကို ထုတ်လုပ်ကြပါတယ်။

▪️Chemical Engineers များသည် လုပ်ငန်းနယ်ပယ်အမျိုးမျိုးတွင် အလုပ်လုပ်ကိုင်လျက်ရှိကြပါတယ်။ ဥပမာအားဖြင့် ရေနံချက်စက်ရုံများတွင် ဓာတ်ဆီ၊ လေယာဥ်ဆီ၊ ဒီဇယ်လောင်စာဆီနှင့် ချောဆီများကိုထုတ်လုပ်ခြင်း၊ ကိုယ်ခန္ဓာထိန်းသိမ်း စောင့်ရှောက်မှုပစ္စည်းများဖြစ်သည့် ခေါင်းလျှော်ရည်နှင့် အသားအရည်ထိန်းသိမ်းမှု ပစ္စည်းများကို ထုတ်လုပ်ခြင်းစသည့် လုပ်ငန်းနယ်ပယ် အမျိုးမျိုးတွင် လုပ်ကိုင်လျက်ရှိကြပါသည်။

▪️Chemical Engineering သည် နည်းပညာပြဿနာများကို ဖြေရှင်းနိုင်ရန် ဓာတုဗေဒနှင့် အင်ဂျင်နီယာဘာသာရပ်၏ အခြေခံသဘောတရားများနှင့် ပေါင်းစပ်ထားတာဖြစ်ပါတယ်။ ဒါကြောင့် Chemical Engineer တစ်ယောက်ဖြစ်ဖို့ဆိုလျင် chemistry, mechanical engineering နှင့် fluid dynamics ဘာသာရပ်များကို အသေးစိတ်နားလည်ထားဖို့လိုအပ်ပါတယ်။ ဒါ့အပြင် ကုန်ထုတ်လုပ်မှု နယ်ပယ်တွင် အလုပ်လုပ်ကိုင်ရန် စဥ်းစားထားသူများကတော့ structural engineering ကိုပါ နားလည် သဘောပေါက်ထားရန် လိုအပ်ပါတယ်။

▪️Chemical Engineers အလုပ်အကိုင် အခွင့်အလမ်းများသည် bachelor’s degree ရသည်နှင့် လုပ်ငန်းခွင်သို့ တိုက်ရိုက်ဝင်ရောက် လုပ်ကိုင်နိုင်ပါတယ်။ တစ်ချို့သော လုပ်ငန်များသည်သာ လုပ်ငန်းအခြေအနေပေါ်  မူတည်၍ master’s degree လိုအပ်ခြင်းဖြစ်ပါတယ်။ Chemical Engineer တစ်ယောက်၏ ပျမ်းမျှနှစ်စဥ် လုပ်ခလစာမှာ $108,540 ဖြစ်ပါတယ်။ ပညာရှင်များ၏ ခန့်မှန်းချက်အရ ၂၀၁၂ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ Chemical Engineers အလုပ်အကိုင်အခွင့်အလမ်းများသည် ၄% အထိ တိုးတက်လာမည်ဟုခန့်မှန်းထားကြပါတယ်။

🔹References

https://en.wikipedia.org/wiki/Chemical_engineering

https://www.livescience.com/48134-what-is-chemical-engineering.html

https://www.bls.gov/ooh/architecture-and-engineering/chemical-engineers.htm

https://www.topuniversities.com/courses/engineering-chemical/guide

#LetsPlanYourCareerTogether

#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

 

October 25, 2021

▪️သင်အနေနဲ့ လူတို့ရဲ့ဦးနှောက် အလုပ်လုပ်ပုံများကို အသေးစိတ်လေ့လာလိုပါသလား?

▪️Epilepsy, Schizophrenia နှင့် Alzheimer ကဲ့သိ့သော အာရုံကြောဆိုင်ရာ ရောဂါများ အကြောင်းပိုမိုသိရှိပြီး ကုသသူတစ်ယောက်အဖြစ် အသက်မွေးလိုပါသလား?

▪️ဒါဆိုရင်တော့ ဒီ Neuroscience Bachelor ကသင့်အတွက် အသင့်တော်ဆုံး ဘာသာရပ်ပဲဖြစ်ပါတယ်။

▪️ယခုပြောပြသွားမယ့် Neuroscience Bachelor ကိုသင်ကြားပေးသွားမယ့် University of Nottingham ဟာဆိုရင် UK နိုင်ငံ အလယ်ပိုင်းမှ အစဥ်လာကြီးမားတဲ့ University တစ်ခုဖြစ်ပါတယ်။ UK ranking အဆင့် 16 ရရှိထားပြီး ကျောင်သားပေါင်း 34,000 ကျော်က Faculty 5 မျိုး၏ Major ပေါင်းများစွာကို အသီးသီးတက်ရောက်နေကြပါတယ်။ 🙆‍♂️

▪️ဘာလို့ University of Nottingham မှ ပေးတဲ့ ဒီ Neuroscience Bachelor ကိုမှရွေးသင့်လဲဆိုရင်တော့

  • Britain တော်ဝင်ဇီဝဗေဒအစည်းရုံးမှ အသိမှတ်ပြုချမှတ်ထားတဲ့ သင်ရိုးများနဲ့သာ သင်ကြားပေးခြင်း
  • Practical အနေနဲ့ UK ရဲ့ အကောင်းဆုံးသော Hospital များတွင် Field ဆင်း လေ့လာခွင့်ရရှိခြင်း
  • Neuroscience အကြောင်းကို အခြေခံ Details များမှစ၍သင်ကြားပေးခြင်း
  • ကမ္ဘာလုံးဆိုင်ရာအသိမှတ်ပြုအတွေ့ကြုံရင့် Neuroscience Experts များမှ သင်ကြားပေးခြင်း
  • Subject ranking #11 in United Kingdom တို့ရရှိထားတဲ့ အတွက်ကြောင့် Neuroscience ဘာသာရပ်ကို လေ့လာလိုသူများ အနေဖြင့် ရွေးချယ်သင့်တာပဲ ဖြစ်ပါတယ်။ 💁‍♂️

▪️Annual Tuition fees အနေနဲ့ £ 25,000 ခန့်ရှိပြီး English Requirements အနေနဲ့  IELTS 6.5 အနည်းဆုံးရရှိထားရမှာ ဖြစ်ပါတယ်။ 🧑‍🎓

▪️အသေးစိတ်လေ့လာလိုပါက https://www.nottingham.ac.uk/ugstudy/course/Neuroscience-BSc တွင်ဝင်ရောက်လေ့လာနိုင်ပြိး Page ရဲ့ message box တွင်လည်း အသေးစိတ် ဆက်သွယ်မေးမြန်းနိုင်ပါသည်။ 🙆‍♂️😇

#LetsPlanYourCareerTogether#StudyInUK#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

October 7, 2021

ဒီနေ့တော့ Toronto မြို့တွင် ပညာသင်ကြားရင်း လည်ပတ်နိုင်သော နေရာအချို့ကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

  1. Royal Ontario Museum

Toronto မြို့တော်ရှိ Royal Ontario Museum သည် ကမ္ဘာ့နိုင်ငံများ၏ ယဉ်ကျေးမှုများနှင့် သမိုင်းကြောင်းများကို ပြသထားသော Canada နိုင်ငံ၏ အကြီးဆုံးသောပြတိုက်ဖြစ်ပါတယ်။ Toronto မြို့တွင် ကျောင်းတက်နေစဉ်ကာလတစ်လျှောက် မဖြစ်မနေသွားလည်သင့်သော နေရာဖြစ်ပြီး ကျောင်းသားများအတွက် အထူးအစီအစဉ်အနေဖြင့် သောကြာနေ့ ညနေ 4:30 မှ 8:30 အထိ ဝင်ကြေးသက်သာစွာဖြင့် ဝင်ရောက်ခွင့်ရရှိနိုင်မည်ဖြစ်သည်။

 

  1. Distillery District for a unique and trendy afternoon

Distillery District သည် Toronto မြို့လယ်တွင်တည်ရှိပြီး မိနစ် ၃၀ ခန့်လမ်းလျှောက်ရုံဖြင့် ရောက်ရှိနိုင်မည်ဖြစ်သည်။ Distillery District ထဲတွင် အနုပညာနှင့် ယဉ်ကျေးမှုကို မြင့်တင်နိုင်ရန် ရည်ရွယ်သည့် လှပသော Victoria ဗီသုကာလက်ရာ များဖြင့်တည်ဆောက်ထားသော ဆိုင်ခန်းများ၊ ပြခန်းများ၊ ကွင်းဆက်စတိုးဆိုင်များဖြင့် အသေးစိတ်ချယ်လှယ်ခင်းကျင်းပြသထားပါသည်။

 

  1. Outdoor Days at High Park

Toronto မြို့ရှိ ဝင်ကြေးပေးဆောင်ရန်မလိုသည့် ရင်သပ်ရူမောဖွယ်ကောင်းလှသော ပန်းခြံတွင် သင်၏တစ်နေ့တာကို ကုန်ဆုံးနိုင်ပါသည်။ High Park အတွင်းရှိ အလွန်လှပသော ကန်ငယ်လေးများ၊ တောင်တက်လမ်းများ နှင့် အုံ့မှိုင်းလှပစွာဝေဆာနေသော သပိတ်ပင်များကို မျက်စိတစ်ဆုံး လေ့လာနိင်ပါသည်။ 

 

  1. CN Tower 

Toronto မြို့၏ လှပသောမြင်ကွင်းကို ရှုစားရန်အတွက် CN Tower ကိုလည်း သွားရောက် လည်ပတ်သင့်ပါသည်။ ဝင်ကြေးနှုန်းထားများပြားလှပင်မယ့် ကျောင်းသား/သူများအတွက် 10% discounts ပေးလေ့ရှိပါသည်။ လူဦးရေ ထူထပ်လွန်းလှ၍ မနက် ၁၁ နှင့် ညနေ ၆ နာရီကြားသွားလျင် ပို၍အဆင်ပြေနိုင်ပါသည်။ မိသားစုသဘင်ပွဲများ၊ ဖျော်ဖြေရေးပွဲများ၊ ရန်ပုံငွေပရဟိတ အဖွဲ့များ စသည်ဖြင့် Toronto ၏ ပျော်စရာအကောင်းဆုံးနေရာဖြစ်သည်။

 

  1. St. Lawrence Market

Toronto မြို့ရှိ Lawrences Market သည် ဈေးဝယ်ထွက်ရန် အကောင်းဆုံးနေရာ တစ်ခုဖြစ်ပြီး လှပသော Canada နိုင်ငံ၏ ရိုးရာအသုံးအဆောင်များ၊ ဒေသဆိုင်ရာ ကျော်ကြားသော အသုံးအဆောင်စ္စည်းများနှင့် ကမ္ဘာကျော် အစားအသောက်များကို ခံစားနိုင်သော နေရာတစ်ခုဖြစ်ပါတယ်။ အရသာရှိလှသော အစားအသောက်များကို ဝိုင်တစ်ခွက်ဖြင့် ခံစားရင်း တစ်နေတာ အမောကို ဖြေဖျောက်စေနိုင်ပါသည်။

 

  1. Hung out on Yonge-Dundas Square 

Yonge Dundas ရင်ပြင်သည် Toronto မြို့၏ အများပြည်သူများလည်ပတ်လေ့ရှိကြသည့် အချက်အချာကြသော နေရာတစ်ခုဖြစ်ပါသည်။ ကမ္ဘာအရပ်မှ ပြပွဲများ၊ ဖျော်ဖြေရေး ပွဲများ၊ ရုပ်ရှင်ပြပွဲများ အစရှိသည်တို့ကို Yonge-Dundas တွင် အခမဲ့ ပြသလေ့ရှိတာကြောင့် ကမ္ဘာလှည့်ခရီးသည်များနှင့် ဒေသအတွင်းပြည်သူများအကြား လည်ပတ်စရာ နေရာတစ်ခုဖြစ်နေပါတယ်။

 

  1. Catch the Latest Movies at Toronto  International Film Festival (TIFF) Every September

အပြည်ပြည်ဆိုင်ရာ Toronto ရုပ်ရှင်ပြပွဲကြီးသည် ကမ္ဘာပေါ်တွင် အကြီးမားဆုံးနှင့် အပြောင်မြောက်ဆုံးသော လူထုရုပ်ရှင်ပွဲတော်ကြီး ဖြစ်ပါသည်။ ရုပ်ရှင်ပြပွဲကြီးတွင် ကမ္ဘာ့နိုင်ငံအရပ်ရပ်မှ ကျော်ကြားသော ရုပ်ရှင်များနှင့် နောက်ဆုံးပေါ်  ရုပ်ရှင်ကားကြီးများကို အနီရောင် ကော်ဇော်ပေါ်မှ မင်းသား/မင်းသမီးများနှင့် မျက်မြင်ခံစားရမှာဖြစ်ပါတယ်။

 

#LetsPlanYourCareerTogether#StudyInCanada#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

October 1, 2021

▪️ကနေဒါဆိုတာ ရှရှားပြီီးရင် ကမ္ဘာ့ဒုတိယအကြီးဆုံးနိုင်ငံတစ်ခုဖြစ်ပြီး ၂၀၂၁ အတွက် ကမ္ဘာ့အကောင်းဆုံးနိုင်ငံတွေထဲမှာလဲ နံပါတ် (၁) ရရှိထားတဲ့နိုင်ငံပဲဖြစ်ပါတယ်။ ကနေဒါနိုင်ငံမှာ ပညာသင်ကြားမယ်ဆိုရင်တော့ ကမ္ဘာ့အဆင့်မှီတက္ကသိုလ်တွေမှာ နိုင်ငံတကာအသိအမှတ်ပြု ပညာရေးတွေကို လေ့လာသင်ယူနိုင်မှာပဲဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိ ကနေဒါနိုင်ငံမှာ International Students ပေါင်း သန်းတစ်ဝက်လောက် ပညာသင်ကြားလျက်ရှိပါတယ်။ 💁‍♂️

▪️ဒါဆိုရင်တော့ ဘယ်လိုအချက်တွေကြောင့် ကနေဒါမှာပညာသင်ကြားသင့်လဲဆိုတာကိုပြောပြပေးသွားမှာပါ။ 🙆‍♂️

၁။ အကောင်းဆုံးပညာရေးအဆင့်အတန်း 👨‍🎓👩‍🎓

ကနေဒါမှာ တက္ကသိုလ်တွေသာမက မူလတန်း၊ အလယ်တန်း၊ အထက်တန်းပညာရေးတွေကိုလဲ ကမ္ဘာ့နိုင်ငံအသီးသီးက အသိအမှတ်ပြုကြပါတယ်။ ဒါတင်မကသေးပဲ World Ranking 250 ထဲဝင်တဲ့ တက္ကသိုလ် ၁၀ ခုကလဲ ကနေဒါနိုင်ငံမှာရှိနေပါတယ်။

၂။ လုံခြုံနွေးထွေးမူ 🙆‍♂️😇

လူတော်တော်များများ ကနေဒါလူမျိုးတွေကို ‘warm and friendly’ ဖြစ်ကြတယ်လို့ ရည်ညွှန်းကြပါတယ်။ မြို့ပြကနေ ကျေးလက်ဒေသအထိ ဘယ်နေရာရောက်ရောက် လုံခြုံနွေးထွေးတဲ့ ခံစားချက်ကို ရရှိနေမှာဖြစ်ပါတယ်။ ဒါကြောင့်လဲ နိုင်ငံတကာက ကျောင်းသား/ ကျောင်းသူတွေက ကနေဒါကို ရွေးချယ်ကြတာပဲဖြစ်ပါတယ်။

၃။ အကောင်းမွန်ဆုံးနေထိုင်မှုဘဝ 🏫🏤

အဆင့်အတန်းမြင့်မြင့်နဲ့ ကောင်းမွန်တဲ့လူနေမှုဘဝကို လိုချင်သူတွေအတွက်တော့ ကနေဒါနိုင်ငံက ပြည့်စုံလှတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ ကမ္ဘာ့တက္ကသိုလ် အဆင့်သတ်မှတ်ချက်တွေအရ ကနေဒါနိုင်ငံဟာ ကျောင်းသားတွေလေ့လာသင်ယူလို့ကောင်းတဲ့ နိုင်ငံအဆင့် ၄နေရာမှာရပ်တည်နေပါတယ်။

၄။ စိတ်ချ၊ သေချာတဲ့အနာဂတ်လမ်းကြောင်း 🛤🛣

နေထိုင်မှုဘဝသာမက အလုပ်အကိုင်အခွင့်အလှမ်းတွေကလဲ ပြည်တွင်းကျောင်းသားများ အတွက်ပါမက နိုင်ငံတကာကျောင်းသားများအတွက်ပါ ပေါများလှပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအတွင်းမှာပဲ ကနေဒါနိုင်ငံက ဘွဲ့ရကျောင်းသား၊ ကျောင်းသူတွေအတွက် အလုပ်အကိုင်ပေါင်း ၁.၆ သန်းဖန်တီးပေးခဲ့ပါတယ်။

၅။ သင့််တော်တဲ့ ပညာရေးစရိတ် 💸💰

ကနေဒါနိုင်ငံက အင်္ဂလိပ်စကားပြောနိုင်ငံတွေထဲမှာ ပညာသင်စရိတ်

အသက်သာဆုံးနိုင်ငံပဲဖြစ်ပါတယ်။

၆။ မတူကွဲပြားတဲ့ အတွေ့အကြုံများ 🤸⛷🪂

ကနေဒါနိုင်ငံမှာလူပြောများတဲ့ စကားတစ်ခွန်းက “စွန့်စားခန်းတွေနဲ့အတူ ကနေဒါနိုင်ငံက မင်းကိုစောင့်နေပါတယ်တဲ့”။ ကနေဒါနိုင်ငံရဲ့ ရာသီဥတု၊ ယဉ်ကျေးမှုနှင့်ဘဝပုံစံတွေကလဲ တခြားဘယ်နိုင်ငံနဲ့မှမတူတဲ့အတွက် လုံးဝကိုကောင်းမွန်တဲ့အတွေ့အကြုံတွေကို ရရှိမှာပဲဖြစ်ပါတယ်။

ဒီလိုအချက်တွေကြောင့်ပဲ ကနေဒါနိင်ငံကပညာသင်ယူလို့ကောင်းတဲ့ နိုင်ငံတစ်ခုအဖြစ် ရပ်တည်နေတာပဲဖြစ်ပါတယ်။ ✨

#LetsPlanYourCareerTogether#StudyInCanada#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

 

September 26, 2021

▪️ဒီတစ်ခါမှာတော့ Ranking ကောင်းကောင်း University များကိုသာတက်ရောက်လိုတဲ့ ကျောင်းသား၊ကျောင်းသူများအတွက် Australia နိုင်ငံမှအကောင်းဆုံး university တစ်ခုနဲ့မိတ်ဆက်ပေးလိုပါတယ်။ 🙆‍♂️

▪️ဒီ University ကတော့ Brisbane မြို့မှ University of Queensland ပဲဖြစ်ပါတယ်။ University of Queensland ဟာဆိုရင် 1909 ခုနှစ်မှစတင်ကာ ပညာရေးဝန်ဆောင်မူများကို ပေးအပ်လာတဲ့ သက်တမ်းရာကျော်ရှိတဲ့ University ကြီးတစ်ခုပဲဖြစ်ပြီး ကမ္ဘာ့ပညာရေးလောကတွင် အရှိန်ဝါကြီးမားလှသည့် Group of Eight ကိုစတင်တည်ထောင်ခဲ့သော university လည်းဖြစ်ပါတယ်။ 💁‍♂️

▪️University of Queensland ဟာ 2022 QS University Ranking အရ  World’s 47th Best University ဖြစ်ပြီး သြစတေးလျနိုင်ငံ၏ တက္ကသိုလ်များတွင် rankings အဆင့် 5 ရရှိထားတာပဲဖြစ်ပါတယ်။ 😇

▪️University of Queensland တွင် campus ကြိး 3 ခုရှိပြီး ကျောင်းသားပေါင်း 53600 ကျော် ပညာသင်ယူလျက်ရှိကာ ထိုကျောင်းသား/သူများထဲမှ 30% မှာ နိုင်ငံပေါင်း 130 ကျော်မှ International student များဖြစ်ပါတယ်။ ကျောင်းသား/သူများအတွက် ကျောင်းပြင်ပ school activities များအတွက် society နဲ့ clubs ပေါင်း 220 ကျော်ရှိပြီး စာအုပ်ပေါင်း 2.17 million ရှိသော library ကြီးကိုလည်း ပိုင်ဆိုင်ထားပါတယ်။ 🏫

▪️စစ်တမ်းများအရ University of Queensland မှဘွဲ့ရသူများ၏ 78.2% သော ကျောင်းသား/သူများသည် ဘွဲ့ရပြီးနောက် သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်များတွင် လုပ်ငန်းခွင်သို့ တိုက်က်ရိုက်ဝင်ရောက်နိုင်ကြောင်း တွေ့ရှိရပါတယ်။ 👩‍🎓👨‍🎓

▪️University of Queensland တွင်တက်ရောက်သင်ကြားနိုင်သောဘာသာရပ်နယ်ပယ်များမှာ

  • Agriculture and Environment
  • Architecture, Planning and Design
  • Arts, Humanities and Social Sciences
  • Business and Economics
  • Education
  • Engineering and Computing
  • Health and Behavioural Sciences
  • Law
  • Medicine
  • Science and Mathematics တို့ပဲဖြစ်ပါတယ်။

🔹 Intakes တွေအနေနဲ့တော့ February နဲ့ July intake ဆိုပြီး intake 2 ခုရှိမှာပဲဖြစ်ပါတယ်။

🔹 2021-2022 အတွက် Average international tuition fees (for both undergraduate and postgraduate) ကတော့ AUD 33,000 မှ AUD 46,000 အတွင်းကျသင့်နိုင်ပါတယ်။

🔹 English Requirements for (both undergraduate and postgraduate undergraduate and postgraduate)

IELTS- 6.5 ( no bands less than 6)

🔸 အသေးစိတ်ကို အောက်ပါလင့်ခ်တွင် လေ့လာနိုင်ပါသည်။

👁‍🗨 https://www.uq.edu.au/

#LetsPlanYourCareerTogether#StudyInAustralia#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

September 25, 2021

နိုင်ငံတကာမှာပဲဖြစ်စေ၊ မြန်မာနိုင်ငံပြန်ပြီးပဲ Service industry ထဲဝင်ရောက်၍ဖြစ်စေ အလုပ်လုပ်ကိုင်လိုသူများအတွက် Canada နိုင်ငံ St.Lawrence College ကပေးအပ်မယ့် Ontario College Diploma (Hospitality) နဲ့မိတ်ဆက်ပေးချင်ပါတယ်။ 

 

အဆိုပါ Diploma ကို သက်တမ်းရင့် Professor ကြီးများအပြင် လက်တွေ့လုပ်ငန်းခွင်၌ ဦးစီးလုပ်ကိုင်နေသော Supervisor, Manger များက စာတွေ့နှင့် လက်တွေ့ပူးပေါင်း၍ Accommodations Management, Food and Beverage Management, Specialized Marketing, Conferencing and Banqueting, and Financial Management အစရှိသောဘာသာရပ်များကို workplace ready ဖြစ်အောင်သင်ကြားပေးမှာဖြစ်ပါတယ်။

 

ကျောင်းသား/သူများအနေနဲ့ Diploma ကိုအောင်မြင်ပြီးပါက ကျောင်းနှင့် ချိတ်ဆက်ထားသော လုပ်ငန်းများ တွင်အလုပ်ရရှိနိုင်ရန်လျောက်ထားနိုင်ပါတယ်။ 

အလုပ်ရရှိနိုင်သောအလုပ်နယ်ပယ်များမှာ-

Airlines

Cruise Ships

Casinos

Hotels, Inns, Clubs, Spas and Resorts

Convention and Conference Centres

Catering Companies

Bed and Breakfasts

Restaurants, Bars, Cafes

Hospitality Management Facilities တို့မှာပဲဖြစ်ပါတယ်။ 

 

အလုပ်မလုပ်လိုပဲ Bachelor ကိုဆက်လက်တက်ရောက်လိုသူများအတွက်လည်း College GPA 3.0 ရရှိပါက Victoria ပြည်နယ်၏ အဆင့် 2 University ဖြစ်သော Royal Roads University တွင် B.A (International Hotel Management) နှင့် B.A (Global Tourism Management) တို့တွင် Year 3 ကို တိုက်ရိုက်တက်ရောက်ခွင့် ရရှိမှာလည်းဖြစ်ပါတယ်။ 

 

ဤ Hospitality Diploma သည် 2 နှစ်တက်ရောက်ရမှာဖြစ်ပြီး Intakes များအနေနဲ့ ကတော့ May နှင့် September ဟူ၍နှစ်ခုရှိမှာပါ။ International Students များအတွက် Annual Tuition Fees ကတော့ CA$ 16,958 ကျသင့်မှာပါ။

 

တက်ရောက်လိုသော နိုင်ငံတကာကျောင်းသား/သူများအတွက် လိုအပ်သည့် English Requirements များကတော့

(IELTS) – Academic (Overall 6.0 with no band less than 5.5)

TOEFL Internet-based Test (iBT) or Home Edition – Overall 78

TOEFL Computer-based Test – Overall 213

Pearson English Test (PTE) – 55

Duolingo – 105 

တို့ကိုရရှိထားဖို့တော့လိုပါတယ်။ 

#LetsPlanYourCareerTogether#StudyInCanada#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

 

September 23, 2021

▪️ယနေ့မှာတော့ အမေရိကန်နိုင်ငံ၏ SUNY Polytechnic Institute တွင် တက်ရောက်နိုင်သော Ms in Computer and Information Science ဘာသာရပ်ကို ဖော်ပြပေးလိုက်ပါတယ်။ 💁‍♂️

▪️Computer and Information Sciences Department သည် SUNY Poly ၏ အကြီးဆုံး ဌာန ဖြစ်ပြီး Graduate program – 3, Undergraduate program – 4 ခုကို ပို့ချပေးလျက်ရှိပါတယ်။ 🏫📚

▪️Ms in Computer and Information Science ပရိုဂရမ်သည် သီအိုရီ နှင့် လက်တွေ့အသုံးချမှု နည်းပညာများကို အလေးပေး လေ့လာသော ပညာရပ်ဖြစ်ပါတယ်။ ကျောင်းသာများအနေဖြင့် လုပ်ငန်းခွင် နယ်ပယ်၊ စီးပွားရေးနှင့် ပညာရေး ကဏ္ဍ တွင် computer ဆိုင်ရာ နည်းစနစ်များနှင့် ပြသာနာ ဖြေရှင်းနည်းများကို လဲ သင်ကြားပေးလျက်ရှိပါတယ်။ 💁‍♂️

▪️၁၈ လကြာ တက်ရောက်ရမှာဖြစ်ပြီး Tuition fees- USD 21,186 ကျသင့်မှာ ဖြစ်ပါတယ်။

သင်ကြားရမည့် ဘာသာရပ်များမှာ 

•    programing language and software engineering,

•    systems and architectures, 

•    algorithms and theory, 

•    artificial intelligence and modeling

🗂ပရိုဂရမ် အသေးစိတ်ကို အောက်ပါ Link တွင် ကြည့်ရှုနိုင်ပါတယ်။ 

https://sunypoly.edu/academics/majors-and-programs/ms-computer-information-science.html

#LetsPlanYourCareerTogether#StudyInUSA

#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

September 19, 2021

▪️Torrens University Australia ရဲ့ Bachelor of Health Science in Aesthetics က အလှအပနဲ့ အရေပြားဆရာဝန်ဖြစ်ချင်သူများအတွက် ရွေးချယ်သင့်တဲ့ program တစ်ခုပဲဖြစ်ပါတယ်။ ဒီ program ကနေ ကျောင်းသား/သူများကို clinical knowledge and skills, focusing on preventative skin health and anti-ageing dermal therapies တွေကို သင်ကြားပြသပေးသွားမှာဖြစ်ပါတယ်။ 👩‍🏫👨‍🏫

▪️ဒါတွေတင်မကသေးဘဲ Esthetics Doctor တစ်ယောက်အတွက် လိုအပ်တဲ့ theoretical foundation in health science, in-depth aesthetic course covers advanced skin health protocols နဲ့ appropriate applications of techniques and therapies using the most up-to-date aesthetic technology and products ဘာသာရပ်တွေပါ သင်ယူရမှာဖြစ်ပါတယ်။ 📚🧑‍⚕️

▪️စာတွေ့သင်ခန်းစာများသာမက လက်တွေ့အတွေ့အကြုံများပါ ပြည့်ဝစေဖို့အတွက် ဆေးဝါးကုသမှုပိုင်းများ၊ နောက်ဆုံးပေါ်နည်းပညာရပ်များနှင့် အလုပ်ခွင်ပြင်ပ ပေါင်းသင်းဆက်ဆံမှု နည်းစနစ်များကိုပါ သင်ကြားပေးမှာပဲဖြစ်ပါတယ်။ 💁‍♂️

▪️အလုပ်ခွင်ဝင်ရောက်ဖို့ အတွေ့အကြုံများရရှိစေရန် ရည်ရွယ်၍ ပြင်ပဆေးခန်းများတွင် (၆၅) နာရီ အလုပ်သင်ဆင်းရမှာဖြစ်ပြီး ကျောင်း၏ student-led clinic တွင်လည်း နာရီ (၅၀) လေ့လာရမှာဖြစ်ပါတယ်။ Torrens University Australia နဲ့ partnership လုပ်ထားတဲ့ အဖွဲ့အစည်းတွေကတော့ Australian Society of Dermal Clinicians နဲ့ Dermalogica တို့ပဲဖြစ်ပါတယ်။ 🙆‍♂️🏫

▪️ဒီလိုမျိုးပြည့်စုံလှတဲ့ သင်ကြားမှုပုံစံတွေနဲ့  Bachelor of Health Science in Aesthetics Program က သင့်ကို beauty industry မှာ အရည်အချင်းအပြည့်နဲ့ ယုံကြည်ချက်ရှိရှိလျှောက်လှမ်းနိုင်ဖို့ ကူညီပေးသွားမှာပါ။ 🧑‍⚕️👨‍⚕️

▪️Program ကိုတက်ရောက်ဖို့ စိတ်ဝင်စားတဲ့ International Students တွေအနေနဲ့  IELTS 6.0 (no band less than 5.5) or equivalent လိုအပ်ပါတယ်။ 💁‍♂️

▪️Tuition Fees အနေနဲ့ AUD$ 78,600 ကျသင့်နိုင်ပြီး February Intake နဲ့ May Intake ဆိုပြီး intake season ၂ခုရှိပါတယ်။ 🗓

🗂 Program Link – https://www.torrens.edu.au/courses/health/bachelor-of-health-science-aesthetics 

🏫 School Website – https://www.torrens.edu.au 

#LetsPlanYourCareerTogether#StudyInAustralia#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

September 18, 2021

▪️1964 တွင်စတင်တည်ထောင်ခဲ့သော Macquarie University သည် public university ဖြစ်ပြီး QS World University Rankings, 2020 အရ နိုင်ငံတကာရှိ ထိပ်တန်းတက္ကသိုလ် ၁%တွင် ပါဝင်ကာ 

Australia နိုင်ငံရှိထိပ်တန်းတက္ကသိုလ်များတွင် top 10 ရရှိထားပါတယ်။ 🏫🙆‍♂️

▪️Macquarie University ၏ main campusသည် Sydneyမြို့မှ ၁၅ကီလိုမီတာအကွာတွင်ရှိပြီး ကျောင်းသားပေါင်း ၄၀၀၀၀ကျော် ပညာသင်ကြားလျက်ရှိပါတယ်။ 👩‍🎓👨‍🎓

▪️Undergraduate နှင့် Graduate Programs များစွာကို သင်ကြားပေးလျက်ရှိပြီး ထင်ရှားသော ဘာသာရပ်များမှာ- 

📚Business

📚Education

📚Engineering

📚Law

📚Science

📚Medicine and health

📚Arts and social sciences

📚Information technologies

📚Languages and linguistics

📚Media, communications and creative arts

📚Psychology and cognitive science

📚Security, intelligence and criminology တို့ဖြစ်ပါတယ်။ 

🗂 အသေးစိတ်ကို https://www.mq.edu.au/study/find-a-course တွင်ကြည့်နိုင်ပါတယ်။

▪️Macquarie University တွင်ပညာသင်ကြားလိုသော ကျောင်းသားများအတွက် လိုအပ်သော English Language အရည်အချင်းသတ်မှတ်ချက်များမှာ-

📌IELTS – 6.5 & above

📌TOEFL –  94 & Above

📌PTE – 65 & Above

▪️International နှင့် Domestics Scholarship အမျိုးအစားများစွာပေးပြီး

နှစ်စဉ်  Scholarship $6 millionကို ကျောင်းသားများအတွက်ထောက်ပံ့ပေးလျက်ရှိပါတယ်။ 

အသေးစိတ်ကို https://www.mq.edu.au/study/why-study-here/scholarships တွင်ကြည့်နိုင်ပါတယ်။ 💁‍♂️

▪️Career and Employment Service များထားရှိပေးကာ ကျောင်းသားများ၏ life-long career planning များအတွက် လိုအပ်သော skillsများကို ပြင်ဆင်ပေးခြင်းအပြင် လုပ်ငန်းခွင်ရှိ industry expert များနှင့် လေ့လာသင်ကြားနိုင်သည့် အစီအစဉ်များကိုပါ ထည့်သွင်းပေးထားပါတယ်။ 🙆‍♂️😇

🏫 School website- https://www.mq.edu.au/

#LetsPlanYourCareerTogether#StudyInAustralia#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

September 15, 2021

▪️1951 ခုနှစ်မှစတင်၍စတင်တည်ထောင်ခဲ့သော Cape Breton University ဟာဆိုရင် Atlantic Universities၊ Commonwealth Universities စသော association များတွင် Associate University တစ်ခုဖြစ်ပါတယ်။ ယင်း University တည်ရှိရာ Norfolk ပြည်နယ်ဟာ Canada ရဲ့ အေးချမ်းဆုံးသော ပြည်နယ်တစ်ခုဖြစ်ပြီး အခြား Providence များနှင့်ယှဥ်လျင် နေထိုင်စားသောက်စရိတ် 15% ခန့်သက်သာတာကို တွေ့ရပါတယ်။ 💁‍♂️

▪️Cape Breton University တွင် နိုင်ငံပေါင်း 40 ကျော်မှ ကျောင်းသား/သူပေါင်း 5,500 ခန့် ပညာသင်ယူနေပြီး Students များအတွက် ကြီးမားသော Library, Sport Facilities နှင့် Reading Rooms အစရှိသည့် Facilities များကိုပေးထားပါတယ်။ International Student များအတွက် အခြေချရာတွင် အကူညီပေးသော support service နှင့် health care service များလည်းပေးသွားမှာဖြစ်ပါတယ်။ 🙆‍♂️

▪️ပညာရပ်များကိုသင်ကြားရာတွင်လည်းစာသင်ခန်း မှ အလုပ်ခွင်သို့ အဆင်ပြေစွချောမွေ့စွာ ပြောင်းနိုင်ရန် Practical Lecture များစွာ ကိုထည့်သွင်းထားတာဖြစ်တဲ့အပြင် Graduates များအလုပ်ရရှိမှုလွယ်ကူစေရန် ရည်ရွယ်ပြီး workplacement နှင့် internship program များဖြင့်လည်းကူညီပေးလျက်ရှိပါတယ်။ 😇

▪️Cape Breton Universityရဲ့ Recommend အကောင်းဆုံး Subject Field များမှာ

📚 Business

📚 Liberal Art

📚 Science

📚 Technology

📚 Education

📚 Health & Wellness တို့ဖြစ်ပါတယ်။ 

▪️Annual Tuition fees အနေနဲ့ CA$ 18,000 ဝန်းကျင်ကျသင့်မှာဖြစ်ပြီး intake အနေနဲ့ February နဲ့ October ဟူ၍ 2 ခုရှိမှာပါ။🗓🗂

▪️International Students များအတွက် Minimum English Requirements အနေနဲ့ 

📌TOEFL score of 550 (paper test), 213 (computer test), or 80 (internet test)

📌IELTS Academic (and IELTS Indicator) score of 6.5 with no band below 6.0

📌Pearson PTE (Academic) score of 59

📌Duolingo English Test score of 115 တို့ကိုရရှိရန်တော့လိုအပ်ပါတယ်။ 

🔍 အသေးစိတ်ကိုတော့ https://www.cbu.ca မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ 

#LetsPlanYourCareerTogether#StudyInCanada#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

1 2 3 6