#LetsPlanYourCareerTogether#StudyInUSA
#BestEducationConsultancyInYangon
#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar
#LetsPlanYourCareerTogether#StudyInUSA
#BestEducationConsultancyInYangon
#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar
ဒီတစ်ခါပြောပြပေးမဲ့ Scholarship Program လေးကတော့ INTO & University of Stirling ကနေပေးအပ်ချီးမြှင့်သွားမှာပဲဖြစ်ပါတယ်။
University of Stirling ကတော့ UK နိုင်ငံရဲ့အေကောင်းဆုံးတက္ကသိုလ်တွေမှာ #ranked30 ရရှိထားပြီး ကျောင်းသား၊ကျောင်းသူတွေ စိတ်ကျေနပ်မှုအရှိဆုံး UK တက္ကသိုလ်စာရင်းမှာတော့ #ranked20 ရရှိထားတဲ့တက္ကသိုလ်တစ်ခုပဲဖြစ်ပါတယ်။ ဒါ့အပြင် သင်ကြားရေး၊ အလုပ်အကိုင်ရရှိနိုင်မှု၊ နိုင်ငံတကာဆက်ဆံရေးနဲ့ အထောက်အကူပြုပစ္စည်းပြည့်စုံမှုများကြောင့် QS Ranking မှာ 5 Stars ရရှိထားပါသေးတယ်။
Scholarship အတွက် ရွေးချယ်ခံရတဲ့ကျောင်းသား၊ ကျောင်းသူတွေကတော့ ပထမနှစ်အတွက် tuition fees £4,000 ကိုရရှိမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် undergraduate ကျောင်းသား၊ ကျောင်းသူတွေဆိုရင်တော့ နှစ်တိုင်း £2,000 စီထပ်ပြီးရရှိမှာပဲဖြစ်ပါတယ်။
ဒီ scholarship က မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံက ကျောင်းသူ၊ ကျောင်းသားတွေကို အဓိကထားပေးတဲ့ scholarship ဖြစ်တဲ့အတွက်ကြောင့် ကိုယ့်အတွက်အခွင့်အရေးတွေအများရှိတဲ့ scholarship တစ်ခုပဲဖြစ်ပါတယ်။ အဲ့အတွက်ကြောင့် EEVS ကိုအမြန်ဆုံးဆက်သွယ်ပြီး scholarship ကိုအရယူလိုက်ရအောင်။
#LetsPlanYourCareerTogether#StudyInUK#BestEducationConsultancyInYangon
#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar
#LetsPlanYourCareerTogether#StudyInCanada#BestEducationConsultancyInYangon
#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar
ဒီတစ်ခါမှတော့ Canada နိုင်ငံမှာပညာသင်ယူလိုတဲ့ ကျောင်းသားတွေအနေနဲ့ မေးမြန်းလေ့ရှိတဲ့ အကြောင်းအရာလေးတွေကို တင်ဆက်ပေးချင်ပါတယ်။
Canadian institutions တွေမှာ ဝင်ခွင့်ရဖို့ ဘာတွေလိုအပ်လဲ?
နိုင်ငံတကာကျောင်းသားတွေအတွက် ကျောင်းတွေတိုင်းမှာ ချမှတ်ထားတဲ့ admission requirement တွေရှိပါတယ်။ ကျောင်းအပေါ်မူတည်ပြီး ကွဲပြားမှုရှိနိုင်ပါတယ်။ Community Colleges များအတွက် educational qualification များ ၅၅%အထက်ရှိရမည်ဖြစ်ပြီး တက္ကသိုလ်များအတွက် ၆၀%အထက်ရှိဖို့လိုပါတယ်။ English Proficiency score တွေလည်း လိုအပ်ပါတယ်။
Canada နိုင်ငံမှာ ဘယ်လိုဘာသာရပ်နယ်ပယ်တွေကို ရွေးချယ်လေ့လာနိုင်သလဲ?
Business, agriculture and agri-food, health, social services, broadcasting and journalism, hospitality and tourism, design, technology, sciences, information technology, engineering, environment, languages, arts စတဲ့နယ်ပယ်တွေကို လေ့လာနိုင်မှာဖြစ်ပါတယ်။
နိုင်ငံတကာကျောင်းသားတွေအနေနဲ့ ပညာသင်နေချိန်မှာ အလုပ်လုပ်လို့ရလား ?
တရားဝင် study permit နှင့် Social Insurance Number (SIN)တို့ရှိရင် ကျောင်းတက်ရင်း အလုပ်လုပ်လို့ရပါတယ်။ ကျောင်းတက်နေရတဲ့ ကာလအတွင်းမှာ part-time ကို တစ်ပတ်လျှင် နာရီ၂၀ လုပ်နိုင်ပြီး ကျောင်းပိတ်တဲ့ကာလတွေမှာ တစ်ပတ်လျှင် နာရီ၄၀ လုပ်နိုင်မှာဖြစ်ပါတယ်။ Canada ကျောင်းတော်တော်များများက ကျောင်းသားတွေရဲ့ သက်ဆိုင်ရာဘာသာရပ်နယ်ပယ်တွေအလိုက် လက်တွေ့လုပ်ငန်းခွင် အတွေ့အကြုံတွေရအောင် paid internship opportunities တွေလည်း စီစဉ်ပေးလေ့ရှိပါတယ်။
Canada နိုင်ငံမှာ ပညာသင်ဖို့ ခန့်မှန်းချေကုန်ကျစရိတ်ဘယ်လောက်လဲ?
Canada နိုင်ငံက US, UK နိုင်ငံတွေထက်စာရင် ပညာသင်စရိတ်ပိုသက်သာပြီး နိုင်ငံတကာအဆင့်မီ ပညာရေးကို သင်ယူနိုင်မှာဖြစ်ပါတယ်။ Tuition fees တွေကတော့ မိမိတက်ရောက်လိုတဲ့ Program နဲ့ ကျောင်းအပေါ်မူတည်ပြီး အမျိုးမျိုးရှိနိုင်ပါတယ်။ College တွေ Vocational School တွေအတွက်
တစ်နှစ်ကို CAD 2,000 – CAD 18,000 ကုန်ကျနိုင်ပါတယ်။ University တွေအတွက် တစ်နှစ်ကို CAD 1,800 -CAD 20,000 ကုန်ကျနိုင်ပါတယ်။
ဘယ်လိုမျိုး English Test တွေကိုလက်ခံပေးသလဲ?
ကျောင်းတွေအပေါ်မူတည်ပြီး ကွဲပြားနိုင်ပေမယ့် များသောအားဖြင့် IELTS, TOEFL, PTE– Academic Test တွေကိုလက်ခံပေးပါတယ်။
နိုင်ငံတကာကျောင်းသားတွေအတွက် Scholarships တွေရှိလား?
နိုင်ငံတကာကျောင်းသားတွေအတွက် scholarship အခွင့်အရေးတွေများစွာရှိပြီး ကျောင်းသားတွေရဲ့ ပညာရေးထူးချွန်မှုမှတ်တမ်းတွေရယ် English score တွေရယ်အပေါ်မူတည်ပြီး ပေးလေ့ရှိပါတယ်။
အသေးစိတ်ကို https://www.canadavisa.com/financial-aid-for-international-students.html
တွင်ကြည့်နိုင်ပါတယ်တယ်။
#LetsPlanYourCareerTogether#StudyInCanada#BestEducationConsultancyInYangon
#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar
#LetsPlanYourCareerTogether#StudyInCanada#BestEducationConsultancyInYangon
#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar
#LetsPlanYourCareerTogether#StudyInCanada#BestEducationConsultancyInYangon
#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar
#LetsPlanYourCareerTogether#StudyInCanada#BestEducationConsultancyInYangon
#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar
Engineering ဘာသာရပ်ကို စိတ်ဝင်စားတဲ့ ကျောင်းသားတွေအတွက် Canada နိုင်ငံရှိ Conestoga Collegeမှာ သင်ကြားပေးနေတဲ့ Bachelor of Engineering – Electronic Systems Engineering program အကြောင်းကို မိတ်ဆက်ပေးချင်ပါတယ်။
Bachelor of Engineering – Electronic Systems Engineering (ESE) program ကို honours level သင်ကြားပေးနေတာဖြစ်ပြီး Canadian Engineering Accreditation Board (CEAB)နှင့် CEWIL Canada တို့မှ အသိအမှတ်ပြုထားကာ ကျောင်းသားတွေကို professional engineer တွေဖြစ်လာအောင် မွေးထုတ်ပေးလျက်ရှိပါတယ်။
ဒီ Program မှာကျောင်းသားတွေ စိတ်ဝင်စားတဲ့ သီအိုရီတွေကို လက်တွေ့လုပ်ငန်းများနှင့်ချိတ်ဆက်ကာ Project တွေလုပ်ခိုင်းပြီး သင်ကြားပေးမှာဖြစ်ပါတယ်။ ခေတ်မှီတိုးတက်နေတဲ့ လုပ်ငန်းခွင်နယ်ပယ်တွေဖြစ်တဲ့ digital and analog electronics, embedded systems, software, signal processing, communication systems စတဲ့နယ်ပယ်တွေမှာ မိမိ career ကိုစတင်ချင်သူတွေအနေနဲ့ တက်ရောက်သင့်တဲ့ Program ပဲဖြစ်ပါတယ်။
ဒီ Program ကို Full Time ၄နှစ် တက်ရောက်ရမှာဖြစ်ပြီး Cambridge – Fountain Street Campus မှာ
တက်ရောက်ရမှာဖြစ်ပါတယ်။ Program မှာသင်ကြားပေးမည့် ဘာသာရပ်များမှာ-
Level 1
Conestoga 101
Introduction to Engineering Projects
Digital Systems
Electrical Foundations
Foundation Module
Math I
Physics I
Science, Technology and Society
Group Dynamics
Level 2
Engineering Project II
Electronic Foundations
Scientific and Technical Communications
Math II
Physics II
Programming Principles
တက်ရောက်လိုသော ကျောင်းသားများအတွက် လိုအပ်သော သတ်မှတ်ချက်များမှာ-
Basic computer literacy
IELTS overall band of 6.5 with no band less than 6.0
TOEFL iBT 88
CAEL 70, no sub-test band score less than 60
PTE Academic 58
Conestoga English Language Test (CELT) Band 6
Career Opportunities တွေအနေနဲ့လည်း software design, embedded systems design, network design, wireless networks and test engineering စတဲ့နယ်ပယ်တွေမှာ engineering နှင့် managerial function တွေကို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ 2017 မှ 2019 စစ်တမ်းများအရ ကျောင်းပြီးသွားသော graduate 68% သည် ခြောက်လအတွင်း
လုပ်ငန်းခွင်သို့ဝင်ရောက်လုပ်ကိုင်နိုင်ခဲ့ပါတယ်။
Program Link – https://www.conestogac.on.ca/…/bachelor-of…/moreinfo…
#LetsPlanYourCareerTogether#StudyInCanada#BestEducationConsultancyInYangon
#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar
#LetsPlanYourCareerTogether#BestEducationConsultancyInYangon#PTE-Training
#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanm
📌သင်ဟာ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူဖြစ်ပြီး Canada နိုင်ငံရှိ ထိပ်တန်းတက္ကသိုလ်တွေမှာ တက်ရောက်ခွင့်ရချင်သူ တစ်ဦးလား
📌ဒါဆိုရင်တော့ အခုပြောပြပေးမယ့် Canada နိုင်ငံ Brantford, Ontario မှာရှိတဲ့ Haven International Schoolအကြောင်းကို အဆုံးထိဖတ်ကြည့်လိုက်နော်။
📌Haven International School သည် ပုဂ္ဂလိကကျောင်းဖြစ်ပြီး Ontario သင်ရိုးညွှန်းတမ်းကို အခြေခံကာ
သင်ကြားပေးပြီး ကျောင်းသားများ၏ တက္ကသိုလ် ပညာရေးရည်မှန်းချက်များကိုအကောင်အထည်ဖော်ပေးလျက်ရှိပါတယ်။
📌Haven မှ ကျောင်းပြီးသွားတဲ့ ကျောင်းသားတွေအတွက် ထိပ်တန်းတက္ကသိုလ်တွေဝင်ခွင့်တွေ ရရှိနိုင်မှာဖြစ်ပြီး ကျောင်းသားတွေအနေနဲ့ challenges တွေ တွေ့ကြုံရတဲ့အခါမှာလည်း ကောင်းစွာရင်ဆိုင်ဖြေရှင်းနိုင်ဖို့၊တာဝန်ယူတတ်ဖို့၊ risk ယူတတ်ဖို့၊ ပူးပေါင်းဆောင်ရွက်တတ်ဖို့တွေကိုလည်း လေ့ကျင့်ပေးထားပါတယ်။
📌နောက်ဆုံးပေါ် သင်ကြားရေးနည်းပညာများနှင့်အတူ Ontario ပညာရေးဝန်ကြီးဌာန၏ သင်ရိုးညွှန်းတမ်းများဖြင့် သင်ကြားပေးပြီး နိုင်ငံတကာကျောင်းသားများအတွက် ပို့ချပေးလျက်ရှိသော Program များမှာ-
Pre-University Program
Class size 10-20 ရှိပြီး အထက်တန်းအောင်မြင်ပြီး အသက် ၁၅မှ၁၉ ကြားရှိ ကျောင်းသားများတက်ရောက်နိုင်ပါတယ်။ ဒီ program ကတော့ Canada နိုင်ငံမှာရှိတဲ့ တက္ကသိုလ်နဲ့ ကောလိပ်တွေမှာ ဝင်ခွင့်ရဖို့အတွက် လိုအပ်တဲ့ skills နဲ့ knowledge တွေကို လေ့ကျင့်သင်ကြားပေးမှာဖြစ်ပါတယ်။
High School
Class size 15-20 ရှိပြီး အသက် ၁၄ မှ၁၈ ကြားရှိ ကျောင်းသားများတက်ရောက်နိုင်ပါတယ်။ Grade 9-12
High School Program ကတော့ ကျောင်းသားတွေအတွက် ကတော့ Canada နိုင်ငံမှာရှိတဲ့ တက္ကသိုလ်နဲ့ ကောလိပ်တွေမှာ ဝင်ခွင့်ရဖို့အတွက် ပြင်ဆင်ပေးတာဖြစ်ပါတယ်။
Senior Elementary
Class size 15-20 ရှိပြီး အသက် ၁၁ မှ၁၄ ကြားရှိ ကျောင်းသားများတက်ရောက်နိုင်ပါတယ်။ Grade 7 & 8 elementary program မှာတော့ Ontario ပညာရေးဝန်ကြီးဌာန စံချိန်စံညွှန်းတွေထက်ပိုပြီးတော့ သင်ကြားပေးပါတယ်။
ESL Program
Class size 10-20 ရှိပြီး အသက် ၁၁ မှ ၂၀ ကြားရှိ English Language ကိုကျွမ်းကျင်စွာပြောဆိုလိုပြီး နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်ရလိုသူများ တက်ရောက်နိုင်ပါတယ်။
Intake Seasons – January, April, June, September, November
Tuition fee: CAD $11,600
Application fee: CAD $200
#LetsPlanYourCareerTogether#StudyInCanada#BestEducationConsultancyInYangon
#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar