fbpx
September 13, 2021

▪️ရုပ်မြင်သံကြား အစီအစဉ်များ ၊ ပြည်တွင်းပြည်ပ သတင်း၊ အားကစားနှင့် အနုပညာ သတင်းများကို ကင်မရာ နောက်ကွယ် သို့ ကင်မရာရှေ့တွင် လုပ်ကိုင်လိုသော ဆန္ဒရှိသူများအတွက် အမေရိကန်နိုင်ငံရှိ Auburn University တွင် တက်ရောက်နိုင်သော Bachelor of Arts in Journalism ဘာသာရပ်ကို ဖော်ပြပေးလိုက်ပါတယ်။ 💁‍♂️

▪️Bachelor of Arts in Journalism ဘာသာရပ်တွင် ရုပ်သံလွှင့်ခြင်းနှင့် Digital Platform များတွင် သတင်းတင်ပြခြင်း၊ စုစည်းခြင်းများနှင့် စာတမ်းရေးသားခြင်း၊ ထုတ်လုပ်ခြင်းများကို သင်ကြားရမှာ ဖြစ်ပါတယ်။ သတင်းတင်ဆက်သူ တစ်ယောက်အနေဖြင့် သတင်း အရင်းအမြစ်နှင့် မတူကွဲပြားသော သတင်းသစ်များကို ပြည်သူများထံ ပို့ဆောင်နည်းများ၊ ရုပ်သံလွှင့်ရာတွင် အသုံးပြုသော ပစ္စည်းကရိယာများ၊ သတင်းထုတ်လွှင့်သူတစ်ယောက်၏ သတင်း တင်ဆက်မှု ပုံစံများကို လေ့လာရမှာဖြစ်ပါတယ်။ 📺👩‍💼👨‍💼

▪️ကျောင်းသားများအနေဖြင့် on-air လက်တွေ့သင်ကြားမှုများနှင့် ဒီဂျစ်တယ် သတင်း ဘာသာရပ်များကို Auburn University နှင့် ချိတ်ဆက်ထားသော Raycom Media မှ ပစ္စည်းအစုံအလင်ဖြင့် လက်တွေ့ လေ့ကျင့်နိုင်ရန် ထောက်ပံ့ပေးထားပါတယ်။ သတင်း ပညာရပ်များသာမက ကျောင်းသားများအနေဖြင့် အမေရိကန်နိုင်ငံ၏ အစိုးရ၊ နိုင်ငံရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ အားကစားနှင့် ယဉ်ကျေးမှုများကိုပါ ရွေးချယ် တက်ရောက်နိုင်ပါတယ်။🙆‍♂️

▪️ဒီ Program ကို ၄ နှစ်ကြာ တက်ရောက်ရမှာ ဖြစ်ပြီး Tuition fees – USD 31,956 ကျသင့်မှာ ဖြစ်ပါတယ်။ 💵

▪️English Proficiency အနေဖြင့် TOEFL : 79 or IELTS : 6.5 or PTE : 53  တို့လိုအပ်ပါတယ်။📑

▪️သင်ကြားရမည့် ဘာသာရပ်၊ သင်ရိုးညွှန်းတမ်း အသေးစိတ်ကို အောက်ပါ Link တွင် ကြည့်ရှုနိုင်ပါတယ်။ 🔽

🔍https://www.cla.auburn.edu/cmjn/journalism-sports-production/curriculum-areas-of-emphasis/broadcast-journalism/

#LetsPlanYourCareerTogether#StudyInUSA

#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

September 13, 2021

▪️ယနေ့မှာတော့ အမေရိကန်နိုင်ငံရှိ Baylor University တွင် တက်ရောက်နိုင်သော (MBA) with Cyber Security ဘာသာရပ်ကို ဖော်ပြပေးလိုက်ပါတယ်။ 💁‍♂️

▪️Cyber Security ဆိုသည်မှာ နည်းစနစ်၊ Network နှင့် ဂရိုဂရမ်များကို cyber-attack မှ  ကာကွယ်ခြင်းများ ပြုလုပ်ရတာဖြစ်ပါတယ်။ တိုးတက်လာသော ခေတ်အလျှောက် လုပ်ငန်းခွင် နယ်ပယ်တိုင်းသည် နည်းပညာကို မှီခိုအားထားလာကြပါတယ်။ 🙆‍♂️

▪️ယခု ပရိုဂရမ်တွင် လက်ရှိ စီးပွားရေးစီမံမှု နည်းစနစ်များကို နောက်ဆုံးပေါ် ခေတ်မီ နည်းပညာများဖြင့် လေ့လာရမှာဖြစ်ပါတယ်။ Baylor University ၏ MBA  နှင့် Certificate of Cyber Security များအောင်မြင်ပြီးပါက Cyber Security Consultant, Information Security Analyst, Project Manager, Network Administrator အနေဖြင့် လုပ်ကိုင်နိုင်ပါတယ်။ 👩‍💻👨‍💻

▪️၁ -၂ နှစ်ခန့် တက်ရောက်ရမှာ ဖြစ်ပြီး Tuition fees – USD 39,610 ကျသင့်မှာဖြစ်ပါတယ်။ 💵

▪️သင်ကြားရမည့် ဘာသာရပ်များမှာ

•    ISEC 5305 Seminar in Information Security Foundations

•    ISEC 5330 Cyber Security Policy and Planning

•    ISEC 5320 Cyber Security Tech Factors

•    ISEC 5340 Cyber Warfare, Threats, Vulnerabilities, and Countermeasures

🗂ပရိုဂရမ် အသေးစိတ်ကို အောက်ပါ Link တွင် ကြည့်ရှုနိုင်ပါတယ်။ 

https://www.baylor.edu/business/mba/index.php?id=966524

#LetsPlanYourCareerTogether#StudyInUSA

#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

September 12, 2021

▪️ယနေ့မှာတော့ Nipissing University ၏ Post-baccalaureate Diploma & Certificate ပရိုဂရမ်များနှင့် မိတ်ဆက်ပေးလိုက်ပါတယ်။ 🙆‍♂️

▪️Post-baccalaureate diploma, certificate ဆိုသည်မှာ Master program  တက်ရောက်လိုသူများနှင့် Bachelor degree ရရှိထားသူများအနေဖြင့် 20 credits ထပ်မံရရှိလိုသည့် အခါ တက်ရောက်နိုင်သော ပရိုဂရမ်ဖြစ်ပါတယ်။ တက်ရောက်လိုသူများအနေဖြင့် 3-4 year ဒီဂရီ အောင်မြင်ထားသူဖြစ်ရပါမယ်။ 💁‍♂️

▪️Nipissing University သည် North Bay, Ontario, Canada တွင် တည်ရှိသော Public University ဖြစ်ပါတယ်။ ၂၀၁၁ တွင် Ontario  အစိုးရ၏ ခွင့်ပြုချက်ဖြင့် Graduate degree များကို ပေးအပ်ခဲ့ပါတယ်။ Personal teaching သင်ကြားရေးဖြင့် student-focused သင်ကြားရေး စနစ်များကို အသုံးပြုသင်ကြားပေးတဲ့ တက္ကသိုလ်တစ်ခုပဲဖြစ်ပါတယ်။ 🏫

▪️Nipissing University တွင် တက်ရောက်နိုင်သည့် Post-baccalaureate ပရိုဂရမ်များနှင့် သင်ကြားရမည့် သင်ရိုးများကို အောက်ပါ Link တွင် ကြည့်ရှုနိုင်ပါတယ်။ 👩‍🎓🧑‍🎓

▪️Post-Baccalaureate Certificates

•    Post-Baccalaureate Certificate in Human Resource Management

https://academiccalendar.nipissingu.ca/~/Catalog/ViewCatalog.aspx?pageid=viewcatalog&catalogid=8&topicgroupid=3334

•    Post-Baccalaureate Certificate in General Management

https://academiccalendar.nipissingu.ca/~/Catalog/ViewCatalog.aspx?pageid=viewcatalog&catalogid=8&topicgroupid=3335

▪️Post-Baccalaureate Diplomas

•    Post-Baccalaureate Diploma in Business Administration

https://academiccalendar.nipissingu.ca/~/Catalog/ViewCatalog.aspx?pageid=viewcatalog&catalogid=8&topicgroupid=3336

•    Post-Baccalaureate Diploma in Finance

https://academiccalendar.nipissingu.ca/~/Catalog/ViewCatalog.aspx?pageid=viewcatalog&catalogid=8&topicgroupid=3337

•    Post-Baccalaureate Diploma in Human Resource Management

https://academiccalendar.nipissingu.ca/~/Catalog/ViewCatalog.aspx?pageid=viewcatalog&catalogid=8&topicgroupid=

•    Post-Baccalaureate Diploma in International Business

https://academiccalendar.nipissingu.ca/~/Catalog/ViewCatalog.aspx?pageid=viewcatalog&catalogid=8&topicgroupid=3339

•    Post-Baccalaureate Diploma in Marketing

https://academiccalendar.nipissingu.ca/~/Catalog/ViewCatalog.aspx?pageid=viewcatalog&catalogid=8&topicgroupid=3340

#LetsPlanYourCareerTogether#StudyInCanada#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

September 1, 2020
The University of Newcastle သည် Sydney မြို့နှင့် Newcastle မြို့တို့တွင်တည်ရှိပြီး 2020 QS World Ranking System အရ အဆင့် ၂၀၇ တွင် တည်ရှိပြီး World Top 1% University များထဲတွင် အပါအ၀င်ဖြစ်သည်။
The University of Newcastle ကို 1965ခုနစ်တည်စတင်တည်ထောင်ခဲ့ပြီး နှစ်စဉ်နိုင်ငံတကာကျောင်းသား/သူပေါင်း 30000 ကျော်တက်ရောက်လျက်ရှိပါတယ်။
The University of Newcastel မှ 2020ခုနစ် October Intake အတွက် University Foundation Studies နှင့် Diploma Program များအား 15%Scholarship ပေးအပ်သွားမှာဖြစ်ပါတယ်။
Scholarship ပေးအပ်သွားမည့် Program များမှာ
University Foundation Program အတွက် AUD$3450 Scholarship
Foundation for Medicine Program အတွက် AUD$4132.50 Scholarship
Diploma of Business Program အတွက် AUD$3756 Scholarship
Diploma of Engineering Program အတွက် AUD$4458 Scholarship
Diploma of Information Technology Program အတွက် AUD$4458 Scholarship
Diploma of Media and Communication Program အတွက် AUD$3864 Scholarship
သတ်မှတ်ချက်အနေနဲ့ University Foundation Program အတွက်မိမိ၏ Academic Record (Matriculation Marks)နှင့် Diploma Program အတွက်(University Transcript) ပေါ်မူတည်၍ လျှောက်ထားတက်ရောက်နိုင်မှာ ဖြစ်ပါတယ်။
သင်က သြစတြေးလျနိုင်ငံမှာရှိတဲ့ အကောင်းဆုံး University တွေမှာ Scholarship ဖြင့် တက်ရောက်ခွင့်ရလိုပါသလား?
EEVS ရဲ့ အပြင်းပြဆုံးဆန္ဒဟာ သင့်ရဲ့ပညာရေးလမ်းကြောင်း တစ်ထောင့်တစ်နေရာမှပါဝင် ကူညီပေးဖို့်ပါ။
The University of Newcastle ၏ University Foundation Program Scholarship နှင့်ပတ်သတ်ပြီး EEVS Myanmar ရုံးသို့ ကိုယ်တိုင်လာရောက်၍ဖြစ်စေ ဖုန်းဖြင့် 09790839290,09751871589 သို့ဆက်သွယ်၍ဖြစ်စေ အသေးစိတ်မေးမြန်းလျှောက်ထားနိင်ပါသည်။
September 1, 2020

ကျောင်းတက်ရင်းနဲ့ အလုပ်လုပ်လို့ ရပါသလား

ရပါတယ်။ သြစတြေးလျ အစိုးရက နိုင်ငံတကာ ကျောင်းသားတွေကို ကျောင်းတက်ရင်းနဲ့ တစ်ပတ်ကို နာရီ ၂၀ အထိ အလုပ်လုပ်ခွင့် ပေးထားပါတယ်။

ဘယ်လို အလုပ်မျိုးတွေ လုပ်ခွင့်ရသလဲ

အများအားဖြင့်သော Retail Shop တွေ စူပါမားကတ်တွေ , Hospitality Industries, Hotel, Restaurant, Petrol Stations, Cinemas, Call Center တွေမှာ အလုပ်လုပ်ခွင့် ရကြပါတယ်။ မိမိအနေနဲ့ ကံကောင်းရင် ကောင်းသလို ကိုယ်လေ့လာနေတဲ့ ဘာသာရပ်နဲ့ ပတ်သက်တဲ့ Industry မှာပါ လုပ်ခွင့် ရပါတယ်။

အလုပ် ဘယ္လိုရွာလို႕ ရပါသလဲ

မိမိအနေနဲ့ အလုပ်မရှာခင် မိမိရဲ့ CV ကိုကောင်းမွန်စွာ ကြိုတင် ပြုပြင်ထားသင့်ပါတယ်။ အင်တာဗျူးအတွက် ကြိုတင်ပြင်ဆင်ပြီးလျှင် စူပါမားကတ်, စားသောက်ဆိုင်တို့မှာ သွားပြီး အလုပ်ခေါ်ထားတာ ရှိပါသလားဆိုပြီး မေးနိုင်ပါတယ်။ နောက်ထပ် Job Agency တွေဖြစ်တဲ့ Seek, MyCareer, CareerOne and ApplyDirect တို့မှာလည်း ရှာဖွေနိုင်ပါတယ်။ အကောင်းဆုံးကတော့ မိမိအနေနဲ့ အလုပ်မလျှောက်ခင် ကိုယ်လုပ်မယ့် အလုပ်အကြောင်းကို သေချာ လေ့လာပြီးသွားမယ် ဆိုရင် ပိုပြီးတော့ အလုပ်ရဖို့များပါတယ်။ ဘယ်အလုပ်ရှင်မဆို ကိုယ့်လုပ်ငန်း အကြောင်းကို သိထားတဲ့လူမျိုးကို ခန့်ချင်တာပါပဲ သူတို့ အတွက် အချိန်ကုန်လည်း သက်သာတယ်လေ။ ဒီတော့ အလုပ်မရှာခင် ဒီအချက်လေးတွေကို ပြင်ထားပြီးသွားရင် ပိုကောင်းပါတယ်။ အလုပ်ရဖို့ဆိုတာ မိမိကိုယ်တိုင်က ၁၀၀% တာ၀န်ယူရမှာ ဖြစ်ပါတယ်။

တစ်နာရီကို ၀င်ငွေ ဘယ်လောက် ရပါသလဲ

ဒါကတော့ ကိုယ်လုပ်ရမယ့် အလုပ်ပေါ်လည်း မူတည်တယ်ဆိုပေမယ့် သြစတြေးလျမှာ အနိမ့်ဆုံးအနေနဲ့ 16$ မှ 25$ အထိရကြပါတယ်။ လစာကိုတော့ လုပ်ငန်းရှင်အများစုက နှစ်ပတ်တစ်ခါ ရှင်းတာမျိုး ရှိပါတယ်။

လစာကို ဘယ်လို လက်ခံမလဲ

သြစတြေးလျမှာ အများအားဖြင် လစာတွေ ပေးချေရာမှာ Cashless System သွားတဲ့အတွက် မိမ်ိအနေနဲ့ လုပ်အားခ လက်ခံဖို့ရာ ဘဏ်အကောင့်တစ်ခု ရှိထားမှ အဆင်ပြေမှာ ဖြစ်ပါတယ်။ ဘဏ်အကောင့်တစ်ခု ဖွင့်ဖို့ဆိုရင်
A copy of your welcome letter, passport, student ID or proof of enrolment, Australia mobile number အစရှိသဖြင့် ပေးရပါတယ်။

သြစတြေးလျမှာ Transportation ကို တစ်လ ဘယ်လောက် ကုန်ကျနိုင်သလဲ

Transportation အနေနဲ့ ဘက်စ်ကား, ရထား, သံလမ်းရထား, ဖယ်ရီ အစရှိသဖြင့် ရှိပါတယ်။ ဘယ် Transportation က ကိုယ့်အတွက် အဆင်ပြေမလဲဆိုတာကတော့ ကိုယ်နေထိုင်တဲ့ နေရာပေါ်မှာလည်း မူတည်ပါတယ်။

Public Transportation တွေရဲ့ စရိတ်ကလည်း မိမိနေထိုင်တဲ့ နေရာပေါ်မှာ မူတည်ပြီး အနည်းနှင့်အများ ကွားခြားမှုရှိပါတယ်။ ဒါတွေကတော့ မြို့တစ်မြို့ချင်းစီရဲ့ အကြမ်းအားဖြင့် တစ်ပတ်စာ Transportation Cost ဖြစ်ပါတယ်။
ပျမ်းမျှ ဘက်စ်ကား လက်မှတ် ကုန်ကျငွေ = 3.3 AUD
ဆစ်ဒနီ လေဆိပ်ကနေ ဘက်စ်ကားခ ကုန်ကျငွေ = 14 AUD
မဲလ်ဘုန်း လေဆိပ်ကနေ ဘက်စ်ကားခ ကုန်ကျငွေ = 16 AUD
ဆစ်ဒနီ ဖယ်ရီ ပျမ်းမျှ လက်မှတ်စျေး = 5.5 AUD nearest zone
ဘက်စ်ကားဖြင့် သွားလာစရိတ် တစ်ရက်တာ ပျမ်းမျှ ကုန်ကျငွေ= 7.8 AUD
သံလမ်းရထား ပျမ်းမျှ လက်မှတ်စျေး ( one way ) = 2.2 AUD
ရိုးရိုး ရထား ပျမ်းမျှ လက်မှတ်စျေး = 1.8 AUD

တစ်လချင်းကို ပျမ်းမျှဆိုရလျှင်

Sydney = Average 180$ AUD ( per month )
Melbourne = 147 $ AUD
Brisbane = 150$ AUD
Perth = 130 $ AUD
Adelaide = 121 $ AUD
Canberra = 100$ AUD
Gold Coast = 70$ AUD
Newcastle = 100$ AUD
Darwin = 80$ AUD
Hobart = 40$ AUD
တို့ဖြစ်ပါတယ်။

စားသောက်တာ ပျမ်းမျှ ကုန်ကျစရိတ် ဘယ်လောက်ရှိနိုင်မလဲ

ဒါကတော့ ကိုယ်နေတဲ့ နေရာ မြို့အနေအထားမှာ မူတည်သလို ကိုယ်ကိုယ်တိုင်ကလည်း အစားအသောက်ပေါ်မှာ ငွေဘယ်လောက်ထိ သုံးသလဲပေါ်မှာလဲ မူတည်ပါတယ်။ဒီတော့ တစ်ယောက်နဲ့ တစ်ယောက်ဘယ်လောက် ကုန်ကျနိုင်မလဲဆိုတာ မတူပေမယ့် ပျမ်းမျှတွက်ထားတာလေိးကုတော့ ပြောပြပေးသွားမယ်နော်။ အျပင္မွာ စားမယ္ဆိုရင်တော့

Sydney – $15 – $30 per person
Melbourne – $15 – $ 30 per person
Brisbane – $17 – $30 per person
Perth – $20 – $50 per person
Adelaide – $18 – $40 per person
Gold Coast – $15 – $35 per person
New Castle – $23 – $45 per person
Canberra – $16 – $40 per person

အစရှိသဖြင့် ပျှမ်းမျ ကုန်ကျစရိတ် ရှိပါတယ်။ ကိုယ်တိုင် ချက်စားမယ်ဆိုရင်တော့ ၅၀%နီးနီး သက်သာနိုင်ပါတယ်။ သူငယ်ချင်းတွေနဲ့ ပေါင်းနေပြီး ပေါင်းချက်စားရင်တော့ ပိုပြီးတော့ သက်သာနိုင်ပါတယ်။

သြစတြေးလျမှာအိမ်၊ တိုက်ခန်း၊အဆောင်ငှားတာ ကုန်ကျငွေ ဘယ်လောက်ရှိသလဲ

ဖြေ – အကယ်၍ ကိုယ်က သြစတြေးလျကို ပညာသင် သွားတဲ့အချိန်မှာ အသက် ၁၈ နှစ်ပြည့်ပြီးပြီဆိုရင်တော့ မိမိ ငွေကြေးတတ်နိုင်သလို ကွန်ဒို ၊ တိုက်ခန်း ၊ အဆောင် အစရှိသဖြင့် ငှားရမ်းနေထိုင်လို့ရပါတယ်။ ကုန်ကျစရိတ်ကလည်း ကိုယ်နေတဲ့ တိုက်အမျိုးအစား ၊ မြို့ ၊ နေရာအနေအထားပေါ်မှာ မူတည်ပါတယ်။ ကျောင်းသားအများစုကတော့ အဆောင်တွေကို စပ်တူငှားနေထိုင်တာမျိုးများပြီး တစ်ချို့ကလည်း ကိုယ်တက်ရောက်နေတဲ့ ကျောင်းမှာပဲ အဆောင်တွေ ငှားနေလို့ ရတာမျိုး ရှိပါတယ်။ ငွေကြေးကောင်းကောင်း တတ်နိုင်တဲ့သူတွေကတော့ တိုက်ခန်း ၊ ကွန်ဒို အစရှိသဖြင့် ကိုယ်တိုင် ငှားနေကြပါတယ်။

ဒါကတော့ မြို့အလိုက် ပျမ်းမျှ ကုန်ကျစရိတ် ဖြစ်ပါတယ်။

Sydney: Starts at $350 per week.
Melbourne: starts at $290 per week.
Brisbane, Perth: Starts at $270 per week.
Adelaide, Gold Coast, Newcastle & Wollongong: starts at $260 per week

စျေးကြီးတဲ့နေရာမှာဆိုရင် တစ်လကို (900 Sqft) furnished accommodation AU$2,523
ပုံမှန်နေရာလောက်မှာဆိုရင် (900 Sqft) furnished accommodation AU$2,014
နှစ်ယောက်ပေါင်းနေရင် တစ်လစာ ရေ၊ လျှပ်စစ်မီးခ AU$240
စျေးကြီးတဲ့နေရာမှာ တစ်လကို (480 Sqft) furnished studio AU$1,940
ပုံမှန်နေရာမှာဆိုရင် (480 Sqft) furnished studio AU$1,364 အစရှိသဖြင့် ရှိပါတယ်။

ခြုံပြောရမယ်ဆိုရင် တစ်လကို နေထိုင် စားသောက်စားရိတ် AUD 1000 မှ 1200 ကြားရှိပါတယ်။

ကျောင်းတွေကို ဘယ်လို လျှောက်လို့ရမလဲ

အကယ်၍ မိမိဘက်ကနေ တက်ရောက်ချင်တဲ့ ဘာသာရပ်ကို ရွေးချယ်ပြီးသွားပြီ ဆိုတာနဲ့ တက်ချင်သောကျောင်း ဗီဇာအစရှိသဖြင့် ကိစ္စအ၀၀ကို သင်သြစတြေးလျ မရောက်မချင်း Expertမှ အခမဲ့ ကူညီပေးမှာ ဖြစ်ပါတယ်။

သြစတြေးလျကို ထွက်လာခါနီး ဘာတွေ ပြင်ဆင်ထားရမှာလဲ

မိမိအနေနဲ့ ပညာသင်ထွက်လာခါနီးဆိုရင် အရေးကြီးတဲ့ စာရွက်စာတမ်းတွေ ဖြစ်တဲ့ passport, မိမိတက်ရောက်မည့် university သို့ institution မှ လက်ခံရရှိထားသော COE ( Confirmation Of Enrolment ) Letter, ကျောင်းအောင်လက်မှတ်, သြစတြေးလျရောက်ရင် မိမိနေထိုင်မည့် နေရာလိပ်စာ , အစရှိသဖြင့် အရေးကြီးတဲ့ စာတမ်းတွေကို ယူခဲ့ဖို့ မမေ့ဖို့ရယ် မိမိသွားရောက်မည့် နေရာဒေသရဲ့ ရာသီဥတုကို အင်တာနက်ကနေ ကြည့်ပြီး သင့်လျော်မယ့် အ၀တ်အစား, ငွေကြေးအနည်းငယ် အစရှိသဖြင့် ပြင်ဆင် ထားသင့်ပါတယ်။

သြစတြေးလျမှာ ပညာသင်ရင်း ၊ အလုပ်လုပ်ရင်းနဲ့ PR ကော လျှောက်လို့ရပါသလား

ရပါတယ်လို့ပဲ ပြောရပါမယ်။ သြစတြေးလျမှာ ပညာသင်လာတဲ့ နိုင်ငံခြားသား ကျောင်းသား/သူတစ်ယောက်အနေနဲ့ တစ်ပတ်ကို နာရီ ၂၀ အလုပ်လုပ်ခွင့် ရတာကိုတော့ အရင်က ပို့စ်တွေ ဖတ်ဖူးတဲ့ တော်တော်များများ သိကြမှာပါ။ ဒါပြီးရင်ကိုယ်က ဟိုမှ နေတာ နှစ်နှစ် အထက်လည်း ရှိပြီ Bachelor Degree လည်းရထားပြီဆိုရင်တော့ နောက်ထပ်နှစ်နှစ် အလုပ်လုပ်ခွင့်ရပြီး ဒီအတောအတွင်း ကိုယ်က PR ရဖို့အထိ မျှော်မှန်းထားတယ်ဆိုရင် PR ပေးရာမှာ လိုအပ်တဲ့ အမှတ်တွေကို စုဆောင်းနေဖို့လည်း တိုက်တွန်းချင်ပါတယ်။
သြစတြေးလျနိုင်ငံဟာ ဧရိယာ အကျယ်အ၀န်းအနေနဲ့ 7 692 024 ကီလိုမီတာ ရှိပြီး ( မြန်မာနိုင်ငံထက် ပိုကြီး ) လူဦးရေအနေနဲ့ ၂၄ သန်းကျော်သာ ရှိတာကြောင့် migration ပိုင်းကိုလည်း US , UK တို့လိုမျိုး တင်းကြပ်ထားတာမျိုး မရှိပါဘူး။ 2018 ဒေတာအရ သြစတြေးလျမှာ ၇.၃သန်းသော လူတွေမှာ အခြားနိုင်ငံမှ ပြောင်းလာသူများဖြစ်ပြီး ဒါဟာ လူဦးရေရဲ့ ၂၉%ထိ ရှိတယ်လို့ဆိုပါတယ်။

သြစတြေးလျရဲ့ အဓိက လုပ်ငန်းများအနေနဲ့ Construction, Mining, Finance Services အစရှိသောလုပ်ငန်းများရပ်တည်နေပြီး မိမိအနေနဲ့ သြစတြေးလျက သတ်မှတ်ထားတဲ့ လူနေမှု အဆင့်အတန်း ( ပညာရေး ၊ စီးပွားရေး ၊ လူမှုရေး ) အစရှိသဖြင့် အဆင့်အတန်းတစ်ခုကို မှီနေအောင် ကြိုးစားထားဖို့ လိုပါတယ်။ ကိုယ် သြစတြေးလျမှာ ရှိနေတဲ့အချိန် ပုံမှန်လေး လုပ်သွားရင် ရပါတယ်။

Expert Education and Visa Services သည် လွန်ခဲ့သည့် ၂၀၀၃ ခုနှစ်မှစ၍ သြစတြေးလျနိုင်ငံရှိ မြို့ကြီး ရှစ်မြို့နှင့် နိုင်ငံပေါင်း ဆယ်နိုင်ငံတွင် ကျောင်းသားပေါင်း ၂၅၀၀၀ ကျော်ကို ပညာရေး ၊ အလုပ်အကိုင်ဗီဇာ ၊ ပီအာ ရရှိရေး အစရှိသော ၀န်ဆောင်မှုများကို ကူညီ ဆောင်ရွက်လာခဲ့သည်။ Expert ၏ ပွင့်လင်းမြင်သာပြီး တိကျသေချာသော ၀န်ဆောင်မှုများကြောင့် ကျောင်းသားနှင့် ကျောင်းသားမိဘများ၏ ယုံကြည်အားကိုးခြင်းကို ခံရခြင်းသာမက သြစတြေးလျ၏ ထိပ်တန်း တက ္ကသိုလ်များမှလည်း ယုံကြည်စိတ်ချစွာဖြင့် တရား၀င် ကိုယ်စားလှယ်အဖြစ် နှစ်ပေါင်းများစွာ လက်တွဲ လုပ်ကိုင်လာခဲ့ကြသည်။

အကယ်၍ မိမိအနေနဲ့ သြစတြေးလျ သွားရောက်ပြီး ပညာသင်ယူဖို့ စဉ်းစားနေတယ် သို့မဟုတ် သြစတြေးလျ ပညာရေးအကြောင်းကို အသေးစိတ် မေးမြန်းလိုပါက အောက်ပါ ဖုန်းနံပါတ်များကို ဖုန်းဆက် ၍ ဖြစ်စေ Expert ၏ရုံးသို့ ကိယ်တိုင် လာရောက်၍ ဖြစ်စေ အခမဲ့ ဆွေးနွေးနိုင်ပါသည်။

မိဘများအနေနဲ့လည်း မိမိသားသမီး၏ ပညာရေးအတ်ွက ဆွေးနွေးလိုပါက လာရောက်ဆွေးနွေးဖို့ ကြိုဆိုပါသည်။

09751871588, 09790839290, 09751871587

No. (270), Lucky Nice Tower, ဒဂုံစင်တာအနီး ၊ ပြည်လမ်း

မြေနီကုန်း ၊ စမ်းချောင်းမြို့နယ်

Let’s Plan Your Career Together
#RelyOnExpert

September 1, 2020
 ကျွန်တော်တို့တွေ ဟာ ကိုယ့်မြို့ ကိုယ့်ဒေသ မဟုတ်တဲ့ နေရာဒေသ တစ်ခုကို သွားလည်တဲ့ အခါမှာ ပြဲဖစ်ဖြစ် ၊ ဒေသတစ်ခုကနေ နောက်တစ်ခုကို ပြောင်းရွှေ့ နေထိုင်တဲ့ အခါမှာပဲ ဖြစ်ဖြစ် ကိုယ်သွားမယ့် ဒေသ အကြောင်းကို တစေ့တစောင်း အကဲခတ်ထားဖို့ သိထားဖို့ လိုအပ် ပါတယ်။ အပိုင်း ၁ မှာတော့ Australia နိုင်ငံရဲ့ မြို့များထဲမှ Aldeladie, Brisbane, Melbourne နှင့် Sydney မြို့များအကြောင်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
1. Adeladie
The Economist Intelligence Unit’s ( EIU) Liveability Index 2017 အရ ကမ္ဘာ ပေါ်မှာ နေထိုင်ဖို့ အကောင်းဆုံး မြို့ထဲမှာ နံပတ် ၅ နေရာတွင် တည်ရှိနေသောမြို.တစ်မြို့ဖြစ်ပြီး နေထိုင်စရိတ်စက သက်သာသော မြို့လည်း ဖြစ်သည်။ တစ်နေရာမှ တစ်နေရာ သွားရောက်ဖို့အတွက် free buses တွေ ရှိသည့်အပြင် အလုပ်အကိုင်အခွင့် အလမ်းများ Internships အခွင့်အရေးများ အများအပြား ရနိုင်သော မြို့ဖြစ်သည်။ ကမ္ဘာ ပေါ်တွင်နှစ်စဉ်နှစ်တိုင်း အနုပညာ ပွဲတော်များ ကျင်းပသော မြို့များမှ ဒုတိယ ကျင်းပမှု အများဆုံးဖြစ်သောကြောင့် Adeladie သို့ သွားရောက်မည် ဆိုပါက ကျယ်ပြန့်သော အနုပညာများ၊ ယဉ်ကျေးမှုများ ၊ အစားအသောက် များ နှင့် ဂီတ ပွဲတော်များကို ဆင်နွှဲနိုင်မည် ဖြစ်သည်။
2. Brisbane
မပူလွန်း မအေးလွန်းသော နေရောင်ခြည် ရရှိသည့် မြို့တစ်မြို့ ဖြစ်ပြီး တစ်နှစ်လျှင် ရက်ပေါင်း 300 နေရောင်ခြည် ရရှိသည့်အတွက် သာယာလှပသော မြို့တစ်မြို့ အဖြစ် ထင်ရှားသည်။ မြို့တွင်းတွင် သွားလာ ဖို့ free ferries များ ရှိသည့် အတွက် သွားရလာရလွယ်ကူစေသည့် အပြင် နေထိုင်စရိတ်စက သက်သာသော မြို့ တစ်မြို့ လည်း ဖြစ်သည်။ ဒါ့အပြင်နိုင်ငံတကာမှ ကျောင်းသား ကျောင်းသူများအတွက် Student accommodation များ ပညာရေး အထောက်အပံ့ များမှာလည်း နိုင်ငံတကာ အဆင့်မှီများအဖြစ် ကျော်ကြားသည်။
3. Melbourne
Melbourne သည်လည်း ကမ္ဘာပါ်ရှိ နေထိုင်ဖို့ အသင့်ဆုံး မြို့များထဲတွင် 2011 မှ 2017 ထိ ၈ နှစ်ဆက်တိုက် ရပ်တည် ခဲ့သော
မြို့ တစ်ခု ဖြစ်သည်။ QS Best Student Cities in the world ,2018 အရ ကမ္ဘာပေါ်ရှိ မြို့များတွင် ကျောင်းသားများအတွက် တတိယ အကောင်းဆုံး မြို့ ဖြစ်သည့်အပြင် World’s Top Universities များတည်ရှိရာ နေရာ ဖြစ်သည်။ နိုင်ငံတကာ မှ Company များ အများအပြားရှိသောကြောင့် အလုပ်အကိုင်အခွင့်အလမ်း များပြားလှပြီး ကမ္ဘာ့အဆင့်မှီ အားကစားရုံကြီး များကြောင့် The Sport Business Ultimate Sport City Awards, 2018 ကို ရထားသော မြို့တစ်မြို့ ဖြစ်သည်။
4. Sydney
Sydney ရဲ့ ကျော်ကြားမှု က အထူးတလည် ပြောပြဖို့တောင် မလိုလောက်အောင် Australia လို့ပြောရင် Sydney ပဲ အမှတ်ရနေတာမျိုးပါ။ Sydney သည် QS Best Student Cities in the World,2018 အရ လူနေမှု အဆင့်အတန်းမြင့်မားသော ကမ္ဘာ့ထိပ်တန်းမြို့10 မြို့ထဲတွင် တစ်ခု အပါအဝင်ဖြစ်ပြီး ထိပ်တန်းAustralia corporations 500 ၏ ဠာနချုပ် 40% သည် Sydney တွင် ရှိသောကြောင့် အလုပ်အကိုင်အခွင့်အလမ်းများ များပြားလှသည်။ University of Western Sydney, Macquarie University, University of New South Wales, University of Sydney, University of Technology Sydney အစရှိသည့် Ranking ကောင်းသော Universities များ တည်ရှိရာ မြို့ဖြစ်သည့် အပြင် နေထိုင်ဖို့ အသင့်ဆုံးနှင့် အလှပဆုံးသော မြို့တစ်မြို့ အဖြစ် မှတ်တမ်းတင်ခြင်း ခံရသည်။
 ကျွန်တော် တို့တွေ ဟာ ကိုယ့်မြို့ ကိုယ့်ဒေသ မဟုတ်တဲ့ နေရာဒေသ တစ်ခုကို သွားလည်တဲ့ အခါမှာ ပြဲဖစ်ဖြစ် ၊ ဒေသတစ်ခုကနေ နောက်တစ်ခုကို ပြောင်းရွှေ့ နေထိုင်တဲ့ အခါမှာပဲ ဖြစ်ဖြစ် ကိုယ်သွားမယ့် ဒေသ အကြောင်းကို တစေ့တစောင်း အကဲခတ်ထားဖို့ သိထားဖို့ လိုအပ် ပါတယ်။ အထူးသဖြင့် ရာသီဥတု အခြေအနေ ၊ ဓလေ့ထုံးတမ်းများ၊ နေထိုင်မှု ပုံစံ များနှင့် အထင်ကရ နေရာများ အကြောင်း သိထားဖို့လိုပါတယ်။
Australia နိုင်ငံရဲ့ အထင်ကရ မြို့များ အကြောင်း တစေ့တစောင်း အပိုင်း ၂ ကို နောက်အပတ်မှာ ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။ Australia နဲ့ ပတ်သတ်ပြီး knowledge တွေ ရချင်တယ် ပညာသင်ဆုတွေအကြောင်း သိချင်တယ် ဆိုရင် EEVS page ကို Like and See First လုပ်ထားဖို့တော့ မမေ့ပါနဲ့
EEVS အနေဖြင့် ကျောင်းသား/ကျောင်းသူများ၏ အရည်အချင်းအလိုက် ထိုက်တန်သော အခွင့်အလမ်းမျိုးတွေကို ရရှိသွားရန် အကောင်းဆုံး ဆောင်ရွက်ပေးနေပါပြီ။
EEVS က ဘာတွေ ဆောင်ရွက်ပေးပါသလဲ
1. ကျောင်းသား/သူများကို ကျောင်းရွေးတာမှအစ ဗီဇာ ကိစ္စအဆုံးကို အခမဲ့ ဆောင်ရွက်ပေးပါတယ်။
2. ၁၈ နှစ်အောက်ကျောင်းသား/သူများအတွက် Guardian ကိစ္စအ၀၀ကို ဆောင်ရွက်ပေးပါတယ်။
3. Part-Time Job ရဖို့အတွက် အကူအညီ ပေးပါတယ်။
4. နေစရာ အိမ်၊အဆောင်ရှာဖွေဖို့ ကူညီပေးပါတယ်။
5. မြန်မာနိုင်ငံသာမကပဲ သြစတြေးလျကို ရောက်ရင်လည်း သြစတြေးလျမှာ ရှိတဲ့ ရုံးများမှ လိုအပ်တဲ့ အကူအညီကို ပေးပါတယ်။
6. Visa သက်တမ်းတိုးတာမှအစ Work Visa အဆုံး ရရှိအောင် ကူညီဆောင်ရွက်ပေးပါတယ်။
7. ကျောင်းသားနဲ့ အတူတူ လိုက်ပါလိုတဲ့ မိဘများအတွက် Parent Visa ကိစ္စများကို အပြည့်အ၀ တာဝန်ယူပေးပါတယ်။
ကျွန်တော်တို့၏ ဝန်ဆောင်မှုများတွင် Honesty, Quality, Integrity and Value အချက်လေးချက်ကို အမြဲဆောင်လေ့ရှိသောကြောင့် ကျွန်တော်သို့ ထံသို့ လာရောက် အကြံဉာဏ် ရယူသော ကျောင်းသားနှင့် ကျောင်းသားမိဘတိုင်းအတွက် မှန်ကန်ပြီး တိကျသေချာသော ဝန်ဆောင်မှုကို ပေးဆောင်ရန်မှာ ကျွန်တော်တို့အတွက် အရေးအကြီးဆုံး အရာဖြစ်ပါသည်။
သြစတြေးလျပညာရေးနှင့် ပတ်သက်၍ Expert အားဆက်သွယ်နိုင်သော ဖုန်းနံပါတ်များမှာ –
09751871587,09751871588 တို့ကို ဆက်သွယ်နိုင်ပါတယ် ။
Location : No.(270), Lucky Nice Tower,( Same Building With JDonuts), Pyay Road, Myay Ni Gone, Sanchaung
Let’s Plan Your Career Together
 myanmar@experteducation.com.au
September 1, 2020
September 1, 2020
ဒီအပတ်တော့ အရင်တစ်ရက်က အဆက် PR အမှတ်ကို ဘယ်လို ရေတွက်သလဲဆိုတာနဲ့ လျှောက်ပြီးရင် ကျဖို့ ဘယ်လောက်ကြာသလဲဆိုတာကို ပြောပြသွားမှာ ဖြစ်ပါတယ်။
၉။ အခြားအမှတ်များ ( အများဆုံး ၁၅ မှတ် )
သြစတြေးလျ ဒေသသုံး အခြားသော ဘာသာစကား တတ်မြောက်မှု ( ၅ မှတ် ) ဒီအတွက် NAATI test ယူလို့ရပါတယ်။
သြစတြေးလျက သတ်မှတ်ထားသော ပညာရေး စံနှုန်းမှီသော မြို့ငယ်များတွင် နေထိုင်ပညာသင်ကြားပါက ( ၅ မှတ် )
Professional Year In Australia ( E.g. Professional Training Like ACSP Year Training ( ၅မှတ် )
State Nomination 190 Visa ( ၅မှတ် )
တို့ဖြစ်ပါတယ်။ အထက်ပါ အမှတ်များအနက် ကိုယ်က အမှတ် ၆၅ သို့ ဒီထက်အထက် ရှိနေပြီဆိုပါ PR စလျှောက်လို့ ရပါပြီ။
မေး – PR လျှောက်ပြီးရင် ကျဖို့ ဘယ်လောက်ကြာသလဲ ??
ဒါက ကိုယ်ဘယ်နှစ်မှတ် ရထားသလဲပေါ်မှာ မူတည်ပါတယ်။ ပုံမှန်အတိုင်း သြစတြေးလျက သတ်မှတ်ထားတဲ့ ကြာချိန်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
80 points 1-2 months
75 points 4-5 months
70 points 8-10 months for pro-rata, 4-5 months for non-pro-rata
65 points no realistic chance of invitation
ဆိုတော့ ၆၅ မှတ်နဲ့လည်း PR ရနိုင်ပေမယ့် မိမိအနေနဲ့ အကောင်းဆုံးက အမှတ်ကို တတ်နိုင်သမျှ အများဆုံး ရအောင် ကြိုးစားထားဖို့ ဖြစ်ပါတယ်။
မိဘများအနေနဲ့လည်း မိမိသားသမီး၏ ပညာရေးအတွက်​ ဆွေးနွေးလိုပါက လာရောက်ဆွေးနွေးဖို့ ကြိုဆိုပါသည်။
September 1, 2020

1️⃣ UK နှင့် USA တို့ပြီးလျှင် နိုင်ငံတကာ ကျောင်းသားအများစု အများစု လာရောက်တက်ရောက်ခြင်း

သြစတြေးလျတွင် လာရောက်တက်ရောက်သော နိုင်ငံတကာကျောင်းသားဦးရေမှာ နှစ်စဉ်နှစ်တိုင်း တိုးပွားလာလျက် ရှိပြီး နိုင်ငံပေါင်းစုံ လူမျိုးပေါင်းစုံ ဘာသာစကားပေါင်းစုံတွေကြား မိမိအနေနဲ့ မတူညီကွဲပြားမှုတွေကြားမှာ သင်ယူခွင့် ပိုရရှိနိုင်ပါတယ်။

2️⃣ ကမာ ္ဘ့အဆင့်မီ University နှင့် College များတည်ရှိခြင်း

သြစတြေးလျတွင် ရှိသည့် University နှင့် College အများစုမှာ ကမ ္ဘ္ဘာမှ လက်ခံအသိအမှတ်ပြုခံရပြီး QS World Ranking Top 2% ၀င် ကျောင်းများအပါအ၀င် လက်ရှိ
ကမ ္ဘ္ဘာ့အကောင်းဆုံးသော research institute များလည်း တည်ရှိသောကြောင့် ကမ ္ဘ္ဘာ့အဆင့်မှီ ပညာရေးနှင့် ထိတွေ့ခွင့် ရရှိနိုင်ပါသည်။

3️⃣ ကျောင်းတက်ရင်းနဲ့ အလုပ်လုပ်ခွင့်ရခြင်း

သြစတြေးလျနိုင်ငံတွင် ကျောင်းတက်နေစဉ်ကာလအတွင်း နိုင်ငံတကာမှ ကျောင်းသားများအနေနဲ့လည်း တစ်ပတ်ကို နာရီ၂၀ တိတိ အလုပ်လုပ်နိုင်ပြီး တစ်နာရီကို 15$ မှ 25$ ကြားရရှိနိင်သောကြောင့် တစ်လလျှင် နာရီရှစ်ဆယ်မျှ Part Time လုပ်ရုံဖြင့် ၀င်ငွေ 1500$ နှင့် 2000$ ကြားကောင်းကောင်း ရှာဖွေနိုင်ပါသည်။မိမိသာ အသုံးအဖြုန်းမကြီးပဲ သေချာစုဆောင်း လုပ်ကိုင်မည်ဆိုပါက မိမိ၏နေထိုင်စားသောက်စရ်ိတ်ကို အသာလေး ရှာဖွေ စုဆောင်းနိုင်ပါသည်။

4️⃣ Visa ရရှိရန် အခက်အခဲ မရှိခြင်း

မိမိအနေနဲ့ လိုအပ်တဲ့ Standard တွေ ပြည့်နေရုံနှင့် Visa ရရှိရန် အင်မတန် လွယ်ကူပြီး အခြားသောနိုင်ငံများနှင့် ယှဉ်လျှင် ထင်သလောက် ခက်ခဲမှု မရှိပေ။

5️⃣ Bachelor Degree ထိ ပညာသင်ယူပြီးပါက နောက်ထပ်နှစ်နှစ် work visa ရရှိနိုင်ခြင်း

သြစတြေးလျသည် မိမိနိုင်ငံတွင် Bachelor Degree ထိ ပညာသင်ပြီးပါက နောက်ထပ်နှစ်နှစ် ထပ်နေခွင့်ပေးပြီး အဆိုပါကာလအတွင်း မိမိအနေနဲ့ တစ်ဖက်တစ်လမ်းကနေ အလုပ်လုပ်ရင်း ပညာသင်ယူလို့ ရနိုင်သလို Permanent Resident (PR) လျှောက်ထားလိုပါကလည်း PR အတွက် သတ်မှတ်ထားသော အမှတ်များ မှီနေပါက ဆက်လက်လျှောက်ထားနိုင်ပါသည်။

6️⃣ Technology

သြစတြေးလျသည် Technologically အလွန် ဖွံ့ဖြိုးသည့်နိုင်ငံ ဖြစ်ပြီး မိမိအနေနဲ့ IT နှင့်ပတ်သက်သော ဘာသာရပ်များ သင်ယူမည်ဆိုပါကလည်း သြစတြေးလျသည် အလွန်ပင် သင့်တော်ပါသည်။

Expert Education and Visa Services သည် လွန်ခဲ့သည့် 2003 ခုနှစ်မှစ၍ သြစတြေးလျနိုင်ငံရှိ မြို့ကြီး ရှစ်မြို့နှင့် နိုင်ငံပေါင်း ဆယ်နိုင်ငံတွင် ကျောင်းသားပေါင်း ၂၅၀၀၀ ကျော်ကို ၀န်ဆောင်မှု ပေးခဲ့ပြီး သူ၏ တိကျသေချာပြီး ယုံကြည်စိတ်ချရသော ၀န်ဆောင်မှုများကြောင့် သြစတြေးလျရှိ ထိပ်တန်း University နှင့် College များမှ တရား၀င် ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုခံထားရသည်။

အကယ်၍ မိမိအနေနဲ့ သြစတြေးလျ သွားရောက်ပြီး ပညာသင်ယူဖို့ စဉ်းစားနေတယ် သို့မဟုတ် သြစတြေးလျ ပညာရေးအကြောင်းကို အသေးစိတ် မေးမြန်းလိုပါက အောက်ပါ ဖုန်းနံပါတ်များကို ဖုန်းဆက်၍ ဖြစ်စေ Expert ၏ ရုံးသို့ ကိုယ်တိုင် လာရောက်၍ ဖြစ်စေ အခမဲ့ ဆွေးနွေးနိုင်ပါသည်။

09751871588, 09790839290, 09751871587

 No. (270), Lucky Nice Tower, ဒဂုံစင်တာအနီး , ပြည်လမ်း ၊ မြေနီကုန်း ၊ စမ်းချောင်းမြို့နယ်

#Let‘sPlanYourCareerTogether
#RelyOnExpert

September 1, 2020
ဒီတစ်ပတ်ကတော့ PR ရဖို့အတွက် ဘာတွေလိုအပ်သလဲဆိုတာကို ပြောပြသွားမှာ ဖြစ်ပါတယ်။
2018 မတိုင်ခင်အထိ ဆိုလျှင် PR ရဖို့အတွက် အမှတ် ၆၀ သာ လိုအပ်ပြီး 2018 ကနေ စပြီးတော့ ၆၅ ဖြစ်သွားပါတယ်။
ပထမဆုံးအနေနဲ့ PR အတွက် အောက်ပါအတိုင်း အမှတ်တွက်ပါတယ်။
၁။ အသက်
18-24 years 25points
25-32 years 30points
33-39 years 25points
40-44 years 15points
၂။ အင်္ဂလိပ်
English Competent Proficient Superior
IELTS 6 7 8
PTE 50 65 79
OET C B A
Toefl iBT L-12, R-13, W-21, S-18 L-24, R-24, W-27,S-23 L-28, R-29, W-30, S-26
CAE 169 185 200
Points 0 10 20
၃။ လုပ်ငန်းအတွေ့အကြုံ ( သြစတြေးလျ ပြင်ပ )
Less than 3 years 0
3-4 years 5points
5-7 years 10points
8-10 years 15points
၄။ လုပ်ငန်း အတွေ့အကြုံ ( သြစတြေးလျပြည်တွင်း )
Less than 1 year 0
1-2 years 5 points
3-4 years 10 points
5-7 years 15 points
8-10 years 20 points
၅။ ပညာရေး
သြစတြေးလျမှ ရရှိသော သို့မဟုတ် သြစတြေးလျက အသိအမှတ်ပြု လက်ခံသော ကျောင်းတစ်ကျောင်းမှ ရရှိသော Doctorate Degree ရှိပါက – 20 points
Bachelor or Master Degree – 15 points
Diploma or Trade Qualification in Australia – 10 points
မိမိတက်မြောက်ထားသော skills တစ်ခုခုအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းတစ်ခုခုမှ အသိအမှတ်ပြုထားသော လက်မှတ် တစ်ခုခု – 10 points
အထက်ပါ ဒီဂရီများသည် သြစတြေးလျမှာ ပညာသင်ကြားသည်ဖြစ်စေ မသင်ကြားထားသည် ဖြစ်စေ သြစတြေးလျက အသိအမှတ်ပြုထားသော နိုင်ငံများ သို့ standard တစ်ခုမှီပါက ရသည်။
၆။ သြစတြေးလျတွင် ပညာသင်ကြားထားမှု
သြစတြေးလျရှိ အစိုးရမှ အသိအမှတ် ပြုထားသော institution တစ်ခုခုတွင် တက်ရောက်ပြီး Degree, Diploma or Trade Qualification ရှိထားပါက – 5 Points
၇။ Niche Skills Education
Research မှ master degree or academic year အနည်းဆုံးနှစ်နှစ်ပါ၀င်သော Australia Institution မှ ရရှိသော Doctorate Degree ( 5 points )
၈။ Spouse Skills Point ( 5 points 0
မိမိအနေနဲ့ ပညာသင်ကာလအတွင်း ခင်ပွန်း သို့ ဇနီးကိုပါ Dependent Student Visa အနေနဲ့ခေါ်ထားလို့ ရပြီး အကယ် ၍ ကိုယ်က Bachelor ဒီဂရီ တက်နေတယ်ဆိုရင်တော့ သူလည်း မိမိနဲ့အတူတူ တစ်ပတ်ကို နာရီ ၂၀ အလုပ်လုပ်ခွင့် ရပါတယ်။ ကျောင်းသား/သူက master တက်နေပါက spouse အနေနဲ့ Full-Time အထိပါ အလုပ်လုပ်ခွင့် ရှိပါတယ်။ Spourse Skills Point ကတော့ မိမိ ခင်ပွန်းသို့ဇနီးအနေနဲ့ အသက်က ၄၅ နှစ်အောက် English Test မှာ သတ်မှတ်ထားတဲ့ Basic Score နဲ့ သတ်မှတ်ထားတဲ့ Occupation List ထဲက အလုပ်ကို လုပ်နေတယ်ဆိုရင်လည်း ရရှိမှာ ဖြစ်ပါတယ်။ ၂၀၁၉ နို၀င်ဘာမှာ အမှတ်ပုံစံအောက်ပါအတိုင်း ပြောင်းလဲမယ်လို့လည်း သိရပါတယ်။
Single (Un-married) 10
Spouse is Australian Citizen or PR holder 10
Spouse has Positive Skill Assessment and competent English 10
Spouse has no Skill Assessment but competent English 5
Other Cases 0
စာတော်တော်ရှည်သွားပါတယ် နောက်တစ်ပိုဒ်မှာပဲ ဆက်လက်ရေးပေးပါမယ်။
Expert Education and Visa Services သည် လွန်ခဲ့သည့် ၂၀၀၃ ခုနှစ်မှစ၍ သြစတြေးလျနိုင်ငံရှိ မြို့ကြီး ရှစ်မြို့နှင့် နိုင်ငံပေါင်း ဆယ်နိုင်ငံတွင် ကျောင်းသားပေါင်း ၂၅၀၀၀ ကျော်ကို ပညာရေး ၊ အလုပ်အကိုင်ဗီဇာ ၊ ပီအာ ရရှိရေး အစရှိသော ၀န်ဆောင်မှုများကို ကူညီ ဆောင်ရွက်လာခဲ့သည်။ Expert ၏ ပွင့်လင်းမြင်သာပြီး တိကျသေချာသော ၀န်ဆောင်မှုများကြောင့် ကျောင်းသားနှင့် ကျောင်းသားမိဘများ၏ ယုံကြည်အားကိုးခြင်းကို ခံရခြင်းသာမက သြစတြေးလျ၏ ထိပ်တန်း တက ္ကသိုလ်များမှလည်း ယုံကြည်စိတ်ချစွာဖြင့် တရား၀င် ကိုယ်စားလှယ်အဖြစ် နှစ်ပေါင်းများစွာ လက်တွဲ လုပ်ကိုင်လာခဲ့ကြသည်။
အကယ်၍ မိမိအနေနဲ့ သြစတြေးလျ သွားရောက်ပြီး ပညာသင်ယူဖို့ စဉ်းစားနေတယ် သို့မဟုတ် သြစတြေးလျ ပညာရေးအကြောင်းကို အသေးစိတ် မေးမြန်းလိုပါက အောက်ပါ ဖုန်းနံပါတ်များကို ဖုန်းဆက် ၍ ဖြစ်စေ Expert ၏ရုံးသို့ ကိယ်တိုင် လာရောက်၍ ဖြစ်စေ အခမဲ့ ဆွေးနွေးနိုင်ပါသည်။
မိဘများအနေနဲ့လည်း မိမိသားသမီး၏ ပညာရေးအတ်ွက ဆွေးနွေးလိုပါက လာရောက်ဆွေးနွေးဖို့ ကြိုဆိုပါသည်။
09751871588, 09790839290, 09751871587
 No. (270), Lucky Nice Tower, ဒဂုံစင်တာအနီး ၊ ပြည်လမ်း
မြေနီကုန်း ၊ စမ်းချောင်းမြို့နယ်
Let’s Plan Your Career Together