fbpx
September 7, 2021

▪️Leeds Beckett University သည် UK နိုင်ငံတွင်းထိပ်တန်း တက္ကသိုလ်တစ်ခုဖြစ်ပြီး နှစ်ပေါင်း ၂၀၀ တိုင် ရပ်တည်လျက်ရှိပါတယ်။ သင်ကြားရေးတွင်လဲ Teaching Excellence Framework – silver ရရှိထားပါတယ်။ ဘွဲ့ရပြီး အလုပ်အကိုင်ရရှိမှု နှင့် ပညာရေးဝန်ဆောင်မှုများကြောင့် QS – 5 stars ရရှိခဲ့ပါတယ်။ 🙆‍♂️

▪️Campus တွင် လိုအပ်သော အသုံးအဆောင် ၊ အဆောက်အဦးများအတွက် GBP 200 မီလီယံ မြှပ်နှံထားပြီး ဘွဲ့ရပြီး ၁၅ လအတွင်း အလုပ်အကိုင်ရရှိမှုနှုန်းမှာ ၉၀% ရှိပါတယ်။ ဒေသတွင်းနှင့် နိုင်ငံအနှံ့ စက်မှု လုပ်ငန်းများနှင့် ချိတ်ဆက်ထားပြီး Placement year များဖြင့် ကျောင်းသားများကို ထောက်ပံံပေးထားပါတယ်။ 💁‍♂️

▪️UK နိုင်ငံ၏ အကြီးဆုံးနှင့် သက်တမ်းအရင့်ဆုံး  Leeds Beckett University တွင် နိုင်ငံပေါင်း ၁၄၃ နိုင်ငံမှ ကျောင်းသားပေါင်း ၂၃၀၀၀ ကျော်တက်ရောက်လျက်ရှိပါတယ်။ တက်ရောက်နိုင်သော ပရိုဂရမ်များမှာ – English and University Preparation courses, International Foundation Year, 5-10-20 week pre-sessional, Undergraduate degree, Postgraduate research degree များကို တက်ရောက်နိုင်ပါတယ်။ ထင်ရှားသော ဘာသာရပ်အချို့မှာ

• MA International Business

• MSc Accounting and Finance

• MBA

• MSc Information and Technology

• MSc Physiotherapy (Pre-registration)

• MA International Political Economy

• MSc Sport and Exercise Science

▪️ကုန်ကျစရိတ်များအနေဖြင့်  Undergraduate – £10,540, Postgraduate – £10290,Living Costs –£ 9135, Campus Accommodation -£900 ကျသင့်မှာ ဖြစ်ပါတယ်။ English Proficiency အနေဖြင့်

• IELTS: 6.0 with no skill below 5.5

• Pearson – PTE Academic: Total of 54 (minimum of 51 in all components)

• ESOL Skills for Life: Level 1 (pass in all four components)

• TOEFL iBT: Total of 79 to 89. Minimum for reading (18), listening (17) and speaking (20)

🏫 University Ranking

#801-1000- THE (Times Higher Education) 2021

#118          – The Complete University Guide 2021

#106          – The Guardian 2021

#1455        -Global Universities- US News & World Report 2021

📚 Course Ranking

#501   *600PG Business and Economics- THE (Times Higher Education) 2021

#84    *Accounting & Finance Ranking- The Complete University Guide 2021

#98    *Business & Management Studies (UK)- The Complete University Guide 2021

#68    *Accounting & Finance Rankings- The Guardian 2021

#79    *Business, Management & Marketing- The Guardian 2021

#51    *Civil Engineering Ranking- The Complete University Guide 2021

#67    *Electrical & Electronic Engineering- The Complete University Guide 2021

#51    *Civil Engineering The Guardian 2021

#52     *Electronic & Electrical Engineering- The Guardian 2021

#96     *Computer Science- The Complete University Guide 2021

🏫 University website – https://www.leedsbeckett.ac.uk

#LetsPlanYourCareerTogether#StudyInUK#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

September 6, 2021

USA တွင် ပညာသင်ကြားလိုသူများအတွက် EEVS မှ USA ၏ ထိပ်တန်းတက္ကသိုလ် ၅ခုကိုဖော်ပြပေးလိုက်ပါတယ်။

🏫𝗦𝘁𝗮𝗻𝗳𝗼𝗿𝗱 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆

Stanford University သည် ၁၈၈၅ တွင် တည်ထောင်ခဲ့သော ပုဂ္ဂလိက တက္ကသိုလ်ဖြစ်ပါတယ်။ ဧကပေါင်း ၈၁၈၀ ကျယ်ဝန်းပြီး  quarter-based တက်ရောက်ရပါတယ်။ ကျောင်း ၇ ကျောင်းဖြင့် ဖွဲ့စည်းထားပြီး ထင်ရှားသော ကျောင်းများမှာ School of Education, School of Engineering, School of Law.School of Medicine, Graduate School of Business တို့ဖြစ်ပါတယ်။ နိုင်ငံတွင်း အကောင်းဆုံး တက္ကသိုလ်များတွင် နံပါတ် ၆ ၊ Best Undergraduate Teaching တွင် နံပါတ် ၉ တွင် ရပ်တည်နေပါတယ်။ 🪜

Website-https://www.stanford.edu/

🏫𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 𝗼𝗳 𝗖𝗵𝗶𝗰𝗮𝗴𝗼

University of Chicago သည် ပုဂ္ဂလိက တက္ကသိုလ်ဖြစ်ပြီး ဧကပေါင်း ၂၁၇ ကျယ်ဝန်းပါတယ်။ Tuition Fees- $59,298 ကျသင့်ပြီး quarter-based တက်ရောက်ရပါတယ်။ နိုင်ငံတွင်း ထိပ်တန်း တက္ကသိုလ်များတွင် နံပါတ် ၆ တွင် ရပ်တည်နေပြီး ကျောင်းသားလျှောက်လွှာပေါင်း ၆၈၀၀ ကျော်လက်ခံရရှိပါတယ်။ 

Postgraduate program များကို Booth School of Business, Law School, Pritzker School of Medicine and Harris School of Public Policy Studies တွင် တက်ရောက်နိုင်ပါတယ်။  ကျောင်းသားများအနေဖြင့် Major-50 ,Minor-40 ကျော် ရွေးချယ် တက်ရောက်နိုင်ပါတယ်။ 💁🏼

Website-http://www.uchicago.edu/

🏫𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 𝗼𝗳 𝗣𝗲𝗻𝗻𝘀𝘆𝗹𝘃𝗮𝗻𝗶𝗮

University of Pennsylvania သည် ၁၇၄၀ တွင် စတင်တည်ထောင်ခဲ့ပြီး Undergraduate လျှောက်လွှာပေါင်း ၁၀၀၁၉ လက်ခံရရှိသော ပုဂ္ဂလိက တက္ကသိုလ်ဖြစ်ပါတယ်။ Benjamin Franklin မှ Philadelphia တွင် တည်ထောင်ခဲ့ပြီး Undergraduate,Graduate သင်ကြားမှုများအတွက် ကျောင်း ၅ ကျောင်း၊ Graduate  လ့လာမှု သီးသန့်အတွက် ကျောင်း ၇ ကျောင်း ဖွဲ့စည်းပေးထားပါတယ်။ နိုင်ငံပေါင်း ၅၀ မှ ကျောင်းသားပေါင်း ၂၅၀၀ နှင့် အထက် နှစ်စဉ် နိုင်ငံတကာ ပညာရေး ပရိုဂရမ်များကို တက်ရောက်လျက်ရှိပါတယ်။ 📚

Website-https://www.upenn.edu/ 

🏫𝗖𝗮𝗹𝗶𝗳𝗼𝗿𝗻𝗶𝗮 𝗜𝗻𝘀𝘁𝗶𝘁𝘂𝘁𝗲 𝗼𝗳 𝗧𝗲𝗰𝗵𝗻𝗼𝗹𝗼𝗴𝘆

California Institute of Technology သည် ၁၈၉၁ တွင် တည်ထောင်ခဲ့သော ပုဂ္ဂလိက တက္ကသိုလ် တစ်ခုဖြစ်ပါတယ်။quarter-Based တက်ရောက်ရမှာဖြစ်ပြီး  သိပ္ပံ ပညာရပ်နှင့် အင်ဂျင်နီယာ ဘာသာရပ်များကို အဓိက သင်ကြားပေးသော တက္ကသိုလ်ဖြစ်ပါတယ်🔬။ ဧကပေါင်း ၁၂၄ ကျယ်ဝန်းပြီး ကျောင်းသားနားနေဆောင်ပေါင်း ၁၁ ခုဖြင့် တည်ဆောက်ထားပါတယ်။ နိုင်ငံတွင်း ထိပ်တန်းကျောင်းများတွင် နံပါတ် ၉ တွင် ရှိပါတယ်။

Website-http://www.caltech.edu/

🏫𝗝𝗼𝗵𝗻𝘀 𝗛𝗼𝗽𝗸𝗶𝗻𝘀 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆

Johns Hopkins University သည် ၁၈၇၆ တွင် စတင် တည်ထောင်ခဲ့သော ပုဂ္ဂလိက တက္ကသိုလ်ဖြစ်ပါတယ်။ ကျောင်းပေါင်း ၉ ကျောင်း အနက် ၅ ကျောင်းမှာ Undergraduate,Graduate ကျောင်းသားများကို သင်ကြားပေးလျက်ရှိပါတယ်။ ထင်ရှားသော ကျောင်းများမှာ  Bloomberg School of Public Health ,School of Education, Whiting School of Engineering, School of Medicine တို့ဖြစ်ပါတယ်🗂။ 

Website- http://www.jhu.edu/

Reference-https://www.usnews.com/best-colleges/rankings/national-universities

#LetsPlanYourCareerTogether#StudyInUSA

#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

September 1, 2021

▪️ 2012 တွင်စတင်တည်ထောင်ခဲ့သော Torrens University သည် Australia ရှိ ပုဂ္ဂလိကတက္ကသိုလ်တစ်ခုဖြစ်ပြီး Adelaide, Sydney, Melbourne နှင့် Brisbane တို့တွင် campus များရှိပါတယ်။ Torrens University သည် ခေတ်မီအလုပ်အကိုင်များအပေါ်ကိုအဓိကထားသော အဆင့်မြင့်ပညာရေးကို ပေးအပ်လျက်ရှိပါသည်။ 💁‍♂️

▪️ ကမ္ဘာတလွှားရှိကျောင်းသား ၁ သန်းကျော်ရှိ အသိအမှတ်ပြုတက္ကသိုလ် ၇၀ နှင့်အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၏ ကွန်ယက်ဖြစ်သော  Laureate International Universities ၏ အစိတ်အပိုင်း တစ်ခုလည်းဖြစ်ပါတယ်။ 🙆‍♂️

▪️ Undergraduate Degrees, Postgraduate Degrees, Double Degrees များစွာအပြင် pathway program တွေကိုပါသင်ကြားပေးလျက်ရှိပါတယ်။ နိုင်ငံတကာကျောင်းသားပေါင်း 11,000 ကျော်ရှိပြီး တက်ရောက်နိုင်သော ဘာသာရပ်နယ်ပယ်များမှာ- 

📌Business & Management 

📌Education & Training 

📌Computer Science & IT 

📌Medicine & Health

📌Hospitality, Leisure & Sports 

📌Social Sciences

📌Arts, Design & Architecture 

📌Humanities 

📌Journalism & Media

📌Natural Sciences & Mathematics 

💵 Tuition Fees – $21041

🗓 Intake Seasons – July, February

▪️ တက်ရောက်လိုသော ကျောင်းသားများအတွက် လိုအပ်သောသတ်မှတ်ချက်များမှာ- 

🔹 GPA – 2.2

🔹 IELTS – 6

🔹 TOEFL – 78

▪️ International scholarships, Blue Mountains International Hotel School scholarships, Business and Technology scholarships စသော scholarships အမျိုးအစားများစွာကိုပေးလျက်ရှိပြီး အသေးစိတ်ကို 

🔍 https://www.torrens.edu.au/studying-with-us/fees-scholarships/scholarships တွင်ကြည့်နိုင်ပါတယ်။ 

#LetsPlanYourCareerTogether#StudyInAustralia#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

September 1, 2021

▪️ ယနေ့မှာတော့ University of Western Australia(UWA) ၏ Foundation program နှင့် မိတ်ဆက် ပေးလိုက်ပါတယ်။ 🙆‍♂️

▪️ UWA ၏ Foundation program သည် နိုင်ငံတကာကျောင်းသားများကို အဓိက ရည်ရွယ်ထားပြီး UWA ၏ Undergraduate program များကို ဆက်လက် တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။  Pre-University ပရိုဂရမ် ဖြစ်ပြီး သြစတြေးလျ Year 12 နှင့် ညီမျှပါတယ်။ Taylor College Perth မှ စီမံခန့်ခွဲပြီး UWA’s Claremont Campus တွင် တက်ရောက်ရမှာ ဖြစ်ပါတယ်။ ကျောင်းသားများ ရွေးချယ်သော ပရိုဂရမ် ပေါ် မူတည်ပြီး ဘာသာရပ် ရွေးချယ် တက်ရောက်ရမှာ ဖြစ်ပါတယ်။ 💁‍♂️

▪️ ရွေးချယ် တက်ရောက်နိုင်သော Foundation Program များ၏ Tuition Fees နှင့် English Requirement များကို ဖော်ပြပေးလိုက်ပါတယ်။ 

🔹 Advanced Foundation (Intake – April, October) 

📌Duration- 30 Weeks

📌Fees- $25,500

📌IELTS – 5.5 (No band less than 5.5)

📌TOFEL IBT- 58 (W20 R14 S19 L17)

🔹 Standard Foundation    (Intake- January, July)

📌Duration- 40 Weeks

📌Fees- $25,500

📌IELTS -5.5 (No band less than 5.0)

▪️TOFEL IBT- 58 (W18 R12 S16 L12)

🔹 Extended Foundation (Intake – January, July)

📌Duration- 60 Weeks

📌Fees- $35,274

📌IELTS-5.0 (No band less than 5.0)

📌TOFEL IBT- 45 (W18 R12 S16 L12)

▪️ ပရိုဂရမ် အသေးစိတ်ကို အောက်ပါ Link တွင် ကြည့်ရှုနိုင်ပါတယ်။

🔍 https://www.ask.uwa.edu.au/app/answers/detail/a_id/997/~/uwa-foundation-program-explained

🔍 https://blog.getunioffer.com/university-of-western-australia-foundation-program/#about-uwa-foundation-program

#LetsPlanYourCareerTogether#StudyInAustralia#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

August 31, 2021
▪️ ယနေ့မှာတော့ အမေရိကန်နိုင်ငံ၏ SUNY Old Westbury တွင် တက်ရောက်နိုင်သော Media and Communication, B.A ဘာသာရပ်ကို ဖော်ပြပေးလိုက်ပါတယ်။ 💁‍♂️
▪️ ပရိုဂရမ်တွင် မတူညီသော မီဒီယာနယ်ပယ်များဖြစ်သော ရေဒီယို၊ ရုပ်မြင်သံကြား ၊ သတင်းစာ စသော နယ်ပယ်များကို သီအိုရီနှင့် လက်တွေ့လေ့ကျင့်များကို သင်ကြားရမှာဖြစ်ပါတယ်။ ထို့ပြင် စာအရေးအသားများ ၊ တင်ပြခြင်းများနှင့် ဆက်ဆံရေး နယ်ပယ်တွင် တိုးတက်လာစေရန် ဝေဖန်မှု ရှုထောင့်များ၊ ခေတ်ပြိုင် အမေရိကန် လူမှု မီဒီယာများဖြင့် သင်ကြားရမှာဖြစ်ပါတယ်။ 🧑‍🏫
▪️ ပညာရပ် နယ်ပယ် တစ်ခုမက သော သီအိုရီ၊ သမိုင်းနှင့် စမ်းသပ်မှု များကို အဓိကထားသင်ကြားပေးပြီး သင်ရိုးညွှန်းတမ်းတွင် စီးပွားရေး၊ လူမှုရေး။ လူမှု ဗေဒနှင့် ပညာရှင်များ၏ သမိုင်းကြောင်းများကို လေ့လာမှာ ဖြစ်ပါတယ်။ 🙆‍♂️
▪️ Intakes တွေက Fall (Aug), Spring (Jan) တွင် ရွေးချယ်တက်ရောက်နိုင်ပြီး Application Deadline ကတော့ Fall (Aug): 15 Mar, Spring (Jan): 01 Nov ဖြစ်ပါတယ်။ 👨‍🎓👩‍🎓
▪️ Tuition Fees- $16320 တစ်နှစ်လျှင်ကျသင့်ပြီး ၄၈ လကြာတက်ရောက် ရမှာဖြစ်ပါတယ်။ 💵
▪️Entry requirement – GPA: 3.0 လိုအပ်ပြီး English Proficiency အနေဖြင့်
📌IELTS – Overall6
📌TOEFL iBT – Overall61
📌ACT -Score22
📌SAT -Score1000
▪️ Course နှင့် ပတ်သက်၍ အသေးစိတ်ကို အောက်ပါ Link တွင် ကြည့်ရှုနိုင်ပါတယ်။ 🔽

#LetsPlanYourCareerTogether#StudyInUSA

#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

August 29, 2021

▪️ ယနေ့မှာတော့ EEVS တွင် တက်ရောက်နိုင်သော အင်္ဂလိပ်စာ သင်တန်းများနှင့် မိတ်ဆက်ပေးချင်ပါတယ်။ 😇

▪️ EEVS က English Class တွေမှာဘယ်သူတွေ တက်ရောက်သင့်သလဲ?

🔹 အင်္ဂလိပ်စာကို အခြေခံမှ စ လေ့လာချင်သူများ ၊  နိုင်ငံခြား ပညာသင်သွားရန် မရှိမဖြစ်လိုအပ်သော IELTS အမှတ်ကောင်း ရလိုသူများ တက်ရောက်သင့်ပါတယ်။ 

▪️ ဘယ်လို အတန်းမျိုးတွေ ဖွင့်လှစ်ထားသလဲ?

🔹 Level Classes

•    Beginner

•    Elementary

•    Pre-Intermediate

•    Intermediate 

🔹 IELTS Classes

•    IELTS Foundation

•    IELTS Preparation

 စတဲ့ အတန်းများအပြင် Speaking Only Class, Grammar Only အတန်းများကို ဖွင့်လှစ်ပေးထားပါတယ်။ 💁🏻‍♂️

▪️ အတန်းတွေကို ဘယ်လိုမျိုး တက်ရမှာလဲ? 

🔹 အတန်းတစ်တန်းလျှင်  ၂ လကြာမြင့်မှာ ဖြစ်ပြီး Zoom Application မှ တဆင့် Face to Face သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ 

ကျောင်းသား အရေအတွက် ၁၀ ယောက် ထက်ပိုပြီး မထားရှိသလို IELTS အတန်းတစ်တန်းကိုလဲ ကျောင်းသား အရေအတွက် ၅ ဦးသာ လက်ခံပေးလျက်ရှိပါတယ်။ Facebook Messenger Group လဲ အတန်းအလိုက် ဖွဲ့ပေးထားတာမို့ မိမိ အတန်းဖော် နှင့် စာဆွေးနွေးခြင်းများ ၊သိလိုသမျှများအား ဆရာမကို အချိန်မရွေး မေးမြန်းနိုင်မှာ ဖြစ်ပါတယ်။ 👩‍🏫

▪️EEVS ဆရာ၊ မ များ၏ English Language’s Knowledge Sharing video များကိုလဲ အောက်ပါ Link တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။ 

🔹Tr.Julie       – General English Teacher

https://www.facebook.com/433298177253835/posts/685411455375838/

🔹Tr.Grace     – English Instructor

https://www.facebook.com/433298177253835/posts/692196018030715/

🔹Tr.Ronny    – English Instructor

https://www.facebook.com/433298177253835/posts/683243262259324/

🔹Tr.Barani    – IELTS Lecturer

https://www.facebook.com/433298177253835/posts/684474752136175/

▪️ သင်တန်း မတက်ရောက်မီ မိမိ Level ကို သိရှိနိုင်ရန် Placement Test ဖြေဆိုနိုင်သလို IELTS Foundation, Preparation တက်ရန် ဝေခွဲ မရသူများအတွက် Speaking Test ကို စစ်ဆေးပြီး ရလဒ်အလိုက် အတန်းရွေးချယ်နိုင်ပါတယ်။ 📚

▪️ Placement Test ဖြေဆိုဖို့ အောက်ကလင့်ခ်မှာ စာရင်းပေးသွင်းနိုင်ပါတယ်။ 🔽

https://docs.google.com/forms/d/e/1FAIpQLScdz7oNcZx2-UX-BfnDTGBJmKaqT3Ev24yo4CeBVkva19Fbwg/viewform

▪️ သင်တန်း အချိန် ဇယား နှင့် ပတ်သက်ပြီး အသေးစိတ် ဆွေးနွေးလိုပါက 09751871587 ကို ဆက်သွယ်နိုင်သလို Page Messenger မှ လဲ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ 📞

▪️ကျောင်းသားများ တက်ရောက်လိုသည့် အချိန် နှင့် ရုံးချိန် လွတ်အတန်းများကို လဲ  ဆွေးနွေး ဖွင့်လှစ်ပေးလျက်ရှိပါတယ်။ 

#LetsPlanYourCareerTogether

#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

 

August 27, 2021

▪️ယနေ့မှာတော့ အမေရိကန်နိုင်ငံတွင် ပညာသင်ယူလိုသူများအတွက် ပညာသင်စားရိတ်နှင့် အခြားသော ကုန်ကျစရိတ်များကို ဖော်ပြပေးလိုက်ပါတယ်။ 💸

▪️နိုင်ငံတကာ ကျောင်းသားများအတွက် ပညာသင်စားရိတ်မှာ တစ်နှစ်လျှင်

🔹Community College    $17,930 (INR 1340358)

🔹Private University    $52,500 (INR 3924640)

🔹Public University    $41,950 (INR 3135974) ကျသင့်မှာဖြစ်ပါတယ်။ 

▪️တစ်နှစ်လျှင် နေထိုင်စားရိတ်မှာ $10000 to $18000 ဝန်းကျင်ကျသင့်မှာဖြစ်ပါတယ်။ ထို့ကြောင့် တစ်လလျှင် ပျမ်းမျှကုန်ကျစားရိတ်မှာ အခန်းခ၊ အစားအသောက်၊ ခရီးသွားခြင်း၊ သင်ထောက်ကူ ပစ္စည်းစားရိတ်များ၊ အဝတ်အစားနှင့် အခြားသော အသုံးစရိတ်များ အပါအဝင် $1000- $15000 ကျသင့်မှာဖြစ်ပါတယ်။ 

▪️တစ်လလျှင် ကုန်ကျနိုင် သော ကုန်ကျစရိတ် အသေးစိတ်ကို ဖော်ပြပေးလိုက်ပါတယ်။ 

📌Accommodation – $200

📌Electricity           -$20

📌Groceries(home-cooked meals)  -$150

📌International Calling cards          -$15

📌Home Internet    -$15

📌Cell phone          -$50

📌Restaurant meals-$75

📌Entertainment    -$100

📌Car Insurance    -$100

📌Petrol for car      -$75

📌Weekend activities-$100

📌Shopping            -$100 ကျသင့်နိုင်ပါတယ်။ 

📝 References 

🖋 https://leverageedu.com/blog/cost-of-studying-in-usa/

🖋 https://studyabroad.shiksha.com/cost-of-living-for-international-students-in-the-us-articlepage-548

#LetsPlanYourCareerTogether#StudyInUSA

#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

August 27, 2021

▪️ယနေ့မှာတော့ University of New South Wales တွင် တက်ရောက်နိုင်သော Foundation program များကို ဖော်ပြပေးလိုက်ပါတယ်။ 💁‍♂️

▪️UNSW Foundation program ကို တက်ရောက်လိုသူများအနေဖြင့် အနိမ့်ဆုံး အသက် ၁၆ နှစ်ပြည့်ရပါမယ်။ Foundation ပရိုဂရမ်သည် Year 11 အောင်မြင်ပြီးသူများ သို့ အထက်တန်း အောင်မြင်ထားသူများ အတွက် Pre-university ပရိုဂရမ် ဖြစ်ပါတယ်။ 👨‍🎓👩‍🎓

▪️Extended Foundation ပရိုဂရမ်သည်  ၁၅ လကြာ တက်ရောက်ရမှာ ဖြစ်ပြီး Tuition Fees- AUD $45,800* ကျသင့်မှာ ဖြစ်ပါတယ်။ Intake -13 Oct 2021 အမှီ လျှောက်ထားနိုင်ပါတယ်။ 

▪️Standard Plus Foundation ပရိုဂရမ်သည် ၁၂ လကြာ တက်ရောက်ရပြီး Tuition Fees- AUD $39,500* ကျသင့်မှာ ဖြစ်ပါတယ်။ Intake – 25 Aug 2021 အမှီ လျှောက်ထားနိုင်ပါတယ်။

▪️Standard Foundation ပရိုဂရမ်သည် ၉ လကြာမြင့် မှာ ဖြစ်ပြီး Year 11 or Year 12 အောင်မြင်ပြီး Transition program ဝင်ခွင့် မရသူများ နှင့် အင်္ဂလိပ်စာ လိုအပ်သူများ တက်ရောက်သင့်ပါတယ်။ 23 Aug 2021, 10 Nov 2021 အမှီ လျှောက်ထားနိုင်ပြီး Tuition Fees – AUD $33,850* ကျသင့် မှာ ဖြစ်ပါတယ် ။

▪️အထက် ဖော်ပြပါ  Foundation program ပြီးပါက တက်ရောက်နိုင်သော UNSW Degree pathway ပရိုဂရမ်များမှာ – Arts, Commerce, Design, Science ဘာသာရပ်တို့ဖြစ်ပါတယ်။

▪️Transition Program မှာ 100% online မှ သင်ကြားရမှာ ဖြစ်ပြီး ၄ လကြာမြင့်မှာ ဖြစ်ပါတယ်။ ယခု ပရိုဂရမ်သည် UNSW တိုက်ရိုက်ဝင်ခွင့် အတွက် အနည်းငယ် ပညာအရည်အချင်း ကွာဟသူများနှင့် မိမိ နိုင်ငံမှ သာ အရင် တက်လိုသူများအတွက် ရွေးချယ် တက်ရောက်နိုင်သော ပရိုဂရမ်ဖြစ်ပါတယ်။ 6 Sep 2021, 29 Nov 2021 intake များအမှီ လျှောက်ထားနိုင်ပါတယ်။ Tuition Fees – AUD $15,960 ကျသင့်မှာ ဖြစ်ပါတယ်။ 

▪️ယခု ပရိုဂရမ် အောင်မြင်ပြီးပါက UNSW ဒီဂရီ ဘာသာရပ်များဖြစ်သော Commerce, Actuarial Studies, Physical Science, Design, Life Sciences ဘာသာရပ်များကို တက်ရောက်နိုင်ပါတယ်။

▪️ကျောင်းသားများကို Lecture, Tutorial လေ့ကျင့် သင်ကြားပေးပြီး Tutorial class တစ်ခုလျှင် အများဆုံး ကျောင်းသား ၁၈ ယောက်သာ ထားရှိခြင်းကြောင့် ပိုမိ အာရုံစူးစိုက်နိုင်ပြီး ကျောင်းတွင်း လှုပ်ရှားမှု နှင့် Presentation skill ၊ အင်္ဂလိပ်စာ စကားပြောစွမ်းရည် တိုးတက်လာမှာ ဖြစ်ပါတယ်။

▪️မြန်မာကျောင်းသား/သူများအတွက် Academic Entry Requirement များမှာ 

🔹Extended foundation – 55%, average of 4 subjects

🔹Standard Plus – 60%, average of 4 subjects

🔹Standard – 65%, average of 4 subjects

🔹Transition Program Online – 70%, average of 4 subjects

📌Minimum IELTS Requirement

•    Extended Foundation      – 5.0, Writing 5.0 (subscores 4.5)

•    Standard Plus                 – 5.5, Writing 5.0 (subscores 5.0)

•    Standard(Actuarial Studies, Commerce, Design & Architecture) – 6.0, Writing 5.0 (subscores 5.0)

•    Standard(Science & Arts) – 5.5, Writing 5.5 (subscores 5.0)

•    Transition                       – 6.0, Writing 5.5 (subscores 5.0)

📌TOEFL (paper)

•    Extended Foundation           – 483, TWE 4.0

•    Standard Plus                      – 513, TWE 4.0

•    Standard(Actuarial Studies, Commerce, Design & Architecture) – 537, TWE 4.0

•    Standard(Science & Arts)     – 513, TWE 4.5

•    Transition                           – 537, TWE 4.5

📌O-Level English

•    Extended Foundation – D

•    Standard Plus           – C

•    Standard(Actuarial Studies, Commerce, Design & Architecture)- B (O-Level),C (AS/A-Level)

•    Standard(Science & Arts)   – B (O-Level)C (AS/A-Level)

•    Transition                        – B (O-Level),C (AS-Level)

▪️အခြားသော အင်္ဂလိပ်စာ လိုအပ်ချက်များကို အောက်ပါ Link တွင် အသေးစိတ်ကြည့်ရှုနိုင်ပါတယ်။

https://www.unswglobal.unsw.edu.au/programs-courses/foundation-studies/your-entry-requirements/entry-requirements-foundation-studies/#eer

#LetsPlanYourCareerTogether#StudyInAustralia#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

August 24, 2021
▪️ယနေ့မှာတော့ စက်မှုလုပ်ငန်းနယ်ပယ်ကို လေ့လာလိုသူများအတွက် အမေရိကန်နိုင်ငံရှိ Drexel University တွင် တက်ရောက်နိုင်သော Bachelor of Science in Mechanical Engineering (BSME) ပရိုဂရမ်နှင့် မိတ်ဆက်ပေးလိုက်ပါတယ်။
▪️ခေတ်အလျောက် လူမှုအဖွဲ့အစည်းတွင် ကုန်ထုတ်လုပ်မှု၊ ပို့ဆောင်ဆက်သွယ်ရေး၊ အဆောက်အအုံ တည်ဆောက်မှုလုပ်ငန်းများ ၊ ဆက်သွယ်ရေးနှင့် အခြားသောကွန်ပျူတာနည်း စနစ်များ တိုးတက်လာသဖြင့် စက်မှုအင်ဂျင်နီယာများနှင့် စက်ယန္တားရားဆိုင်ရာ လေ့လာမှု နယ်ပယ်များအတွက် လုပ်ငန်းခွင် အခွင့်အရေးများမြင့်မားလျက် ရှိပါတယ်။
▪️ထို့အတူ ယနေ့ခေတ် စက်မှုနယ်ပယ်များသည် လုပ်ငန်းခွင်အရည်အချင်းတစ်ခုသာမဟုတ်ဘဲ ကျွမ်းကျင်သော စက်မှုအင်ဂျင်နီယာများ၊ စွန့်ဦးတီထွင်မှုများနှင့် အုပ်ချုပ်မှုဆိုင်ရာ စွမ်းရည်များကို အဓိက လိုအပ်လျက်ရှိပါတယ်။
▪️MEM ပရိုဂရမ်တွင် ကျောင်းသားများအနေဖြင့် မော်တော်ကားနှင့်ဆိုင်သော နည်းပညာများ၊ ပို့ဆောင်ရေး၊ ဒီဇိုင်းစီစစ်ချက်၊ အီလက် ထ​ရောနစ်နှင့် စက်မှုဆိုင်ရာ သင်ကြားမှုများကို ခေတ်မီသော နည်းပညာစနစ်များဖြင့် လေ့လာရမှာဖြစ်ပါတယ်။ ထို့ပြင် ဆေးဝါး၊ ဥပဒေ၊ စီးပွားရေးဆိုင်ရာ စည်းမျဉ်းများကိုလဲ လေ့လာသင်ကြားရမှာဖြစ်ပါတယ်။
▪️ဒီပရိုဂရမ်ကို ၄ နှစ် တက်ရောက်ရမှာဖြစ်ပြီး Quarter based တက်ရောက်ရမှာဖြစ်ပါတယ်။
▪️Tuition fees မှာ တစ်နှစ်လျှင် USD 53,868 ကျသင့်မှာဖြစ်ပါတယ်။
▪️Mechanical Engineer များအတွက် ပြည်နယ် အလိုက် ရရှိနိုင်သော လစာများကို ဖော်ပြပေးလိုက်ပါတယ်။
• Virginia: $91,167 per year
• Washington: $91,752 per year
• Louisiana: $92,865 per year
• Maryland: $93,625 per year
• Oklahoma: $93,736 per year
• Washington D.C.: $96,399 per year
• California: $100,722 per year
• Arizona: $107,618 per year

#LetsPlanYourCareerTogether#StudyInUSA

#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

August 23, 2021
▪️American University Washington, DC ကို 1893 တွင် Washington, DC မြို့မှာ စတင်တည်ထောင်ခဲ့တာပဲဖြစ်ပါတယ်။ နိုင်ငံပေါင်း ၁၄၁ နိုင်ငံကျော်မှ ကျောင်းသားပေါင်း ၁၃၀၀၀ ကျော်တက်ရောက်လျက်ရှိပြီး Bachelor Degree, Master Degree, Doctoral Degree နှင့် ပရိုဂရမ်ပေါင်း ၁၆၀ ကျော် စိတ်ကြိုက်ရွေးချယ်တက်ရောက်နိုင်ပါတယ်။
▪️American University Washington, DC ကို ကျောင်းနှင့် ကောလိပ်ကျောင်းပေါင်း (၈) ကျောင်းဖြစ်တဲ့
📌College of Arts and Sciences
📌Kogod School of Business
📌School of Communication
📌School of Education
📌School of International Service
📌School of Public Affairs
📌School of Professional and extended studies
📌Washington College of Law တို့နဲ့ဖွဲ့စည်းထားတာပဲဖြစ်ပါတယ်။
▪️ကျောင်းတွင်း club များ၊ နားနေဆောင်များ ၊ ကျောင်းသား အဖွဲ့အစည်းများ နှင့် အလုပ်သင် အခွင့်အလမ်းများစွာကိုလဲ ထောက်ပံ့ပေးထားတဲ့ University ကောင်းတစ်ခုပဲဖြစ်ပါတယ်။ American University Washington, DC ကနေ တက်ရောက်နိုင်တဲ့ Program တွေကတော့ –
📌Computer science
📌Business & Economics
📌Education
📌Life sciences
📌Social Science
📌Law
📌Psychology
📌Arts & Humanities
📌Clinical ,pre-clinical & Health စသည်တို့ဖြစ်ပါတယ်။
▪️Tuition Fees အနေနဲ့ $26,955 ကနေ $28,909 ထိ Programs အပေါ်မူတည်ပြီးကုန်ကျနိုင်ပါတယ်။
▪️ဒီ university အကြောင်းအသေးစိတ်ပိုမိုသိရှိချင်ရင်တော့ ဒီ link https://www.american.edu လေးကနေ ဝင်ကြည့်လို့ရပါတယ်။

#LetsPlanYourCareerTogether#StudyInUSA

#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar