fbpx
June 24, 2021

ဒီတစ်ခါ EEVS မှတင်ဆက်ပေးချင်တဲ့ အကြောင်းအရာလေးကတော့ Poland နိုင်ငံမှာသွားရောက်ပညာသင်ကြားမည့် ကျောင်းသားများအတွက် Part-Time jobs နှင့်ပတ်သက်ပြီး သိထားဖို့လိုအပ်တဲ့ အချက်လေးတွေပဲဖြစ်ပါတယ်။ 

 Poland အစိုးရ၏ စည်းမျဉ်းသစ်အရ နိုင်ငံတကာကျောင်းသားများအတွက်အချိန်ပိုင်းအလုပ်များရဖို့ ပိုမိုလွယ်ကူလာသလို နိုင်ငံတကာ  ကျောင်းသား တွေအနေနဲ့လည်း part-time jobs တွေပိုရှာဖွေလာကြပါတယ်။ 

နိုင်ငံတကာ ကျောင်းသားများအနေဖြင့်  Poland နိုင်ငံတွင် ပညာသင်ကြားနေစဉ်ကာလအတွင်း Part-Time jobs လုပ်ကိုင်ခွင့်ရှိပြီး EU အဖွဲ့ဝင်နိုင်ငံများမှ မဟုတ်သော ကျောင်းသားများသည် residency permit ရှိရန်လိုအပ်ပါတယ်။ 

တက္ကသိုလ် ပထမနှစ် program တွင်တက်ရောက်နေသူများသာမက Full-Time language school တက်ရောက်နေသော ကျောင်းသားများပါ part-time လုပ်ကိုင်နိုင်ပါတယ်။ 

အလုပ်လုပ်ရန်သတ်မှတ်ထားသော အချိန်မှာ ကျောင်းတက်နေစဉ်ကာလအတွင်း နာရီ ၂၀ အလုပ်လုပ်နိုင်ပြီး ကျောင်းပိတ်ရက်အားလပ်ရက်များတွင် Full Time ၃လ လုပ်ကိုင်နိုင်ပါတယ်။ Residence Cards ကိုင်ဆောင်သူများသာ Full-Time လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။ 

EU အဖွဲ့ဝင်နိုင်ငံများမှ မဟုတ်သော ကျောင်းသားများသည် July, August, September လများတွင်အလုပ်လုပ်ကိုင်နိုင်ပါတယ်။ 

Poland နိုင်ငံရှိ နိုင်ငံတကာကျောင်းသားများအတွက် Part-Time jobs များသာမက  Internship အခွင့်အရေးတွေပါ ပေးအပ်နေပါတယ်။ Part-Time နှင့် Full-Time Internship များဆင်းနိုင်ပြီး များသောအားဖြင့်  Part-Time Internshipတွေများပါတယ်။ အများစုမှာ Unpaid Internship ဖြစ်ပြီး Paid Internship များလည်းရှိပါတယ်။ 

Poland နိုင်ငံတွင် နိုင်ငံတကာကျောင်းသားများ ဝင်ရောက်လုပ်ကိုင်နိုင်သော Part-Time Jobs အများစုမှာ- 

Customer services jobs

Booksellers at a bookshop   

Delivery boy

Library assistant

Teacher assistant

Language teacher

Translator

Freelancer

Volunteer

Restaurant job

Waiter job

Gas shop jobs

Marketing jobs

Jobs in bars  တို့ပဲဖြစ်ပါတယ်။ 

Poland နိုင်ငံမှာ Part-Time Jobs တွေဘယ်လိုရှာမလဲ?

လက်ရှိတက်ရောက်နေသော  college (သို့) university ရှိ supporting department နှင့်ဆက်သွယ်ပြီး  On-campus (သို့) Off-campus opportunities များရှာဖွေခြင်း 

Job portals များအသုံးပြုခြင်း

Seniors များထံမှ suggestion များရယူခြင်း အပြင်

Warsaw, Krakow, Wroclaw မြို့များက ကျောင်းသားတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ အများကြီးရှိသောကြောင့် ထိုမြို့များမှ တစ်မြို့တွင်  မိမိ  destination ကိုသတ်မှတ်နိုင်လျှင် ပိုအဆင်ပြေပါတယ်။ 

Part-Time Jobs နှင့် Internships များဝင်ရောက်လုပ်ကိုင်ခြင်းအားဖြင့် budget planning တွေပိုအားကောင်းစေရုံသာမက employer များနှင့် အဆက်အသွယ်တွေရရှိနိုင်ပြီး ကျောင်းမပြီးခင်ကာလတည်းက လက်တွေ့လုပ်ငန်းအတွေ့အကြုံတွေ ရရှိနိုင်မှာဖြစ်ပါတယ်။

#LetsPlanYourCareerTogether#StudyInPoland#BestEducationConsultancyInYangon

 

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

#Part-TimeJobsInPoland