🇺🇸 USA တွင် ပညာသင်ကြားလိုသူများအတွက် EEVS မှ USA ၏ ထိပ်တန်းကျောင်းများကို ဖော်ပြပေးလိုက်ပါတယ်။ 😇
🔹Princeton University သည် ၁၇၄၆ တွင် စတင်တည်ထောင်ခဲ့ပြီး Undergraduate လျှောက်လွှာပေါင်း ၅၄၂၂ နှစ်စဉ် ရရှိပါတယ်။ Campus မှာ ဧက ၆၀၀ ကျယ်ဝန်းပါတယ်။ Semester-based စာသင်နှုစ် သတ်မှတ်ထားပြီး ၂၀၂၁ နိုင်ငံတွင်း အကောင်းဆုံး ကောလိပ်စာရင်းတွင် နံပါတ် ၁ နေရာတွင် ရပ်တည်နေပြီး Tuition Fees မှာ $53,890 ဝန်းကျင် ကျသင့်ပါတယ်။ U.S ၏ သက်တမ်းအရင့်ဆုံး တက္ကသိုလ်များတွင် တစ်ခုအပါအဝင် ဖြစ်ပြီး Princeton, New Jersey တွင် တည်ရှိပါတယ်။ 📍Website – https://www.princeton.edu/
🔹Harvard University သည် ၁၆၃၆ တွင် စတင်တည်ထောင်ခဲ့သော ပုဂ္ဂလိက တက္ကသိုလ်ဖြစ်ပါတယ်။ Undergraduate လျှောက်လွှာပေါင်း ၆၇၅၅ လက်ခံရရှိပြီး ဧကပေါင်း ၅၀၇၆ ကျယ်ဝန်းပါတယ်။ ကျောင်း ၁၃ ကျောင်းနှင့် ဖွဲ့စည်းထားပြီး ထိပ်တန်း ကျောင်းများမှာ Business School, Medical School , Graduate Education School, School of Engineering and Applied Sciences, Law School,John F. Kennedy School of Government တို့ဖြစ်ပါတယ်။
နိုင်ငံတွင်း တက္ကသိုလ်များတွင် နံပါတ် ၂ နေရာတွင် ရပ်တည်နေပြီး Best Undergraduate Teaching တွင် နံပါတ် ၁၂ တွင် ရှိပါတယ်။
📍Website – https://www.harvard.edu/
🔹Columbia University သည် ၁၇၅၄ တွင် စတင် တည်ထောင်ခဲ့ပြီး Private Institution ဖြစ်ပါတယ်။ Undergraduate လျှောက်လွှာပေါင်း ၆၂၄၅ လက်ခံလျက်ရှိပြီး ၃၆ ဧက ကျယ်ဝန်းပါတယ်။ Semester-based တက်ရောက်ရပြီး Undergraduate ကျောင်း ၃ ကျောင်း- Columbia College, The Fu Foundation School of Engineering and Applied Science and the School of General Studies ဖြစ်ပြီး Graduate and Professional ကျောင်း များ Business School, Teachers College, Law School and College of Physicians and Surgeons ဖြင့် ဖွဲ့စည်းထားပါတယ်။ ၉၀% သော ကျောင်းသားများသည် ကျောင်းအဆောင်များတွင် နေထိုင်ကြပါတယ်။
📍Website – http://www.columbia.edu/
🔹Massachusetts Institute of Technology သည် Boston တွင် တည်ရှိပြီး ၁၈၆၁ တွင် စတင်တည်ထောင်ခဲ့ပါတယ်။ စာသင်နှစ်ကို 4-1-4 based ဖြင့် တက်ရောက်ရပြီး သိပ္ပံပညာရပ်နှင့် နည်းပညာ သုတေသန လုပ်ငန်းများကို အဓိက သင်ကြားပေးပြီး ကျောင်း ၅ ကျောင်းဖြင့် ဖွဲ့စည်းထားပါတယ်။ နိုင်ငံတွင်း တက္ကသိုလ်များစာရင်းတွင် နံပါတ် ၄ ၊ သင်ကြားမှု တွင် နံပါတ် ၁၈ တွင် ရပ်တည်နေပါတယ်။
📍Website – https://web.mit.edu/
🔹Yale University သည် ပုဂ္ဂလိက တက္ကသိုလ် ဖြစ်ပြီး ၁၇၀၁ တွင် တည်ထောင်ခဲ့ပါတယ်။ တေးဂီတ ပရိုဂရမ်များ၊ ထူးခြားသော ပြဇာတ်များ ကြောင့် နာမည်ကြီးသော New Haven, Connecticut တွင် တည်ရှိပါတယ်။ College,Graduate School of Arts and Sciences, Professional School -၁၂ ကျောင်းဖြင့် ဖွဲ့စည်းထားပါတယ်။ ထင်ရှားသော ကျောင်းများမှာ – School of Management, School of Medicine,School of Art , School of Nursing တို့ဖြစ်ပါတယ်။
📍Website – https://www.yale.edu/